×

Warning

JUser: :_load: Unable to load user with ID: 81428


Articles

Thursday, 27 June 2019

"အင်္ဂလိပ်ဘာသာ စကားကို ယုံကြည်မှုရှိရှိ နဲ့ သွက်သွက်လက်လက် ပြောနိုင်၊ ဆိုနိုင်ဖို့ "

"အင်္ဂလိပ်ဘာသာ စကားကို ယုံကြည်မှုရှိရှိ နဲ့ သွက်သွက်လက်လက် ပြောနိုင်၊ ဆိုနိုင်ဖို့ " pexels

အင်္ဂလိပ်စကားလုံးတွေ ဘယ်လောက် ကျက်ထားကျက်ထား၊ စကားပြောနဲ့ဆိုင်တဲ့ သဒ္ဒါတွေကို ဘယ်လောက်လေ့လာထားပါစေ တကယ်တမ်း ပြောဆိုရတဲ့အခါ ခေါင်းထဲကနေ ပြောစရာ စကားလုံးပျောက်သွားတာတွေ၊ သဒ္ဒါအမှားတွေ၊ အလွဲတွေ ဖြစ်နေတာ ကြုံကြမှာဖြစ်ပါတယ်။

ဒါကြောင့် အင်္ဂလိပ်ဘာသာ စကားလေ့လာတဲ့ အခါ သင်တန်းတွေတက်တာ အပြင် ကိုယ့်ဘက်က ဘယ်လို အရာတွေ ပြင်ဆင်ဖို့ လိုအပ်လဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။


(၁) နားစွင့်ထားပါ။

အင်္ဂလိပ်ဘာသာစကားဆိုတာ နေရာတိုင်းမှာရှိပါတယ်။အင်္ဂလိပ်စကားကို လေ့ကျင့်တဲ့အခါ စကားပြောပုံကိုဘဲ အာရုံထားပြီး ပြောဆိုလေ့ကျင့်နေတာမို့လို့ အကြားစွမ်းရည်ကို မေ့လျော့နေတတ်ကြပါတယ်။ စကားပြောဆိုတာဟာ နားကနေကြားရတဲ့ အသံထွက် အမှန်ကို မှတ်သားပြီး ပြန်လည်တုပပြောဆိုရတာဖြစ်လို့ native speaker တွေ ပြောဆိုသံ၊ ပြောဆိုပုံတွေကို မဖြစ်မနေ နားထောင်လေ့ကျင့်ဖို့ လိုအပ်ပါတယ်။

ဥပမာ ..facebook က videosတွေပဲဖြစ်ဖြစ်၊ Tv က ပဲဖြစ်ဖြစ်၊ radios ကပဲဖြစ်ဖြစ် ထွက် လာသမျှ အင်္ဂလိပ်စကားသံများကိုလိုက်နားထောင်ပါ။ English ရုပ်မြင်သံကြားအစီအစဉ်တွေ၊ ရုပ်ရှင်ဒရာမာတွေကြည့်တာ၊ audio book ခေါ် စာအုပ်နဲ့ နားထောင်တာတွေ လုပ်လို့ရပါတယ်။


(၂) Listen. Speak. Read. Write. Repeat.

အစပိုင်းမှာတော့ နည်းနည်းနားထောင်ကြည့်မယ်(ဥပမာ အင်္ဂလိပ်သီချင်း) ၊ နည်းနည်းပြောကြည့်မယ်(ဥပမာ ဘယ်သူမှပြောစရာမရှိရင် တစ်ယောက်တည်း အင်္ဂလိပ်စကားပြောကြည့်ပါ)၊ နည်းနည်းဖတ်ကြည့်မယ် (ဥပမာ အင်္ဂလိပ်စာတန်းထိုး ဇတ်ကားလေးတွေကြည့်ပြီး တစ်ကြောင်းနှစ်ကြောင်းလောက်ဖတ်ကြည့်မယ်)၊ နည်းနည်းရေးကြည့်မယ်(ဥပမာ သင်သိသမျှအကြောင်အရာတွေကို စာအုပ်ပေါ်မှာချရေးကြည့်မယ်) ။

