×

Warning

JUser: :_load: Unable to load user with ID: 81428


Articles

Thursday, 27 June 2019

"ကမ္ဘာ့ အနက်ဆုံးနေရာ (သို့ မဟုတ်) မာရီယာနာချောက် အကြောင်း သိကောင်းစရာ"

"ကမ္ဘာ့ အနက်ဆုံးနေရာ (သို့ မဟုတ်) မာရီယာနာချောက် အကြောင်း သိကောင်းစရာ" google.com

ကမ္ဘာ ကျော် မာရီယာနာချောက်ဟာ မြောက်ပစိဖိတ်သမုဒ္ဒရာရဲ့ အနောက်ပိုင်း ဖိလစ်ပိုင် နဲ့ ဂျပန်နိုင်ငံများ မာရီယာနာဒွန်းစုတို့ရဲ့ အနီးမှာတည်ရှိပါတယ်။ တိုင်းတာရခဲ့သမှု အနက်ဆုံးနေရာရဲ့ အနက်ဟာ ၃၆၀၇၀ ပေ ရှိပြီး ကမ္ဘာ့အနက်ဆုံးနေရာတစ်ခုလည်းဖြစ်ပါတယ်။

အနက်ဆုံးနေရာကို Challenger Deep လို့လည်း ခေါ်ကြပါတယ်။ တချို့ကတော့ ချောက်ရဲ့ အနက်ဟာ အဲဒီအနက်ထက် ပိုနိုင်သေးတယ်လို့ ဆိုကြပါတယ်။

၁၉၅၁ခုနှစ်မှာ Challenger သင်္ဘောနဲ့တိုင်းတာရရှိခဲ့တဲ့အနက် ကို ဂုဏ်ပြုတဲ့အနေနဲ့ ဒီနာမည်ကိုပေးထားတာပဲဖြစ်ပါတယ်။ဒီချောက်ဟာ ဧရိယာအားဖြင့် အစား ၁၅၈၀မိုင် အနံ ၄၃မိုင် ဂျယ်ပြန့်ကြီးမားပြီး ပုံသဏ္ဍာန်ကတော လခြမ်း (သို့) စက်ပိုင်းခြမ်းပုံစံဖြစ်ပါတယ်။

marianaanim whoi

ချောက်ရဲ့ အောက်ခြေမှာရှိတဲ့ဖိအားဟာ ပင်လယ်ရေက်နှာပြင်ဖိအားထက် အဆ၁၀၀၀ ပိုပါတယ်။ အပူချိန် ကတော ၁ မှ ၄ ဒီဂရီ ဆဲစီးယပ်စ်ရှိတဲ့အတွက် အလွန်အေး တဲ့နေရာလည်းဖြစ်ပါတယ်။

မာရီယာနာချောက်ရဲ့ အောက်ခြေကြမ်းပြင်မှာတော့ ဟိုက်ဒရိုဂျင်ဆာလဖိုဒ်ကဲ့သို့ တွင်းထွက်တွေကို ထုတ်လွှတ်ပေးနေတဲ့ အပေါက်ငယ်တွေရှိနေပါတယ်။

ဆွေးမြေ့ပျက် စီးနေတဲ့ အပင်တွေ တိရစ္ဆာန်တွေ ၊ တိရစ္ဆာန်တွေရဲ့ အရိုးတွေစုပုံနေတာကြောင့် မာရီယာနာချောက်ရဲ့ ကြမ်းပြင်ဟာ အဝါရောင်သန်းနေပါတယ်။ သိပ္ပံပညာရှင်တွေရဲ့ တွက်ချက်မှုအရ မာရီယာနာချောက်ရဲ့ သက်တမ်းဟာ နှစ်သန်းပေါင်း ၁၈၀ ရှိပြီဖြစ်ပြီး သက်တမ်းအရင့်ဆုံးနေရာတွေထဲကတစ်ခုဖြစ်တယ်လို့ ဆိုပါ တယ်။

mariana-trench1.jpg

IMG_4516.jpg



မာရီယာနာချောက်ရဲ့ အနက်ဆုံးနေရာ Challenger Deep ကို ပထမဆုံးရောက်ခဲ့သူတွေကတော့ ၁၉၆၀ခုနှစ်မှာရောက်ခဲ့ကြတဲ့ US ရေတပ်ဗိုလ် Don Walsh နဲ့ ဆွစ်သိ ပ္ပံပညာရှင် Jacques Piccard တို့ဖြစ်ပါတယ်။

တကယ်လို့များ သင်ဟာ ကမ္ဘာ့အမြင့်ဆုံးတောင်ဖြစ်တဲ့ ဧ၀ရက်တောင်ကို မာရီယာနာချောက်ထဲကိုရွှေ့လိုက်မယ်ဆိုရင် ဧ၀ရက်တောင်ဟာ သမုဒ္ဒရာရေမွက်နှာပြင်အော က် ၁မိုင်ကေကေနစ်မြုပ်သွားမှာဖြစ်ပါတယ်။

Barreleye Fish လိုရှားပါးငါးတွေ ၊ လွှငါးမန်းတွေ ၊ ရေဘဝဲတွေ နဲ့ အခြားရှားပါးငါးမြောက်မှားကို ဒီနေရာမှတွေ့ရလေ့ရှိပါတယ်။

kfAa2tc.jpg



(မာရီရာနာချောက်ထက် ပိုနက်တဲ့ အရာတစ်ခုရှိပါသေးတယ်။ သူကတော့ သဘာဝအတိုင်းဖြစ်ပေါ်နေတဲ့ နေရာတစ်ခုတော့ မဟုတ်ပါဘူး။ ရုရှားမှာရှိတဲ့ Kola Superdeep Borehole ဆိုတဲ့ ပရောဂျက်တစ်ခုဖြစ်ပါတယ်။

f3d8f9a80afc9af496485423f3426834.jpg

၁၉၇၀ ခုနှစ်တည်းက စတဲ့ ဒီပရောဂျက်မှာ အနက်ဆုံးနေရာကို စက်နဲ့တူးတာပဲဖြစ်ပါတယ်။ အနက်ပေ ၄၉၀၀၀ ခန့်ထိတူးနိုင်မယ်လို့ မျှော်မှန်းထားပေမယ့် လက်ရှိမှာတော ၄၀၅၀၂ပေထိပဲ တူးနိုင်ပါသေးတယ်။ အဲဒီနေရာရဲ့ အပူချိန်က ၁၈၀ ဒီဂရီစင်တီဂရိတ်အ ထိရှိနေတာကြောင့် ဆက်လက်တူးဖို့ခက်ခဲပါတယ်။)

 

Source ; Thutazone

Recommended for you >>>>>> "အင်္ဂလိပ်ဘာသာ စကားကို ယုံကြည်မှုရှိရှိ နဲ့ သွက်သွက်လက်လက် ပြောနိုင်၊ ဆိုနိုင်ဖို့ "

Read times
Rate this articles
(1 Vote)