×

Warning

JUser: :_load: Unable to load user with ID: 81428


Student

Tuesday, 06 November 2018

ဆယ်တန်းအောင်ဖို့ သိထားရမည့် အချက် (၆) ချက်

အာချောင်ပြီး ဘာလို့အောင်သင့်တယ် မအောင်သင့်ဘူး မပြောတော့ပါဘူး။ အောင်ဖို့တွက် စိတ်ဆန္ဒရှိတဲ့ ကျောင်းသူ/သားများအတွက် ရေးလိုက်ရခြင်းဖြစ်ပါတယ်။ ဒါ့ကြောင့် သင့်ညီငယ်/ ညီမငယ်လေးတွေအတွက် ပြန်လည် ရှယ်သွားပေးဖို့ တောင်းဆိုပါတယ်ခင်ဗျာ။

၁။ ဘာကြောင့်သင်ဆယ်တန်းဖြေတယ်ဆိုတာသိပါ ရည်ရွယ်ချက်ရှိပါစေ။

စာမေးပွဲဖြေတာမှမဟုတ်ပါဘူး တစ်ခြားသော လုပ်ငန်းလုပ်ဆောင်ရာတွေမှာလဲ ကြုံရတတ်ပါတယ်။ ဘာကြောင့် လုပ်ရမှာလဲ၊ ဘာလို့လုပ်ဖို့လိုတာလဲ၊ ဘာအတွက်လုပ်တာလဲ မိမိကိုယ်ကို သေချာအောင် ဆန်းစစ်ပါ။

ဥပမာ - ကိုယ်က စီးပွားကျောင်းတက်ချင်တယ် ဆယ်တန်းအောင်မှ တက်လို့ရမယ် ဒါဆို ကျွန်တော် ဆယ်တန်းအောင်အောင်ဖြေရမယ်။ အဲ့လိုပေါ့ တစ်ခုလိုလို့ တစ်ခုလုပ်တယ်ဆိုတာ ကြားဖူးပြီးဖြစ်မှာပါ။ တာဝန်အရ မလုပ်ပါနဲ့လို့တော့ ပြောချင်ပါတယ် ဘာလို့လဲဆိုတော့ သင်ကိုယ်တိုင် စိတ်ပါလက်ပါ ဖြစ်နေမှ အောင်မြင်မှုကို ပျော်ပျော်ရွှင်ရွှင် ခံစားရမှာမို့ပါ။

ကိုယ်က စီးပွားရေးအကြောင်းတွေ လေ့လာချင်တယ် ဒါပေမဲ့ မိဘတွေကြောင့် ဆေးကျောင်းတက်တယ်ဆိုရင် သေချာတယ် သင်အောင်မြင်ဖို့ နှေးကွေးနေမှာ သေချာပါတယ်။ စိတ်ညစ်ပြီး အဆုံးမှာ စိတ်ထွက်ပေါက် ရှာသွားတဲ့ လူအတော်တော်များများတောင် ရှိနေပြီးဖြစ်ပါတယ်။

နောက်တစ်ခုရှိတာကတော့ မြန်မာ့ပညာရေးက အမြဲကျက်နေရပြီး .. အတွေးတွေကို သတ်ထားတာဆိုတော့ တွေးရမဲ့ ပုစ္ဆာဆို ကြောက်နေတတ်ကြတယ်လေ။

ပြီးတော့ ဘယ်သူမှလဲ no fail, no pass but all completion ဆိုတာကို သေချာ အကောင်အထည်မဖော်သေးတာကြောင့်လဲ မြန်မာလူငယ် တချို့ ကိုယ်အားမသာ စိတ်မပါတဲ့ ဘာသာတွေမှာ အချိန်ဖြုန်းပြီး ဆယ်တန်းကိုလည်း ထပ်တလဲလဲ ကျနေတာကိုတွေ့ရမှာ ဖြစ်ပါတယ်။

ကိုယ်စိတ်ပါတဲ့ ဘောဂဗေဒ ဘာသာမှာ အမှတ်သာပြီး သင်္ချာမှာတော့ ၄၀ မကျော်လို့ အတန်းကျနေတာတွေလည်း တပုံကြီးပါ။ ဒါ့ကြောင့် လက်ရှိအခြေအနေအားဖြင့် ဘက်စုံ မျှမျှတတ လေ့လာဆည်းပူးဖို့ ပြောချင်ပါတယ်။

၂။ အချိန်ကို အကျိုးရှိစွာ အသုံးချနိုင်ပါစေ။

လူတိုင်း ကိုယ်စီကိုယ် တနေ့ကို ၂၄ နာရီ တူညီသော အချိန်အတိုင်းအတာ တစ်ခုကို ပိုင်ဆိုင်ပါတယ်။ ဒါပေမဲ့ တစ်ယောက်ချင်းစီရဲ့ အောင်မြင်မှု ရလဒ်တွေကတော့ မိမိအချိန်ကို မိမိ ဘယ်လိုအသုံးပြုလဲ ဆိုတဲ့အပေါ် အများကြီးသက်ဆိုင်ပါတယ်။ ရှင်းအောင်ပြောရရင် သင်က တနေ့ကို ၈ နာရီအိပ်တယ်၊ ၄ နာရီကို ထမင်းစား၊ရေချိုးတဲ့ နေရာတွေမှာသုံးတယ်ဆိုပါဆို ကျန်တဲ့ ၁၂ နာရီမှာ ဘာလုပ်လဲဆိုတာ သိပ်အရေးကြီးပါတယ်။ ၆ နာရီက ကျောင်းတက်နေပြီး ၆ နာရီက မိမိဘဝအတွက် အကျိုးရှိမဲ့ စာလေ့လာနေတာမျိုး အစရှိသဖြင့်ပေါ့။

