Tuesday, 01 October 2019 10:41

"တက္ကသိုလ်ကျောင်းသားများ ကျောင်းပြီးလို့ အလုပ်ခွင်ထဲဝင်တဲ့အခါ သိထားရမည့်အချက်များ"

တက္ကသိုလ်ကျောင်းသားများ ကျောင်းပြီးလို့ အလုပ်ခွင်ထဲဝင်တဲ့အခါ သိထားရမည့်အချက်များ
စာရွက်ပေါ်ကစာမေးပွဲတွေအားလုံးကိုဖြေဆိုအောင်မြင်ပြီးလို့ ဘွဲ့တစ်ခုရတဲ့အခါမှာ သင့်လျော်တဲ့အလုပ် တစ်ခုကိုရှာဖွေရင်း ဘဝစာမေးပွဲကိုဆက်လက်ဖြေဆိုကြရမှာဖြစ်ပါတယ်။မနက်ကျောင်းကိုသွားပြီးစာသင်မယ်။

လိုအပ်တဲ့ငွေကို မိဘတွေဆီကနေလက်ဖြန့်တောင်းမယ်ဆိုတဲ့ဘဝလောက်တော့ လက်တွေ့ဘဝဟာ လွယ်ကူမှု မရှိတာတော့ အသေအချာပါပဲ။

ဒီနေ့ခေတ်မှာဘွဲ့ရကျောင်းဆင်းလာပြီးရင် အလုပ်တစ်ခုရဖို့ရှာဖွေရတာခက်ပါတယ်။

အထူးသဖြင့် အင်ဂျင်နီယာလောကမှာတော့ ဒီပြဿနာက အကြီးမားဆုံးအနှောင့်အယှက်တစ်ခုပါပဲ။များသောအားဖြင့် အလုပ်ရှင်တွေကလည်း လုပ်ငန်းအတွေ့အကြုံရှိသူကိုပဲ ပိုပြီးခေါ်ချင်နေကြပါတယ်။

ဒီတော့ မိမိရဲ့ CV form ဟာ အလုပ်ရှင်အတော်များများရဲ့ငြင်းပယ်ခြင်းကို ခံရပါတယ်။အချိန်တွေသာကုန်ဆုံးသွားခဲ့ပေမယ့် ဘွဲ့ရကျောင်းဆင်း တွေရဲ့အလုပ်အကိုင်ရှာဖွေခြင်းဟာ ပျင်းရိစိတ်ပျက်ဖွယ်ဆန်နေပြီထင့်။

ကဲ - ဒီတစ်ခေါက်တော့ ဘွဲ့ရကျောင်းဆင်းတွေအနေနဲ့ အလုပ်ရှာဖွေရာမှာ သိထားဖို့လိုအပ်တဲ့အချက်လေး တွေကို တင်ပြပေးလိုက်ပါတယ်။

 

(၁) ဝါးလုံးခေါင်းထဲမှာ သာတဲ့လ

ဘွဲ့ရကျောင်းဆင်းပြီးလို့ အလုပ်ရှာဖွေတဲ့အခါမှာ စိန်ခေါ်မှုအချို့ကိုကြုံတွေ့ရပါတယ်။ဒီအထဲကမှ အဓိကစိန်ခေါ်မှုတစ်ခုကတော့ ကျောင်းကသင်ပေးလိုက်တဲ့အကြောင်းအရာတွေဟာ လက်တွေ့ဘဝလုပ်ငန်းခွင်

မှာပြန်လည်အသုံးချဖို့အတွက် အဆင်မပြေဘူး၊ လုံလောက်မှုမရှိဘူး ဆိုတဲ့အချက်ပါပဲ။

နောက်တစ်ချက်ကတော့ ကျောင်းနေစဉ်က မိမိအနေနဲ့အမှားလုပ်မိတယ်ဆိုရင်တောင်မှ ဆရာတွေက ပြန်လည်တည့်မတ်ပေးပါတယ်။စာမေးပွဲတစ်ခါကျရင်လည်း

နောက်နှစ်တွေမှာ ထပ်ဖြေခွင့်ရှိပါသေးတယ်။ကျောင်း ကပေးထားတဲ့ခေါင်းစဉ်တွေနဲ့ Assignment တွေကို ပြင်ဆင်ရေးသားရပါတယ်။ဒါပေမယ့် လက်တွေ့ဘဝရဲ့ လုပ်ငန်းခွင်ကတော့ ကျောင်းတုန်းကနဲ့တစ်ခြားစီပါပဲ။

လုပ်ငန်းတစ်ခုကိုလုပ်တဲ့အခါမှာ အမှားအယွင်းဖြစ်ခဲ့ရင် ပြန်ပြီးပြင်ဆင်လို့ရတာတွေရှိသလို ပြန်ပြီးပြင်ဆင်လို့မရတာတွေလည်းရှိပါတယ်။

ဒါ့အပြင် မိမိကြောင့်ဖြစ်တဲ့အမှား ရဲ့အကျိုးဆက်ကို ကျောင်းတုန်းကလို မိမိတစ်ယောက်တည်းခံစားရတာမျိုးမဟုတ်ပဲ မိမိနဲ့သက်ဆိုင်တဲ့အဖွဲ့အစည်း တစ်ခုလုံးက ခံစားရတာဖြစ်လို့ ပေးဆပ်ရမှုတန်ဖိုးကပိုကြီးပါတယ်။

နောက်တစ်ချက်က ကျောင်းတုန်းကလို ပေးထား တဲ့ခေါင်းစဉ်ကိုပဲရှာဖွေပြီး assignment ရေးရတာမဟုတ်ပဲ ဘာတွေဖြစ်လာနိုင်မလဲဆိုတာ တွက်ချက်လို့မရနိုင်တဲ့ အခြေအနေတွေကလည်း

ကျောင်းတုန်းကနဲ့ လက်တွေ့ဘဝကွာခြားမှုပါပဲ။(ဒါတောင် ပညာရေးစနစ်နဲ့ ပတ်သက်ပြီး ထည့်မပြောသေးပါဘူး။)

