×

Warning

JUser: :_load: Unable to load user with ID: 81428


Book Review

Friday, 17 January 2020

ဇဏ်ခီကိုယ်တိုင်ရေးသားထားတဲ့ Power of One ဆိုတဲ့ ဆောင်းပါးတစ်ပုဒ်အကြောင်း

ဇဏ်ခီကိုယ်တိုင်ရေးသားထားတဲ့ Power of One ဆိုတဲ့ ဆောင်းပါးတစ်ပုဒ်အကြောင်း Zen Kyi

ကျွန်တော် ငယ်ငယ်က အစွဲအလွန်ကြီးခဲ့တယ်။ မန္တလေးသား ဆိုတော့ သာတောင်ဆိုးသေး။ မန္တလေးလောက် ကောင်းတာ ဘယ်မှာမှ မရှိ။ အစားအသောက် ချင်း ယှဉ်မလား၊ ယဉ်ကျေးမှုချင်း ယှဉ်မလား၊

ခမ်းနားမှု ချင်း ယှဉ်မလား၊ လူလူချင်း ယှဉ်မလား၊ အားလုံးနားထား မန္တလေးမှ မန္တလေး၊ မန္တလေး မဟာမုနိက ရန်ကုန်က ရွှေတိဂုံထက် ပိုသပ္ပါယ်တယ်လို့တောင် တွေးမိသေး။ အဲဒါကို စသလို နောက်သလို လာမလုပ်လိုက်နဲ့ ရန်ဖြစ်ဖို့ အသင့်ပဲ။ ပဲမစားဘူး... ဆင်းရဲတဲ့သူတွေ စားလို့။ ဗုဒ္ဓဘာသာဟာ အကောင်းဆုံး...။ ငါ့ဘုရားက တခြားဘုရားတွေ အားလုံးထက်
သာတယ်။ တခြားဘာသာဝင်တစ်ယောက်က မငြင်းလိုက် ပါးစပ်တွေ လက်တွေ ပါလာလိမ့်မယ်။ (ငယ်ငယ်က မိုးမွန်အောင် အဆဲသန်ခဲ့ဖူးတယ်) Bon Jovi ဟာ ကမ္ဘာ ပေါ်မှာ အကောင်းဆုံး band၊ သဘောမတူသူဟာ ရန်သူ။ ရုပ်ရှင်ထဲကလို လူမည်းလူမျိုးတွေဟာ အပြင် မှာလည်း လူဆိုးကြီးတွေ၊ (Mike Tyson နဲ့ Eddie Murphy ကိုတော့ အသေကြိုက်)၊ မွတ်ဆလင်တွေ အကုန်လုံးဟာ အကျင့်မကောင်းသူတွေ၊ ပြည်ကြီး တရုတ်တွေဟာ အကုန်အရိုင်းအစိုင်းတွေ တစ်ယောက် ၊ မကျန်၊ ထိုထိုသောအစွဲများနဲ့ ကျွန်တော် အမေရိကားကို
ရောက်ရှိသွားပါတယ်။ အမေရိကားမှာမှ New York ကို ရောက်သွားတာပါ။ New York မြို့ဆိုတာက ကမ္ဘာပေါ်မှာရှိတဲ့ လူမျိုးတွေ အကုန်လုံးနီးနီး ပေါင်းနေ ကြတဲ့မြို့။ မှတ်မိသေးတယ်။
