×

Warning

JUser: :_load: Unable to load user with ID: 81428


Language

Friday, 14 February 2020

"အဂၤလိပ္စကားေျပာျခင္းက သင့္အတြက္ အခက္အခဲတစ္ခုလား"

"အဂၤလိပ္စကားေျပာျခင္းက သင့္အတြက္ အခက္အခဲတစ္ခုလား" google.com

အဂၤလိပ္ဘာသာစကားဟာ တစ္ကမာၻလံုးကအသံုးျပဳေနတဲ့ ဘာသာစကားျဖစ္တဲ့အတြက္ မျဖစ္မေနသင္ယူ တတ္ေျမာက္ထားဖို႕လိုအပ္ပါတယ္။

အဂၤလိပ္ဘာသာစကားကုိ native ေတြေလာက္သြက္လက္စြာေျပာဆို နိုင္ဖို႕ဆိုတာ မလြယ္ကူပါဘူး။
အဓိကအေၾကာင္းအရင္းကေတာ့ စကားေျပာေလ့က်င့္ရမွာကို ရွက္ေနျခင္း၊ မွားသြားမွာ စိုးရိမ္မိသည့္အတြက္ မေျပာျခင္း အဲ့လိုနဲ႕ပဲ အဂၤလိပ္စကားမေျပာတတ္တာမ်ားပါတယ္။ သင္တန္းေတြတတ္ေနေပမယ့္ အျခားေသာ skills ေတြပဲတိုးတက္လာတယ္ စကားေျပာကေတာ့ ဒီတိုင္းပဲျဖစ္ေနတတ္ပါတယ္။



အဂၤလိပ္စကားေျပာဆိုရမွာကို ရွက္ေန၊ ေၾကာက္ေနတာလား
အဂၤလိပ္စကားေျပာဆိုဖို႔ရွက္ေန ေၾကာက္ေနစရာမလိုပါဘူး။ နိုင္ငံျခားဘာသာစကားကို စတင္ေလ့လာေန သူတစ္ေယာက္အတြက္ မူရင္းေျပာဆိုသူေတြေလာက္ အသံထြက္ မေကာင္းမြန္နိုင္ပါဘူး။ ဒါဟာ အားနည္းခ်က္တစ္ခုလို႔ သတ္မွတ္လို႔မရပါဘူး။ ျမန္မာစကားသင္ယူေနတဲ့ နုိင္ငံျခားသားေတြေတာင္ စကား မပီရင္ သင္ေလွာင္ေျပာင္မိသလား။ မဟုတ္ပါဘူး ခ်စ္ဖို႔ေကာင္းတယ္လို႔ေတာင္ သင္ထင္မိမွာပါ။ ဒီလိုပါပဲ သင္ယူေနဆဲကာလမွာေတာ့ အခက္အခဲေတြၾကံဳရမွာ မလြဲေသြပါပဲ။ ေျပာတတ္လာဖို႕ဆိုတာ ေျပာမွရမွာပါ။ တျခားနည္းလမ္းမရွိပါဘူး။ တျခားသူေတြနဲ႔ စတင္မေျပာရဲေသးဘူးဆိုရင္ မွန္ၾကည့္ျပီး ကိုယ့္ကိုယ္ကုိ ေျပာပါ။

 