ဒီလိုအခြေအနေအရပ်ရပ်တွေကြောင့် တက္ကသိုလ်တက်ပြီး အသက်မွေးဝမ်းကျောင်းပညာရပ်တွေဆည်းပူး တယ်ဆိုတာဟာ ဝါးလုံးခေါင်းထဲမှာသာတဲ့လလိုမျိုး ကျဉ်းကျဉ်းလေးပါပဲ။

ဒါကိုနားလည်ပြီး လုပ်ငန်းခွင်စဝင်ဝင်ချင်း အချိန်မှာ တတ်နိုင်သလောက် တလွဲမာနတွေကိုမေ့ဖျောက်ထားဖို့အကြံပြုလိုပါတယ်။

 

(၂) ပညာရှာပမာ သူဖုန်းစား

ဘွဲ့ရကျောင်းဆင်းအရွယ်ဆိုတာ လုပ်ငန်းခွင်သဘောသဘာဝအရသာတွေကို မသိရှိကြတာအမှန်ပါပဲ။ လုပ်ငန်းခွင်ထဲမှာ ဆောင်ရွက်ကြရတဲ့အခါမှာ

ကျောင်းနေစဉ်တုန်းကလိုမျိုး မိမိနှစ်သက်တဲ့သူတွေကိုပဲ ရွေးချယ်ပြီး ပေါင်းသင်းလို့မရတာလည်း သိထားရမယ့်အချက်တစ်ခုပါပဲ။

တူတဲ့အချက်တစ်ခုကတော့ ကျောင်းတုန်းက စာမေးပွဲဖြေနိုင်ဖို့အတွက် စာကိုအချိန်ဇယားနဲ့ကြည့်ဖို့လိုအပ် သလိုမျိုး လုပ်ငန်းတစ်ခုအောင်မြင်နိုင်ဖို့အတွက် အစီအစဉ်တွေကြိုတင်ရေးဆွဲထားဖို့လိုအပ်တာပါပဲ။

အချိန်ကို တတ်နိုင်သလောက်အကျိုးရှိရှိအသုံးချဖို့လိုအပ်သလို ပြိုင်ဖက်တွေနဲ့ရင်ဆိုင်တွေ့တဲ့အခါမှာ ကြိုးစားအားထုတ်မှု ပိုမိုပြင်းပြတဲ့သူက အသာရတာချင်းလည်းတူပါတယ်။

အလုပ်ခွင်ထဲမှာတော့ မိမိတာဝန်ယူထားရတဲ့ရာထူးအခြေအနေနဲ့ပတ်သက်ပြီးတော့ ဖိအားတွေအနည်းနဲ့ အများရှိပါတယ်။စီနီယာတွေ၊ ဌာနခေါင်းဆောင်တွေရဲ့ပညာပြခြင်းကိုလည်း

ခံရတတ်ပါသေးတယ်။ဒါကြောင့် လုပ်ငန်းခွင်ထဲဝင်တော့မယ်ဆိုရင် ဒီလိုအခြေအနေတွေကိုအံတုနိုင်ပါမှ အဆင်ပြေနိုင်မှာဖြစ်ပါတယ်။

မိမိအနေနဲ့ လုပ်ငန်းအတွေ့အကြုံမရှိသေးတဲ့သင်ယူနေဆဲကာလမှာ ဟိတ်ဟန်တစ်ခွဲသားနဲ့မနေပဲ ပညာရှာပမာ သူဖုန်းစားဆိုတဲ့ထုံးကိုနှလုံးမူပြီး ကျင့်ကြံအားထုတ်တာက ဝမ်းစာပြည့်ဖို့အတွက် အချိန်ပိုမြန်ပါတယ်။

ဒါကြောင့် စိတ်ဝင်စားမှုအပြည့်နဲ့သင်ယူလေ့လာကြပါလို့တိုက်တွန်းလိုက်ပါတယ်။

 

(၃) မိမိပုံရိပ်ကိုမြှင့်တင်ပါ

မိမိအနေနဲ့ကျောင်းတုန်းက စာဘယ်လောက်ပဲတော်တော် လုပ်ငန်းခွင်လောကဖက်မှာတော့ မိမိရဲ့ပုံရိပ်ဟာ အထင်အရှားမရှိသေးပါဘူး။

ဘွဲ့ရကျောင်းဆင်းသူတွေအနေနဲ့ ဒီအချက်ကိုသဘောပေါက်သင့်ပြီး လုပ်ငန်းခွင်ဝင်ဖို့ ရည်ရွယ်ထားပြီဆိုတာနဲ့ မိမိရဲ့အားနည်းချက်၊ အားသာချက်တွေကို ထင်သာမြင်သာရှိအောင်ရှာဖွေထားသင့်ပါတယ် ။

အလုပ်လျှောက်ဖို့အတွက်လိုအပ်နေသေးတဲ့အခြားကျွမ်းကျင်မှုတွေအတွက်လည်း လိုအပ်တဲ့သင်တန်းတွေတက် ရင်းဆည်းပူးထားရပါမယ်။သင်တန်းဆက်ရာမှာလည်း သင်တန်းဆင်းလက်မှတ်ရဖို့ထက်

တကယ်တတ်မြောက်မှုရှိ ဖို့ ကြိုးစားသင့်ပါတယ်။

ဒါ့အပြင် အလုပ်ခေါ်စာတွေမှာပါတဲ့ အလုပ်ရှင်တွေဖက်က သတ်မှတ်အရည်အချင်းတောင်းဆိုမှုတွေကို လေ့လာထားပါ။

အင်တာဗျူးဖြေတဲ့အခါ ဆောင်ရန်၊ရှောင်ရန်အချက်တွေက ဘာတွေလဲဆိုတာကို လေ့လာထားပါ။ ဒီအတွက် ဆိုရှယ်မီဒီယာပေါ်မှာလည်း မျှဝေပေးနေသူတွေရှိသလို အခွင့်အလမ်းလိုမျိုးဂျာနယ်တွေမှာလည်း

ဒီအချက်တွေနဲ့သက်ဆိုင်တဲ့ဆောင်းပါးတွေ၊ အလုပ်ခေါ်စာတွေပါဝင်တာဖြစ်လို့ အလွယ်တကူလေ့လာနိုင်ပြီဖြစ်ပါ တယ်။

