×

Warning

JUser: :_load: Unable to load user with ID: 81428


Student

Friday, 22 February 2019

ဆယ်တန်းစာမေးပွဲဖြေဖို့ ၁၀ ရက်အလိုမှာ ကျောင်းသားများ ဘာတွေလုပ်ဆောင်သင့်လဲ

ဆယ်တန်းစာမေးပွဲဖြေဖို့ ၁၀ ရက်အလိုမှာ ကျောင်းသားများ ဘာတွေလုပ်ဆောင်သင့်လဲ the irrawaddy

2019 ခုနစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲကြီးကို မတ်လ 6 ရက်နေ့မှာ စတင်ဖြေဆိုရမည် ဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူများ အတွက် အရမ်းကိုအရေးကြီးသော အချိန်တစ်ခုဖြစ်ပါတယ်။


*စာကြည့်ဖို့ အချိန်ဇယားဆွဲပါ

၁၀ ရက်လောက်ပဲ ရတော့တယ်ဆိုရင် အချိန်ဇယားတစ်ခုမှာ ဘယ်ဘာသာကို ဘယ်နှစ်ရက်လေ့လာမယ်ဆိုတာကို သေသေချာချာ ဆွဲထားပြီး ကျက်မှတ်ပါ။ မှတ်ဥာဏ်ကောင်းသူတွေက ကိုယ်မပိုင်နိုင်ဆုံး ဘာသာကို စလေ့လာသင့်ပါတယ်။ Short Term Memory သမားတွေနဲ့ ဖြေခါနီးမှ စာဖတ်ရင် ပိုရလွယ်သူတွေကတော့ အချိန်ဇယားအတိုင်း စာတွေနှံ့စပ်အောင်ဖတ်ထားပြီး မှတ်စုတိုလေးတွေ များများ ထုတ်ထားသင့်ပါတယ်။

မိမိတို့ သင်ကြားလိုသည့် ဘာသာရပ်များစွာကို အလွယ်တကူ ရှာဖွေလိုပါက ဒီ  Link မှာ ရှိသော ဆရာများနဲ့ တိုက်ရိုက် ဆက်သွယ်နိုင်ပါတယ်။

*မေးခွန်းဟောင်းများများ လေ့ကျင့်ပေးပါ

မေးခွန်းစာရွက်မြင်ရင် လန့်မနေအောင် မေးတတ်တဲ့ပုံစံတွေ သိနေအောင် မေးခွန်းဟောင်းတွေ ထပ်ခါထပ်ခါ ပြန်လေ့ကျင့်သင့်ပါတယ်။ မေးခွန်းဟောင်းနဲ့ အဖြေတွေကို ယှဉ်တွဲလေ့လာတာက တကယ့်စာမေးပွဲကြီးမှာ  မြန်မြန်ဆန်ဆန်နဲ့ အကောင်းဆုံးဖြေနိုင်မယ့်အချက်တစ်ခု ဖြစ်ပါတယ်။

*Spot တွေကို မမျှော်ပါနဲ့

ဘယ်ကျူရှင်ကတော့ ဘယ် Spot ပေးမယ်၊ ဘယ်ကနေ Spot မေးခွန်းတွေ ဘယ်လိုရမယ်ဆိုတာမျိုးကို ခေါင်းထဲက ခဏထုတ်ထားပါ။ ဒီ ၁၀ ရက်အတွင်းမှာတော့ အခန်းတိုင်းကို လေ့လာကျက်မှတ်ဖို့ အဓိကထားပါ။

*စာချည်းပဲမလုပ်ပါနဲ့

စာချည်းပဲ ထိုင်မှတ်နေတာမျိုးမဟုတ်ပဲ တစ်နေ့မှာ နာရီဝက်လောက် ကိုယ်လက်လှုပ်ရှားမှုအတွက် အချိန်ပေးပါက ခွန်အားဖြည့်စေပြီး မှတ်ဥာဏ်အတွက် ကောင်းမွန်စေပါတယ်။ လေ့ကျင့်ခန်းလုပ်ပေးရင် စိုးရိမ်စိတ် ပူပန်စိတ်တွေလည်းပျောက်ပြီး စာပိုရစေပါတယ်။ တရားထိုင်လေ့ရှိသူတွေအနေနဲ့ စာမကျက်ခင်ခဏ တရားမှတ်သင့်ပါတယ်။

*နေရာသီးသန့်ပြင်ဆင်ပါ

စာကျက်မယ်ဆိုရင် ကိုယ်လေ့လာမယ့်နေရာကို သီးသီးသန့်သန့် ရွေးချယ်ပေးပါ။ အဲဒီနေရာမှာ စာလေ့လာမယ့် အသုံးအဆောင်တွေ စာအုပ်တွေကလွဲပြီး ဘာမှရှိမနေသင့်ပါဘူး။ အလင်းရောင်ကောင်းကောင်းရတဲ့ နေရာလိုမျိုး လေဝင်လေထွက်ကောင်းတဲ့ နေရာမျိုးနဲ့ တိတ်ဆိတ်တဲ့ အခန်းမျိုးဆိုလည်း အဆင်ပြေပါတယ်။

*နေရာရွှေ့၍ စာကျက်ပါ

တစ်နေရာတည်းမှာ ထိုင်ပြီး စာဖတ်တာထက် ပတ်ဝန်းကျင်အပြောင်းအလဲ မြင်ကွင်းအပြောင်းအလဲဖြစ်အောင် ရွှေ့ပြီး ဖတ်ခြင်းက စာပိုရစေပါတယ်။

ဒီတော့ ကျောင်းသား၊ ကျောင်းသူများသည် မိမိတို့အတွက် အနီးကပ် guide ဆရာမများခေါ်ယူလိုပါက Sayar.com.mm တွင် ရှိသော ဆရာများနဲ့ တိုက်ရိုက်ဆက်သွယ်နိုင်ပါတယ်။

ဆရာ၊ ဆရာမများသည် မိမိသင်ကြားနေသည့် ဘာသာရပ်များကိုလည်း sayar.com.mm တွင် အခမဲ့ register ပြုလုပ်နိုင်ပါတယ်။

Source: akhayar

sayar.com

Read times Last modified on Thursday, 30 January 2020 15:40
Rate this articles
(1 Vote)