နောက်ပိုင်း အဲ့အရာတွေကို နည်းနည်းကနေ များများလုပ်ကြည့်မယ်။ ကြာလာရင်အဲ့အရာတွေက သင့်အတွက်အလေ့အကျင့်ဖြစ်လာလိမ့်မယ်။


(၃) မိမိကိုယ်မိမိ ယုံကြည်မှုအပြည့်ထားပါ

“သင်ဟာကြောက်နေမယ်"၊ "သင်တစ်ခုခုမှားသွားတဲ့အခါ သင့်ကို လူတွေလှောင်ပြောင်ကြလိမ့်မယ်"လို့ တွေနေတာလား၊? စိတ်မပူပါနဲ့ တခြားသူတွေတောင်လုပ်နိုင်သေးတာပဲ..သင်ကဘာလို့ မလုပ်နိုင်ရမှာလဲ?”ဒါကြောင့် အင်္ဂလိပ်စကားပြောတဲ့အခါ ..မိမိကိုယ်မိမိ ယုံကြည်မှုအပြည့်ထားပြီးပြောပါ။ သင့်ကို နားထောင်နေတဲ့ ပရိသတ်က စိတ်မရှည်တော့ဘဲ သင်ပြောနေတဲ့ အကြောင်းအရာအပေါ် အာရုံစူးစိုက်မှု လျော့လာနေပြီလို့ ထင်မှတ်ပြီး ပြောစရာ မြန်မြန်ပြီးအောင် ခပ်သုတ်သုတ် အရှိန်တင်ပြီး မြန်မြန်ပြောဖို့ လုပ်တတ်ပါလိမ့်မယ်။ ပထမဆုံး ပြောလိုတာကတော့ ပရိသတ် စိတ်မရှည်တော့ဘူးဆိုတာ မျိုးက ဟုတ်ချင်မှ ဟုတ်မှာပါ။ ထို့ကြောင့် စိတ်ကို လျော့ထားပါ။ စကားပြောနေတုန်း မိမိအတွက် စဉ်းစားဖို့ အချိန်ပေးဖို့လုပ်တဲ့အခါ pause လို့ခေါ်တဲ့ စကားစကို ဖြတ်ပြီး ခဏတာ ငြိမ်သက်နေလိုက်ပြီး ပရိသတ်က ကိုယ်ပြောခဲ့တာကို digest လုပ်ကာ ခေါင်းထဲဝင်အောင် လုပ်ဖို့ အချိန်ပေးရင်း ကိုယ့်အတွက်လည်း ထပ်စဉ်းစားဖို့ အချိန်ရစေပါတယ်။


(၄) မှန်တွေကို သင့်ရဲ့ အကောင်းဆုံးသူငယ်ချင်းတစ်ယောက်အဖြစ် သတ်မှတ်ပါ။

မှန်တွေကိုကြည့်ပြီး အင်္ဂလိပ်စကားပြောကြည့်ပါ။ အဲ့ဒါဟာ သင် အင်္ဂလိပ်စကားပြောရာမှာ ယုံကြည်မှုရှိရှိနဲ့ အင်္ဂလိပ်စကားပြောနိုင်တဲ့ ခံစားမှုမျိုးရလာပါလိမ့်မယ်။