သင့်ရဲ့အရည်အချင်းတွေကို မြှင့်တင်ချင်တယ် ဆိုရင်တော့ sayar.com.mm မှာရှိတဲ့ ဆရာ၊ ဆရာမများနှင့်ဆက်သွယ်လိုက်ပါ။
ဤလင့် https://bit.ly/2EbNTuO မှာ ဘာသာရပ်ပေါင်းစုံ သင်ပေးသော ဆရာ၊ ဆရာမများ ကို အခမဲ့ ဝင်ရောက်ရျာဖွေနိုင်ပါသည်။


 

(၄) မတွေဝေပါနဲ့။ လျှောက်မယ့်လမ်းကိုပြတ်ပြတ်သားသားရွေးချယ်ပါ

ငါတို့အနေနဲ့ကြီးလာတဲ့အခါမှာ ဆရာဝန်ကြီးလုပ်မယ်၊ အင်ဂျင်နီယာကြီးလုပ်မယ်၊ စစ်ဗိုလ်လုပ်မယ်၊ ကျောင်းဆရာလုပ်မယ် စတဲ့ရွှေအိုရောင်စိတ်ကူးတွေ ကလေးဘဝကတည်းက အားလုံးမှာရှိခဲ့ကြမယ်ထင်ပါတယ်။

အရွယ်ရောက်လို့ပညာရှာကြတဲ့အခါမှာလည်း ငယ်ဘဝအိပ်မက်တွေအတိုင်းကြိုးစားရင်းနဲ့ ဘွဲ့ရကျောင်းဆင်းပြီးရင် ငါတို့တော့ဘာဖြစ်ပြီဆိုတဲ့စိတ်ကူးတွေနဲ့ ပျော်ရွှင်စရာကောင်းနေခဲ့မှာပါ။

ဒါပေမယ့် တကယ်လည်းအလုပ်ရှာမယ် လည်းဆိုရော အခက်အခဲတွေနဲ့ရင်ဆိုင်ရတော့တာပါပဲ။

အဓိကလုပ်ရမှာကတော့ မိမိဘယ်လမ်းလျှောက်မလဲဆိုတဲ့ရွေးချယ်မှုအပိုင်းဖြစ်ပါတယ်။ချီတုံချတုံဖြစ်နေ တာတွေ၊ သူများပြောလိုက်ရင် နားယောင်နေတဲ့စိတ်တွေကို ပြင်ဆင့်သင့်ပြီဖြစ်ပါတယ်။

 

(၅) လုပ်ငန်းအတွေ့အကြုံ

အဓိကအခက်အခဲကတော့ အလုပ်ခေါ်စာတွေမှာပါတဲ့လုပ်ငန်းအတွေ့အကြုံဘယ်လောက်ရှိရမယ်ဆိုတဲ့ အချက်ပါပဲ။ဒီအပေါ်မှာစိတ်မပျက်ကြဖို့ ကျနော့်အနေနဲ့ အကြိမ်ကြိမ်အားပေးပြောဆိုခဲ့သလို အကြံပြုချက်တွေလည်း ပေးခဲ့ပါတယ်။

အဓိကက မိမိရဲ့လေ့လာအားထုတ်ချင်စိတ်ပါ။

ကျနော် အင်ဂျင်နီယာပိုင်းနဲ့ပတ်သက်ပြီး ဥပမာပေးပါမယ်။ယနေ့မိမိတို့နေထိုင်တဲ့အနီးဝန်းကျင်မှာပဲ ဆောက်လုပ်ရေးစီမံကိန်းတွေအတော်များများရှိနေပါတယ်။

အားလပ်ချိန်တွေထဲကတစ်ချို့ကို ဒီနေရာတွေမှာ လေ့လာသင်ယူရင်းကုန်ဆုံးသင့်ပါတယ်။

မသိတာတွေကို မရှက်မကြောက်မေးမယ်။လုပ်ငန်းစဉ်တွေကို စိတ်ဝင်တစားနဲ့လေ့လာမယ်ဆိုရင် မိမိတို့နဲ့ လုပ်ငန်းခွင်ဟာ သူစိမ်းတရံဆန်နေတော့မှာမဟုတ်ပါဘူး။

ဒီလိုမလုပ် နိုင်ရင်တောင် ဆောက်လုပ်ရေးလုပ်ငန်းစဉ်တွေရဲ့အခြေခံအချက်တွေကို သိရှိအောင်လေ့လာထားလို့ရပါသေး တယ်။

ဥပမာ - အဆောက်အဦမဆောက်ခင်မှာ ပန္နက်ဖမ်းပြီးပတ်တန်းရိုက်တော့မယ်ဆိုရင် ဘယ်လိုအချက်တွေကို လုပ်ဆောင်ရမယ်။

သံဆင်တဲ့အခါ သက်ဆိုင်ရာသံချောင်းတွေကို ဘယ်နေရာမှာဆက်မယ်။ကျောက်ပုံးကျောက်ခွက် လုပ်ငန်းမှာ တိုင်တွေကိုဘယ်လိုမျိုးတည့်အောင်ချိန်ချမယ်။ကွန်ကရစ်ကို AG နဲ့လောင်းတဲ့အခါ

ကုဗပေကနေ ကုဗမီတာကိုဘယ်လိုပြောင်းတွက်ရမယ် စတဲ့အချက်တွေကိုလေ့လာထားပြီး အင်တာဗျူးမှာဒါတွေကိုပြောပြနိုင်တဲ့ အခါ မိမိအနေနဲ့ မျက်နှာမငယ်ရတာအမှန်ပါပဲ။

ဒါတွေကိုလည်း ကျောင်းတုန်းကသင်ထားတဲ့စာတွေအပြင် ဆိုရှယ်မီဒီယာပေါ်မှာတင်ပေးတတ်ကြတဲ့စာအုပ်တွေ၊ ပို့စ်တွေနဲ့ အခြားထုတ်ဝေတဲ့စာအုပ်တွေမှာ လေ့လာဖတ်ရှု နိုင်ပြီဖြစ်ပါတယ်။

