×

Warning

JUser: :_load: Unable to load user with ID: 81428


Articles

Thursday, 27 June 2019

"သင့်ကို ယခုထက်ပိုတော်စေနိုင်မည့်  အချက် (၇) ချက်"

"သင့်ကို ယခုထက်ပိုတော်စေနိုင်မည့်   အချက် (၇) ချက်" pexels

လူတစ်ယောက်ရဲ့ ဉာဏ်ရည်ဉာဏ်သွေးကို မြှင့်လို့မရတော့ဘူးလို့ အရင်က ယုံကြည်လက်ခံခဲ့ကြတယ်။

တကယ်တော့ ဓားတစ်လက်လိုပဲ ဦးနှောက်ဟာလည်း သွေးလေ ထက်လေပါပဲ။ အခုပြောပြမယ့် အချက်တွေဟာ ဉာဏ်ရည်ကို ပိုထက်မြက်စေပါတယ်လို့ သိပ္ပံပညာက အတည်ပြုလက်ခံထားပါတယ်။

အဲဒါတွေကတော့

 

(၁) ဂီတတူရိယာတစ်ခုကို တီးပါ

man person wall music

 

တူရိယာကို ဂီတသံဖြစ်အောင် တီးခတ်တဲ့အခါ တီထွင်နိုင်စွမ်း၊ သုံးသပ်ဆင်ခြင်နိုင်စွမ်းနဲ့ တခြားအရာတွေကို တိုးတက်စေပါသတဲ့။ တူရိယာတီးခတ်သူတွေဟာ အသက်ဘယ်လောက်ကြီးကြီး ဦးနှောက် မပျက်စီးဘူးလို့ ဆိုပါတယ်။

 

(၂) ဘယ်စာတွေ့တွေ့ ဖတ်ပါ

nature grass leaf green

 

သမိန်ပေါသွပ်ကိုပဲ ကြိုက်ကြိုက်၊ ဘေဘီလုံမှာ အချမ်းသာဆုံးပုဂ္ဂိုလ်ကိုပဲ ရွေးရွေး၊ ဓမ္မပဒကိုပဲ ကောက်ကိုင်ကိုင် ကိုယ်ကြိုက်တဲ့စာကို ဖတ်ပါ။ စာဖတ်တာဟာ စိတ်ဖိစီးမှုကို လျော့ကျစေပြီး ကိုယ့်ဘဝကို ပိုကျေနပ်နှစ်သိမ့်စေနိုင်တယ်။ ဒါတင်မက ဉာဏ်ရည်ဉာဏ်သွေးကိုလည်း တဖြည်းဖြည်းမြင့်တက်စေပါတယ်တဲ့။ ဉာဏ်ရည်ဆိုရာမှာ ပြဿနာဖြေရှင်းနိုင်စွမ်းစတဲ့ အိုင်ကျူအပြင် လူတစ်ယောက်ကို စာနာနားလည်နိုင်တဲ့ အီးကျူပါ မြင့်တက်စေတာပါ။

 

(၃) ပုံမှန်လေ့ကျင့်ခန်းလုပ်ပါ

pexels photo 2204179

 

လေ့ကျင့်ခန်း လုပ်တစ်လှည့်၊ မလုပ်တစ်လှည့်လုပ်တာဟာ ဦးနှောက်အတွက် ဘာမှမထူးပါဘူး။ လေ့ကျင့်ခန်းကို ပြင်းပြင်းထန်ထန်လုပ်လိုက်၊ နားထားလိုက်ထက် မှန်မှန်လေး လေ့ကျင့်ခန်းလုပ်တာဟာ BDNF ခေါ်တဲ့ ပရိုတိန်းတစ်ခုကို ထွက်လာစေပြီး မှတ်ဉာဏ်၊ လေ့လာသင်ယူမှု၊ စူးစိုက်မှုနဲ့ နားလည်မှုတို့ကို တိုးတက်စေပါတယ်။

တစ်ခုသတိထားရမှာက အကြာကြီးထိုင်နေသူတွေဟာ ဒါနဲ့ဆန့်ကျင်ဘက်ဆိုးကျိုးတွေကို ရရှိစေပြီး ဦးနှောက်ပျက်စီးမှု မြန်တယ်လို့ သိပ္ပံပညာရှင်တွေက ပြောကြပါတယ်။ ကိုယ်ကာယလုပ်ခြင်းသည် အားကစားလုပ်ခြင်း ပြောလို့ရပေမယ့် Big Sports တော့ မဟုတ်ပါဘူး။

အသင်းတစ်ခုမှာ team work တွေ ရှိသလို၊ တားဆီးတဲ့ အခက်အခဲကို ဘယ်လို ကျော်ဖြတ်ရမလဲဆိုတဲ့ တွေးခေါ်မြော်မြင်မှု၊ ဘယ်လို လှည့်ကွက်နဲ့ ကစားရမလဲဆိုတဲ့ ပညာတွေဟာ အားကစား ၀ါရင့်လာတာနဲ့အမျှ ကျွမ်းကျင် တတ်မြောက်စေပါတယ်။

 


(၄) ဘာသာစကားအသစ်တစ်ခုကို လေ့လာပါ

pexels photo 1079033

 