(၅) စာကြောင်းတွေကိုဆုံးအောင်ဖတ်ပါ။

လူတော်တော်များက အင်္ဂလိပ် sentence တစ်ခုတွေ့ ရင်ဆုံးအောင်မဖတ်ကြပါဘူး။ အစပိုင်းလောက်ဖတ်ပြီးထင်ချင်ရာထင်လိုက်ကျတာများပါတယ်။ မဖတ်နိုင်တာလဲပါတာပေါ့။ မြန်မာစာ...စာကြောင်းတွေကိုတောင်ဆုံးအောင်ဖတ်နိုင်သေးတာပဲ။ အင်္ဂလိပ်စာလေးလောက်ကတော့ဘာလို့ မဖတ်နိုင်ရမှာလဲ?။ အင်္ဂလိပ် စာကြောင်းတွေကိုဆုံးအောင်ဖတ်ပါ။ စကားလုံးတစ်လုံးကို အဓိပ္ပာယ်ရှာဖွေ ကျက်မှတ်တဲ့အခါ ကိုယ်ကျက်မှတ်ထားတဲ့ စာကြောင်းကို ဘာမှ ထပ်ထည့်တာ ဖြုတ်တာတွေ လုပ်စရာမလိုဘဲ တိုက်ရိုက် သုံးစွဲနိုင်တဲ့ အခြေအနေမျိုးလည်း ရှိတတ်ပါတယ်။ လူအများစုကတော့ စကားလုံးတွေကို လေ့လာကျက်မှတ်တာတော့ လုပ်ပေမယ့် တကယ်တမ်း စာကြောင်းထဲမှာ ထည့်သုံးဖို့ ဘယ်လိုသုံးရမှန်းမသိတာမျိုး အများကြီး ရှိတတ်ပါတယ်။


(၆) Grammar မမှန်မှာမစိုးရိမ်နဲ့ စိတ်အေးအေးထားပါ။

အင်္ဂလိပ်စကားကို ကောင်းကောင်း မွန်မွန်နဲ့ ၊ သွက်သွက်လက်လက်ပြောနိုင်သူတွေတောင် grammar အမှားတွေရှိပါတယ်။ ဒါပမဲ့သူတို့ ပြောတာလဲ တခြားသူတွေနာလည်းနေတာပဲလေ။ ဒါကြောင့် အင်္ဂလိပ်စကားစပြောတဲ့အခါ… Grammarမှားမှာကိုစိုးရိမ်စိတ်မထားပါနဲ ၊ ရဲရဲသာပြောပါ။ နောက်ပိုင်းကျွမ်းကျင်လာတဲ့အခါ Grammarမှားမှာ စိတ်ပူစရာမလိုတော့ပါဘူး။


(၇) အင်္ဂလိပ်သတင်းစာတွေရှာဖတ်ပါ။

သင့်မှာ ရှိတဲ့ အင်္ဂလိပ်စကားလုံအသစ်တွေကို ကြောက်တဲ့စိတ်တွေကိုဖယ်ဖျောက်လိုက်ပါ။ အင်္ဂလိပ်စကားလုံးအသစ်တွေကိုစိန်ခေါ်ပါ။


(၈) သင့်ရဲ့ ဖြစ်ပေါ်လာတဲ့ခံစားမှုကိုအသုံးချပါ။

သင့်အလုပ်လုပ်နေတုန်းဖြစ်ဖြစ်၊ လမ်းလျှောက်နေတုန်းဖြစ်ဖြစ်...ဖြစ်ပေါ်လာတဲ့ခံစားမှုကို အင်္ဂလိပ်လိုဘယ်လိုပြောလည်းစဉ်းစားကြည့်ပါ။ မှားတာ၊ မှန်တာအဓိကမဟုတ်ပါဘူး။

 

(၉) ထပ်ခါထပ်ခါ လေ့ကျင့်ပါ။

အထပ်ထပ်အခါခါ လေ့ကျင့်ခြင်းဟာ သင့်ရဲ့ အင်္ဂလိပ်စကားပြော စွမ်းရည်ကို များစွာအထောက်အကူဖြစ်စေပါတယ်။

 

Si Thu Hein (sayar.com.mm)

အင်္ဂလိပ်ဘာသာစကား သင်ကြားပေးသော ဆရာ၊ ဆရာမများကို တစ်နေရာ ထဲမှာလွယ်လွယ်ကူကူနဲ့ စုံစုံလင်လင် သိချင်ရင်တော့ ဤလင့်ခ် ENGLISH  ACADEMICS  ,ENGLISH  LANGUAGES  လေးတွေကို နှိပ်ပြီး ဝင်ရောက်ရှာဖွေနိုင်ပါသည်

Read times Last modified on Thursday, 27 June 2019 11:24
Rate this articles
(3 votes)