မသိတာတွေ၊ အကြံဉာဏ်လိုအပ်တာတွေကိုလည်း မိမိအသုံးပြုနေတဲ့ဆိုရှယ်မီဒီယာပေါ်က စီနီယာတွေဆီမှာ မေးမြန်းနိုင်ပါတယ်။ဆိုရှယ်မီဒီယာကို ဓါတ်ပုံတင်ရုံ၊ အရည်မရ အဖတ်မရစာတွေတင်ရုံ သက်သက်ပဲအသုံးမပြုသင့်ပါဘူး။

ဒါ့အပြင် အခုနောက်ပိုင်းမှာ internship ဆင်းတာတွေလည်းလုပ်ရပါတယ်။ဒီအချက်ကို အကျိုးရှိရှိအသုံးချ တတ်ဖို့လိုပြီး ကုမ္ပဏီဆီက internship ဆင်းထားကြောင်းထောက်ခံစာရရုံနဲ့ အချိန်ကိုမကုန်ဆုံးသင့်ပါဘူး။

သိချင် တာတွေကို အဲဒီကာလမှာ သက်ဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်တွေဆီမှာ ပွင့်ပွင့်လင်းလင်းမေးပါ။မှတ်သားပါ။

ကျနော်တွေ့ ဖူးခဲ့တဲ့ ကျနော်ရှိတဲ့ဆိုဒ်ကို internship လာဆင်းတဲ့ကျောင်းသားတစ်ဖွဲ့မှာတော့ တကယ်စိတ်ဝင်တစားနဲ့ မေးမြန်း လေ့လာကြတာဆိုလို့ လာတဲ့လူဆယ်ယောက်မှာ နှစ်ယောက်အများဆုံးပါပဲ။

ကျန်တဲ့သူတွေက ဟေးလားဝါးလားနဲ့ ပြန်ရင်ဘယ်သွားကြမယ်၊ ရုပ်ရှင်ဘယ်ကားတင်နေပြီ စသဖြင့်တိုင်ပင်နေကြတာတွေကိုပဲ တွေ့ခဲ့ရဖူးပါတယ်။

ဒါကြောင့် မိမိတို့ဟာ ဘာဘွဲ့ရ၊ ဘာကျောင်းဆင်းဆိုတာထက် မိမိတို့အနေနဲ့ ဝမ်းစာဘယ်လောက်ရှိလဲ၊ အကျိုးရှိစေ မယ့်လေ့လာအားထုတ်မှုတွေကို

စိတ်ဝင်တစားနဲ့ဘယ်လောက်အထိအားထုတ်ခဲ့ပြီလဲဆိုတဲ့အချက်နဲ့ပဲ သုံးသပ်ကြပါ လို့အကြံပြုလိုပါတယ်။သေချာတာကတော့ မိမိနေတဲ့နိုင်ငံမှာလက်ရှိဖြစ်ပေါ်နေတဲ့အလုပ်အကိုင်ဈေးကွက်

အခြေအနေတွေကို ချက်ချင်းကြီးပြင်ဆင်ပြောင်းလဲပစ်လို့မရပါဘူး။ဒါကြောင့် အလုပ်ခေါ်စာတွေကိုဟားတိုက် ရယ်မောနေတာထက် မိမိမလုပ်နိုင်ဘူးထင်ရင် ကျော်ဖတ်ပစ်လိုက်တာက အကောင်းဆုံးနည်းလမ်းပါပဲ။

အနှစ်ချုပ်ပြောရရင်တော့ ဘွဲ့ရကျောင်းဆင်းလို့ အလုပ်အကိုင်ရှာဖွေချိန်တွေဟာ အခက်အခဲတွေအများကြီး

ရှိမှာကတော့အမှန်ပါပဲ။တတ်နိုင်သလောက် တလွဲမာနတွေကိုချိုးနှိမ်မေ့ပစ်ထားရင်း လုပ်ငန်းအတွေ့အကြုံရရှိဖို့ကို ပဲဦးစားပေးစဉ်းစားသင့်ပါတယ်။အရိုးများသလေး - ချေးခါးသလေးလုပ်နေရင်တော့ သင့်အနေနဲ့ကျန်ရစ်ခဲ့မှာပါပဲ။

သင့်ရဲ့အရည်အချင်းတွေကို မြှင့်တင်ချင်တယ် ဆိုရင်တော့ sayar.com.mm မှာရှိတဲ့ ဆရာ၊ ဆရာမများနှင့်ဆက်သွယ်လိုက်ပါ။
ဤလင့် https://bit.ly/2EbNTuO မှာ ဘာသာရပ်ပေါင်းစုံ သင်ပေးသော ဆရာ၊ ဆရာမများ ကို အခမဲ့ ဝင်ရောက်ရျာဖွေနိုင်ပါသည်။

 

<<< Zawgyi >>>

တကၠသိုလ္ေက်ာင္းသားမ်ား ေက်ာင္းျပီးလို ့ အလုပ္ခြင္ထဲဝင္တဲ့အခါ သိထားရမည့္အခ်က္မ်ား
စာရြက္ေပၚကစာေမးပြဲေတြအားလံုးကိုေျဖဆိုေအာင္ျမင္ၿပီးလို႔ ဘြဲ႕တစ္ခုရတဲ့အခါမွာ သင့္ေလ်ာ္တဲ့အလုပ္ တစ္ခုကိုရွာေဖြရင္း ဘ၀စာေမးပြဲကိုဆက္လက္ေျဖဆိုၾကရမွာျဖစ္ပါတယ္။မနက္ေက်ာင္းကိုသြားၿပီးစာသင္မယ္။

လိုအပ္တဲ့ေငြကို မိဘေတြဆီကေနလက္ျဖန္႔ေတာင္းမယ္ဆိုတဲ့ဘ၀ေလာက္ေတာ့ လက္ေတြ႕ဘ၀ဟာ လြယ္ကူမွဳ မရွိတာေတာ့ အေသအခ်ာပါပဲ။