ရောက်စက အဒေါ်နဲ့မြို့ထဲ လျှောက်လည်တော့ နီဂရိုး နီဂရိုးဆိုပြီး ကျယ်ကျယ်ပြောတော့ အဖေက အသည်းအသန် တားခဲ့ရဖူးတယ်။ အဲ့ဒါက ကျွန်တုန်းကအသုံးအနှုန်း။ကျောင်းစတက်တော့ English အတန်းတွေ ယူတဲ့အချိန်မှာ ကိုယ့်လို တခြားနိုင်ငံက ရောက်ခါစ immigrants များတဲ့ class တွေ ယူရတယ်။
အဲဒီမှာ ပြည်ကြီးက တရုတ်တွေနဲ့ ပက်ပင်း တိုးတာပဲ။ အရိုင်းအစိုင်းတွေ ဆိုတဲ့ကောင်တွေ။ ဘင်္ဂလားဒေ့(ရှ်)က ကုလားတချို့လည်း ရှိတယ်။ ဒါပေမဲ့ လည်း ဒီလိုပဲ စာအတူတူ သင်ကြရတာပေါ့။
တစ်ခုက US မှာက ဒီမှာလို လူမျိုးရေး၊ ဘာသာရေး ပြဿနာ သိပ်မရှိတော့ အဲဒီအကြောင်းတွေ မပြောကြတော့ အချိန်တစ်ခုအတွင်းမှာ သူငယ်ချင်းတွေ ဖြစ်သွားတာပါပဲ။ Immigrants တွေချင်း အတူတူ ပိုပြီးတောင် တစ်ယောက်နဲ့တစ်ယောက် နားလည်လို့
ရတယ်။ နောက်ပိုင်းမှာ geopolitics ဆိုတာ ဒါပါလား ဆိုတာ သဘောပေါက်သွားတယ်။ သေလောက်အောင် တစ်ယောက်နဲ့တစ်ယောက် မုန်းတဲ့ လူမျိုးတွေ တခြားနိုင်ငံမှာကြတော့ မိတ်ဆွေ အရင်းကြီး တွေဖြစ်လို့ ရနေတယ်။ ဒီအတွေးတွေက နောက်ပိုင်းမှ ဝင်လာတာပါ။ Power of one ဆိုတဲ့ ခေါင်းစဉ် ဘယ်ကရလဲ က ပြောပြချင်တယ်။ ကျွန်တော် ငယ်ငယ်က basketball သမားတစ်ယောက်ပါ။ Professional level ကို သွားချင်ခဲ့ဖူးတယ်။ ကျောင်းဆင်းပြီ ဆိုရင် အိမ် ဗိုက်ဖြည့်ပြီးတာနဲ့ ကွင်းကို ဦးဆုံး ရောက်အောင်သွား တယ်။ တစ်ယောက်မှ မရှိတော့တဲ့အချိန်ထိ ကစားတယ်။ ချွေးရွှဲရင်လဲဖို့ အင်္ကျီသုံးထည် ပါတယ်။ သုံးထည်စလုံး ရွဲတယ်။ ဒီလိုနဲ့ တစ်ရက်မှာ ကျွန်တော် ဆော့ရင်းနဲ့ ဒူးခေါက်သွားပြီး ဘယ်လိုမှ ထလို့မရအောင် ဖြစ်သွား တယ်။ ကွင်းထဲမှာ တစ်နာရီလောက် ထိုင်ပြီးမှ အိမ်ကို
ထော့နဲ့ထော့နဲ့ ပြန်ခဲ့ရတယ်။ ဒူးက ကျွဲကောသီး အသေး တစ်လုံးစာလောက် ယောင်နေပြီး sofa ပေါ် ပက်လက်။ အဲဒီအတောအတွင်းမှာ အိမ်ကို ဘယ်သူ ရောက်လာလဲ ဆိုတော့ basketball ကစားဖက် တရုတ် ပြည်က သူငယ်ချင်း ရောက်လာတယ်။ လူနာမေးပေါ့။ က်နေ့ကျတော့ သူ့အမေ ကိုယ်တိုင် လိုက် အိုး ဆေးမြစ်တွေပါ ယူလာပြီး ဆေးတွေ လာပြီး ဆေးအိုး ဆေးမြစ်တွေ ပေါင်းပါလေရော။
