×

Warning

JUser: :_load: Unable to load user with ID: 81428


Success

Wednesday, 01 April 2020

အောင်မြင်သူတို့ ကျူးလွန်လေ့မရှိသောအမှားများ

အောင်မြင်သူတို့ ကျူးလွန်လေ့မရှိသောအမှားများ google

ကျွန်တော်တို့ ဖြတ်သန်းလာသောဘဝခရီး တစ်လျှောက်တွင် အလုပ်တော်တော်များများလုပ်ခဲ့ဖူးပါလိမ့်မယ်။ အဲ့လို ဖြတ်သန်းခဲ့တဲ့ ဘဝတစ်လျှောက်တွင်လည်း လူတော်တော်များများနဲ့ တွေ့ဆုံခဲ့ဖူးကြမှာပါ။

တစ်ချိန်ထဲတွင် ကြီးပွားနိုင်လောက်တဲ့ အရည်အချင်းတွေရှိပါလျက်နဲ့ မကြီးပွားဘဲ ဖြစ်သလို စခန်းသွား နေရသူပေါင်းများစွာကိုလည်း တွေ့ဆုံဖူးမယ် လို့ထင်ပါတယ်။ ညဏ်စွမ်း၊ ညဏ်စ နှင့် အရည်အချင်းတွေ တူညီပါလျက်နှင့် အချို့က ဘာကြောင့် အကြီးအကျယ် အောင်မြင်တိုးတတ်သွားကြပြီး အချို့က ဘာကြောင့်ဆင်းရဲနေကြရတာလဲ။

တကယ်တော့ ဤကိစ္စသည် ကံတရားနဲ့လည်းဆိုင်ပါလိမ့်မယ်။ သို့သော် များသောအားဖြင့် လူတွေသည် ကိုယ့်ကိုယ်ကို ကံမကောင်းအောင်လုပ်နေကြသောကြောင့် သာဖြစ်ပါတယ်။ ကိုယ့်ရဲ့ အောင်မြင်မှုကို ဟန့်တားနေသော စိတ်နေစိတ်ထားနှင့် အပြုအမူတို့ကို ကျင့်သုံးနေသောကြောင့်သာ ကံမကောင်းရခြင်းဖြစ်တယ်။
အခုပြောပြမယ့် အချက်လေးတွေကတော့ အောင်မြင်တဲ့သူတွေ လုပ်လေ့လုပ်ထ မရှိတဲ့ စိတ်နေစိတ်ထား နဲ့အပြုအမူတွေ ပဲဖြစ်ပါတယ်။ " မအောင်မြင်သူတို့၏ အေလေ့အထများ" လို့လည်းခေါ်နိုင်ပါတယ်။

(၁) မလိုအပ်ပဲ ငြင်းခုန်ခြင်း

မအောင်မြင်သူများသည် များသောအားဖြင့် မလိုအပ်ပဲအငြင်းသန်တတ်ကြပါတယ်။ အငြင်းသန်သူတွေကတော့ သူတို့အငြင်းသန်တာကိုပင် တော်သည်ဆိုကာ ကိုယ့်ကိုယ်ကို ဂုဏ်ယူတတ်ကြတယ်၊ အထင်ကြီးတတ်ကြပါတယ်။ ဒါဟာမှားသောအယူအစ ပဲဖြစ်ပါတယ်။ တကယ်အလုပ်များသောသူများသည် သူတို့၏ အချိန်တွေကို ငြင်းခုန်ခြင်းဖြင့် ဖြုန်းတီးမပစ်တတ်ကြပါ။ ဒါကြောင့် နောက်ဆုံးမှာအငြင်းသန်သူတို့ သည် သူတို့လိုပဲ အငြင်းသန်သူတွေကြားရောက်သွားတတ်၏။ ဤသည်ကား အရှုံးသမားတို့၏ သွားရာလမ်းသာဖြစ်ပါတယ်။

 

