×

Warning

JUser: :_load: Unable to load user with ID: 81428


Articles

Thursday, 06 June 2019

"ဂစ်တာ အခြေခံ ကိုင်တွယ်တီးခတ်ပုံ ကိုယ်ဟန် အနေအထားများ"

"ဂစ်တာ အခြေခံ  ကိုင်တွယ်တီးခတ်ပုံ  ကိုယ်ဟန် အနေအထားများ" pexels

ညာဘက်ပေါင်ပေါ်ဂစ်တာတင်တီးခြင်း (normal position)


လက်တန်းမပါတဲ့ ထိုင်ခုံတစ်လုံးမှာ ခါးကို ခပ်မတ်မတ်ထိုင်လိုက်ပါ ။

111

သက်တောင့်သက်သာ ရှိရပါမယ် ။ ခါးကုန်းခြင်း ပျော့ခွေခြင်း နောက်မှီထားခြင်း မရှိသင့်ပါဘူး ။ ထိုင်ခုံမှာ နောက်မှီမပါရင် ပိုကောင်းပါတယ် ။ ဂစ်တာကို ညာဘက်ပေါင်ပေါ်ကို တင်လိုက်ပါ ။

ဂစ်တာလက်တံကို အပေါ်နည်းနည်းမြှောက် ထားပါ ။ ဂစ်တာတင်ထားတဲ့ ညာခြေအောက်မှာ အမြင့်တစ်ခု ခံထားချင်လည်းရပါတယ် ။ ဒီပုံစံဖြင့် acoustic guitar (သံကြိုးတပ်ဂစ်တာ)နှင့် electric guitar (လျှပ်စစ်ဂစ်တာ) တို့ကို တီးခတ်နိုင်ပါတယ် ။


ဘယ်ဘက်ပေါင်ပေါ်ဂစ်တာတင်တီးခြင်း (classical position)

112
ဒီပုံစံကိုတော့ classical position လို့ သိကြပါတယ် အများအားဖြင့် classical music ကို nylon-string guitar (နိုင်လွန်ကြိုးတပ်ဂစ်တာ) ဖြင့် တီးတဲ့အခါ တီးခတ်လေ့ရှိတဲ့ ပုံစံပါ ။ ဒီပုံစံကတော့ အပေါ်ကပုံစံရဲ့ ပြောင်းပြန်ပါ ။

ဂစ်တာကို ခန္ဓာကိုယ်မှာ ပိုက်ပြီးတီးတဲ့ ပုံစံပါ ။ ဂစ်တာကို ဘယ်ခြေပေါ် တင်လိုက်ပါ ။ ဂစ်တာတင်ထားတဲ့ ဘယ်ခြေရဲ့အောက်မှာ ၆လက်မခန့် အမြင့်တစ်ခုကို ခံထားပေးပါ ။ အမြင့်ခံပြီး ခြေထောက်မြှောက်ထားခြင်းကြောင့် ဂစ်တာဟာ ဘယ်ဘက် ရင်အုံမှာ ကပ်နေပါမယ် ။ ဂစ်တာလက်တံကို ၄၅ဒီဂရီခန့် မြှောက်ထားလိုက်ပါ ။

ဒီအနေအထားဟာ ဘယ်လက်ကို Fretboard တစ်ခုလုံး လွတ်လပ်စွာ သွားလာတီးခတ်နိုင်သလို ၊ ညာလက်ကိုလည်း သက်တောင့်သက်သာ ရှိစေပါတယ် ။ classical position ဟုခေါ်သော်ငြားလည်း သံကြိုးတပ်ဂစ်တာ ၊ လျှပ်စစ်ဂစ်တာများဖြင့်လည်း တီးခတ်နိုင်ပါတယ် ။ (ဘယ်သူမှတရားမစွဲပါ )


Guitar Plectrum ကိုင်တွယ်ခြင်း (ညာလက်အနေအထား)

3472202.png


ဂစ်တာလက်ခတ်ပြားကို Plectrum (သို့) Pick လို့လည်းခေါ်ကြပါတယ် ။ အရင်ဆုံး pick တစ်ခုဝယ်လိုက်ပါ (သို့) ဂစ်တာတီးတဲ့ သူငယ်ချင်းတစ်ယောက်ဆီက တောင်းလိုက်ပါ ။   ယေဘုယျအားဖြင့် pick ၃မျိုးရှိပါတယ် ။ Thin (လက်ခတ်အပါးစား) , Medium (မထူမပါး) နဲ့ Heavy (အထူစား) ပါ ။ ဂစ်တာစတီးသူတွေအတွက် Thinနှင့် Medium ဟာအသင့်တော်ဆုံးပါပဲ ။ pick ကိုင်ဖို့ ညာလက်ချောင်းများရဲ့ အလယ်ဆစ်ကိုကွေးလိုက်ပါ ။ လက်သီးမဆုပ်ထားပါဘူး ။

