×

Warning

JUser: :_load: Unable to load user with ID: 81428


Knowledge

Friday, 28 February 2020

“မလှူတတ်ရင် ဈေးဝယ်”

“မလှူတတ်ရင် ဈေးဝယ်” google

ဒီစာကို ရေးသင့်မရေးသင့် စဉ်းစားပါသေးတယ်။ ကိုယ့်ကိုယ်ကိုယ် သူတော်ကောင်းကြီးလိုမျိုး ရေးထားသလို ဖြစ်မှာစိုးလို့ပါ။ ဒါပေမဲ့ အကျိုးရှိလိုရှိငြား ရေးလိုက်ပါတယ်။

ဖေ့စ်ဘွတ်မှာ တစ်ခါက ဖတ်ဖူးတယ်။ ဘာလဲဆိုတော့ ဈေးသည်အဘကြီးဆီကနေ မုန့်ဝယ်တော့ အတင်းမရမက ဈေးဆစ်မိတယ်၊ ဒီအတိုင်း လာတောင်းတဲ့သူကျ ခပ်လွယ်လွယ်ပဲ ပေးပစ်လိုက်တယ်။ အဲဒီမှာ သူ စဉ်းစားမိပါတယ်တဲ့။ တကယ်ဆို လုပ်အားကို စိုက်ထုတ် အသက်မွေးနေသူဆီကနေတော့ အတင်းအကြပ် ဈေးတွေဆစ်၊ အလကား လာတောင်းသူကိုကျ စေတနာတွေ ယိုဖိတ်ပြီး ပေးလိုက်တယ်ဆိုတာ မတရားဘူးပေါ့လေ။

အဲဒီပို့စ်လေးကို စိတ်ထဲ စွဲနေမိတယ်။ တောင်းစားနေသူတွေကို မပေးရဘူး မဟုတ်ဘူး။ သူတို့မှာလည်း ဈေးရင်းမရှိလို့ တောင်းနေရတာ၊ ကိုယ်လက်အင်္ဂါ မပြည့်စုံလို့ တောင်းနေရတာ ဖြစ်နိုင်တာပဲ။ သို့သော် ဈေးသည်တွေဆီကနေတော့ ဈေးမဆစ်တော့ဘူး ဆိုတဲ့ အတွေးလေး ရလိုက်တယ်။

နယ်တွေသွားတယ်၊ အဝေးပြေးဂိတ် ရောက်တယ်ဆိုရင်လည်း ဆိုင်ကယ်ကယ်ရီသမားတွေ ရှိတယ်၊ တုပ်တုပ် မောင်းတဲ့သူတွေ ရှိတယ်။ အရင်ကဆို ကိုယ်သွားမယ့်ဟော်တယ်ဆီ ၂,၀၀၀ လောက် တောင်းတယ်ထား။ မရမက ၁,၅၀၀ နဲ့ဆစ်တယ်။ အားလုံးလည်း သိတယ်။ သူတို့မှာ Demand နဲ့ Supply နဲ့က မမျှတော့ ကားပေါ်က ဆင်းလာရင် အတင်းအလုအယက် လူခေါ်ကြရတာ။ ကိုယ်က ၁,၅၀၀ ပဲ ပေးမယ်ဆိုတော့လည်း ဒီလူ မလိုက်နိုင်တောင် တစ်ယောက်မဟုတ် တစ်ယောက်က လိုက်ပေးတာပေါ့။ ကိုယ်က ဟုတ်လှပြီဆိုပြီး ကျေနပ်နေရော။ တကယ်တမ်း အဲဒီ ၅၀၀ ကိုယ့်အတွက် ဘာအကျိုးရှိလဲဆိုတော့ ဘာမှမရှိဘူး။ ဒီအတိုင်းတောင် ပျောက်သွားတာ၊ ပြဲသွားတာ၊ အထားမှားတာ၊ အမ်းစရာမရှိလို့ ပေးပစ်ခဲ့တာတွေ ရှိတာပဲ။ သူတို့နဲ့ကျမှ ဒီ ၅၀၀ လောက်ကို တန်ဖိုးတွေ ထားနေတာ။ ကိုယ်လည်း ဒီ ၅၀၀ လေး သက်သာဖို့ လေကုန်ခံ ပြောရတယ်။ အချိန်စောင့်ရတယ်။ တွေးကြည့်၊ တော်တော်မဖြစ်သင့်ဘူး။

