×
Warning
JUser: :_load: Unable to load user with ID: 81428
Success
Saturday, 18 April 2020
အောင်မြင်သူ ဒါရိုက်တာကြီး Steven Spielberg အကြောင်း
ဒါရိုက်တာဆိုတာ ကတော့ King of the set ပါ ဇာတ်ကားတစ်ကားလုံးရဲ့ အဓိကသော့ချက်အခရာဆိုလည်းမမှားပါဘူးထိုဒါရိုက်တာကတော်နေမှသာလျှင်ထိုဇာတ်ကားက ကားကောင်းတစ်ကားဖြစ်မှာမလွဲဧကန်ပါပဲ။
ထိုကဲ့သို့သော အရည်အချင်းရှိဒါရိုက်တာတွေထဲမှာမှ Steven Spielberg အကြောင်းကိုသေချာဂဂနနရေးဖို့ စိတ်ကူးရခဲ့ပါတယ်။Steven Spielberg ကတော့ ET,Indiana Jones,Jarassic Park,Jaws,The Terminal ,Ready Player One,Poltergeist , war horse, Minority report , The Post ,A.I. Artificial Intelligence တို့ရဲ့ ဒါရိုက်တာကြီးပါ။
သူ့နာမည်အရင်းက Steven Allan Speilberg ပါ ။ nick name က Steven ပါ ။ သူပာာ DreamWorks Studios ရဲ့ co-founder တစ်ဦးပါ။သူ့ကိုDecember 18, 1946အမေရိကနိုင်ငံ အိုဟိုင်းရိုး မှာမွေးပါတယ်ယခုဆိုအသက် ၇၃ နှစ်ရှိပါပြီ။
California state university မှာတက်ခဲ့ပြီး ကျောင်းမပြီးခင်ကျောင်းထွက်ခဲ့သူပါ။သူ့အဖေ Arnold ဟာ လျှပ်စစ်အင်ဂျင်နီယာတစ်ယောက်ပါ သူ့အမေ Leah ဟာ စားသောက်ဆိုင်တခုမှာအလုပ်လုပ်သူပါ သာမန်မိသားစုလေးက မွေးဖွားလာသူပါ။
ထိုဒါရိုက်တာကြီးဟာ သူ့ရိုက်ကွင်းက သရုပ်ဆောင်တွေ , ကင်မရာသမားတွေ , စက်မှု့ပညာရှင်သမားတွေ အပြင်ဇာတ်လမ်းဇာတ်ညွန်းနဲ့နောက်ခံဂီတ သမားတွေနဲ့ကအစ တစ်သားထဲဖြစ်အောင်လုပ်ယူတတ်တဲ့ ဒါရိုက်တာကြီးရယ်လို့နာမည်ကြီးလှပါတယ်။
Steven ဟာ James Bond ဇာတ်ကားကို ရိုက်ဖို့သူ့ကို ၂ ကြိမ်ကမ်းလှမ်းတာ ၂ ကြိမ်လုံးပယ်ချခဲ့ဖူးပါတယ်။သူဟာခွေးချစ်တဲ့လူပါ သူ့မှာခွေးလေးတစ်ကောင်ရှိခဲ့ပါတယ် အဲ့ခွေးလေးကိုသူ့ကားတော်တော်များများမှာထည့်ရိုက်ဖူးတယ်။သူဟာငယ်ငယ်ထဲက ကော်ဖီမုန်းသူပါ လုံးဝမသောက်တတ်ပါဘူးတဲ့။
Steven ဟာ PG-13 ကိုထည့်သင့်တယ်ဆိုပြီး ပြောခဲ့သူပါ သူ့လုပ်ရက်မှန်ကန်ခဲ့ပါတယ် PG-13 ဆိုတာ ၁၃ နှစ်အထက်ကလေးတွေကိုမိဘတွေစိတ်ချလက်ချပေးကြည့်နိုင်တယ်ဆိုတဲ့အဓိပ္ပါယ်ပဲဖြစ်ပါတယ်။
Steven ဟာ Clapper က ကလက်ရိုက်ပြီဆိုတာနဲ့သရုပ်ဆောင်တွေနဲ့အတူစီးမြောတတ်တဲ့သူကြီးပါ။သူဟာ Schindler's list ကားကရတဲ့ငွေတွေကို Blood money လို့ပြောပြီး Shoah foundation ကိုလုပ်ခဲ့ပါတယ် ထိုကားရိုက်နေစဉ်မှာလဲ စိတ်ကျခဲ့ပါသေးတယ်တဲ့။
ဒါရိုက်တာကြီးဟာ အထက်တန်းကျောင်းသားအရွယ် ၁၆ နှစ်သားနဲ့ သူ့ကျောင်းကသူငယ်ချင်းတွေနဲ့သူ့အိမ်ကဂိုထောင်ကို studio လုပ်ပြီး ရုပ်ရှင်စရိုက်ခါ Phonix little theatre မှာစပြသခဲ့သူပါ။
