Wednesday, 14 August 2019 17:29

"ကျောင်းသား ၊ ကျောင်းသူများ Programming ကို ဘယ်လိုလေ့လာမလဲ"

Programmer ဆိုတာနဲ့ ရွေးချယ်စရာလိုင်းတွေက အများကြီးရှိပါတယ်။

Tuesday, 13 August 2019 13:33

အရေးကြီးသည့် အင်္ဂလိပ်စာနှင့် coding

ထိုင်းနိုင်ငံ ပညာရေးဝန်ကြီးဌာနက ကျောင်းပညာရေး သင်ရိုးတွင် တတိယဘာသာစကားအဖြစ် coding ကို ထည့်သွင်းရန် တွန်းအားပေးသွားမည်ဟု ထုတ်ဖော်ပြောကြားသည်။

Thursday, 08 August 2019 17:00

"ဝန်ထမ်းအလုပ်ကနေ ကိုယ်ပိုင်လုပ်ငန်းလုပ်မယ်ဆိုရင် သိထားရမယ့်အချက် (၁၀)ချက်"

စွန့်ဦးစီးပွားတီထွင်သူများအနေနဲ့ ကိုယ်ပိုင်စီးပွားရေး စတင်ဖန်တီးတော့မယ်ဆိုရင် အချိန်ပေးရပါတယ်။

Tuesday, 06 August 2019 14:18


(၁) နားစွင့်ထားပါ

























 


 

Si Thu (Sayar.com.mm)

 

UNICODE

"အင်္ဂလိပ်ဘာသာစကားကို ယုံကြည်မှုရှိရှိနဲ့သွက်သွက်လက်လက်ပြောနိုင်ဖို့နည်းလမ်း(၉) ခု"

(၁) နားစွင့်ထားပါ
အင်္ဂလိပ်ဘာသာစကားဆိုတာ နေရာတိုင်းမှာရှိပါတယ်။
ဥပမာ ..facebook က videosတွေပဲဖြစ်ဖြစ်၊ Tv က ပဲဖြစ်ဖြစ်၊ radios ကပဲဖြစ်ဖြစ် ထွက် လာသမျှ အင်္ဂလိပ်စကားသံများကိုလိုက်နားထောင်ပါ။


(၂) Listen,Speak,Read, Write, Repeat
အစပိုင်းမှာတော့ နည်းနည်းနားထောင်ကြည့်မယ်(ဥပမာ အင်္ဂလိပ်သီချင်း) ၊ နည်းနည်းပြောကြည့်မယ်(ဥပမာ ဘယ်သူမှပြောစရာမရှိရင် တစ်ယောက်တည်း အင်္ဂလိပ်စကားပြောကြည့်ပါ)၊

နည်းနည်းဖတ်ကြည့်မယ် (ဥပမာ အင်္ဂလိပ်စာတန်းထိုး ဇတ်ကားလေးတွေကြည့်ပြီး တစ်ကြောင်းနှစ်ကြောင်းလောက်ဖတ်ကြည့်မယ်)၊

နည်းနည်းရေးကြည့်မယ်(ဥပမာ သင်သိသမျှအကြောင်အရာတွေကို စာအုပ်ပေါ်မှာချရေးကြည့်မယ်) ။ နောက်ပိုင်း အဲ့အရာတွေကို နည်းနည်းကနေ များများလုပ်ကြည့်မယ်။

ကြာလာရင်အဲ့အရာတွေက သင့်အတွက်အလေ့အကျင့်ဖြစ်လာလိမ့်မယ်။

Recommended For You >>> "သန့်ရှင်းရေးဝန်းထမ်းဘဝမှ စင်္ကာပူ က နာမည်ကျော် သူဌေးကြီး ဖြစ်လာသူ"


(၃) မိမိကိုယ်မိမိ ယုံကြည်မှုအပြည့်ထားပါ
“သင်ဟာကြောက်နေမယ်"၊ "သင်တစ်ခုခုမှားသွားတဲ့အခါ သင့်ကို လူတွေလှောင်ပြောင်ကြလိမ့်မယ်"လို့တွေနေတာလား၊?