တကယ်တော့ ကျွန်တော်တို့က အဲ့လိုဈေးဆစ်လို့ ရလိုက်တာကို ကျေနပ်တာ။ ငါ့ကို ချင်း(ဂျင်း) ထည့်လို့ မရပါဘူးဆိုတဲ့ မာနပေါ့။ တကယ်တမ်း အထည့်ခံရဦးတော့ ၅၀၀၊ ၁,၀၀၀ ။ သိန်းပေါင်းများစွာ မပြောနဲ့။ သောင်းဂဏန်းတောင် မရှိဘူး။ ဟော့ပေါ့တစ်ခါ သွားသောက်လို့ ကုန်တဲ့ပိုက်ဆံရဲ့ အပုံ ၃၀ ပုံ ၁ ပုံလောက်ပဲ ရှိပါတယ်။

ဟိုရက်ကလည်း မန္တလေးကနေ ပြန်လာတော့ လမ်းမှာ တစ်ထောက်နားပါတယ်။ မနက် ၂ နာရီကျော်ဆိုတော့ အတော်လေးလည်း အေးနေတာပေါ့။ ကျွန်တော်လည်း ဘာမှစားချင်စိတ် မရှိတာနဲ့ ကားရပ်တဲ့နေရာမှာ လမ်းလျှောက်နေတုန်း ဈေးသည်တွေ တွေ့ပါတယ်။ စုစုပေါင်း အမျိုးသမီး ၆ ယောက်။ သူတို့ကို မြင်တော့ မဆီမဆိုင် သူတို့သားသမီးတွေကို မျက်စိထဲ မြင်လာတယ်။ ကိုယ်လည်း ငယ်ငယ်က အဖေ၊ အမေ အိမ်ပြန်နောက်ကျရင် မျှော်တတ်တယ်။ အားငယ်သလို ခံစားရတယ်လေ။

အဲဒါနဲ့ တစ်ယောက်ကို တစ်ထောင်ဖိုးစီ အားပေးလိုက်တယ်။ စစချင်းတော့ ဒီအတိုင်း ဝယ်တယ် ထင်နေတာ။ နောက်မှ ၆ ယောက်လုံးဆီက အစဉ်လိုက် ဝယ်သွားတာ သိတော့မှ သူတို့လည်း ကျေးဇူးတွေတင်ပြီး ကျန်းမာပါစေ ချမ်းသာပါစေ ဆုတောင်းပေးကြတယ်။ ကိုယ်လည်း ကြည်နူးရတယ်။

ရန်ကုန်ပြန်ရောက်တော့ ဝယ်လာတဲ့အထဲက တချို့ကိုလည်း အိမ်အတွက်၊ တချိုု့ကိုလည်း လက်ဆောင်ပေးသင့်တာပေး။ အဲ့နေ့က ဝယ်လာတဲ့ ကြက်ဥ၊ ငုံးဥတွေဆို မီးပွိုင့်မှာ စံပယ်ပန်း လာရောင်းတဲ့ ကလေးတွေကို ပေးလိုက်တော့ သူတို့လည်း ပျော်။ ဒီတော့ နှစ်ခါပြန် အကျိုးရှိတယ်။

မသိတဲ့သူကို ချင်းထည့်တာတွေ ရှိတတ်ပါတယ်။ တအားတန်ဖိုးကြီးတာတွေဆိုရင်တော့ သတိထားဝယ်။ ဈေးဆစ်သင့်တာ ဆစ်ပေါ့။ ခုက ဘယ်လောက်မှ မပေးရတဲ့ လမ်းဘေးဈေးသည်တွေ၊ ကယ်ရီသမားတွေ၊ ပျံကျသမားတွေ၊ ဆိုက်ကားဆရာ​တွေ စသဖြင့် ဆိုလိုတာပါ။