ဒီေန႔ေခတ္မွာဘြဲ႕ရေက်ာင္းဆင္းလာၿပီးရင္ အလုပ္တစ္ခုရဖို႔ရွာေဖြရတာခက္ပါတယ္။

အထူးသျဖင့္ အင္ဂ်င္နီယာေလာကမွာေတာ့ ဒီျပႆနာက အႀကီးမားဆံုးအေႏွာင့္အယွက္တစ္ခုပါပဲ။မ်ားေသာအားျဖင့္ အလုပ္ရွင္ေတြကလည္း လုပ္ငန္းအေတြ႕အႀကံဳရွိသူကိုပဲ ပိုၿပီးေခၚခ်င္ေနၾကပါတယ္။

ဒီေတာ့ မိမိရဲ႕ CV form ဟာ အလုပ္ရွင္အေတာ္မ်ားမ်ားရဲ႕ျငင္းပယ္ျခင္းကို ခံရပါတယ္။အခ်ိန္ေတြသာကုန္ဆံုးသြားခဲ့ေပမယ့္ ဘြဲ႕ရေက်ာင္းဆင္း ေတြရဲ႕အလုပ္အကိုင္ရွာေဖြျခင္းဟာ ပ်င္းရိစိတ္ပ်က္ဖြယ္ဆန္ေနၿပီထင့္။

ကဲ - ဒီတစ္ေခါက္ေတာ့ ဘြဲ႕ရေက်ာင္းဆင္းေတြအေနနဲ႔ အလုပ္ရွာေဖြရာမွာ သိထားဖို႔လိုအပ္တဲ့အခ်က္ေလး ေတြကို တင္ျပေပးလိုက္ပါတယ္။

 

(၁) ၀ါးလံုးေခါင္းထဲမွာ သာတဲ့လ

ဘြဲ႕ရေက်ာင္းဆင္းၿပီးလို႔ အလုပ္ရွာေဖြတဲ့အခါမွာ စိန္ေခၚမွဳအခ်ိဳ႕ကိုႀကံဳေတြ႕ရပါတယ္။ဒီအထဲကမွ အဓိကစိန္ေခၚမွဳတစ္ခုကေတာ့ ေက်ာင္းကသင္ေပးလိုက္တဲ့အေၾကာင္းအရာေတြဟာ လက္ေတြ႕ဘ၀လုပ္ငန္းခြင္

မွာျပန္လည္အသံုးခ်ဖို႔အတြက္ အဆင္မေျပဘူး၊ လံုေလာက္မွဳမရွိဘူး ဆိုတဲ့အခ်က္ပါပဲ။

ေနာက္တစ္ခ်က္ကေတာ့ ေက်ာင္းေနစဥ္က မိမိအေနနဲ႔အမွားလုပ္မိတယ္ဆိုရင္ေတာင္မွ ဆရာေတြက ျပန္လည္တည့္မတ္ေပးပါတယ္။စာေမးပြဲတစ္ခါက်ရင္လည္း

ေနာက္ႏွစ္ေတြမွာ ထပ္ေျဖခြင့္ရွိပါေသးတယ္။ေက်ာင္း ကေပးထားတဲ့ေခါင္းစဥ္ေတြနဲ႔ Assignment ေတြကို ျပင္ဆင္ေရးသားရပါတယ္။ဒါေပမယ့္ လက္ေတြ႕ဘ၀ရဲ႕ လုပ္ငန္းခြင္ကေတာ့ ေက်ာင္းတုန္းကနဲ႔တစ္ျခားစီပါပဲ။

လုပ္ငန္းတစ္ခုကိုလုပ္တဲ့အခါမွာ အမွားအယြင္းျဖစ္ခဲ့ရင္ ျပန္ၿပီးျပင္ဆင္လို႔ရတာေတြရွိသလို ျပန္ၿပီးျပင္ဆင္လို႔မရတာေတြလည္းရွိပါတယ္။

ဒါ့အျပင္ မိမိေၾကာင့္ျဖစ္တဲ့အမွား ရဲ႕အက်ိဳးဆက္ကို ေက်ာင္းတုန္းကလို မိမိတစ္ေယာက္တည္းခံစားရတာမ်ိဳးမဟုတ္ပဲ မိမိနဲ႔သက္ဆိုင္တဲ့အဖြဲ႕အစည္း တစ္ခုလံုးက ခံစားရတာျဖစ္လို႔ ေပးဆပ္ရမွဳတန္ဖိုးကပိုႀကီးပါတယ္။

ေနာက္တစ္ခ်က္က ေက်ာင္းတုန္းကလို ေပးထား တဲ့ေခါင္းစဥ္ကိုပဲရွာေဖြၿပီး assignment ေရးရတာမဟုတ္ပဲ ဘာေတြျဖစ္လာႏိုင္မလဲဆိုတာ တြက္ခ်က္လို႔မရႏိုင္တဲ့ အေျခအေနေတြကလည္း

ေက်ာင္းတုန္းကနဲ႔ လက္ေတြ႕ဘ၀ကြာျခားမွဳပါပဲ။(ဒါေတာင္ ပညာေရးစနစ္နဲ႔ ပတ္သက္ၿပီး ထည့္မေျပာေသးပါဘူး။)

ဒီလိုအေျခအေနအရပ္ရပ္ေတြေၾကာင့္ တကၠသိုလ္တက္ၿပီး အသက္ေမြး၀မ္းေက်ာင္းပညာရပ္ေတြဆည္းပူး တယ္ဆိုတာဟာ ၀ါးလံုးေခါင္းထဲမွာသာတဲ့လလိုမ်ိဳး က်ဥ္းက်ဥ္းေလးပါပဲ။

ဒါကိုနားလည္ၿပီး လုပ္ငန္းခြင္စ၀င္၀င္ခ်င္း အခ်ိန္မွာ တတ္ႏိုင္သေလာက္ တလြဲမာနေတြကိုေမ့ေဖ်ာက္ထားဖို႔အႀကံျပဳလိုပါတယ္။

 

(၂) ပညာရွာပမာ သူဖုန္းစား

ဘြဲ႕ရေက်ာင္းဆင္းအရြယ္ဆိုတာ လုပ္ငန္းခြင္သေဘာသဘာ၀အရသာေတြကို မသိရွိၾကတာအမွန္ပါပဲ။ လုပ္ငန္းခြင္ထဲမွာ ေဆာင္ရြက္ၾကရတဲ့အခါမွာ

