×

Warning

JUser: :_load: Unable to load user with ID: 81428


Success

Wednesday, 22 January 2020

ထက်မြက်ထူးချွန်တဲ့ လူငယ်ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်အောင် ဘာလိုskill တွေလိုအပ်သလဲ

ထက်မြက်ထူးချွန်တဲ့ လူငယ်ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်အောင် ဘာလိုskill တွေလိုအပ်သလဲ google

အသက်၂၀ ကျော် လာပြီဆိုတာနဲ့ တချို့ကလည်း ဘွဲ့ရ၊တချို့ကလည်း၊ လုပ်ငန်းခွင်တွေဝင်နေကြပါပြီ။

ဘွဲ့ရတဲ့ လူငယ်တွေ အတွက်ကလည်း ဘဝရဲ့အချိုးကွေ့တစ်ခုလိုပါပဲ။ ဘွဲ့ရပြီးတာနဲ့ ကိုယ်ရဲ့ အသက်မွေးဝမ်းကြောင်းအလုပ်ကို ကိုယ်ကိုယ်တိုင်ရွေးချကြရတော့မှာဖြစ်ပါတယ်။ ဘယ်လုပ်ငန်းခွင်ကိုပဲဝင်ဝင် လူငယ်တွေ အနေနဲ့ မဖြစ်မနေရှိသင့်တဲ့ အရည်အချင်း အချို့ကိုဖော်ပြပေးချင်ပါတယ်.....

(၁) မိတ်ဆွေအပေါင်းသင်းဖွဲ့ခြင်း

ကိုယ်မသိတဲ့ သူစိမ်းတွေနဲ့ မိတ်ဆွေအပေါင်းအသင်းဖွဲ့ရတယ်ဆိုတာ မလွယ်လှပါဘူး။ လူတော်တော်များများ တွန့်ဆုတ်တတ်ကြပါတယ်။

ဒါပေမဲ့ မိတ်ဆွေအပေါင်းအသင်းဖွဲ့ခြင်းဆိုတာဟာ အောင်မြင်တဲ့သူတစ်ယောက် ဖြစ်စေတဲ့ အရည်အချင်းထဲ ပါနေပါတယ်။

ဒါကြောင့် သူများနဲ့မတူ အောင်မြင်ချင်တယ်ဆိုရင် ကြောက်ရွံ့နေတဲ့ လူများစုထဲ ကိုယ်မပါပါစေနဲ့တော့။


ဘယ်လိုကြိုးစားရမလဲ – အခုချိန်ကစပြီး ဖြစ်နိုင်သမျှ လူအားလုံးနဲ့ အပေါင်းအသင်းဖွဲ့ပါ။ အပေါင်းအသင်းများလာသလောက် အခွင့်အလမ်းတွေလည်း ပိုများလာပြီး မျက်စိ၊ နား ပိုပွင့်လာပါလိမ့်မယ်။


(၂) Presentation skills

လူအများရှေ့မှာ စကားပြောရဖို့ကို လူအများစု ကြောက်ရွံ့တတ်ကြပါတယ်။ ဒါပေမယ့် အောင်မြင်နေတဲ့သူတွေကတော့ ဘယ်တော့မှ မကြောက်ရွံ့ပါဘူး။
သူတို့ပေးချင်တဲ့ မက်ဆေ့ချ် သူတို့မျှဝေချင်တဲ့ အကြောင်းအရာတွေကို အကြောက်တရားမရှိ တည်တည်ငြိမ်ငြိမ် presentation လုပ်နိုင်ကြပါတယ်။
လူအများရှေ့ စကားရဲရဲပြောရဲတာဟာ sales ရောင်းတဲ့အခါမှာပဲဖြစ်ဖြစ်၊ ကိုယ့်ရဲ့အသက်မွေးဝမ်းကြောင်းတိုးတက်မှုအတွက်ပဲဖြစ်ဖြစ်၊ မီတင်မှာပဲဖြစ်ဖြစ် အထောက်အကူဖြစ်စေပါတယ်။