(၂) မကောင်းသော စိတ်ထားရှိခြင်း

မအောင်မြင်သူတို့သည် မကြာခဏဆိုသလို မကောင်းမြင်စိတ်ထား ရှိတတ်ကြပါတယ်။ ထိုသူသူတို့သည် ကိုယ့်အလုပ်ကိုယ်လဲ သဘောမကျ၊ လောကကြီးကိုလည်း မကျေနပ်၊ ပတ်ဝန်းကျင်ကလူတွေကိုလည်း လူအ၊ လူညာ စသည်ဖြင့်ထင်တတ်ကြတယ်။ ကိုယ့်ကိုယ်ကို လည်းမယုံကြည်ကျ။ အလုပ်တစ်ခုကိုမလုပ်ခင်လည်း အရင်ဆုံး လက်လျော့တတ်ကြတယ်။အလုပ် လုပ်လျှင်လည်း အားပြည့်မာန်ပြည့် မလုပ်တတ်ကြပါဘူး။ တကယ်တော့ ထိုသူတို့သည် သူတို့ကိုယ်သူတို့ အရှုံးသမား တွေဖြစ်ကြောင်း ကြေညာနေကြခြင်းပင်ဖြစ်သည်။

 

(၃) သူတစ်ပါးအပေါ် မနာလိုစိတ်ရှိခြင်း

မအောင်မြင်သောသူများသည် မိမိကိုယ်တိုင်လည်း အောင်မြင်အောင်မကြိုးစားသလို သူတစ်ပါးအောင်မြင်လျှင်လည်း မနာလိုစိတ် ဖြစ်တတ်ကြတယ်။ ဒါ့အပြင် ကိုယ့်ရဲ့ အလုပ်တာဝန်ကိုယ် လည်းပြီးစီးအောင်မလုပ်ခြင်၊ သူများက ကိုယ့်ထက်သာ သွားပြန်ရင်လည်း မနာလိုကြပေ။ ဒါကြောင့် သင်ကအောင်မြင်ခြင်တဲ့ သူတစ်ယောက်ဆိုရင်တော့ သူတစ်ပါးအပေါ် အဲ့လိုစိတ် မျိုးမထားသင့်ပါဘူး။

 

(၄) မိမိ ကိုယ်ကိုယ်ကို အပြစ်တင် တတ်ခြင်း

အများစုက သူတို့လိုချင်တဲ့အရာ မရတဲ့အခါ၊ ဖြစ်ချင်တာတွေ မဖြစ်ရတဲ့အခါတွေ၊ အမှားလုပ်မိတဲ့ အခါတွေမှ သူတို့ကိုယ် သူတို့အပြစ်တင် လေ့ရှိကြပါတယ်။ အောင်မြင်တဲ့ သူတွေကအဲ့လိုမလုပ်ကြပါဘူး။ သူတို့ အမှားတွကို သူတို့လက်ခံတယ်၊ ကျရှုံးတဲ့ အခါမှာလည်း စိတ်ဓာတ်မကျပဲ အဲ့ဒီအမှားတွေကနေ သင်ယူပြီး အကောင်းဆုံး ကြိုးစားလေ့ ရှိကြပါတယ်။

             "ကျရှုံးတဲ့ သူတွေက အဖြစ်အပျက်တွေ ဖြစ်ထွန်းလာတာကို စောင့်မျှော်ကြတယ်
                 အောင်မြင်တဲ့သူတွေက အဖြစ်အပျက်တွေ ဖြစ်ထွန်းအောင် လုပ်ဆောင်ကြတယ်"

(Zaw gyi )

90251442 832926683874316 4730726126572273664 n

 

Recommended for you: လူတစ်ယောက်မှာ အကောင်းမြင်တတ်တဲ့ စိတ်ရှိဖို့ကဘာကြောင့်အရေးကြီးတာလဲ ?

register

ေအာင္ျမင္သူတို႔ က်ဴးလြန္ေလ့မရွိေသာအမွားမ်ား

 