သူငယ်ချင်းက ရှင်းပြတယ်။ ဆရာ ဖြစ်ကြောင်း အရိုးအ ကျွမ်းကျင်ကြောင်း။ အဒေါ်ကြီးက အင်္ဂလိပ်စာမတတ်တော့ ပြုံးပြီးပဲကြည့်နေတယ်။ ဆေးလည်း ရရောအအေးခံပြီး ကျွန်တော့် ဒူးခေါင်းကို သေသေချာ
ဆေးလူးပေးတယ်။ ၁၅ မိနစ်လောက် ကြာတယ်။ ပြီးတော့ ဆေးအုံပေးပြီး ပတ်တီးစည်းပေးတယ်။ စိတ် ထဲမှာ အားလည်းနာတယ်။ ထူးလည်း ထူးဆန်းတဲ့ ခံစားချက်မျိုး ဖြစ်မိတယ်။
ပြန်ခါနီးကျတော့ ဆေးအိုးပြီး ပေးခဲ့ပြီး နောက်နေ့တွေ ဘယ်နှစ်ကြိမ် ဘယ်လိုလိမ်းဖို့ သေချာမှာ ပြီးမှ ပြန်သွားတယ်။ အဲဒီ တရုတ်သူငယ်ချင်းက သူ့ နိုင်ငံမှာတုန်းက basketball အသင်းရဲ့ captain အရမ်း လည်း တော်တယ်။ ပြောရရင် ကျွန်တော့်ရဲ့ ပြိုင်ဘက်။ သူသာဖြစ်ခဲ့ရင် ကျွန်တော် ဆေးသွားလိမ်းပေးဖို့ နေနေ သာသာ လူနာတောင် သွားမေးဖြစ်မှာ မဟုတ်ဘူး။
ခုနက ကျွန်တော်ပြောတဲ့ ထူးဆန်းတဲ့ ခံစားချက် ဆိုတာ တကယ်တော့ မေတ္တာပါ။ ကရုဏာသက်သက် စေတနာသက်သက်နဲ့ တတ်နိုင်တာလေး ကူညီပေး သွားတာ။ အဲဒီ မေတ္တာအစွမ်းက ဘယ်လောက်ကြီးသလဲ ဆိုရင် ကျွန်တော့်လို အစွဲကြီးတဲ့ကောင် အစွဲပြုတ်သွားတယ်။ နောက်နောင် ပြည်ကြီးက တရုတ်တွေဆိုပြီး ဘယ်သောအခါမှ ပြောမထွက်တော့။ ရိုင်းတဲ့သူတွေ တွေ့လည်း တစ်ဦးတစ်ယောက်စီ သက်သက်ပဲ တွေး တော့တယ်။ Individualism ကို နားလည်သွားတယ်။ လူမျိုးလိုက်မုန်းတီးဖို့ဆိုတာ တကယ်တော့ဘယ်လိုမှသဘာဝမကျသလို ဘယ်လိုမှလည်း မဖြစ်နိုင်ပါဘူး။ မုန်းတီးနေတဲ့ လူတွေဟာ အစွဲတစ်ခုကြောင့်ပါ။ လူမျိုးတိုင်း ဘာသာတိုင်း နိုင်ငံတိုင်းမှာ ကောင်းသူနဲ့ ဆိုးသူ ဆိုတာ အမြဲရှိတယ်။ စင်းလုံးချော လူမျိုးစု ဆိုတာ ဘယ်တုန်းကမှ မရှိခဲ့သလို ဘယ်သောအခါမှလည်း ရှိလာမှာ မဟုတ်ပါဘူး။ ၏