သူဟာငယ်ငယ်က ကင်းထောက်လူငယ်လုပ်ခဲ့ဖူးပါတယ်။သူဟာငယ်ငယ်က ကျောင်းကနေ universal studio ကိုလေ့လာရေးသွားချိန် အဲ့က editor တွေနဲ့တည့်အောင်ဝင်ပေါင်းပြီး ရုပ်ရှင်ရိုက်ကူးရေးဆိုင်ရာသူသိချင်တာတွေကိုမေးခဲ့ဖူးပါတယ်တဲ့။
သူဟာငယ်ငယ်က ကျောင်းမှာ ဦးနှောက်ချို့ယွင်းနေတဲ့ကလေး စာသင်ရင်စာမှတ်မရတဲ့ကလေးဆိုပြီးအမြဲ အလှောင်အပြောင်ခံခဲ့ရသူပါ။တခါတလေကျ ကိုယ်ထိလက်ရောက်လုပ်ခံခဲ့ရတာတွေရှိသလိုနှာခေါင်းသွေးယိုတဲ့အထိဖြစ်ခဲ့ဖူးပါတယ်တဲ့။
သူ့ကိုငပျင်းငကြောင်အမြဲအပြောခံနေရပေမဲ့ သူဟာသူ့ငယ်ဘဝမှာထိုအရာတွေကိုဂရုမစိုက်နိုင်ပဲရုပ်ရှင်တွေကသာသူ့စိတ်ခံစားချက်တွေကိုကောင်းမွန်စေခဲ့တာပါတဲ့။သူအထက်တန်းကျောင်းသားအရွယ်မှာ ကျောင်းနားချိန်တွေကို Universal studios မှာ Editor ရဲ့ intern အဖြစ်အလုပ်လုပ်ဖူးပါတယ်။
သူဟာလူမျိုးရေးမခွဲခြားတတ်တဲ့လူတော်ဒါရိုက်တာကြီးပါ။Spielberg ကတကယ်သိတကယ်ရှာဖွေတတ်တဲ့လူပါ ကမ္ဘာတစ်ဝှမ်းက သရုပ်ဆောင်တွေအကုန်နီးပါးကိုသူကအမြဲအချိန်ပေးကြည့်နေတတ်သူပါတဲ့။
Bollywood လောကရဲ့ တကယ်တော်တဲ့ ဗီလိန်မင်းသား Amrish Puri ကို Indiana Jones and the Temple of Doom မှာ Mola Ram ဆို Role ပေးပြီးခေါ်ရိုက်ထားတာသာကြည့်ပါ။မကြာသေးခင်ကမှသူ့ ရဲ့ Ready Player One ကားမှာမြန်မာနိုင်ငံသားတစ်ဦးပါထားတယ်လို့သိရပါတယ်။
ဒါရိုက်တာကြီး ပာာ သူလူငယ်ဘဝကသာ Adventure ဆန်ဆန် Action ကားမျိုးတွေရိုက်ခဲ့ပေမဲ့ ယနေ့ခေတ်သူလူကြီးပိုင်းအရွယ် ရောက်လာတဲ့ အခါ မှာ သူကိုယ်တိုင်ဟာ Bridge of spies လိုကားမျိုးတွေရိုက်ရတာပိုစိတ်တိုင်းကျ လာပါတယ်တဲ့။
သူရိုက်ထားတဲ့ Jurassic world တို့ Jaw တို့လိုကားမျိုးဆို ဒါရိုက်တာကြီးဟာအမြန်ရိုက်ချက် Quick pan တွေကိုကအစဂရုတစိုက်ကြည့်ခဲ့ပုံရပါတယ်။သူရဲ့ Saving Pravite Ryan ကားက Nilan brothers ဆိုတဲ့ဒုတိယကမ္ဘာစစ်မှာ၄ယောက်လုံးစစ်မှု့ထမ်းခဲ့တဲ့ ညီအကိုလေးယောက်ကိုအခြေခံထားတာပါ။Leonardo သရုပ်ဆောင်တဲ့ catch me if you can ကားကို FRANK ABAGNALE, JR ကလက်ခံပြီးအေးဆေးပါပဲတဲ့။သူပာာ Saving Pravite Ryan ရယ်နောက် Schindler's list ရယ်နဲ့ Oscar နှစ်ဆုရထားသူပါ။
Steven Spielberg ဟာ ပထမ မိန်းမ Amy Irving နဲ့ပျက်စဲခဲ့ပြီးတဲ့နောက်မှာ Indiana Jones and the Temple of Doom ထဲကမင်းသမီး Kate Capshaw နဲ့လက်ထပ်ယူခဲ့ပါတယ်။ယခုသူ့မှာသားသမီး ၇ ယောက်ရှိပါတယ်။
တကယ်တော်တဲ့ ဒါရိုက်တာကြီးပါ ဟောလိဝုဒ်ရုပ်ရှင်ခေတ်သစ်လောကကိုအစပြုခဲ့တဲ့ထဲသူကိုယ်တိုင်ပါဝင်ခဲ့သူပါ။
<<< Zawgyi >>> 
အောင်မြင်ခဲ့သူ ဒါရိုက်တာကြီး Steven Spielberg အကြောင်း
------------------
Ref : Wiki
Read times Last modified on Saturday, 18 April 2020 17:52
Rate this articles
(0 votes)