ေက်ာင္းေနစဥ္တုန္းကလိုမ်ိဳး မိမိႏွစ္သက္တဲ့သူေတြကိုပဲ ေရြးခ်ယ္ၿပီး ေပါင္းသင္းလို႔မရတာလည္း သိထားရမယ့္အခ်က္တစ္ခုပါပဲ။

တူတဲ့အခ်က္တစ္ခုကေတာ့ ေက်ာင္းတုန္းက စာေမးပြဲေျဖႏိုင္ဖို႔အတြက္ စာကိုအခ်ိန္ဇယားနဲ႔ၾကည့္ဖို႔လိုအပ္ သလိုမ်ိဳး လုပ္ငန္းတစ္ခုေအာင္ျမင္ႏိုင္ဖို႔အတြက္ အစီအစဥ္ေတြႀကိဳတင္ေရးဆြဲထားဖို႔လိုအပ္တာပါပဲ။

အခ်ိန္ကို တတ္ႏိုင္သေလာက္အက်ိဳးရွိရွိအသံုးခ်ဖို႔လိုအပ္သလို ၿပိဳင္ဖက္ေတြနဲ႔ရင္ဆိုင္ေတြ႕တဲ့အခါမွာ ႀကိဳးစားအားထုတ္မွဳ ပိုမိုျပင္းျပတဲ့သူက အသာရတာခ်င္းလည္းတူပါတယ္။

အလုပ္ခြင္ထဲမွာေတာ့ မိမိတာ၀န္ယူထားရတဲ့ရာထူးအေျခအေနနဲ႔ပတ္သက္ၿပီးေတာ့ ဖိအားေတြအနည္းနဲ႔ အမ်ားရွိပါတယ္။စီနီယာေတြ၊ ဌာနေခါင္းေဆာင္ေတြရဲ႕ပညာျပျခင္းကိုလည္း

ခံရတတ္ပါေသးတယ္။ဒါေၾကာင့္ လုပ္ငန္းခြင္ထဲ၀င္ေတာ့မယ္ဆိုရင္ ဒီလိုအေျခအေနေတြကိုအံတုႏိုင္ပါမွ အဆင္ေျပႏိုင္မွာျဖစ္ပါတယ္။

မိမိအေနနဲ႔ လုပ္ငန္းအေတြ႕အႀကံဳမရွိေသးတဲ့သင္ယူေနဆဲကာလမွာ ဟိတ္ဟန္တစ္ခြဲသားနဲ႔မေနပဲ ပညာရွာပမာ သူဖုန္းစားဆိုတဲ့ထံုးကိုႏွလံုးမူၿပီး က်င့္ႀကံအားထုတ္တာက ၀မ္းစာျပည့္ဖို႔အတြက္ အခ်ိန္ပိုျမန္ပါတယ္။

ဒါေၾကာင့္ စိတ္၀င္စားမွဳအျပည့္နဲ႔သင္ယူေလ့လာၾကပါလို႔တိုက္တြန္းလိုက္ပါတယ္။

 

(၃) မိမိပံုရိပ္ကိုျမွင့္တင္ပါ

မိမိအေနနဲ႔ေက်ာင္းတုန္းက စာဘယ္ေလာက္ပဲေတာ္ေတာ္ လုပ္ငန္းခြင္ေလာကဖက္မွာေတာ့ မိမိရဲ႕ပံုရိပ္ဟာ အထင္အရွားမရွိေသးပါဘူး။

ဘြဲ႕ရေက်ာင္းဆင္းသူေတြအေနနဲ႔ ဒီအခ်က္ကိုသေဘာေပါက္သင့္ၿပီး လုပ္ငန္းခြင္၀င္ဖို႔ ရည္ရြယ္ထားၿပီဆိုတာနဲ႔ မိမိရဲ႕အားနည္းခ်က္၊ အားသာခ်က္ေတြကို ထင္သာျမင္သာရွိေအာင္ရွာေဖြထားသင့္ပါတယ္ ။

အလုပ္ေလွ်ာက္ဖို႔အတြက္လိုအပ္ေနေသးတဲ့အျခားကြ်မ္းက်င္မွဳေတြအတြက္လည္း လိုအပ္တဲ့သင္တန္းေတြတက္ ရင္းဆည္းပူးထားရပါမယ္။သင္တန္းဆက္ရာမွာလည္း သင္တန္းဆင္းလက္မွတ္ရဖို႔ထက္

တကယ္တတ္ေျမာက္မွဳရွိ ဖို႔ ႀကိဳးစားသင့္ပါတယ္။

ဒါ့အျပင္ အလုပ္ေခၚစာေတြမွာပါတဲ့ အလုပ္ရွင္ေတြဖက္က သတ္မွတ္အရည္အခ်င္းေတာင္းဆိုမွဳေတြကို ေလ့လာထားပါ။

အင္တာဗ်ဴးေျဖတဲ့အခါ ေဆာင္ရန္၊ေရွာင္ရန္အခ်က္ေတြက ဘာေတြလဲဆိုတာကို ေလ့လာထားပါ။ ဒီအတြက္ ဆိုရွယ္မီဒီယာေပၚမွာလည္း မွ်ေ၀ေပးေနသူေတြရွိသလို အခြင့္အလမ္းလိုမ်ိဳးဂ်ာနယ္ေတြမွာလည္း

ဒီအခ်က္ေတြနဲ႔သက္ဆိုင္တဲ့ေဆာင္းပါးေတြ၊ အလုပ္ေခၚစာေတြပါ၀င္တာျဖစ္လို႔ အလြယ္တကူေလ့လာႏိုင္ၿပီျဖစ္ပါ တယ္။

သင့္ရဲ ့အရည္အခ်င္းေတြကို ျမွင့္တင္ခ်င္တယ္ ဆိုရင္ေတာ့ sayar.com.mm မွာရွိတဲ့ ဆရာ၊ ဆရာမမ်ားႏွင့္ဆက္သြယ္လိုက္ပါ။
ဤလင့္ https://bit.ly/2EbNTuO မွာ ဘာသာရပ္ေပါင္းစံု သင္ေပးေသာ ဆရာ၊ ဆရာမမ်ား ကို အခမဲ့ ဝင္ေရာက္ရ်ာေဖြႏိုင္ပါသည္။