စာရေးဆရာဇဏ်ခီရဲ့ ကိုယ်တိုင်သိရှိသွားမှု စာအုပ်မှပြန်လည်ကူးယူဖော်ပြပါသည်။

 

 (Zawgyi)


ကြၽန္ေတာ္ ငယ္ငယ္က အစြဲအလြန္ႀကီးခဲ့တယ္။ မႏၲေလးသား ဆိုေတာ့ သာေတာင္ဆိုးေသး။ မႏၲေလးေလာက္ ေကာင္းတာ ဘယ္မွာမွ မရွိ။ အစားအေသာက္ ခ်င္း ယွဥ္မလား၊ ယဥ္ေက်းမႈခ်င္း ယွဥ္မလား၊ ခမ္းနားမႈ ခ်င္း ယွဥ္မလား၊ လူလူခ်င္း ယွဥ္မလား၊ အားလုံးနားထား မႏၲေလးမွ မႏၲေလး၊ မႏၲေလး မဟာမုနိက ရန္ကုန္က ေ႐ႊတိဂုံထက္ ပိုသပၸါယ္တယ္လို႔ေတာင္ ေတြးမိေသး။ အဲဒါကို စသလို ေနာက္သလို လာမလုပ္လိုက္နဲ႔ ရန္ျဖစ္ဖို႔ အသင့္ပဲ။
ပဲမစားဘူး... ဆင္းရဲတဲ့သူေတြ စားလို႔။
ဗုဒၶဘာသာဟာ အေကာင္းဆုံး...။ ငါ့ဘုရားက တျခားဘုရားေတြ အားလုံးထက္
သာတယ္။
တျခားဘာသာဝင္တစ္ေယာက္က မျငင္းလိုက္ ပါးစပ္ေတြ လက္ေတြ ပါလာလိမ့္မယ္။ (ငယ္ငယ္က မိုးမြန္ေအာင္ အဆဲသန္ခဲ့ဖူးတယ္) Bon Jovi ဟာ ကမာၻ ေပၚမွာ အေကာင္းဆုံး band၊ သေဘာမတူသူဟာ ရန္သူ။
႐ုပ္ရွင္ထဲကလို လူမည္းလူမ်ိဳးေတြဟာ အျပင္ မွာလည္း လူဆိုးႀကီးေတြ၊ (Mike Tyson နဲ႔ Eddie Murphy ကိုေတာ့ အေသႀကိဳက္)၊ မြတ္ဆလင္ေတြ အကုန္လုံးဟာ အက်င့္မေကာင္းသူေတြ၊ ျပည္ႀကီး တ႐ုတ္ေတြဟာ အကုန္အ႐ိုင္းအစိုင္းေတြ တစ္ေယာက္ ၊ မက်န္၊ ထိုထိုေသာအစြဲမ်ားနဲ႔ ကြၽန္ေတာ္ အေမရိကားကို
ေရာက္ရွိသြားပါတယ္။ အေမရိကားမွာမွ New York ကို ေရာက္သြားတာပါ။ New York ၿမိဳ႕ဆိုတာက ကမာၻေပၚမွာရွိတဲ့ လူမ်ိဳးေတြ အကုန္လုံးနီးနီး ေပါင္းေန ၾကတဲ့ၿမိဳ႕။ မွတ္မိေသးတယ္။
ေရာက္စက အေဒၚနဲ႔ၿမိဳ႕ထဲ ေလွ်ာက္လည္ေတာ့ နီဂ႐ိုး နီဂ႐ိုးဆိုၿပီး က်ယ္က်ယ္ေျပာေတာ့ အေဖက အသည္းအသန္ တားခဲ့ရဖူးတယ္။ အဲ့ဒါက ကြၽန္တုန္းကအသုံးအႏႈန္း။ေက်ာင္းစတက္ေတာ့ English အတန္းေတြ ယူတဲ့အခ်ိန္မွာ ကိုယ့္လို တျခားႏိုင္ငံက ေရာက္ခါစ immigrants မ်ားတဲ့ class ေတြ ယူရတယ္။