နောက်ပြီး နယ်ကနေ ရန်ကုန်ကို ပိုက်ဆံနည်းနည်းလေးနဲ့ တက်လာ၊ မသိနားမလည်သေးတဲ့သူတွေကို ဂျင်းထည့်မယ့် တက်စီဆရာတွေဆီ ပျော်ပျော်ကြီး အထည့်ခံလိုက်ပါလို့ မဆိုလိုပါဘူး။ ကိုယ်တောင် ခြစ်ကုတ်သုံးစွဲနေရတဲ့အချိန်မှာတော့ ၅၀၀၊ ၁,၀၀၀ က အစ စိစစ်သုံးရမှာပဲ။ အခု ပြောနေတာက ဒီလောက်ပမာဏကို မှုနေစရာ မလိုတဲ့ လူနေမှုအဆင့်အတန်းတစ်ခုမှာ ရှိနေသူတွေကိုသာ ရည်ရွယ်ပါတယ်။

ကိုယ်လည်း တအား မချမ်းသာတော့ ရှိသမျှအကုန်တော့ မဝယ်နိုင်ဘူးပေါ့။ အဲ့လိုဝယ်နေရရင်လည်း သေရချည်ရဲ့။ ကိုယ်ဝယ်လိုက်လို့လည်း သူတို့ အများကြီး ချမ်းသာမသွားဘူး။ ဒါပေမဲ့ နည်းနည်းတော့ အိမ်စောပြန်လို့ ရသွားမယ်။

ကျွန်တော်တို့နိုင်ငံက ဆင်းရဲချမ်းသာ ကွာဟချက် ကြီးပါတယ်။ ကျွန်တော်တို့အတွက် ဘာမှမဟုတ်တဲ့ ပိုက်ဆံလေးက လူတချို့အတွက်တော့ ထမင်းတစ်နပ်၊ အိမ်စောစောပြန်လို့ ရလောက်တဲ့ အမြတ်ငွေ၊ အိမ်မှာ စောင့်ကျန်နေတဲ့ ကလေးတွေအတွက် စားစရာ စသဖြင့် ဖြစ်သွားနိုင်ပါတယ်။

မလှူတတ်ရင် ဈေးရောင်း ဆိုတဲ့ မြန်မာစကား ရှိတယ်။ ခု ကျွန်တော် လုပ်ဖြစ်နေတာလေးကတော့ မလှူတတ်ရင် ဈေးဝယ်ပေါ့။

ဒါကြောင့် တကူးတကကြီး အလှူမလုပ်ဖြစ်ဘူးဆို လမ်းဘေးဈေးသည်တွေဆီက အားပေးပါ။ ကူညီတဲ့အနေနဲ့ တမင်မဝယ်ချင်ဘူးဆိုတောင် ဝယ်တဲ့အခါတော့ ဈေးမဆစ်ပါနဲ့။ သူတို့လုပ်အားကို တန်ဖိုးထားပါ။ ဈေးဆစ်လိုက်လို့ သက်သာသွားတဲ့ ၅၀၀ ၁,၀၀၀ ဟာ ငါ့အတွက် ဘာမှမဟုတ်ဘူး ဆိုတာလေးကို သတိရပေးပါ။ အိမ်စောစောပြန်၊ စောစောနားချင်လို့ မြန်မြန်ကုန်ရင် ပြီးရော ဆိုတဲ့စိတ်နဲ့ ရောင်းနေရတာကို အခွင့်အရေး မယူပါနဲ့။

အခုကစပြီး တစ်ခါလောက်ပဲ စမ်းဝယ်ကြည့်ပါ။ သူတို့ရဲ့ ဝမ်းသာသွားတဲ့ မျက်နှာ၊ Sugar coated မဟုတ်ဘဲ တကယ်ရင်ထဲက လာတဲ့ ကျေးဇူးတင်စကားကို မြင်ဖူး၊ ကြားဖူးသွားရင် ဈေးဝယ်ပြီး အလှူလုပ်တဲ့ အလေ့အထတစ်ခု ကိုယ့်ဆီမှာ ရလာပါလိမ့်မယ်။

ဒေါက်တာ ဖြိုးသီဟ
၁၉.၂.၂၀၂၀

Photo credit - Pixabay

 

“မလႉတတ္ရင္ ေဈးဝယ္”

ဒီစာကို ေရးသင့္မေရးသင့္ စဥ္းစားပါေသးတယ္။ ကိုယ့္ကိုယ္ကိုယ္ သူေတာ္ေကာင္းႀကီးလိုမ်ိဳး ေရးထားသလို ျဖစ္မွာစိုးလို႔ပါ။ ဒါေပမဲ့ အက်ိဳးရွိလိုရွိျငား ေရးလိုက္ပါတယ္။

