×

Warning

JUser: :_load: Unable to load user with ID: 81428


Student

Wednesday, 28 August 2019

နောက်လဆိုရင်ပဲ ကျောင်းပြီးကြတော့မယ်….ကျောင်းပြီးရင် ဘာလုပ်ကြမှာလည်း?

နောက်လဆိုရင်ပဲ ကျောင်းပြီးကြတော့မယ်….ကျောင်းပြီးရင် ဘာလုပ်ကြမှာလည်း? free pick

ဟုတ်ပါတယ်…တကယ်ကို စိတ်ပျက်စရာကြီးပါ “ကျောင်းပြီးရင်” ဆိုပြီး တွေးလိုက်ရင် တကယ်ကို လမ်းပျောက်သွားသလို ခံစားရပါတယ်။

လူငယ်ဘဝရဲ့ ပျော်စရာအကောင်းဆုံးအချိန်တွေ အလွတ်လပ်ဆုံးအချိန်တွေ စိတ်တူကိုယ်တူ သူငယ်ချင်းတွေအားလုံး အပြီးတိုင်လမ်းခွဲနှုတ်ဆက်သွားကြပါပြီ။

တကယ့်ကို ပြိုင်ဆိုင်မှုပြင်းထန်တဲ့ ဖိအားတွေများတဲ့ လုပ်ငန်းခွင်ထဲကို ဝင်ရတော့မှာပါ။ ဒါပေမယ့် ဝင်ရဖို့ အလုပ်ကလည်း တကယ်ကို မသေချာပါဘူး….အလုပ်ရဖို့က ခက်ခဲလွန်းပါတယ်။

ခက်ခဲတဲ့ အကူးအပြောင်းကာလလို့တောင် တင်စားလို့ရပါတယ်။

ကဲ…ဒါဆို ကျွန်တော်တို့ ဘာလုပ်ကြမှာလည်း ကျွန်တော်ကတာ့ လယ်ယာပြန်စာရေးလုပ်မှာပါ။

အဲ့လိုလုပ်လို့ရရင်တော့ ကောင်းတာပေါ့။ တကယ်တော့ ကျွန်တော်တို့ အခြေခံကျကျ စဉ်းစားမယ်ဆိုရင် ကျောင်းပြီးရင်လုပ်ဖို့ ရွေးစရာ လေးခုရှိပါတယ်။ ဒီ(၄)ချက်ကို သေချာဖတ်ပြီးသွားရင် ရွေးစရာ တစ်ခုခု
အတွေးတစ်ခုခု ကျန်ခဲ့မယ်ထင်ပါတယ်။

 

၁။ အလုပ်တစ်ခုရှာလုပ်ပါ

ကျောင်းပြီးပြီဆိုတော့ သေချာတာကတော့ ၂၀ ကျော်ပါပြီ။ စတင်ပြီးတော့ အလုပ်တစ်ခု လုပ်ဖို့လိုအပ်လာပါပြီ။ ဘာတွေလုပ်ကြမလည်း။ ကိုယ်ရမယ့် ဘွဲ့နှင့်ဆိုင်တဲ့ လုပ်ငန်းတွေမှာဝင်လုပ်ကြမလား။

ဒါမှမဟုတ် ကိုယ်တကယ်စိတ်ဝင်စားတဲ့ လုပ်ရမှာနှစ်သက်တဲ့ အလုပ်တစ်ခု ပြောင်းလုပ်ကြမလား။ တကယ်တော့ အလုပ်လုပ်ရမှာထက် အဲ့ဒီအချိန်ဟာ ရသမျှပညာတွေ အတွေ့အကြုံတွေ ယူရမှာပါ။

Part-time jo တွေ interns တွေ volunteer တွေလုပ်ပြီးအတွေ့အကြုံတွေ ဗဟုသုတတွေ ရှာဖွေပါ စုဆောင်းပါ။