ကၽြန္ေတာ္တို႔ ျဖတ္သန္းလာေသာဘ၀ခရီး တစ္ေလ်ွာက္တြင္ အလုပ္ေတာ္ေတာ္မ်ားမ်ားလုပ္ခဲ့ဖူးပါလိမ့္မယ္။ အဲ့လို ျဖတ္သန္းခဲ့တဲ့ ဘ၀တစ္ေလ်ွာက္တြင္လည္း လူေတာ္ေတာ္မ်ားမ်ားနဲ့ ေတြ့ဆံုခဲ့ဖူးၾကမွာပါ။ တစ္ခ်ိန္ထဲတြင္ ၾကီးပြားႏိုင္ေလာက္တဲ့ အရည္အခ်င္းေတြရွိပါလ်က္နဲ့ မၾကီးပြားဘဲ ျဖစ္သလို စခန္းသြား ေနရသူေပါင္းမ်ားစြာကိုလည္း ေတြ႕ဆံုဖူးမယ္ လို႔ထင္ပါတယ္။ ညဏ္စြမ္း၊ ညဏ္စ ႏွင့္ အရည္အခ်င္းေတြ တူညီပါလ်က္ႏွင့္ အခ်ိဳ႔က ဘာေၾကာင့္ အၾကီးအက်ယ္ ေအာင္ျမင္တိုးတတ္သြားၾကျပီး အခ်ိဳ႔က ဘာေၾကာင့္ဆင္းရဲေနၾကရတာလဲ။

တကယ္ေတာ့ ဤကိစၥသည္ ကံတရားနဲ႔လည္းဆိုင္ပါလိမ့္မယ္။ သို႔ေသာ္ မ်ားေသာအားျဖင့္ လူေတြသည္ ကိုယ့္ကိုယ္ကို ကံမေကာင္းေအာင္လုပ္ေနၾကေသာေၾကာင့္ သာျဖစ္ပါတယ္။ ကိုယ့္ရဲ႔ ေအာင္ျမင္မႈကို ဟန့္တားေနေသာ စိတ္ေနစိတ္ထားႏွင့္ အျပဳအမူတို႔ကို က်င့္သံုးေနေသာေၾကာင့္သာ ကံမေကာင္းရျခင္းျဖစ္တယ္။
အခုေျပာျပမယ့္ အခ်က္ေလးေတြကေတာ့ ေအာင္ျမင္တဲ့သူေတြ လုပ္ေလ့လုပ္ထ မရွိတဲ့ စိတ္ေနစိတ္ထား နဲ႔အျပဳအမူေတြ ပဲျဖစ္ပါတယ္။ " မေအာင္ျမင္သူတို႔၏ အေေလ့အထမ်ား" လို႔လည္းေခၚႏိုင္ပါတယ္။



(၁) မလိုအပ္ပဲ ျငင္းခုန္ျခင္း

မေအာင္ျမင္သူမ်ားသည္ မ်ားေသာအားျဖင့္ မလိုအပ္ပဲအျငင္းသန္တတ္ၾကပါတယ္။ အျငင္းသန္သူေတြကေတာ့ သူတို႔အျငင္းသန္တာကိုပင္ ေတာ္သည္ဆိုကာ ကိုယ့္ကိုယ္ကို ဂုဏ္ယူတတ္ၾကတယ္၊ အထင္ၾကီးတတ္ၾကပါတယ္။ ဒါဟာမွားေသာအယူအစ ပဲျဖစ္ပါတယ္။ တကယ္အလုပ္မ်ားေသာသူမ်ားသည္ သူတို႔၏ အခ်ိန္ေတြကို ျငင္းခုန္ျခင္းျဖင့္ ျဖဳန္းတီးမပစ္တတ္ၾကပါ။ ဒါေၾကာင့္ ေနာက္ဆံုးမွာအျငင္းသန္သူတို႔ သည္ သူတို႔လိုပဲ အျငင္းသန္သူေတြၾကားေရာက္သြားတတ္၏။ ဤသည္ကား အရံႈးသမားတို႔၏ သြားရာလမ္းသာျဖစ္ပါတယ္။

 