 

(၄) မေတြေ၀ပါနဲ႔။ ေလွ်ာက္မယ့္လမ္းကိုျပတ္ျပတ္သားသားေရြးခ်ယ္ပါ

ငါတို႔အေနနဲ႔ႀကီးလာတဲ့အခါမွာ ဆရာ၀န္ႀကီးလုပ္မယ္၊ အင္ဂ်င္နီယာႀကီးလုပ္မယ္၊ စစ္ဗိုလ္လုပ္မယ္၊ ေက်ာင္းဆရာလုပ္မယ္ စတဲ့ေရႊအိုေရာင္စိတ္ကူးေတြ ကေလးဘ၀ကတည္းက အားလံုးမွာရွိခဲ့ၾကမယ္ထင္ပါတယ္။

အရြယ္ေရာက္လို႔ပညာရွာၾကတဲ့အခါမွာလည္း ငယ္ဘ၀အိပ္မက္ေတြအတိုင္းႀကိဳးစားရင္းနဲ႔ ဘြဲ႕ရေက်ာင္းဆင္းၿပီးရင္ ငါတို႔ေတာ့ဘာျဖစ္ၿပီဆိုတဲ့စိတ္ကူးေတြနဲ႔ ေပ်ာ္ရႊင္စရာေကာင္းေနခဲ့မွာပါ။

ဒါေပမယ့္ တကယ္လည္းအလုပ္ရွာမယ္ လည္းဆိုေရာ အခက္အခဲေတြနဲ႔ရင္ဆိုင္ရေတာ့တာပါပဲ။

အဓိကလုပ္ရမွာကေတာ့ မိမိဘယ္လမ္းေလွ်ာက္မလဲဆိုတဲ့ေရြးခ်ယ္မွဳအပိုင္းျဖစ္ပါတယ္။ခ်ီတံုခ်တံုျဖစ္ေန တာေတြ၊ သူမ်ားေျပာလိုက္ရင္ နားေယာင္ေနတဲ့စိတ္ေတြကို ျပင္ဆင့္သင့္ၿပီျဖစ္ပါတယ္။

 

(၅) လုပ္ငန္းအေတြ႕အႀကံဳ

အဓိကအခက္အခဲကေတာ့ အလုပ္ေခၚစာေတြမွာပါတဲ့လုပ္ငန္းအေတြ႕အႀကံဳဘယ္ေလာက္ရွိရမယ္ဆိုတဲ့ အခ်က္ပါပဲ။ဒီအေပၚမွာစိတ္မပ်က္ၾကဖို႔ က်ေနာ့္အေနနဲ႔ အႀကိမ္ႀကိမ္အားေပးေျပာဆိုခဲ့သလို အႀကံျပဳခ်က္ေတြလည္း ေပးခဲ့ပါတယ္။

အဓိကက မိမိရဲ႕ေလ့လာအားထုတ္ခ်င္စိတ္ပါ။

က်ေနာ္ အင္ဂ်င္နီယာပိုင္းနဲ႔ပတ္သက္ၿပီး ဥပမာေပးပါမယ္။ယေန႔မိမိတို႔ေနထိုင္တဲ့အနီး၀န္းက်င္မွာပဲ ေဆာက္လုပ္ေရးစီမံကိန္းေတြအေတာ္မ်ားမ်ားရွိေနပါတယ္။

အားလပ္ခ်ိန္ေတြထဲကတစ္ခ်ိဳ႕ကို ဒီေနရာေတြမွာ ေလ့လာသင္ယူရင္းကုန္ဆံုးသင့္ပါတယ္။

မသိတာေတြကို မရွက္မေၾကာက္ေမးမယ္။လုပ္ငန္းစဥ္ေတြကို စိတ္၀င္တစားနဲ႔ေလ့လာမယ္ဆိုရင္ မိမိတို႔နဲ႔ လုပ္ငန္းခြင္ဟာ သူစိမ္းတရံဆန္ေနေတာ့မွာမဟုတ္ပါဘူး။

ဒီလိုမလုပ္ ႏိုင္ရင္ေတာင္ ေဆာက္လုပ္ေရးလုပ္ငန္းစဥ္ေတြရဲ႕အေျခခံအခ်က္ေတြကို သိရွိေအာင္ေလ့လာထားလို႔ရပါေသး တယ္။

ဥပမာ - အေဆာက္အဦမေဆာက္ခင္မွာ ပႏၷက္ဖမ္းၿပီးပတ္တန္းရိုက္ေတာ့မယ္ဆိုရင္ ဘယ္လိုအခ်က္ေတြကို လုပ္ေဆာင္ရမယ္။

သံဆင္တဲ့အခါ သက္ဆိုင္ရာသံေခ်ာင္းေတြကို ဘယ္ေနရာမွာဆက္မယ္။ေက်ာက္ပံုးေက်ာက္ခြက္ လုပ္ငန္းမွာ တိုင္ေတြကိုဘယ္လိုမ်ိဳးတည့္ေအာင္ခ်ိန္ခ်မယ္။ကြန္ကရစ္ကို AG နဲ႔ေလာင္းတဲ့အခါ

ကုဗေပကေန ကုဗမီတာကိုဘယ္လိုေျပာင္းတြက္ရမယ္ စတဲ့အခ်က္ေတြကိုေလ့လာထားၿပီး အင္တာဗ်ဴးမွာဒါေတြကိုေျပာျပႏိုင္တဲ့ အခါ မိမိအေနနဲ႔ မ်က္ႏွာမငယ္ရတာအမွန္ပါပဲ။

ဒါေတြကိုလည္း ေက်ာင္းတုန္းကသင္ထားတဲ့စာေတြအျပင္ ဆိုရွယ္မီဒီယာေပၚမွာတင္ေပးတတ္ၾကတဲ့စာအုပ္ေတြ၊ ပို႔စ္ေတြနဲ႔ အျခားထုတ္ေ၀တဲ့စာအုပ္ေတြမွာ ေလ့လာဖတ္ရွဳ ႏိုင္ၿပီျဖစ္ပါတယ္။