ပြောရဲအောင် ဘယ်လိုလေ့ကျင့်မလဲ – ကဲအခုချိန်ကစပြီး လူတွေရှေ့မှာ များများလေ့ကျင့်ပါ။ အိမ်မှာဆို မှန်ကြည့်ရင်း စကားပြောလေ့ကျင့်ပါ။

ကိုယ့်မျက်နှာကို မှန်ထဲမြင်နေရတာမို့ ကိုယ့်ကို သူများက ကြည့်နေသလိုခံစားရတော့ လူတွေအများကြီးရှေ့ရောက်လည်း တည်တည်ငြိမ်ငြိမ် ပြောနိုင်ပါလိမ့်မယ်။

ကြောက်စိတ်ကို ကျော်လွှားဖို့အကောင်းဆုံးနည်းလမ်းက ကိုယ်ကြောက်တဲ့အရာတွေကို ပုံမှန်ထက် (၂) ဆ ပိုလေ့ကျင့်ပေးခြင်းပါပဲ။


(၃) Business Writing

အခုခေတ်မှာ စီးပွားရေးလုပ်ငန်း တစ်ခုနဲ့ တစ်ခုပဲဖြစ်ဖြစ် ဋ္ဌာနအချင်းချင်းပဲဖြစ်ဖြစ် အီးမေးလ်ပို့တဲ့အခါ အင်္ဂလိပ်လိုပဲ ပို့ကြတာမို့ စီးပွားရေးသုံး အင်္ဂလိပ်စာဟာလည်း တတ်ထားသင့်တဲ့ အရည်အချင်းတစ်ခုထဲမှာ ပါဝင်နေပါတယ်။

ကိုယ်က အီးမေးလ်ကို ချက်ကျလက်ကျ ပို့တတ်ခြင်းဟာလည်း အောင်မြင်တဲ့ သူတစ်ယောက်မှာရှိသင့်တဲ့ အရည်အချင်းပါပဲ။

ဘယ်လိုအရေးကျင့်မလဲ – ဒါကျတော့ အင်္ဂလိပ်စာလေ့လာတာနဲ့ နည်းနည်းဆိုင်သွားပါပြီ။ လုပ်ငန်းခွင်ထဲ ရောက်နေပြီဆိုရင် ကိုယ့်လုပ်ငန်းအတွက် သင့်လျော်မယ့် အင်္ဂလိပ်စာ ရေးသားနည်း၊

အီးမေးလ်ကို ပရော်ဖက်ရှင်နယ်လ်ကျကျသုံးနည်း စတာတွေကိုလည်း စနစ်တကျ လေ့လာထားဖို့ လိုလာပါပြီ။ ဒီလိုလေ့လာတဲ့အခါ လုပ်ငန်းခွင်သုံး အရေးအသားတွေကို

သီးသန့်သင်ကြားပေးတဲ့ သင်တန်းတွေရှိသလို ကိုယ်တိုင်လည်း လေ့လာလို့ရပါတယ်။


(၄) Communication ပေါင်းသင်းဆက်ဆံတတ်ခြင်း)


ကိုယ့်အဖွဲ့သားတွေနဲ့ Communicate (ပြောဆိုဆက်ဆံ) တဲ့အခါမှာ မှန်ကန်တဲ့နည်းလမ်းနဲ့ ပြောတတ်ဖို့ကလည်း ခေါင်းဆောင်ကောင်းတစ်ယောက်မှာ ရှိသင့်တဲ့အရည်အချင်းတစ်ခုပါပဲ။

အစည်းအဝေးထိုင်တဲ့အခါမျိုးမှာ တစ်ဖက်သူပြောတာကို အလေးပေး နားထောင်ပေးတတ်ခြင်း၊ မိမိအမြင်ကို ရှင်းရှင်းအေးအေးပြောပြတတ်ခြင်း၊