စိတ်မပူပါနဲ့ တခြားသူတွေတောင်လုပ်နိုင်သေးတာပဲ..သင်ကဘာလို့မလုပ်နိုင်ရမှာလဲ?”ဒါကြောင့် အင်္ဂလိပ်စကားပြောတဲ့အခါ ..မိမိကိုယ်မိမိ ယုံကြည်မှုအပြည့်ထားပြီးပြောပါ။


(၄) မှန်တွေကို သင့်ရဲ့အကောင်းဆုံးသူငယ်ချင်းတစ်ယောက်အဖြစ် သတ်မှတ်ပါ
မှန်တွေကိုကြည့်ပြီး အင်္ဂလိပ်စကားပြောကြည့်ပါ။ အဲ့ဒါဟာ သင် အင်္ဂလိပ်စကားပြောရာမှာ ယုံကြည်မှုရှိရှိနဲ့အင်္ဂလိပ်စကားပြောနိုင်တဲ့ခံစားမှုမျိုးရလာပါလိမ့်မယ်။


(၅) စာကြောင်းတွေကိုဆုံးအောင်ဖတ်ပါ
လူတော်တော်များက အင်္ဂလိပ် sentence တစ်ခုတွေ့ရင်ဆုံးအောင်မဖတ်ကြပါဘူး။ အစပိုင်းလောက်ဖတ်ပြီးထင်ချင်ရာထင်လိုက်ကျတာများပါတယ်။

မဖတ်နိုင်တာလဲပါတာပေါ့။ မြန်မာစာ...စာကြောင်းတွေကိုတောင်ဆုံးအောင်ဖတ်နိုင်သေးတာပဲ။ အင်္ဂစာလေးလောက်ကတော့ဘာလို့မဖတ်နိုင်ရမှာလဲ?။ အင်္ဂလိပ် စာကြောင်းတွေကိုဆုံးအောင်ဖတ်ပါ။


(၆) Grammar မမှန်မှာမစိုးရိမ်နဲ့စိတ်အေးအေးထားပါ
အင်္ဂလိပ်စကားကို ကောင်းကောင်း မွန်မွန်နဲ့၊ သွက်သွက်လက်လက်ပြောနိုင်သူတွေတောင် grammar အမှားတွေရှိပါတယ်။

ဒါပေမဲ့သူတို့ပြောတာလဲ တခြားသူတွေနာလည်းနေတာပဲလေ။ ဒါကြောင့် အင်္ဂလိပ်စကားစပြောတဲ့အခါ… Grammarမှားမှာကိုစိုးရိမ်စိတ်မထားပါနဲ ၊ ရဲရဲသာပြောပါ။

နောက်ပိုင်းကျွမ်းကျင်လာတဲ့အခါ Grammarမှားမှာ စိတ်ပူစရာမလိုတော့ပါဘူး။

Recommended For You >>> "အချိန်တိုင်းမှာ အသုံးဝင်နေပါစေ"


(၇) အင်္ဂလိပ်သတင်းစာတွေရှာဖတ်ပါ
သင့်မှာ ရှိတဲ့ အင်္ဂလိပ်စကားလုံအသစ်တွေကို ကြောက်တဲ့စိတ်တွေကိုဖယ်ဖျောက်လိုက်ပါ။ အင်္ဂလိပ်စကားလုံးအသစ်တွေကိုစိန်ခေါ်ပါ။


(၈) သင့်ရဲ့ဖြစ်ပေါ်လာတဲ့ခံစားမှုကိုအသုံးချပါ
သင့်အလုပ်လုပ်နေတုန်းဖြစ်ဖြစ်၊ လမ်းလျှောက်နေတုန်းဖြစ်ဖြစ်...ဖြစ်ပေါ်လာတဲ့ခံစားမှုကို အင်္ဂလိပ်လိုဘယ်လိုပြောလည်းစဉ်းစားကြည့်ပါ။ မှားတာ၊ မှန်တာအဓိကမဟုတ်ပါဘူး။