- အဂၤလိပ္စကားေျပာဆိုနိုင္မယ့္ ပတ္ဝန္းက်င္ မရွိတာလား
အဂၤလိပ္စကားေျပာတဲ့ ပတ္ဝန္းက်င္အသိုင္းအဝိုင္းတစ္ခုနဲ႔ ဝင္ေရာေႏွာလိုက္မယ္ဆိုရင္ သင္ဟာ ပိုၿပီး လြယ္ကူထိေရာက္စြာ ဆက္သြယ္လာႏိုင္မွာျဖစ္သလို ၊ အျခားသူေတြေျပာတာကို နားေထာင္ရင္း ၊ အျပန္အလွန္ေျပာဆိုရင္း ပိုၿပီး ယံုၾကည္မႈေတြလည္း ရလာမွာ ျဖစ္ပါတယ္။ကိုယ့္ကိုယ္ကိုယ္လည္း နည္းလမ္းမ်ိဳးစံုနဲ႕အတူ အဂၤလိပ္ရုပ္ရွင္ေတြၾကည့္တာ ၊ အဂၤလိပ္စကားေျပာေတြနားေထာင္တာ ၊ စကားေျပာအတန္းေတြ ဝင္တက္တာ ၊ အဂၤလိပ္စကားေျပာအဖြဲ႕ေတြ ဖန္တီးတာ အစရွိသျဖင့္ အဂၤလိပ္ဘာသာစကားနဲ ့ မိမိကိုယ္ကုိယ္ဝန္းရံထားလိုက္ပါ။ ဒီလိုမ်ိဳး ပတ္ဝန္းက်င္မ်ိဳးထဲသာဝင္ေရာက္ ေရာေႏွာေနလိုက္ၿပီဆိုရင္သင္ရဲ႕ စကားေျပာစြမ္းရည္ေတြ ေန႕စဥ္တိုးတက္လာတာကို ေတြ႕မိမွာပါ ။။ တခါတုန္းက အဂၤလိပ္လိုေျပာဖို႔ ဘယ္ေလာက္ေတာင္ေၾကာက္လန္႔ခဲ့ရတဲ့ ကိုယ့္ကိုယ္ကိုယ္လည္း ျပန္သတိရမိၿပီး အသံထြက္ရယ္ေမာမိမွာ အမွန္ပါ။


-ေ ဝါဟာရေတြ အလြတ္က်က္မွတ္ဖို႔ အရင္ၾကိဳးစာေနမိတာလား
အမ်ားစုက ေဝါဟာရအသစ္ေတြခ်ေရးၾကည့္ရင္း အလြတ္က်က္သည့္နည္းလမ္းကို အသံုးျပဳၾကပါတယ္။ ဒီနည္းေလးက သိပ္ေတာ့အဆင္မေျပပါဘူး။ ေဝါဟာရေတြကို ျမန္ျမန္မွတ္မိျပီး လြယ္လြယ္ကူကူပဲ ျပန္ေမ့သြားတတ္ၾကပါတယ္။ ေဝါဟာရေလ့လာဖို႔ အာေဘာ္အေၾကာင္းအရာတစ္ခုကို ေရြးခ်ယ္ပါ။ စကားလံုးေတြကို ျမန္ျမန္မွတ္မိေအာင္ ရုပ္ပံုေတြ ၊ အသံေတြသံုးပါ။ စကားလံုးသစ္ေတြ ၊ စကားအသစ္ ေတြကို ေရးခ်မွတ္ထားဖို ့ မွတ္စုစာအုပ္တစ္အုပ္ထားပါ ။ ရင္းျမစ္တစ္ခုတူတဲ့အျခားစကားလံုးေတြကိုရွာပါ ။ ကိုယ္သင္လိုက္တဲ့ေဝါဟာရအသစ္ကို ခ်က္ခ်င္းျပန္သုံးသပ္ပါ ။ သူငယ္ခ်င္းေတြနဲ႔ အတူ ေဝါဟာရ ၾကြယ္ဝစြာေျပာႏိုင္ဖို ့စကားလံုးေတြကို မ်ားႏိုင္သေလာက္မ်ားမ်ား ေျပာဆိုေလ့က်င့္ပါ ။

 