ပြဿနာဖြစ်တဲ့အခါမှာ စိတ်အေးအေးနဲ့ ပြဿနာအရင်းမြစ်ကို ရှာပြီး ပြောပြတတ်ခြင်း၊ မိမိ အဖွဲ့သားအပေါ် Feedback (ထင်မြင်ချက်) ပေးခြင်း စတဲ့ Communication Skill တွေကို လေ့လာထားသင့်ပါတယ်။

ဘယ်လိုပြောရမလဲ – အရင်ဆုံး နားထောင်တတ်အောင် လေ့ကျင့်ပါ။ ကိုယ်ပြောချင်တာကို စွတ်ပြောချလိုက်တာမျိုး မဟုတ်ဘဲ တစ်ဘက်လူမှာ ဘယ်လို အကြောင်းပြချက်တွေ ရှိနေမလဲ၊

ဘာကြောင့်လဲ၊ သူ့မှာ ဘာပြောစရာတွေ ရှိနေမလဲ ဆိုတာမျိုးကို အရင်နားထောင်တတ်ပါစေ။ နောက်တစ်ဆင့် စိတ်အေးအေး ထားတတ်အောင် လေ့ကျင့်ပါ။

တစ်ခုခုဆို သွေးပူပြီး ဆုံးဖြတ်ချက်ကို အလောတကြီးချလိုက်တာမျိုးထက် ခေါင်းအေးအေးနဲ့ စဉ်းစားပြီး ဘက်မျှတွေးတတ်အောင် လေ့ကျင့်ပါ။

အပေါ်ယံတင်လေး မကြည့်ဘဲ တကယ့် ပြဿနာရဲ့ အတွင်းကျကျ အရင်းအမြစ်ကို ရှာတတ်ဖို့လည်း အကျင့်လုပ်ယူပါ။ စကားပြောရာမှာလည်း လောပြီး ပြောတာမျိုး မဟုတ်ဘဲ အေးအေးဆေးဆေး ပြောတတ်တဲ့ အကျင့်ကို မွေးမြူပါ။


(၅) Technical Skills

ဒီနေ့ခေတ်မှာ အရာအားလုံးက နည်းပညာနဲ့ တော်တော်များများ သက်ဆိုင်လာတာမို့ ကိုယ်ခေါင်းဆောင်ရမယ့် သက်ဆိုင်ရာ နယ်ပယ်နဲ့ ပတ်သက်တဲ့ နည်းပညာ မှန်သမျှကို အနည်းဆုံး အကြမ်းဖျဉ်းလောက်တော့ တီးမိခေါက်မိရှိနေရပါမယ်။ အသေးစိတ် ကျွမ်းရင်တော့ ပိုကောင်းတာပေါ့နော်။


ဘယ်လို သင်ယူမလဲ – ဒါကတော့ အလုပ်ကသင်သွားမယ်လို့ပဲ ဆိုရမလို ကိုယ့်ရဲ့ ကြိုးစားမှုကလည်း လိုပါသေးတယ်။

တချို့အလုပ်ခွင်တွေမှာတော့ လုပ်ငန်းခွင်အတွက် လိုအပ်တဲ့ အရည်အသွေးတွေ ပြည့်လာအောင် သင်ပေးတာမျိုး ရှိတတ်ပါတယ်။ တချို့လုပ်ငန်းတွေမှာတော့ သင်ပေးဖို့ မရှိဘဲ အရည်အသွေးပြည့်နေသူတွေကိုသာ ရွေးချယ်တတ်တာမို့ ကိုယ့်ဘက်က ကြိုတင်ပြီး အရည်အသွေးပြည့်နေတာသာ အကောင်းဆုံးပါ။