အဲဒီမွာ ျပည္ႀကီးက တ႐ုတ္ေတြနဲ႔ ပက္ပင္း တိုးတာပဲ။ အ႐ိုင္းအစိုင္းေတြ ဆိုတဲ့ေကာင္ေတြ။ ဘဂၤလားေဒ့(ရွ္)က ကုလားတခ်ိဳ႕လည္း ရွိတယ္။ ဒါေပမဲ့ လည္း ဒီလိုပဲ စာအတူတူ သင္ၾကရတာေပါ့။
တစ္ခုက US မွာက ဒီမွာလို လူမ်ိဳးေရး၊ ဘာသာေရး ျပႆနာ သိပ္မရွိေတာ့ အဲဒီအေၾကာင္းေတြ မေျပာၾကေတာ့ အခ်ိန္တစ္ခုအတြင္းမွာ သူငယ္ခ်င္းေတြ ျဖစ္သြားတာပါပဲ။ Immigrants ေတြခ်င္း အတူတူ ပိုၿပီးေတာင္ တစ္ေယာက္နဲ႔တစ္ေယာက္ နားလည္လို႔
ရတယ္။
ေနာက္ပိုင္းမွာ geopolitics ဆိုတာ ဒါပါလား ဆိုတာ သေဘာေပါက္သြားတယ္။ ေသ
ေလာက္ေအာင္ တစ္ေယာက္နဲ႔တစ္ေယာက္ မုန္းတဲ့ လူမ်ိဳးေတြ တျခားႏိုင္ငံမွာၾကေတာ့ မိတ္ေဆြ အရင္းႀကီး ေတြျဖစ္လို႔ ရေနတယ္။ ဒီအေတြးေတြက ေနာက္ပိုင္းမွ
ဝင္လာတာပါ။
Power of one ဆိုတဲ့ ေခါင္းစဥ္ ဘယ္ကရလဲ က ေျပာျပခ်င္တယ္။ ကြၽန္ေတာ္ ငယ္ငယ္က basketball သမားတစ္ေယာက္ပါ။ Professional level ကို သြားခ်င္ခဲ့ဖူးတယ္။ ေက်ာင္းဆင္းၿပီ ဆိုရင္ အိမ္ ဗိုက္ျဖည့္ၿပီးတာနဲ႔ ကြင္းကို ဦးဆုံး ေရာက္ေအာင္သြား တယ္။ တစ္ေယာက္မွ မရွိေတာ့တဲ့အခ်ိန္ထိ ကစားတယ္။ ေခြၽး႐ႊဲရင္လဲဖို႔ အက်ႌသုံးထည္ ပါတယ္။ သုံးထည္စလုံး ႐ြဲတယ္။
ဒီလိုနဲ႔ တစ္ရက္မွာ ကြၽန္ေတာ္ ေဆာ့ရင္းနဲ႔ ဒူးေခါက္သြားၿပီး ဘယ္လိုမွ ထလို႔မရေအာင္ ျဖစ္သြား တယ္။ ကြင္းထဲမွာ တစ္နာရီေလာက္ ထိုင္ၿပီးမွ အိမ္ကို
ေထာ့နဲ႔ေထာ့နဲ႔ ျပန္ခဲ့ရတယ္။ ဒူးက ကြၽဲေကာသီး အေသး တစ္လုံးစာေလာက္ ေယာင္ေနၿပီး sofa ေပၚ ပက္လက္။
အဲဒီအေတာအတြင္းမွာ အိမ္ကို ဘယ္သူ ေရာက္လာလဲ ဆိုေတာ့ basketball ကစားဖက္ တ႐ုတ္ ျပည္က သူငယ္ခ်င္း ေရာက္လာတယ္။ လူနာေမးေပါ့။
က္ေန႔က်ေတာ့ သူ႔အေမ ကိုယ္တိုင္ လိုက္ အိုး ေဆးျမစ္ေတြပါ ယူလာၿပီး ေဆးေတြ
လာၿပီး ေဆးအိုး ေဆးျမစ္ေတြ ေပါင္းပါေလေရာ။
သူငယ္ခ်င္းက ရွင္းျပတယ္။ ဆရာ ျဖစ္ေၾကာင္း အ႐ိုးအ