- အဂၤလိပ္စာေလ့လာဖို ့ သည္းခံႏိုင္စြမ္း မရွိေတာ့ဘူးလား
အဂၤလိပ္စကားေျပာတတ္ဖို႔ အခိ်န္ဘယ္ေလာက္ယူရမလဲလို႔ စာသင္သားေတာ္ေတာ္မ်ားမ်ား ေမးတတ္ၾကပါတယ္။ ပထမဆံုးေတာ့ အဂၤလိပ္စာကို ေလ့လာဖို ့စိတ္အားထက္သန္ၾကတယ္။ ဒါေပမဲ့ အခက္အခဲေတြအမ်ားႀကီး ႀကံဳၿပီးေနာက္ သည္းခံႏိုင္စြမ္း ကုန္သြားၾကေရာ။ အခက္အခဲေတြကို သည္းခံျပီးေက်ာ္လႊားနုိင္ဖို႔ဆိုတာ အေရးၾကီးပါတယ္။ တရုတ္ပညာရွိတစ္ဦးက ေျပာတာကေတာ့ “ေလ့လာတယ္ဆိုတာ ေရဆန္ကို ေလွာ္ခတ္ရတာနဲ ့တူတယ္ဆိုပါတယ္။ အေရွ ့ကို မတိုးႏိုင္ရင္ ေနာက္ျပန္ေမ်ာမယ္”တဲ့။အရင္ဆံုးအေနနဲ ့ကေတာ့ သင့္အေနနဲ ့ ဒီေမးခြန္းကို ေျဖဖို ့လိုမယ္။ ဘာ့ေၾကာင့္ အဂၤလိပ္စာသင္ခ်င္ရတာလဲ။ အဂၤလိပ္လို စကားေတြေျပာရမွာ ေၾကာက္ေနလား။ ဒီေနာက္မွာေတာ့ သင့္ကိုယ္ပိုင္နည္းဗ်ဴဟာကိုတီထြင္ပါ။ အဂၤလိပ္စကားကို သဘာဝက်က်ေလ့လာပါ။ စာသင္ရတာ ေလ့လာရတာကို ပိုၿပီးအဓိပၸာယ္ရွိေအာင္ ၊ ေပ်ာ္စရာျဖစ္ေအာင္လုပ္ပါ။ တစ္ေန ့မွာေတာ့ သင္လည္း “အဂၤလိပ္လိုစကားေျပာရတာ အရမ္းသေဘာက်တယ္” လို ့ ေျပာျဖစ္လာပါလိမ့္မယ္။

အခက္အခဲေတြကေတာ့ ေတြ႔ၾကံဳရမွာဆိုေပမယ့္ သင္ဘယ္ေလာက္ထိၾကိဳးစားခ်င္စိတ္ရွိလဲ သင္ဘယ္ေလာက္ေမွ်ာ္မွန္းထားတယ္ဆိုတဲ့အေပၚမွာ ရရွိမယ့္ အက်ိဳးေက်းဇူးေတြက ကြာသြားမွာပါ။ လက္မေလွ်ာ့ပဲ ၾကိဳးစားၾကည့္ပါ။ အလုပ္ေတြလဲမ်ားတယ္ သင္တန္းတက္ဖို႔လဲအခ်ိန္မရွိဘူးဆိုရင္ေတာ့ ကြ်န္ုပ္တို႔ရဲ႕ sayar.com.mm မွာ သင့္ရ႕ဲ အခ်ိန္ေတြ ပိုက္ဆံေတြကုိ အဆင္ေျပဆံုးျဖစ္ေအာင္ ကူညီသင္ၾကားေပးမည့္ ဆရာေတြနဲ႕ဆက္သြယ္လိုက္ပါ။

အဂၤလိပ္ဘာသာစကားသင္ၾကားေပးေသာဆရာ၊ ဆရာမမ်ား >>> https://www.sayar.com.mm/subjects/all-teachers/subject-496.html

Sayar Guice banner design 2 2


Unicode ဖြင့်ဖတ်ရန်
အင်္ဂလိပ်စကားပြောခြင်းက သင့်အတွက် အခက်အခဲတစ်ခုလား
အင်္ဂလိပ်ဘာသာစကားဟာ တစ်ကမ္ဘာလုံးကအသုံးပြုနေတဲ့ ဘာသာစကားဖြစ်တဲ့အတွက် မဖြစ်မနေသင်ယူ တတ်မြောက်ထားဖို့လိုအပ်ပါတယ်။ အင်္ဂလိပ်ဘာသာစကားကို native တွေလောက်သွက်လက်စွာပြောဆို နိုင်ဖို့ဆိုတာ မလွယ်ကူပါဘူး။
အဓိကအကြောင်းအရင်းကတော့ စကားပြောလေ့ကျင့်ရမှာကို ရှက်နေခြင်း၊ မှားသွားမှာ စိုးရိမ်မိသည့်အတွက် မပြောခြင်း အဲ့လိုနဲ့ပဲ အင်္ဂလိပ်စကားမပြောတတ်တာများပါတယ်။ သင်တန်းတွေတတ်နေပေမယ့် အခြားသော skills တွေပဲတိုးတက်လာတယ် စကားပြောကတော့ ဒီတိုင်းပဲဖြစ်နေတတ်ပါတယ်။



