×

Warning

JUser: :_load: Unable to load user with ID: 81428


Success

Thursday, 26 March 2020

ငြင်းဆန်ခြင်း အနုပညာ

ငြင်းဆန်ခြင်း အနုပညာ google

ငြင်းဆန်ခြင်း အနုပညာ

လူတော်တော်များများဟာ no ဆိုတဲ့စကားလုံးကိုပြောရန် ခက်ခဲကြပါလိမ့်မယ်။ မြန်မာလူမျိုးအများစုဟာ No ပြောရမှာ အင်မတန်ကြောက်ရွံ့ လေ့ရှိကြပါတယ်။

သင်မလုပ်နိုင်တာကို မလုပ်နိုင်ဘူးလို့ ပြတ်ပြတ်သားသားငြင်းပစ်ပါ၊ ကြောက်ရွံ့မနေပါနဲ့။ ကိုယ်မလုပ်နိုင်တဲ့အရာ တွေကိုအကုန်လိုက်လုပ်ပေးနေရင် သင်ပဲ stress တွေများပြီးစိတ်ပင်ပန်းရမှာပါ။

ကိုယ်သဘောမကျပဲ တခါတရံ yes လို့ပြောရတဲ့ အချိန်တွေလဲရှိမှာပါ ၊ တခါတရံကိုတော့ ကျွန်တော်မဆိုလိုပါဘူး။ ဒါပေမဲ့ အမြဲတမ်းလိုလိုအားနာနေမယ်ဆိုရင်တော့ သင်ပဲ စိတ်ညစ်ရမှာပါ။ ရှေ့တင်တော့ yes လုပ်လိုက်ပြီး နောက်ကွယ်ရောက်တာနဲ့ စိတ်ညစ်သွားတာမျိုးသင် ဖြစ်ဖူးမှာပါ။ သင်အမြဲတမ်းသင်မလုပ်နိုင်တဲ့ အရာတွေ၊ မကူညီနိုင်တဲ့အရာတွေကို မငြင်းနိုင်ပဲ လုပ်ပေးနေမယ်ဆိုရင်တော့ အရာအားလုံးဟာ သင့်ပခုံးပေါ်ရောက်လာပြီး၊ အရမ်းလေးလာတဲ့ တနေ့ကျမှ သင်စိတ်ညစ်လာပါလိမ့်မယ်။

သင်က အရမ်းကူညီတတ်သူ၊ ကူညီခြင်းကြောင့် လုံးဝစိတ်မညစ်သူဆိုရင်တော့ သင့်သဘောပါ။ တချို့တွေက ကိုယ်မကူညီ နိုင်တဲ့အရာကို အားနာတဲ့စိတ်နဲ့ကူညီလိုက်မယ်ဆိုရင် သင်ပဲစိတ်ညစ်ရမှာပါ။ ကူညီနိုင်တဲ့ အရာေတွေကို အစွမ်းကုန်ကူညီပါ၊ ငြင်းဖို့လိုအပ်တဲ့ အခါမှာလဲ အားမနာပဲ ငြင်းပစ်ပါ။ မိမိ မလုပ်ချင်တဲ့ အရာတစ်ခုကို သဘောတူလိုက်ခြင်းက မိမိကိုယ်ကို ညာသလို အခြားသူကိုလည်းညာလိုက်သလိုပါပဲ။

No လို့ပြောတဲ့နေရာမှာလဲ ရိုင်းပြစွာ မပြောဆိုပဲ ယဉ်ကျေးစွာပြန်ပြောနိုင်မဲ့ နည်းလမ်းလေးတွေ ရှိပါတယ်။ ဥပမာသင့်ကို တစ်ယောက်ယောက်က အကူအညီတောင်းတယ်ဆိုရင် မကူညီနိုင်ဘူး ဆိုရင် no လို့ တုံးတိမပြောပဲ သင့်အတွက်အဆင်မပြေ နိုင်ောကာင်းကို သေချာရှင်းပြပြီး တခြားအကူအညီပေးနိုင်မဲ့ သူတစ်ယောက်ယောက်ကို လမ်းညွှန်ပေးနိုင်ပါတယ်။ ဘယ်လိုအနေ အထားမျိုးမှာ no လို့ပြောရမလဲဆိုတာကတော့ သင့်အပေါ်မှာ ပဲမူတည်ပါတယ်။

သူများတွေကို အမြဲစိတ်ချမ်းးသာအောင် ကူညီဖို့ဆိုရင် သင်ကိုယ်တိုင် အရင်စိတ်ချမ်းသာနေမှ ရမှာပါ။ သူများတွေကို ဂရုစိုက်မယ်ဆိုရင်သူကိုယ်သင်အရင်ဂရုစိုက်ပါ။ လူတိုင်းသဘောကျအောင်အမြဲ yes လုပ်နေရင်တော့ သင်လိုချင်တဲ့ပန်းတိုင်ရောက်မှာ မဟုတ်ပါဘူး။ သင့်ဆုံးဖြတ်ချက်တွေကောင်းရင် ကောင်းသလို သင့်ဘဝဟာလည်း တိုးတတ်ကောင်းမွန်လာနိုင်မှာပါ ဖြစ်ပါတယ်။