မသိတာေတြ၊ အႀကံဥာဏ္လိုအပ္တာေတြကိုလည္း မိမိအသံုးျပဳေနတဲ့ဆိုရွယ္မီဒီယာေပၚက စီနီယာေတြဆီမွာ ေမးျမန္းႏိုင္ပါတယ္။ဆိုရွယ္မီဒီယာကို ဓါတ္ပံုတင္ရံု၊ အရည္မရ အဖတ္မရစာေတြတင္ရံု သက္သက္ပဲအသံုးမျပဳသင့္ပါဘူး။

ဒါ့အျပင္ အခုေနာက္ပိုင္းမွာ internship ဆင္းတာေတြလည္းလုပ္ရပါတယ္။ဒီအခ်က္ကို အက်ိဳးရွိရွိအသံုးခ် တတ္ဖို႔လိုၿပီး ကုမၸဏီဆီက internship ဆင္းထားေၾကာင္းေထာက္ခံစာရရံုနဲ႔ အခ်ိန္ကိုမကုန္ဆံုးသင့္ပါဘူး။

သိခ်င္ တာေတြကို အဲဒီကာလမွာ သက္ဆိုင္ရာတာ၀န္ရွိပုဂၢိဳလ္ေတြဆီမွာ ပြင့္ပြင့္လင္းလင္းေမးပါ။မွတ္သားပါ။

က်ေနာ္ေတြ႕ ဖူးခဲ့တဲ့ က်ေနာ္ရွိတဲ့ဆိုဒ္ကို internship လာဆင္းတဲ့ေက်ာင္းသားတစ္ဖြဲ႕မွာေတာ့ တကယ္စိတ္၀င္တစားနဲ႔ ေမးျမန္း ေလ့လာၾကတာဆိုလို႔ လာတဲ့လူဆယ္ေယာက္မွာ ႏွစ္ေယာက္အမ်ားဆံုးပါပဲ။

က်န္တဲ့သူေတြက ေဟးလား၀ါးလားနဲ႔ ျပန္ရင္ဘယ္သြားၾကမယ္၊ ရုပ္ရွင္ဘယ္ကားတင္ေနၿပီ စသျဖင့္တို္င္ပင္ေနၾကတာေတြကိုပဲ ေတြ႕ခဲ့ရဖူးပါတယ္။

ဒါေၾကာင့္ မိမိတို႔ဟာ ဘာဘြဲ႕ရ၊ ဘာေက်ာင္းဆင္းဆိုတာထက္ မိမိတို႔အေနနဲ႔ ၀မ္းစာဘယ္ေလာက္ရွိလဲ၊ အက်ိဳးရွိေစ မယ့္ေလ့လာအားထုတ္မွဳေတြကို

စိတ္၀င္တစားနဲ႔ဘယ္ေလာက္အထိအားထုတ္ခဲ့ၿပီလဲဆိုတဲ့အခ်က္နဲ႔႔ပဲ သံုးသပ္ၾကပါ လို႔အႀကံျပဳလိုပါတယ္။ေသခ်ာတာကေတာ့ မိမိေနတဲ့ႏိုင္ငံမွာလက္ရွိျဖစ္ေပၚေနတဲ့အလုပ္အကိုင္ေစ်းကြက္

အေျခအေနေတြကို ခ်က္ခ်င္းႀကီးျပင္ဆင္ေျပာင္းလဲပစ္လို႔မရပါဘူး။ဒါေၾကာင့္ အလုပ္ေခၚစာေတြကိုဟားတိုက္ ရယ္ေမာေနတာထက္ မိမိမလုပ္ႏိုင္ဘူးထင္ရင္ ေက်ာ္ဖတ္ပစ္လိုက္တာက အေကာင္းဆံုးနည္းလမ္းပါပဲ။

အႏွစ္ခ်ဳပ္ေျပာရရင္ေတာ့ ဘြဲ႕ရေက်ာင္းဆင္းလို႔ အလုပ္အကိုင္ရွာေဖြခ်ိန္ေတြဟာ အခက္အခဲေတြအမ်ားႀကီး

ရွိမွာကေတာ့အမွန္ပါပဲ။တတ္ႏိုင္သေလာက္ တလြဲမာနေတြကိုခ်ိဳးႏွိမ္ေမ့ပစ္ထားရင္း လုပ္ငန္းအေတြ႕အႀကံဳရရွိဖို႔ကို ပဲဦးစားေပးစဥ္းစားသင့္ပါတယ္။အရိုးမ်ားသေလး - ေခ်းခါးသေလးလုပ္ေနရင္ေတာ့ သင့္အေနနဲ႔က်န္ရစ္ခဲ့မွာပါပဲ။

သင့္ရဲ ့အရည္အခ်င္းေတြကို ျမွင့္တင္ခ်င္တယ္ ဆိုရင္ေတာ့ sayar.com.mm မွာရွိတဲ့ ဆရာ၊ ဆရာမမ်ားႏွင့္ဆက္သြယ္လိုက္ပါ။
ဤလင့္ https://bit.ly/2EbNTuO မွာ ဘာသာရပ္ေပါင္းစံု သင္ေပးေသာ ဆရာ၊ ဆရာမမ်ား ကို အခမဲ့ ဝင္ေရာက္ရ်ာေဖြႏိုင္ပါသည္။

 

ရာသက္ပန္ - သစၥာပန္းတို႔ လန္းရာေျမ

sayar.com.mm

Wednesday, 28 August 2019 14:00

ေနာက္လဆိုရင္ပဲ ေက်ာင္းၿပီးၾကေတာ့မယ္….ေက်ာင္းၿပီးရင္ ဘာလုပ္ၾကမွာလည္း?

ဟုတ္ပါတယ္…တကယ္ကို စိတ္ပ်က္စရာႀကီးပါ “ေက်ာင္းၿပီးရင္” ဆိုၿပီး ေတြးလိုက္ရင္ တကယ္ကို လမ္းေပ်ာက္သြားသလို ခံစားရပါတယ္။