ကိုယ့်ရဲ့စိတ်ကူးအိပ်မက်တွေတကယ်ဖြည့်ပေးနိုင်တဲ့ အလုပ်တစ်ခုတွေ့အောင်ရှာပါ။ ပြီးရင် ဇောက်ချလုပ်ပြီး အောင်မြင်မှုတွေရသည်အထိ ကြိုးစားပါ။

ကြိုးစားရင်း အခက်အခဲတွေ အရှုံးတွေရင်ဆိုင်ရမယ်ဆိုတာ ကြိုတင်သိထားပါ။

အရှုံးတွေ အခက်အခဲတွေကနေ ပြန်လည်သင်ယူပါ။ အထက်လူကြီးတွေဆီကနေ အကြံဥာဏ်တွေရယူပါ။ အလုပ်ခွင်မှာ လူချစ်လူခင်မများတောင် လူမုန်းများအောင်မနေပါနဲ့။

အခွင့်အရေးတွေလာရင် အဆင်သင့်ဖြစ်အောင်အမြဲသင်ယူနေပါ။

Read more >>> IELTS/TOEFL ဖြေလိုက်တာနဲ့  Scholarship ရပြီလား?

 

၂။ ကိုယ်ပိုင်လုပ်ငန်းတခုစလုပ်ပါ

ကျောင်းပြီးရင် ကိုယ်တကယ်လုပ်ချင်တဲ့ အပြောင်းအလဲတွေ လုပ်ရဲရင် လုပ်ခွင့်ရှိပါပြီ။ ရထားတာ ဓာတုဘွဲ့၊ ကိုယ်လုပ်ချင်တာ အဆိုတော်၊ Physics နဲ့ ကျောင်းပြီးတယ် tour guide လုပ်မယ်။

ဘာဖြစ်လည်း ဘွဲ့တွေမေ့ပြီး ကိုယ်လိုချင်တာ ရအောင်ယူပေါ့။ တချို့တွေ ကုမ္မဏီတွေမှာ ဝင်လုပ်နေချိန် ကိုယ်က ကိုယ့်အဖေနဲ့ တောင်သူ ဝင်လုပ်နေလို့လည်းရတာပဲ။

ဒါပေမယ့် ဘာပဲလုပ်လုပ် ဆန်းသစ်တဲ့အတွေးတွေ ခေတ်ကိုမျက်ခြေမပြတ်လိုက်နိုင်ရင် အောင်မြင်မှာပါ။ စိုက်ပျိုးရေး နည်းအသစ်တွ ဈေးကွက်အပြာင်းအလဲတွေ ကမ္ဘာလိုအပ်ချက်တွေ စတဲ့ သတင်းတွေအမြဲမပြတ်သိနေရင် မြန်မာပြည်က လိုအပ်နေတဲ့ ခေတ်သစ်တောင်သူဦးကြီးတစ်ယောက်တောင် ဖြစ်နိုင်သေးတယ်။

ကျောင်းကနေပြီးတယ် Software developer လုပ်ချင်တယ် ကြိုးစားပေါ့။ ၂၁ရာစုမှာ ကိုယ်ဖြစ်ချင်တာ ဖြစ်ခွင့်ရှိတာပဲ။ Rich kid မဟုတ်တော့ သူများထက်တော့ ပိုကြိုးစားရမှာပေါ့ ပိုပင်ပန်းမှာပေါ့။

ကိုယ်ပိုင်အလုပ်ဆိုတော့ လွတ်လပ်တယ် ဒါပေမယ့် တာဝန်ယူမှုရှိရမယ် အလုပ်နဲ့ဆိုင်တာတွေအကုန် ကိုယ်ကပဲ ဒိုင်ခံစဉ်းစားရမယ် အရှုံး အမြတ် ဘာထွက်ထွက် ကိုယ့်ပေါ်မှာပဲ မူတည်တယ်…ကိုယ့်အစွမ်းအစသည်သာ ကိုယ့်ပိုင်ဆိုင်မှုပဲလေ “ကိုယ်ပိုင်အလုပ်တော့ လုပ်ချင်ပါရဲ့ အရင်းအနှီးမရှိဘူး” လို့ လာမပြောပါနဲ့။