ေဖ့စ္ဘြတ္မွာ တစ္ခါက ဖတ္ဖူးတယ္။ ဘာလဲဆိုေတာ့ ေဈးသည္အဘႀကီးဆီကေန မုန႔္ဝယ္ေတာ့ အတင္းမရမက ေဈးဆစ္မိတယ္၊ ဒီအတိုင္း လာေတာင္းတဲ့သူက် ခပ္လြယ္လြယ္ပဲ ေပးပစ္လိုက္တယ္။ အဲဒီမွာ သူ စဥ္းစားမိပါတယ္တဲ့။ တကယ္ဆို လုပ္အားကို စိုက္ထုတ္ အသက္ေမြးေနသူဆီကေနေတာ့ အတင္းအၾကပ္ ေဈးေတြဆစ္၊ အလကား လာေတာင္းသူကိုက် ေစတနာေတြ ယိုဖိတ္ၿပီး ေပးလိုက္တယ္ဆိုတာ မတရားဘူးေပါ့ေလ။

အဲဒီပို႔စ္ေလးကို စိတ္ထဲ စြဲေနမိတယ္။ ေတာင္းစားေနသူေတြကို မေပးရဘူး မဟုတ္ဘူး။ သူတို႔မွာလည္း ေဈးရင္းမရွိလို႔ ေတာင္းေနရတာ၊ ကိုယ္လက္အဂၤါ မျပည့္စုံလို႔ ေတာင္းေနရတာ ျဖစ္ႏိုင္တာပဲ။ သို႔ေသာ္ ေဈးသည္ေတြဆီကေနေတာ့ ေဈးမဆစ္ေတာ့ဘူး ဆိုတဲ့ အေတြးေလး ရလိုက္တယ္။

နယ္ေတြသြားတယ္၊ အေဝးေျပးဂိတ္ ေရာက္တယ္ဆိုရင္လည္း ဆိုင္ကယ္ကယ္ရီသမားေတြ ရွိတယ္၊ တုပ္တုပ္ ေမာင္းတဲ့သူေတြ ရွိတယ္။ အရင္ကဆို ကိုယ္သြားမယ့္ေဟာ္တယ္ဆီ ၂,၀၀၀ ေလာက္ ေတာင္းတယ္ထား။ မရမက ၁,၅၀၀ နဲ႔ဆစ္တယ္။ အားလုံးလည္း သိတယ္။ သူတို႔မွာ Demand နဲ႔ Supply နဲ႔က မမွ်ေတာ့ ကားေပၚက ဆင္းလာရင္ အတင္းအလုအယက္ လူေခၚၾကရတာ။ ကိုယ္က ၁,၅၀၀ ပဲ ေပးမယ္ဆိုေတာ့လည္း ဒီလူ မလိုက္ႏိုင္ေတာင္ တစ္ေယာက္မဟုတ္ တစ္ေယာက္က လိုက္ေပးတာေပါ့။ ကိုယ္က ဟုတ္လွၿပီဆိုၿပီး ေက်နပ္ေနေရာ။ တကယ္တမ္း အဲဒီ ၅၀၀ ကိုယ့္အတြက္ ဘာအက်ိဳးရွိလဲဆိုေတာ့ ဘာမွမရွိဘူး။ ဒီအတိုင္းေတာင္ ေပ်ာက္သြားတာ၊ ၿပဲသြားတာ၊ အထားမွားတာ၊ အမ္းစရာမရွိလို႔ ေပးပစ္ခဲ့တာေတြ ရွိတာပဲ။ သူတို႔နဲ႔က်မွ ဒီ ၅၀၀ ေလာက္ကို တန္ဖိုးေတြ ထားေနတာ။ ကိုယ္လည္း ဒီ ၅၀၀ ေလး သက္သာဖို႔ ေလကုန္ခံ ေျပာရတယ္။ အခ်ိန္ေစာင့္ရတယ္။ ေတြးၾကည့္၊ ေတာ္ေတာ္မျဖစ္သင့္ဘူး။