ဒီတော့ ကိုယ်က ဘယ်လုပ်ငန်းခွင်ထဲမှာ ရှိနေတာလဲ? ဘယ်လို အလုပ်မျိုးကို လုပ်ချင်တာလဲ ဆိုတဲ့ပေါ် မူတည်ပြီး လိုအပ်တဲ့ သင်တန်းတွေ တက်တာမျိုး လုပ်ထားပါ။

အလေ့အကျင့် မပြတ်ပါစေနဲ့ဦး။ သင်တန်းတွေ တက်ပြီး ဆာတီဖီကိတ်ရတာနဲ့ ဆက်မလေ့ကျင့်တော့ဘူးဆိုလည်း အလကားပါပဲ။

လုပ်ငန်းခွင်ထဲမှာ ကိုယ့်ရဲ့ အရည်အချင်းတွေကို ထုတ်သုံးနိုင်ဖို့က အရေးအကြီးဆုံး မဟုတ်လား။


ကဲ ကိုယ့်ကိုယ်ကို ငယ်တယ်ဆိုပြီး comfort zone မှာ မနေနဲ့တော့နော်။ ထက်မြက်ထူးချွန်တဲ့ လူငယ်ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်အောင် အခုကတည်းက ကြိုတင်ကြိုးစားကြဖို့ တိုက်တွန်းချင်ပါတယ်။

Ref : Myat(for Her Myanmar)

 

(zawgyi)

ထက္ျမက္ထူးခြၽန္တဲ့ လူငယ္ေခါင္းေဆာင္ေကာင္းတစ္ေယာက္ျဖစ္ေအာင္ ဘာလုိskill ေတြလုိအပ္သလဲ

အသက္၂၀ ေက်ာ္ လာၿပီဆိုတာနဲ႔ တခ်ိဳ႕ကလည္း ဘြဲ႕ရ၊တခ်ိဳ႕ကလည္း၊ လုပ္ငန္းခြင္ေတြဝင္ေနၾကပါၿပီ။ ဘြဲ႕ရတဲ့ လူငယ္ေတြ အတြက္ကလည္း ဘဝရဲ႕အခ်ိဳးေကြ႕တစ္ခုလိုပါပဲ။ ဘြဲ႕ရၿပီးတာနဲ႔ ကိုယ္ရဲ႕ အသက္ေမြးဝမ္းေၾကာင္းအလုပ္ကို ကိုယ္ကိုယ္တိုင္ေ႐ြးခ်ၾကရေတာ့မွာျဖစ္ပါတယ္။ ဘယ္လုပ္ငန္းခြင္ကိုပဲဝင္ဝင္ လူငယ္ေတြ အေနနဲ႔ မျဖစ္မေနရွိသင့္တဲ့ အရည္အခ်င္း အခ်ိဳ႕ကိုေဖာ္ျပေပးခ်င္ပါတယ္.....

(၁) မိတ္ေဆြအေပါင္းသင္းဖြဲ႕ျခင္း

ကိုယ္မသိတဲ့ သူစိမ္းေတြနဲ႔ မိတ္ေဆြအေပါင္းအသင္းဖြဲ႕ရတယ္ဆိုတာ မလြယ္လွပါဘူး။ လူေတာ္ေတာ္မ်ားမ်ား တြန႔္ဆုတ္တတ္ၾကပါတယ္။

ဒါေပမဲ့ မိတ္ေဆြအေပါင္းအသင္းဖြဲ႕ျခင္းဆိုတာဟာ ေအာင္ျမင္တဲ့သူတစ္ေယာက္ ျဖစ္ေစတဲ့ အရည္အခ်င္းထဲ ပါေနပါတယ္။

ဒါေၾကာင့္ သူမ်ားနဲ႔မတူ ေအာင္ျမင္ခ်င္တယ္ဆိုရင္ ေၾကာက္႐ြံ႕ေနတဲ့ လူမ်ားစုထဲ ကိုယ္မပါပါေစနဲ႔ေတာ့။