- အင်္ဂလိပ်စကားပြောဆိုရမှာကို ရှက်နေ၊ ကြောက်နေတာလား
အင်္ဂလိပ်စကားပြောဆိုဖို့ရှက်နေ ကြောက်နေစရာမလိုပါဘူး။ နိုင်ငံခြားဘာသာစကားကို စတင်လေ့လာနေ သူတစ်ယောက်အတွက် မူရင်းပြောဆိုသူတွေလောက် အသံထွက် မကောင်းမွန်နိုင်ပါဘူး။ ဒါဟာ အားနည်းချက်တစ်ခုလို့ သတ်မှတ်လို့မရပါဘူး။ မြန်မာစကားသင်ယူနေတဲ့ နိုင်ငံခြားသားတွေတောင် စကား မပီရင် သင်လှောင်ပြောင်မိသလား။ မဟုတ်ပါဘူး ချစ်ဖို့ကောင်းတယ်လို့တောင် သင်ထင်မိမှာပါ။ ဒီလိုပါပဲ သင်ယူနေဆဲကာလမှာတော့ အခက်အခဲတွေကြုံရမှာ မလွဲသွေပါပဲ။ ပြောတတ်လာဖို့ဆိုတာ ပြောမှရမှာပါ။ တခြားနည်းလမ်းမရှိပါဘူး။ တခြားသူတွေနဲ့ စတင်မပြောရဲသေးဘူးဆိုရင် မှန်ကြည့်ပြီး ကိုယ့်ကိုယ်ကို ပြောပါ။



- အင်္ဂလိပ်စကားပြောဆိုနိုင်မယ့် ပတ်ဝန်းကျင် မရှိတာလား
အင်္ဂလိပ်စကားပြောတဲ့ ပတ်ဝန်းကျင်အသိုင်းအဝိုင်းတစ်ခုနဲ့ ဝင်ရောနှောလိုက်မယ်ဆိုရင် သင်ဟာ ပိုပြီး လွယ်ကူထိရောက်စွာ ဆက်သွယ်လာနိုင်မှာဖြစ်သလို ၊ အခြားသူတွေပြောတာကို နားထောင်ရင်း ၊ အပြန်အလှန်ပြောဆိုရင်း ပိုပြီး ယုံကြည်မှုတွေလည်း ရလာမှာ ဖြစ်ပါတယ်။ကိုယ့်ကိုယ်ကိုယ်လည်း နည်းလမ်းမျိုးစုံနဲ့အတူ အင်္ဂလိပ်ရုပ်ရှင်တွေကြည့်တာ ၊ အင်္ဂလိပ်စကားပြောတွေနားထောင်တာ ၊ စကားပြောအတန်းတွေ ဝင်တက်တာ ၊ အင်္ဂလိပ်စကားပြောအဖွဲ့တွေ ဖန်တီးတာ အစရှိသဖြင့် အင်္ဂလိပ်ဘာသာစကားနဲ့ မိမိကိုယ်ကိုယ်ဝန်းရံထားလိုက်ပါ။ ဒီလိုမျိုး ပတ်ဝန်းကျင်မျိုးထဲသာဝင်ရောက် ရောနှောနေလိုက်ပြီဆိုရင်သင်ရဲ့ စကားပြောစွမ်းရည်တွေ နေ့စဉ်တိုးတက်လာတာကို တွေ့မိမှာပါ ။။ တခါတုန်းက အင်္ဂလိပ်လိုပြောဖို့ ဘယ်လောက်တောင်ကြောက်လန့်ခဲ့ရတဲ့ ကိုယ့်ကိုယ်ကိုယ်လည်း ပြန်သတိရမိပြီး အသံထွက်ရယ်မောမိမှာ အမှန်ပါ။