(၉) ထပ်ခါထပ်ခါ လေ့ကျင့်ပါ
အထပ်ထပ်အခါခါ လေ့ကျင့်ခြင်းဟာ သင့်ရဲ့အင်္ဂလိပ်စကားပြော စွမ်းရည်ကို များစွာအထောက်အကူဖြစ်စေပါတယ်။

အင်္ဂလိပ်ဘာသာစကားသင်ကြားပေးသော မှ ဆရာ၊ ဆရာမများ >>> https://www.sayar.com.mm/subjects/all-teachers/subject-496.html

 

Si Thu (Sayar.com.mm)


Thursday, 11 July 2019 14:24

"အင်္ဂလိပ်စာလေ့လာရာတွင် ဝေါဟာရစကားလုံးကြွယ်ဝအောင် ဘယ်လိုလုပ်မလဲ"

အင်္ဂလိပ်စာလေ့လာရာတွင် စကားလုံး အသုံးအနှုန်းကြွယ်ဝလာစေရန် လုပ်ဆောင်ရမည့် နည်းလမ်းများကို ဖော်ပြပေးလိုက်ပါတယ်။

Friday, 05 July 2019 16:43

"ဆုံးဖြတ်ချက်ချရာတွင် အကောင်းဆုံးဖြစ်ဖို့ နည်းလမ်း (၃) ချက်"

နေ့စဉ်နေ့တိုင်းမှာ ဘဝရဲ့အခြေအနေအကြောင်းအရာတွေကို ကျွန်တော်တို့ရင်ဆိုင်နေရပါတယ်။

Friday, 05 July 2019 11:03

"စွန့်ဦးတီထွင်သူ Jack Ma ပြောတဲ့ အောင်မြင်မှုရဖို့အတွက် ပြောင်းလဲလိုက်ပါ"

တစ်စုံတစ်ယောက်က Jack Ma ကို “ခင်ဗျားရဲ့ အောင်မြင်မှုလျှို့ဝှက်ချက်က ဘာလဲ” လို့မေးတဲ့အခါ Jack Ma ပြောတာက

Saturday, 29 June 2019 15:07

"အင်္ဂလိပ်စာတိုးတက်ဖို့ အရေးကြီးဆုံးအရာ"

အင်္ဂလိပ်စာကောင်းဖို့ဆိုတာ Self-Study အရမ်း အရေးကြီးပါတယ်။

တစ်ချို့အင်္ဂလိပ်စာသင်တဲ့ လူငယ်လေးတွေက အင်္ဂလိပ်စာတိုးတက်ချင်တယ် ပြောနေပေမယ့်လည်း သင်တန်းမှာပဲ လေ့လာတဲ့အတွက် မတိုးတက်တာ ဖြစ်ပါတယ်။

တကယ် အင်္ဂလိပ်စာ တိုးတက်ချင်တယ်ဆိုရင် Self-Study မလုပ်သ၍ ဘယ်တော့မှ အင်္ဂလိပ်စာ ကောင်းလာမှာ မဟုတ်ပါဘူး။

အင်္ဂလိပ်စာ ကောင်းချင်တယ်လို့ အော်နေရုံနဲ့မပြီးပါဘူး။ ကိုယ်ဖြစ်ချင်တာအတွက် ကိုယ်တာဝန်ယူရဲရပါ့မယ်။

အရင်တုန်းက မရဖူးတဲ့အရာတွေကို လိုချင်ရင် အရင်တုန်းကမလုပ်ဖူးတာတွေကို လုပ်ရပါ့မယ်။

အရင်တုန်းက ညဘက် Facebook လေးဖွင့်လိုက်၊chatလိုက်၊ Game လေး ဆော့လိုက်နဲ့ဆိုရင်တော့

အင်္ဂလိပ်စာတိုးတက်လာမှာ မဟုတ်ပါဘူး။

အမှန်တကယ် တိုးတက်ချင်တယ်ဆိုရင်တော့ time table လေး တစ်ခုဆွဲပြီး အင်္ဂလိပ်စာကို လေ့လာကြပါ။