တကယ္ေတာ့ ကြၽန္ေတာ္တို႔က အဲ့လိုေဈးဆစ္လို႔ ရလိုက္တာကို ေက်နပ္တာ။ ငါ့ကို ခ်င္း(ဂ်င္း) ထည့္လို႔ မရပါဘူးဆိုတဲ့ မာနေပါ့။ တကယ္တမ္း အထည့္ခံရဦးေတာ့ ၅၀၀၊ ၁,၀၀၀ ။ သိန္းေပါင္းမ်ားစြာ မေျပာနဲ႔။ ေသာင္းဂဏန္းေတာင္ မရွိဘူး။ ေဟာ့ေပါ့တစ္ခါ သြားေသာက္လို႔ ကုန္တဲ့ပိုက္ဆံရဲ႕ အပုံ ၃၀ ပုံ ၁ ပုံေလာက္ပဲ ရွိပါတယ္။

ဟိုရက္ကလည္း မႏၲေလးကေန ျပန္လာေတာ့ လမ္းမွာ တစ္ေထာက္နားပါတယ္။ မနက္ ၂ နာရီေက်ာ္ဆိုေတာ့ အေတာ္ေလးလည္း ေအးေနတာေပါ့။ ကြၽန္ေတာ္လည္း ဘာမွစားခ်င္စိတ္ မရွိတာနဲ႔ ကားရပ္တဲ့ေနရာမွာ လမ္းေလွ်ာက္ေနတုန္း ေဈးသည္ေတြ ေတြ႕ပါတယ္။ စုစုေပါင္း အမ်ိဳးသမီး ၆ ေယာက္။ သူတို႔ကို ျမင္ေတာ့ မဆီမဆိုင္ သူတို႔သားသမီးေတြကို မ်က္စိထဲ ျမင္လာတယ္။ ကိုယ္လည္း ငယ္ငယ္က အေဖ၊ အေမ အိမ္ျပန္ေနာက္က်ရင္ ေမွ်ာ္တတ္တယ္။ အားငယ္သလို ခံစားရတယ္ေလ။

အဲဒါနဲ႔ တစ္ေယာက္ကို တစ္ေထာင္ဖိုးစီ အားေပးလိုက္တယ္။ စစခ်င္းေတာ့ ဒီအတိုင္း ဝယ္တယ္ ထင္ေနတာ။ ေနာက္မွ ၆ ေယာက္လုံးဆီက အစဥ္လိုက္ ဝယ္သြားတာ သိေတာ့မွ သူတို႔လည္း ေက်းဇူးေတြတင္ၿပီး က်န္းမာပါေစ ခ်မ္းသာပါေစ ဆုေတာင္းေပးၾကတယ္။ ကိုယ္လည္း ၾကည္ႏူးရတယ္။

ရန္ကုန္ျပန္ေရာက္ေတာ့ ဝယ္လာတဲ့အထဲက တခ်ိဳ႕ကိုလည္း အိမ္အတြက္၊ တခ်ိဳု႔ကိုလည္း လက္ေဆာင္ေပးသင့္တာေပး။ အဲ့ေန႔က ဝယ္လာတဲ့ ၾကက္ဥ၊ ငုံးဥေတြဆို မီးပြိဳင့္မွာ စံပယ္ပန္း လာေရာင္းတဲ့ ကေလးေတြကို ေပးလိုက္ေတာ့ သူတို႔လည္း ေပ်ာ္။ ဒီေတာ့ ႏွစ္ခါျပန္ အက်ိဳးရွိတယ္။

မသိတဲ့သူကို ခ်င္းထည့္တာေတြ ရွိတတ္ပါတယ္။ တအားတန္ဖိုးႀကီးတာေတြဆိုရင္ေတာ့ သတိထားဝယ္။ ေဈးဆစ္သင့္တာ ဆစ္ေပါ့။ ခုက ဘယ္ေလာက္မွ မေပးရတဲ့ လမ္းေဘးေဈးသည္ေတြ၊ ကယ္ရီသမားေတြ၊ ပ်ံက်သမားေတြ၊ ဆိုက္ကားဆရာ​ေတြ စသျဖင့္ ဆိုလိုတာပါ။