- ဝေါဟာရတွေ အလွတ်ကျက်မှတ်ဖို့ အရင်ကြိုးစာနေမိတာလား
အများစုက ဝေါဟာရအသစ်တွေချရေးကြည့်ရင်း အလွတ်ကျက်သည့်နည်းလမ်းကို အသုံးပြုကြပါတယ်။ ဒီနည်းလေးက သိပ်တော့အဆင်မပြေပါဘူး။ ဝေါဟာရတွေကို မြန်မြန်မှတ်မိပြီး လွယ်လွယ်ကူကူပဲ ပြန်မေ့သွားတတ်ကြပါတယ်။ ဝေါဟာရလေ့လာဖို့ အာဘော်အကြောင်းအရာတစ်ခုကို ရွေးချယ်ပါ။ စကားလုံးတွေကို မြန်မြန်မှတ်မိအောင် ရုပ်ပုံတွေ ၊ အသံတွေသုံးပါ။ စကားလုံးသစ်တွေ ၊ စကားအသစ် တွေကို ရေးချမှတ်ထားဖို့ မှတ်စုစာအုပ်တစ်အုပ်ထားပါ ။ ရင်းမြစ်တစ်ခုတူတဲ့အခြားစကားလုံးတွေကိုရှာပါ ။ ကိုယ်သင်လိုက်တဲ့ဝေါဟာရအသစ်ကို ချက်ချင်းပြန်သုံးသပ်ပါ ။ သူငယ်ချင်းတွေနဲ့ အတူ ဝေါဟာရ ကြွယ်ဝစွာပြောနိုင်ဖို့စကားလုံးတွေကို များနိုင်သလောက်များများ ပြောဆိုလေ့ကျင့်ပါ ။

 


 
- အင်္ဂလိပ်စာလေ့လာဖို့ သည်းခံနိုင်စွမ်း မရှိတော့ဘူးလား
အင်္ဂလိပ်စကားပြောတတ်ဖို့ အချိန်ဘယ်လောက်ယူရမလဲလို့ စာသင်သားတော်တော်များများ မေးတတ်ကြပါတယ်။ ပထမဆုံးတော့ အင်္ဂလိပ်စာကို လေ့လာဖို့စိတ်အားထက်သန်ကြတယ်။ ဒါပေမဲ့ အခက်အခဲတွေအများကြီး ကြုံပြီးနောက် သည်းခံနိုင်စွမ်း ကုန်သွားကြရော။ အခက်အခဲတွေကို သည်းခံပြီးကျော်လွှားနိုင်ဖို့ဆိုတာ အရေးကြီးပါတယ်။ တရုတ်ပညာရှိတစ်ဦးက ပြောတာကတော့ “လေ့လာတယ်ဆိုတာ ရေဆန်ကို လှော်ခတ်ရတာနဲ့တူတယ်ဆိုပါတယ်။ အရှေ့ကို မတိုးနိုင်ရင် နောက်ပြန်မျောမယ်”တဲ့။အရင်ဆုံးအနေနဲ့ကတော့ သင့်အနေနဲ့ ဒီမေးခွန်းကို ဖြေဖို့လိုမယ်။ ဘာ့ကြောင့် အင်္ဂလိပ်စာသင်ချင်ရတာလဲ။ အင်္ဂလိပ်လို စကားတွေပြောရမှာ ကြောက်နေလား။ ဒီနောက်မှာတော့ သင့်ကိုယ်ပိုင်နည်းဗျူဟာကိုတီထွင်ပါ။ အင်္ဂလိပ်စကားကို သဘာဝကျကျလေ့လာပါ။ စာသင်ရတာ လေ့လာရတာကို ပိုပြီးအဓိပ္ပာယ်ရှိအောင် ၊ ပျော်စရာဖြစ်အောင်လုပ်ပါ။ တစ်နေ့မှာတော့ သင်လည်း “အင်္ဂလိပ်လိုစကားပြောရတာ အရမ်းသဘောကျတယ်” လို့ ပြောဖြစ်လာပါလိမ့်မယ်။

အခက်အခဲတွေကတော့ တွေ့ကြုံရမှာဆိုပေမယ့် သင်ဘယ်လောက်ထိကြိုးစားချင်စိတ်ရှိလဲ သင်ဘယ်လောက်မျှော်မှန်းထားတယ်ဆိုတဲ့အပေါ်မှာ ရရှိမယ့် အကျိုးကျေးဇူးတွေက ကွာသွားမှာပါ။ လက်မလျှော့ပဲ ကြိုးစားကြည့်ပါ။ အလုပ်တွေလဲများတယ် သင်တန်းတက်ဖို့လဲအချိန်မရှိဘူးဆိုရင်တော့ ကျွန်ုပ်တို့ရဲ့ sayar.com.mm မှာ သင့်ရဲ့ အချိန်တွေ ပိုက်ဆံတွေကို အဆင်ပြေဆုံးဖြစ်အောင် ကူညီသင်ကြားပေးမည့် ဆရာတွေနဲ့ဆက်သွယ်လိုက်ပါ။

 



Source; wallstreetenglish

sayar.com.mm

Read times
Rate this articles
(1 Vote)