(Zaw gyi)

register

Say no
ျငင္းဆန္ျခင္း အႏုပညာ

လူေတာ္ေတာ္မ်ားမ်ားဟာ no ဆိုတဲ့စကားလံုးကိုေျပာရန္ ခက္ခဲၾကပါလိမ့္မယ္။ ျမန္မာလူမ်ိဳးအမ်ားစုဟာ No ေျပာရမွာ အင္မတန္ေၾကာက္ရြံ႔ ေလ့ရွိၾကပါတယ္။ သင္မလုပ္ႏိုင္တာကို မလုပ္ႏိုင္ဘူးလို႔ ျပတ္ျပတ္သားသားျငင္းပစ္ပါ၊ ေၾကာက္ရြံ႕မေနပါနဲ႔။ ကိုယ္မလုပ္ႏိုင္တဲ့အရာ ေတြကိုအကုန္လိုက္လုပ္ေပးေနရင္ သင္ပဲ stress ေတြမ်ားျပီးစိတ္ပင္ပန္းရမွာပါ။

ကိုယ္သေဘာမက်ပဲ တခါတရံ yes လို႔ေျပာရတဲ႔ အခ်ိန္ေတြလဲရွိမွာပါ ၊ တခါတရံကိုေတာ့ ကြ်န္ေတာ္မဆိုလိုပါဘူး။ ဒါေပမဲ့ အျမဲတမ္းလိုလိုအားနာေနမယ္ဆိုရင္ေတာ့ သင္ပဲ စိတ္ညစ္ရမွာပါ။ ေရွ႔တင္ေတာ့ yes လုပ္လိုက္ျပီး ေနာက္ကြယ္ေရာက္တာနဲ႔ စိတ္ညစ္သြားတာမ်ိဳးသင္ ျဖစ္ဖူးမွာပါ။ သင္အျမဲတမ္းသင္မလုပ္ႏိုင္တဲ႔ အရာေတြ၊ မကူညီနိုင္တဲ႔အရာေတြကို မျငင္းႏိုင္ပဲ လုပ္ေပးေနမယ္ဆိုရင္ေတာ့ အရာအားလံုးဟာ သင့္ပခံုးေပၚေရာက္လာျပီး၊ အရမ္းေလးလာတဲ့ တေန႔က်မွ သင္စိတ္ညစ္လာပါလိမ့္မယ္။

သင္က အရမ္းကူညီတတ္သူ၊ ကူညီျခင္းေၾကာင့္ လံုး၀စိတ္မညစ္သူဆိုရင္ေတာ့ သင့္သေဘာပါ။ တခ်ိဳ႔ေတြက ကိုယ္မကူညီ ႏိုင္တဲ့အရာကို အားနာတဲ့စိတ္နဲ႔ကူညီလိုက္မယ္ဆိုရင္ သင္ပဲစိတ္ညစ္ရမွာပါ။ ကူညီႏိုင္တဲ့ အရာေေတြကို အစြမ္းကုန္ကူညီပါ၊ ျငင္းဖို႔လိုအပ္တဲ့ အခါမွာလဲ အားမနာပဲ ျငင္းပစ္ပါ။ မိမိ မလုပ္ခ်င္တဲ့ အရာတစ္ခုကို သေဘာတူလိုက္ျခင္းက မိမိကိုယ္ကို ညာသလို အျခားသူကိုလည္းညာလိုက္သလိုပါပဲ။

No လို့ေျပာတဲ႔ေနရာမွာလဲ ရိုင္းျပစြာ မေျပာဆိုပဲ ယဥ္ေက်းစြာျပန္ေျပာနိုင္မဲ့ နည္းလမ္းေလးေတြ ရွိပါတယ္။ ဥပမာသင့္ကို တစ္ေယာက္ေယာက္က အကူအညီေတာင္းတယ္ဆိုရင္ မကူညီနိုင္ဘူး ဆိုရင္ no လို႔ တံုးတိမေျပာပဲ သင့္အတြက္အဆင္မေျပ ႏိုင္ောကာင္းကို ေသခ်ာရွင္းျပျပီး တျခားအကူအညီေပးႏိုင္မဲ့ သူတစ္ေယာက္ေယာက္ကို လမ္းညႊန္ေပးႏိုင္ပါတယ္။ ဘယ္လိုအေန အထားမ်ိဳးမွာ no လို့ေျပာရမလဲဲဆိုတာကေတာ့ သင့္အေပၚမွာ ပဲမူတည္ပါတယ္။

သူမ်ားေတြကို အျမဲစိတ္ခ်မ္းးသာေအာင္ ကူညီဖို႔ဆိုရင္ သင္ကိုယ္တိုင္ အရင္စိတ္ခ်မ္းသာေနမွ ရမွာပါ။ သူမ်ားေတြကို ဂရုစိုက္မယ္ဆိုရင္သူကိုယ္သင္အရင္ဂရုစိုက္ပါ။ လူတိုင္းသေဘာက်ေအာင္အျမဲ yes လုပ္ေနရင္ေတာ့ သင္လိုုခ်င္တဲ့ပန္းတိုင္ေရာက္မွာ မဟုတ္ပါဘူး။ သင့္ဆံုးျဖတ္ခ်က္ေတြေကာင္းရင္ ေကာင္းသလို သင့္ဘ၀ဟာလည္း တိုးတတ္ေကာင္းမြန္လာႏိုင္မွာပါ ျဖစ္ပါတယ္။

https://www.sayar.com.mm/

Read times Last modified on Thursday, 26 March 2020 10:51
Rate this articles
(2 votes)