ဘယ္လိုႀကိဳးစားရမလဲ – အခုခ်ိန္ကစၿပီး ျဖစ္ႏိုင္သမွ် လူအားလုံးနဲ႔ အေပါင္းအသင္းဖြဲ႕ပါ။ အေပါင္းအသင္းမ်ားလာသေလာက္ အခြင့္အလမ္းေတြလည္း ပိုမ်ားလာၿပီး မ်က္စိ၊ နား ပိုပြင့္လာပါလိမ့္မယ္။


(၂) Presentation skills

လူအမ်ားေရွ႕မွာ စကားေျပာရဖို႔ကို လူအမ်ားစု ေၾကာက္႐ြံ႕တတ္ၾကပါတယ္။ ဒါေပမယ့္ ေအာင္ျမင္ေနတဲ့သူေတြကေတာ့ ဘယ္ေတာ့မွ မေၾကာက္႐ြံ႕ပါဘူး။
သူတို႔ေပးခ်င္တဲ့ မက္ေဆ့ခ်္ သူတို႔မွ်ေဝခ်င္တဲ့ အေၾကာင္းအရာေတြကို အေၾကာက္တရားမရွိ တည္တည္ၿငိမ္ၿငိမ္ presentation လုပ္ႏိုင္ၾကပါတယ္။
လူအမ်ားေရွ႕ စကားရဲရဲေျပာရဲတာဟာ sales ေရာင္းတဲ့အခါမွာပဲျဖစ္ျဖစ္၊ ကိုယ့္ရဲ႕အသက္ေမြးဝမ္းေၾကာင္းတိုးတက္မႈအတြက္ပဲျဖစ္ျဖစ္၊ မီတင္မွာပဲျဖစ္ျဖစ္ အေထာက္အကူျဖစ္ေစပါတယ္။

ေျပာရဲေအာင္ ဘယ္လိုေလ့က်င့္မလဲ – ကဲအခုခ်ိန္ကစၿပီး လူေတြေရွ႕မွာ မ်ားမ်ားေလ့က်င့္ပါ။ အိမ္မွာဆို မွန္ၾကည့္ရင္း စကားေျပာေလ့က်င့္ပါ။

ကိုယ့္မ်က္ႏွာကို မွန္ထဲျမင္ေနရတာမို႔ ကိုယ့္ကို သူမ်ားက ၾကည့္ေနသလိုခံစားရေတာ့ လူေတြအမ်ားႀကီးေရွ႕ေရာက္လည္း တည္တည္ၿငိမ္ၿငိမ္ ေျပာႏိုင္ပါလိမ့္မယ္။

ေၾကာက္စိတ္ကို ေက်ာ္လႊားဖို႔အေကာင္းဆုံးနည္းလမ္းက ကိုယ္ေၾကာက္တဲ့အရာေတြကို ပုံမွန္ထက္ (၂) ဆ ပိုေလ့က်င့္ေပးျခင္းပါပဲ။


(၃) Business Writing

အခုေခတ္မွာ စီးပြားေရးလုပ္ငန္း တစ္ခုနဲ႔ တစ္ခုပဲျဖစ္ျဖစ္ ႒ာနအခ်င္းခ်င္းပဲျဖစ္ျဖစ္ အီးေမးလ္ပို႔တဲ့အခါ အဂၤလိပ္လိုပဲ ပို႔ၾကတာမို႔ စီးပြားေရးသုံး အဂၤလိပ္စာဟာလည္း တတ္ထားသင့္တဲ့ အရည္အခ်င္းတစ္ခုထဲမွာ ပါဝင္ေနပါတယ္။

ကိုယ္က အီးေမးလ္ကို ခ်က္က်လက္က် ပို႔တတ္ျခင္းဟာလည္း ေအာင္ျမင္တဲ့ သူတစ္ေယာက္မွာရွိသင့္တဲ့ အရည္အခ်င္းပါပဲ။