လက်ချောင်းတွေပဲ ဆုပ်ထားတာပါ ။ အနူလက်သီးပုံစံပေါ့ဗျာ ။ ပြီးရင် လက်ညိုးကွေးပေါ်မှာ pick ကိုတင်ပြီး လက်မဖြင့် ညပ်လိုက်ပါ ။ pick ကို ဖိမကိုင်ရပါဘူး ။ လက်မကခပ်ဖွဖွထိန်းထားရုံပါ ။ pickကို လက်မအပြင်သို့ လက်မဝက်ခန့် အရှည်ထုတ် ထားလိုက်ပါ ။ pickနဲ့လက်မဟာ ၉၀ဒီဂရီ ထောင့်ချိုးရှိနေရပါမယ် ။ ဒါက ကိုင်တဲ့နည်းစနစ်ပါ ။

တီးတဲ့အခါလည်း pickကို ကြိုးတွေပေါ်မှာ အပြားလိုက် ဒဲ့တီး ရပါတယ် ။ (စောင်းမတီးပါ) ။ အဲလိုတီးမှ floating ဖြစ်ပါမယ် ။ Rhythm တီးခတ်တဲ့အခါ ညာလက်ကို တတောင်ဆစ် တစ်ခုလုံး လွှဲ ၍တီးပါတယ် ။ ( နာရီချိန်သီးလွှဲလိုမျိုးပါ) ။ ဂစ်တာကြိုး၆ကြိုးဟာ လက်လွှဲကျယ်ရဲ့ အလယ်မှာ ရှိပါမယ် ။

pickကို ခပ်ဖွဖွကိုင်၍ floating ဖြစ်ရမှာကို သတိထားပါ ။ လက်ကိုလေထဲမှာပဲ ထားပါမယ် ။ ဂစ်တာ ကိုယ်ထည်ကို လက်သန်းထောက်ခြင်း ၊ Bridgeခုံကို မီထားခြင်း မပြုရပါဘူး ။ အဓိကpicking ၂မျိုးရှိပါတယ် ။ down stroke (ဂစ်တာကြိုးပေါ်မှ ကြိုးအောက်သို့ တီးခတ်ခြင်း) နှင့် up stroke (ဂစ်တာကြိုးအောက်မှ အပေါ်သို့ ပင့်ခတ်ခြင်း) တို့ဖြစ်ပါတယ် ။

ထိုသို့ တီးခတ်ရာတွင်လည်း free stroke (pickကို အလွတ်လေထဲတွင်တီးခြင်း) နှင့် rest stroke (pickကိုအောက်ကြိုးပေါ်တွင် ရပ်နားခြင်း) ဟူ၍ရှိပါတယ် ။ ကျွန်တော်တို့က free stroke ဖြင့်သာလေ့ကျင့်ပါမယ် ။ အစပိုင်းမှာ pick ခဏခဏ လွတ်ကျပါလိမ့်မယ် ။ စိတ်မပျက်ပါနဲ့ ။ ပြန်ကောက်ပြီး တီးလိုက်ပါ။ အစပိုင်းမှာတော့ အားလုံးဒီလိုပါပဲ ။ အထပ်ထပ်လေ့ကျင့်ပြီး ကျင့်သား ရလာတဲ့အခါ pick ဟာ ခင်ဗျားလက်ထဲမှာ မြဲလာပါလိမ့်မယ် ။

ဘယ်လက်အနေအထား

6183193_orig.png


ဂစ်တာလက်တံ နောက်ဘက်ကို စိတ်ပိုင်းဖြင့် ထက်ဝက် ပိုင်းလိုက်ပါ ။ ဘယ်ဘက်လက်မဟာ ဂစ်တာလက်တံရဲ့ အောက်ဘက် (သို့) အလယ်နားတဝိုက်မှာသာ ရှိရပါမယ် ။

ဂစ်တာနောက်ဘက်က လက်မအနေအထား ပုံစံ-၁ ကိုကြည့်ပါ (လက်ချောင်းထိပ် တည့်တည့် တီးခတ်နိုင်ဖို့ ဒီအနေအထားကို ဂရုတစိုက် လေ့ကျင့်ပေးရပါမယ် ) လက်ဖဝါးဟာ ဂစ်တာလက်တံမှာ ကပ်မထားရပါဘူး ။

လက်မနှင့် ကျန်လက်လေးချောင်းဟာ ဂစ်တာလက်တံကို ခွထားတဲ့ အနေအထားပါ ။ ဂစ်တာရှေ့က လက်ချောင်းများအနေအထား ပုံစံ-၂ ကိုကြည့်ပါ ။ တတ်နိုင်သလောက် ကြေးဘားတန်းများရဲ့ ဘယ်ဘက်နားမှာ ကပ်ပြီး တီးပါ ။

လက်ချောင်းများနှင့် ဂစ်တာလက်တံဟာ ထောင့်မှန်အနေအထား ရှိပါတယ် ။ အလေ့အကျင့် မရှိသေးရင် အနည်းငယ် ခက်ခဲနိုင်ပါတယ် ။ လက်ကောက်ဝတ်ကို ချိုးထားသလို မဖြစ်ရအောင် ဂစ်တာလက်တံကို အပေါ် အနည်းငယ် မြှောက်ထားရင် သက်သက်သာသာ တီးနိုင်ပါတယ် ။ အဆင်ပြေပါစေဗျာ …. ။

 

Source; ဂီတပန်းခင်း

ဤလင့်ခ် https://bit.ly/2JZcG9R တွင် တစ်ဦးချင်း သင်ကြားပေးသော ဂီတာ ဆရာများ ရှိပါသည်။

Read times
Rate this articles
(0 votes)