ဘာသာစကားအသစ်တစ်ခုကို လေ့လာတာဟာ ဦးနှောက်စွမ်းဆောင်ရည်ကို ခပ်မြန်မြန်မြင့်တက်စေပါတယ်။ ပိုတော်တဲ့သူတွေဟာ ဘာသာစကားတစ်မျိုးထက်ပိုပြောတတ်တာကိုကြည့်ရင် သည်ဆက်စပ်မှုကို လက်ခံနိုင်မှာပါ။ ဘာသာစကားအသစ် သင်ယူတဲ့အခါမှာ မိခင်ဘာသာစကားနဲ့ ကွဲလွဲနေတဲ့ သဒ္ဒါစည်းမျဉ်းအသစ်တွေကို သင်ယူရမှာဖြစ်သည့်အတွက် သင့်ဦးနှောက်ရဲ့ အလုပ်လုပ်နိုင်စွမ်းကို တိုးတက်လာမှာ ဖြစ်ပါတယ်။

 


(၅) တတ်မြောက်ထားတဲ့ ပညာကို စစ်ဆေးပါ

writing notes idea conference

 

ဘယ်ပညာကို မဟာဘွဲ့ရသည်အထိ တတ်လာသည်ဖြစ်စေ ပညာကို အသုံးမချရင် ကိုယ့်ဦးနှောက်ထဲက ပျောက်ကွယ်သွားမှာပါပဲ။ ကိုယ်သိထားတဲ့အသိပညာတစ်ခုကို လက်တွေ့လုပ်ငန်းမှာ အသုံးချရင်တော့ အရင်ထက် ပိုပြီး ကျွမ်းကျင်လာတယ်။ အခက်အခဲတွေ့လာတဲ့အခါမှာလည်း ကိုယ်သိထားတဲ့နယ်ပယ်ကဖြစ်လို့ စိတ်ပါလက်ပါ ဖြေရှင်းချင်စိတ်ရှိတယ်။ သည်လိုနည်းနဲ့ ဦးနှောက်အလုပ်လုပ်နိုင်စွမ်းမြင့်တက်လာပါတယ်။ သည်နယ်ပယ်မှာ တော်သူလည်း ဖြစ်လာပါလိမ့်မယ်။

 

(၆) ဦးနှောက်ကို အလုပ်ပေးပါ

woman hand desk office

 

ဦးနှောက်က သာမာန်အားဖြင့်တော့ လူက မခိုင်းဘဲလည်း သူ့ဘာသာ ခန္ဓာကိုယ်ကိုထိန်းကျောင်းမောင်းနှင်တဲ့ အလုပ်ကို ပုံမှန်လုပ်နေပါတယ်။ဆူဒိုခုတွေ၊ ပဟေဠိတွေ၊ စကားထာတွေက ဦးနှောက်ကို ဖြန့်ကျက်စဉ်းစားအောင် အလုပ်ပေးပါတယ်။ နာ့ဗ်ဆဲလ်တွေက နည်းသစ်တွေနဲ့ တုံ့ပြန်တဲ့အခါ အရင်ကြည့်နေကျ အမြင်၊ တွေးနေကျအတွေးနဲ့ မတူတာတွေကို တွေးခေါ်ကြည့်မြင်ရပါတော့တယ်။

ကျွန်တော် တို့ဟာ သည်လိုလည်း စဉ်းစားလို့ရပါလား လို့ အသိပညာရလာပြီး တွေးခေါ်မြော်မြင်နိုင်စွမ်းလည်း မြင့်တက်လာပါတယ်။


(၇) တရားထိုင်ပါ

pexels photo 1882004

 

တိဘက်ဘုန်းတော်ကြီး ဒလိုင်းလားမား တရားထိုင်တဲ့အခါ ထူးခြားတဲ့ဦးနှောက်လှိုင်းတွေ ထွက်လာသလားဆိုတာ သိပ္ပံပညာရှင် ရစ်ချက်ဒေးဗစ်ဆင်က စမ်းသပ်ပါတယ်။ ဒလိုင်းလားမားနဲ့ တခြားဘုန်းတော်ကြီးတွေ တရားထိုင်တဲ့အခါထွက်လာတဲ့ ဦးနှောက်လှိုင်းတွေကို စစ်ဆေးတဲ့အခါ သူတို့ဟာ စိတ်ရဲ့ငြိမ်သက်ခြင်းကို ရောက်နေကြောင်း စစ်ဆေးတွေ့ရပါတယ်။

အတွေးတွေနဲ့ ယောက်ယက်ခတ်မနေဘဲ စိတ်ဟာ တည်ငြိမ်အေးဆေးနေတဲ့အခါ မှတ်လိုရာကို ပြတ်ပြတ်ထင်ထင် မှတ်မိတယ်။ တော်တော်နဲ့ မမေ့ဘူး။ ဒါကို ဉာဏ်ကောင်းတယ်လို့ ခေါ်တာပါပဲ။

လူနဲ့တိရစ္ဆာန်ကွာခြားချက်က ဦးနှောက်ပါပဲ။ အဆင့်အတန်းမြင့်တဲ့၊ အောင်မြင်တဲ့၊ ချမ်းသာတဲ့ လူတစ်ယောက်ဖြစ်ဖို့ဆိုရင် ဦးနှောက်ထက်မြက်ဖို့က အဓိကကျပါတယ်။ သည် ၇ ချက်ကို တတ်နိုင်သလောက် ကျင့်သုံးရင်း အောင်မြင်တဲ့ ဘဝတွေကို ပိုင်ဆိုင်နိုင်ကြပါစေ။

 

Ref ; Ma Su Pyae Sone via ကနောင်

မိမိသင်ယူလို သော ဘာသာ ရပ်များနှင့် ဆရာ၊ ဆရာမများကို တစ်နေရာတည်းမှာ လွယ်လွယ်ကူကူ စုံစုံလင်လင် ရှာဖွေချင်ရင်တော့ ဤလင့်ခ် sayar.com.mm လေးကို နှိပ်လိုက်ပါ။

Read times Last modified on Thursday, 27 June 2019 16:56
Rate this articles
(0 votes)