ကြၽမ္းက်င္ေၾကာင္း။ အေဒၚႀကီးက အဂၤလိပ္စာမတတ္ေတာ့ ၿပဳံးၿပီးပဲၾကည့္ေနတယ္။ ေဆးလည္း ရေရာအေအးခံၿပီး ကြၽန္ေတာ့္ ဒူးေခါင္းကို ေသေသခ်ာ
ေဆးလူးေပးတယ္။ ၁၅ မိနစ္ေလာက္ ၾကာတယ္။ ၿပီးေတာ့ ေဆးအုံေပးၿပီး ပတ္တီးစည္းေပးတယ္။ စိတ္ ထဲမွာ အားလည္းနာတယ္။ ထူးလည္း ထူးဆန္းတဲ့ ခံစားခ်က္မ်ိဳး ျဖစ္မိတယ္။
ျပန္ခါနီးက်ေတာ့ ေဆးအိုးၿပီး ေပးခဲ့ၿပီး ေနာက္ေန႔ေတြ ဘယ္ႏွစ္ႀကိမ္ ဘယ္လိုလိမ္းဖို႔ ေသခ်ာမွာ ၿပီးမွ ျပန္သြားတယ္။ အဲဒီ တ႐ုတ္သူငယ္ခ်င္းက သူ႔ ႏိုင္ငံမွာတုန္းက basketball အသင္းရဲ႕ captain အရမ္း လည္း ေတာ္တယ္။ ေျပာရရင္ ကြၽန္ေတာ့္ရဲ႕ ၿပိဳင္ဘက္။ သူသာျဖစ္ခဲ့ရင္ ကြၽန္ေတာ္ ေဆးသြားလိမ္းေပးဖို႔ ေနေန သာသာ လူနာေတာင္ သြားေမးျဖစ္မွာ မဟုတ္ဘူး။
ခုနက ကြၽန္ေတာ္ေျပာတဲ့ ထူးဆန္းတဲ့ ခံစားခ်က္ ဆိုတာ တကယ္ေတာ့ ေမတၱာပါ။ က႐ုဏာသက္သက္ ေစတနာသက္သက္နဲ႔ တတ္ႏိုင္တာေလး ကူညီေပး သြားတာ။ အဲဒီ ေမတၱာအစြမ္းက ဘယ္ေလာက္ႀကီးသလဲ ဆိုရင္ ကြၽန္ေတာ့္လို အစြဲႀကီးတဲ့ေကာင္ အစြဲျပဳတ္သြားတယ္။ ေနာက္ေနာင္ ျပည္ႀကီးက တ႐ုတ္ေတြဆိုၿပီး ဘယ္ေသာအခါမွ ေျပာမထြက္ေတာ့။ ႐ိုင္းတဲ့သူေတြ ေတြ႕လည္း တစ္ဦးတစ္ေယာက္စီ သက္သက္ပဲ ေတြး ေတာ့တယ္။ Individualism ကို နားလည္သြားတယ္။ လူမ်ိဳးလိုက္မုန္းတီးဖို႔ဆိုတာ တကယ္ေတာ့ဘယ္လိုမွသဘာဝမက်သလို ဘယ္လိုမွလည္း မျဖစ္ႏိုင္ပါဘူး။ မုန္းတီးေနတဲ့ လူေတြဟာ အစြဲတစ္ခုေၾကာင့္ပါ။ လူမ်ိဳးတိုင္း ဘာသာတိုင္း ႏိုင္ငံတိုင္းမွာ ေကာင္းသူနဲ႔ ဆိုးသူ ဆိုတာ အၿမဲရွိတယ္။ စင္းလုံးေခ်ာ လူမ်ိဳးစု ဆိုတာ ဘယ္တုန္းကမွ မရွိခဲ့သလို ဘယ္ေသာအခါမွလည္း ရွိလာမွာ မဟုတ္ပါဘူး။
စာေရးဆရာဇဏ္ခီရဲ႕ ကုိယ္တုိင္သိရွိသြားမႈ စာအုပ္မွျပန္လည္ကူးယူေဖာ္ျပပါသည္။

https://www.sayar.com.mm

Read times Last modified on Friday, 17 January 2020 11:31
Rate this articles
(1 Vote)