အင်္ဂလိပ်စာမှ မဟုတ်ပါဘူး ဘယ်ပညာမဆို ကိုယ်က လေးလေးစားစား လေ့လာမှ ကျွမ်းကျင်တာပါ။

အင်္ဂလိပ်စာကို စာလို့သဘောမထားပါနဲ့။ ဘ၀မှာ အောင်မြင်ချင်တဲ့ လူငယ်တိုင်းအတွက်
မရှိမဖြစ် လိုအပ်တဲ့အရာလို့ သဘောထားပါ။

ပြီးတော့ အင်္ဂလိပ်စာကို ၀န်ထုပ်ဝန်ပိုး လို့ သဘောမထားပါနဲ့။

တကယ်တော့ အင်္ဂလိပ်စာက လေ့လာရတာပျော်စရာကောင်းပါတယ်။ လေ့လာတတ်ဖို့ပဲလိုတာပါ။ စာအုပ်ကြီး အမြဲတမ်း ဖတ်နေမှ လေ့လာတာမဟုတ်ပါဘူး။

တစ်ခါတလေ Joke ကလေးတွေဖတ်၊ Short Story လွယ်လွယ်လေးတွေဖတ်၊ ရုပ်ရှင်ကြည့်ပြီး လေ့လာပါ။

ကိုယ့်ဘာသာကိုယ် တစ်ယောက်ထဲရှိလဲ စကားပြောလေ့ကျင့်ပါ။ သူများမြင်မှာဆိုးရင် ဖုန်းလေးကို နားမှာကပ်ပြီး တစ်ယောက်ထဲပြောတဲ့ နည်းကို သုံးပါ။

တကယ်တော့ ဘယ်အရာဖြစ်ဖြစ် ရူးရူးမူးမူးစွဲလမ်းမှ တိုးတက်တာပါ။ အဲလို ရူးရူးမူးမူးစွဲလမ်းတာကို မရှက်ပါနဲ့။

သင့်ကို ဘိုရူးဆိုပြီး ရယ်တဲ့သူတွေ ကဲ့ရဲ့တဲ့သူတွေ တစ်နေ့ကျရင် ဒီစာလုံးလေး ဘယ်လိုအသံထွက်လဲဟင်တို့ ငါမနက်ဖြန်အင်တာဗျူးရှိလို့ ငါ့ကို

အင်္ဂလိပ်စာလေး နည်းနည်းလောက် သင်ပေးပါလားတို့နဲ့ သင့်ကို လာအောက်ကျခံပါလိမ့်မယ်။

 

sayar.com.mm

အင်္ဂလိပ်ဘာသာစကားသင်ကြားပေးသောဆရာ၊ ဆရာမများကို တစ်နေရာတည်းမှာ လွယ်လွယ်ကူကူနဲ့ စုံစုံ လင်လင် ရှာဖွေ ချင်ရင်တော့

ဤလင့်ခ် English ( Academics) ,  English ( Languages)   လေးတွေကို နှိပ် လိုက်ပါ။

 

Saturday, 29 June 2019 10:17

"အသက်ငယ်ငယ်နဲ့ အမြင်ကျယ်စေဖို့"

လူဟာ အသက်တဖြည်းဖြည်း ကြီးလာတာနဲ့အမျှ ဖတ်တဲ့စာ၊ ထိတွေ့တဲ့ ပတ်ဝန်းကျင်၊ လုပ်ဖူးတဲ့အမှား၊ ဒါတွေက များများလာတယ်။

Thursday, 27 June 2019 15:21

"သင့်ကို ယခုထက်ပိုတော်စေနိုင်မည့်  အချက် (၇) ချက်"

လူတစ်ယောက်ရဲ့ ဉာဏ်ရည်ဉာဏ်သွေးကို မြှင့်လို့မရတော့ဘူးလို့ အရင်က ယုံကြည်လက်ခံခဲ့ကြတယ်။

Page 5 of 8