ေနာက္ၿပီး နယ္ကေန ရန္ကုန္ကို ပိုက္ဆံနည္းနည္းေလးနဲ႔ တက္လာ၊ မသိနားမလည္ေသးတဲ့သူေတြကို ဂ်င္းထည့္မယ့္ တက္စီဆရာေတြဆီ ေပ်ာ္ေပ်ာ္ႀကီး အထည့္ခံလိုက္ပါလို႔ မဆိုလိုပါဘူး။ ကိုယ္ေတာင္ ျခစ္ကုတ္သုံးစြဲေနရတဲ့အခ်ိန္မွာေတာ့ ၅၀၀၊ ၁,၀၀၀ က အစ စိစစ္သုံးရမွာပဲ။ အခု ေျပာေနတာက ဒီေလာက္ပမာဏကို မႈေနစရာ မလိုတဲ့ လူေနမႈအဆင့္အတန္းတစ္ခုမွာ ရွိေနသူေတြကိုသာ ရည္႐ြယ္ပါတယ္။

ကိုယ္လည္း တအား မခ်မ္းသာေတာ့ ရွိသမွ်အကုန္ေတာ့ မဝယ္ႏိုင္ဘူးေပါ့။ အဲ့လိုဝယ္ေနရရင္လည္း ေသရခ်ည္ရဲ႕။ ကိုယ္ဝယ္လိုက္လို႔လည္း သူတို႔ အမ်ားႀကီး ခ်မ္းသာမသြားဘူး။ ဒါေပမဲ့ နည္းနည္းေတာ့ အိမ္ေစာျပန္လို႔ ရသြားမယ္။

ကြၽန္ေတာ္တို႔ႏိုင္ငံက ဆင္းရဲခ်မ္းသာ ကြာဟခ်က္ ႀကီးပါတယ္။ ကြၽန္ေတာ္တို႔အတြက္ ဘာမွမဟုတ္တဲ့ ပိုက္ဆံေလးက လူတခ်ိဳ႕အတြက္ေတာ့ ထမင္းတစ္နပ္၊ အိမ္ေစာေစာျပန္လို႔ ရေလာက္တဲ့ အျမတ္ေငြ၊ အိမ္မွာ ေစာင့္က်န္ေနတဲ့ ကေလးေတြအတြက္ စားစရာ စသျဖင့္ ျဖစ္သြားႏိုင္ပါတယ္။

မလႉတတ္ရင္ ေဈးေရာင္း ဆိုတဲ့ ျမန္မာစကား ရွိတယ္။ ခု ကြၽန္ေတာ္ လုပ္ျဖစ္ေနတာေလးကေတာ့ မလႉတတ္ရင္ ေဈးဝယ္ေပါ့။

ဒါေၾကာင့္ တကူးတကႀကီး အလႉမလုပ္ျဖစ္ဘူးဆို လမ္းေဘးေဈးသည္ေတြဆီက အားေပးပါ။ ကူညီတဲ့အေနနဲ႔ တမင္မဝယ္ခ်င္ဘူးဆိုေတာင္ ဝယ္တဲ့အခါေတာ့ ေဈးမဆစ္ပါနဲ႔။ သူတို႔လုပ္အားကို တန္ဖိုးထားပါ။ ေဈးဆစ္လိုက္လို႔ သက္သာသြားတဲ့ ၅၀၀ ၁,၀၀၀ ဟာ ငါ့အတြက္ ဘာမွမဟုတ္ဘူး ဆိုတာေလးကို သတိရေပးပါ။ အိမ္ေစာေစာျပန္၊ ေစာေစာနားခ်င္လို႔ ျမန္ျမန္ကုန္ရင္ ၿပီးေရာ ဆိုတဲ့စိတ္နဲ႔ ေရာင္းေနရတာကို အခြင့္အေရး မယူပါနဲ႔။

အခုကစၿပီး တစ္ခါေလာက္ပဲ စမ္းဝယ္ၾကည့္ပါ။ သူတို႔ရဲ႕ ဝမ္းသာသြားတဲ့ မ်က္ႏွာ၊ Sugar coated မဟုတ္ဘဲ တကယ္ရင္ထဲက လာတဲ့ ေက်းဇူးတင္စကားကို ျမင္ဖူး၊ ၾကားဖူးသြားရင္ ေဈးဝယ္ၿပီး အလႉလုပ္တဲ့ အေလ့အထတစ္ခု ကိုယ့္ဆီမွာ ရလာပါလိမ့္မယ္။

ေဒါက္တာ ၿဖိဳးသီဟ
၁၉.၂.၂၀၂၀

Photo credit - Pixabay

Read times Last modified on Friday, 28 February 2020 16:11
Rate this articles
(0 votes)