(၂) မေကာင္းေသာ စိတ္ထားရွိျခင္း

မေအာင္ျမင္သူတို႔သည္ မၾကာခဏဆိုသလို မေကာင္းျမင္စိတ္ထား ရွိတတ္ၾကပါတယ္။ ထိုသူသူတို႔သည္ ကိုယ့္အလုပ္ကိုယ္လဲ သေဘာမက်၊ ေလာကၾကီးကိုလည္း မေက်နပ္၊ ပတ္၀န္းက်င္ကလူေတြကိုလည္း လူအ၊ လူညာ စသည္ျဖင့္ထင္တတ္ၾကတယ္။ ကိုယ့္ကိုယ္ကို လည္းမယံုၾကည္က်။ အလုပ္တစ္ခုကိုမလုပ္ခင္လည္း အရင္ဆံုး လက္ေလ်ာ့တတ္ၾကတယ္။အလုပ္ လုပ္လ်ွင္လည္း အားျပည့္မာန္ျပည့္ မလုပ္တတ္ၾကပါဘူး။ တကယ္ေတာ့ ထိုသူတို႔သည္ သူတို႔ကိုယ္သူတို႔ အရႈံးသမား ေတြျဖစ္ေၾကာင္း ေၾကညာေနၾကျခင္းပင္ျဖစ္သည္။

 

(၃) သူတစ္ပါးအေပၚ မနာလိုစိတ္ရွိျခင္း

မေအာင္ျမင္ေသာသူမ်ားသည္ မိမိကိုယ္တိုင္လည္း ေအာင္ျမင္ေအာင္မၾကိဳးစားသလို သူတစ္ပါးေအာင္ျမင္လ်ွင္လည္း မနာလိုစိတ္ ျဖစ္တတ္ၾကတယ္။ ဒါ့အျပင္ ကိုယ့္ရဲ႔ အလုပ္တာ၀န္ကိုယ္ လည္းျပီးစီးေအာင္မလုပ္ျခင္၊ သူမ်ားက ကိုယ့္ထက္သာ သြားျပန္ရင္လည္း မနာလိုၾကေပ။ ဒါေၾကာင့္ သင္ကေအာင္ျမင္ျခင္တဲ့ သူတစ္ေယာက္ဆိုရင္ေတာ့ သူတစ္ပါးအေပၚ အဲ့လိုစိတ္ မ်ိဳးမထားသင့္ပါဘူး။

 

(၄) မိမိ ကိုယ္ကိုယ္ကို အျပစ္တင္ တတ္ျခင္း

အမ်ားစုက သူတို႕လိုခ်င္တဲ့အရာ မရတဲ့အခါ၊ ျဖစ္ခ်င္တာေတြ မျဖစ္ရတဲ့အခါေတြ၊ အမွားလုပ္မိတဲ့ အခါေတြမွ သူတို႔ကိုယ္ သူတို႔အျပစ္တင္ ေလ့ရွိၾကပါတယ္။ ေအာင္ျမင္တဲ့ သူေတြကအဲ့လိုမလုပ္ၾကပါဘူး။ သူတို႔ အမွားတြကို သူတို႔လက္ခံတယ္၊ က်ရႈံးတဲ့ အခါမွာလည္း စိတ္ဓာတ္မက်ပဲ အဲ့ဒီအမွားေတြကေန သင္ယူျပီး အေကာင္းဆံုး ၾကိဳးစားေလ့ ရွိၾကပါတယ္။

             "က်ရႈံးတဲ့ သူေတြက အျဖစ္အပ်က္ေတြ ျဖစ္ထြန္းလာတာကို ေစာင့္ေမ်ွာ္ၾကတယ္
             ေအာင္ျမင္တဲ့သူေတြက အျဖစ္အပ်က္ေတြ ျဖစ္ထြန္းေအာင္ လုပ္ေဆာင္ၾကတယ္"

 

https://www.sayar.com.mm/

Read times Last modified on Wednesday, 01 April 2020 09:48
Rate this articles
(1 Vote)