လက်ရှိအောင်မြင်နေတဲ့လူတွေ အများစုကို ကြည့်ရင် သူတိုရဲ့ အချိန်အသုံးပြုပုံဟာ သင်နဲ့ကွာခြားနေမယ်ဆိုတာ ကျွန်ုပ် အာမခံပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် အချိန်ကို အကျိုးရှိရှိအသုံးချပါက ဆယ်တန်းလေးအောင်ဖို့ ဆိုတာက အသေးအမွှားဖြစ်မှာပါ။

၃။ ဆယ်တန်းမအောင်ချင်တဲ့ သူတွေနဲ့ ဝေးဝေးနေပါ။

ဒါက သိပ်ကိုအရေးကြီးပါတယ်။ သင့်ဘေးနားမှာ အပေါင်းအသင်းမိတ်ဆွေ ကောင်းရှိဖို့လိုအပ်ပါတယ်။ ဆယ်တန်းကျောင်းသား/သူ ဖြတ်သန်းမှုကိုပဲ အခြေခံပြီး ပြောပါရစေ။ ဆယ်တန်းအောင်ဖို့အတွက် စိတ်ဆန္ဒမရှိတဲ့သူတွေနဲ့ သင်တူတူနေတယ် တူတူ ချိန်ဖြုန်းတယ်ဆိုရင် အောင်ဖို့လမ်းစပျောက်ကို ဘယ်မှာရှာမလဲ။ (ထို့အတူ သင်ကိုယ်တိုင်ကလည်း သူတို့ကို အောင်ချင်တဲ့ စိတ်ဖြစ်ပေါ်လာအောင် ဆွဲဆောင်ရမှာဖြစ်ပါတယ်)။

ရည်စားထားအပျော်ရှာတဲ့လူနဲ့ပေါင်းရင် သင်လည်းမကြာခင်မှာပဲ သူရဲ့ စိတ်တွေ အနည်းငယ်မက လွှမ်းမိုးသွားတာကို တွေ့ရမှာဖြစ်ပါတယ်။ ဒါ့အပြင် ကိုယ့်ရဲ့ ကောင်းမွန်တဲ့ စိတ်တွေကပဲ သူတို့ကို ဖုံးလွှမ်းနိုင်ပြီး အောင်မြင်တဲ့ဆီကိ တူတကွ လှမ်းနိုင်အောင် ကြိုးစားပါ။

၅။ အတန်းချိန်တွင်း အာရုံစူးစိုက်နိုင်ပါစေ။

စာသင်ပါတယ်ဆို ကိုယ်မသိသေးလို့ နားမလည်သေးလို့ မရှင်းလင်းသေးလို့ သင်ယူနေတာလေ အဲ့တော့ အကြောင်းဆုံးသင်ယူခြင်းဟာ အတန်းချိန်တွင်း ဆရာ/မတွေရဲ့ သင်ကြားပေးမှုအပေါ် အပြည့်အဝ စိတ်ဝင်စားမှုရှိအောင်လုပ်ပါ။ အာရုံစိုက်ဖို့လိုတာပေါ့နော်။ အတန်းချိန်မှာ တစ်ခါတည်း နားလည်သွားခြင်းရဲ့ အားသာချက်ကတော့ အချိန်ပိုထပ်မပေးရခြင်း၊ နောက်သင်ခန်းစာ ပြောင်းတဲ့ခါမှာလဲ ပူပန်မှု မရှိ ပျော်ပျော်လေ့လာနိုင်ပါတယ်။

ဘေးက သူငယ်ချင်းကို အားနာပြီး စကားလာပြောရင် ပြန်မတုံ့ပြန်ပါနဲ့ သူ့အတွက် မကောင်းသလို၊ ကိုယ့်အတွက်လည်း အကျိုးမရှိနိုင်လို့ပါ။ တခြားချိန်မှာ ပြန်တောင်းပန်လိုက်ပါ သေချာရှင်းပြလိုက်ပါ ဘာကြောင့်ဆိုတာကို ဒါဆို ဆက်ဆံရေးလည်း မပျက်တော့ဘူးပေါ့။

၆။ အထက်ကဖတ်ခဲ့တဲ့ ၅ ချက်အတိုင်း လိုက်လုပ်ကြည့်ပါ။

ကျွန်တော်ပြောတာတွေကို လုပ်မှ ဆယ်တန်းအောင်မှာလို့ မပြောပါဘူး သို့သော်ငြားလည်း ကျွန်တော်ရဲ့ဆယ်တန်း ဖြတ်သန်းခဲ့မှုအပေါ် ပြန်လည် self-awareness ရယူပြီး ရေးသားခြင်းဖြစ်၍ ညီငယ်/မငယ် တို့အတွက် အကျိုးတစ်စုံတရာ ရရှိမယ်ဆိုရင် ကျေနပ်ပါပြီ။

Crdeit: #JJ (#Online_Coaching)

Read times Last modified on Wednesday, 29 January 2020 15:01
Rate this articles
(1 Vote)