အချိန် ဆန်းသစ်တီထွင်မှု အမြင်ကျယ်မှု
လုပ်ချင်စိတ်ရှိမှု ဒါတွေရှိရင် သေချာပေါက် အောင်မြင်မှာပါ ပတ်ဝန်းကျင်က ပြောနေတဲ့ အရေးမပါတာတွေ ဂရုကိုစိုက်မနေနဲ့ ကိုယ့်အကြောင်းကို ကိုယ်သာအသိဆုံး။

ကိုယ်ဘာလုပ်ချင်တယ် ကိုယ်ဘာလိုအပ်နေတယ်။ ဘယ်လိုမှ ကိုယ်ပျော်ရမယ် ကိုယ်သာအသိဆုံးပါ။ ရဲရဲဝင့်ဝင့်သာ ပြောင်းလဲ လုပ်ဆောင်ပါ။

 

၃။ အလုပ်မလုပ်ချင်သေးရင်
နောက်တချက်ကတော့ အလုပ်မလုပ်ချင်သေးရင် ဒါမှမဟုတ် ကိုယ်လေ့လာနေတဲ့ ဘာသာရပ်ကို တကယ်စိတ်ဝင်စားရင် ဘွဲ့လွန် ဆက်တက်ပါ။

အခုချိန်မှာ scholarship တွေကလည်း နိုင်ငံတကာကပေးနေပါပြီ။ ကိုယ့်ဘက်ကသာ အရည်အချင်းနဲ့ ပြည့်စုံရင် အချိန်မရွေး နိုင်ငံခြားမှာ ဘွဲ့လွန်တက်လို့ရပါတယ်။

ဘွဲ့လွန်ကို ပျော်ဖို့အတွက်တော့ မတွက်ပါနဲ့။ ပေးရတဲ့ အချိန်တွေက နှမျောစရာကြီးပါ။ ဘွဲ့လွန်တက်ပြီး နိုင်ငံတကာအတွေ့အကြုံတွေရယူပါ။

 

၎။ Gap Year တစ်နှစ်
နောက်ဆုံးတခုကတော့ အလုပ်လည်းမလုပ်ချင်သေး၊ ဘွဲ့လွန်လည်း ဆက်မတက်ချင်ရင်တော့ Gap year တစ်နှစ်လောက်ယူလိုက်ပါ။

ခရီးတွေထွက်ပါ ဘာသာစကားအသစ်သင်ယူတာတို့ စိတ်ဝင်စားတဲ့ပညာရပ်တခု သင်ယူတာတို့ လုပ်ပါ။ လူကြီးလူကောင်းပီသအောင် လေ့လာသင်ယူနေထိုင်ပါ။

ခရီးတွေသွားချင်ကနေ ဆန်းသစ်တဲ့အတွေးတွေ နောင်တချိန်မှာ အသုံးဝင်မည့် time-management လို planning လို Skill မျိုးတွေရနိုင်ပါတယ်။

ကိုယ်နောင်တချိန်မှာ လုပ်ဖို့စဉ်းစားထားတဲ့ ကိစ္စတွေကိုလည်း သေချာစဉ်းစားနိုင်ပါတယ်။ လိုအပ်တဲ့ အသိပညာဗဟုသုတတွေလည်း ဖြည့်ဆည်းနိုင်ပါတယ်။
ဒါပေမယ့် ပိုက်ဆံတော့ ကုန်မှာ အသေအချာပါပဲ။ နောက်ဆုံးပြောချင်တာကတော့ ကျွန်တော်တို့ လူငယ်တွေ ဘာပဲလုပ်လုပ် ကိုယ်နိုင်ငံအတွက်ဆိုတာလေး ထည့်ပြီး ကြိုးစားကြစေချင်ပါတယ်။

Read More >>> "အသက်၂၀အရွယ်မှာ လေ့လာလိုက်စားသင့်သည့် အကောင်းဆုံးအရာများ"

 

sayar.com.mm

Read times Last modified on Wednesday, 08 January 2020 14:41
Rate this articles
(1 Vote)