ဘယ္လိုအေရးက်င့္မလဲ – ဒါက်ေတာ့ အဂၤလိပ္စာေလ့လာတာနဲ႔ နည္းနည္းဆိုင္သြားပါၿပီ။ လုပ္ငန္းခြင္ထဲ ေရာက္ေနၿပီဆိုရင္ ကိုယ့္လုပ္ငန္းအတြက္ သင့္ေလ်ာ္မယ့္ အဂၤလိပ္စာ ေရးသားနည္း၊

အီးေမးလ္ကို ပေရာ္ဖက္ရွင္နယ္လ္က်က်သုံးနည္း စတာေတြကိုလည္း စနစ္တက် ေလ့လာထားဖို႔ လိုလာပါၿပီ။ ဒီလိုေလ့လာတဲ့အခါ လုပ္ငန္းခြင္သုံး အေရးအသားေတြကို

သီးသန႔္သင္ၾကားေပးတဲ့ သင္တန္းေတြရွိသလို ကိုယ္တိုင္လည္း ေလ့လာလို႔ရပါတယ္။


(၄) Communication ေပါင္းသင္းဆက္ဆံတတ္ျခင္း)


ကိုယ့္အဖြဲ႕သားေတြနဲ႔ Communicate (ေျပာဆိုဆက္ဆံ) တဲ့အခါမွာ မွန္ကန္တဲ့နည္းလမ္းနဲ႔ ေျပာတတ္ဖို႔ကလည္း ေခါင္းေဆာင္ေကာင္းတစ္ေယာက္မွာ ရွိသင့္တဲ့အရည္အခ်င္းတစ္ခုပါပဲ။

အစည္းအေဝးထိုင္တဲ့အခါမ်ိဳးမွာ တစ္ဖက္သူေျပာတာကို အေလးေပး နားေထာင္ေပးတတ္ျခင္း၊ မိမိအျမင္ကို ရွင္းရွင္းေအးေအးေျပာျပတတ္ျခင္း၊

ျပႆနာျဖစ္တဲ့အခါမွာ စိတ္ေအးေအးနဲ႔ ျပႆနာအရင္းျမစ္ကို ရွာၿပီး ေျပာျပတတ္ျခင္း၊ မိမိ အဖြဲ႕သားအေပၚ Feedback (ထင္ျမင္ခ်က္) ေပးျခင္း စတဲ့ Communication Skill ေတြကို ေလ့လာထားသင့္ပါတယ္။

ဘယ္လိုေျပာရမလဲ – အရင္ဆုံး နားေထာင္တတ္ေအာင္ ေလ့က်င့္ပါ။ ကိုယ္ေျပာခ်င္တာကို စြတ္ေျပာခ်လိုက္တာမ်ိဳး မဟုတ္ဘဲ တစ္ဘက္လူမွာ ဘယ္လို အေၾကာင္းျပခ်က္ေတြ ရွိေနမလဲ၊

ဘာေၾကာင့္လဲ၊ သူ႔မွာ ဘာေျပာစရာေတြ ရွိေနမလဲ ဆိုတာမ်ိဳးကို အရင္နားေထာင္တတ္ပါေစ။ ေနာက္တစ္ဆင့္ စိတ္ေအးေအး ထားတတ္ေအာင္ ေလ့က်င့္ပါ။

တစ္ခုခုဆို ေသြးပူၿပီး ဆုံးျဖတ္ခ်က္ကို အေလာတႀကီးခ်လိုက္တာမ်ိဳးထက္ ေခါင္းေအးေအးနဲ႔ စဥ္းစားၿပီး ဘက္မွ်ေတြးတတ္ေအာင္ ေလ့က်င့္ပါ။

အေပၚယံတင္ေလး မၾကည့္ဘဲ တကယ့္ ျပႆနာရဲ႕ အတြင္းက်က် အရင္းအျမစ္ကို ရွာတတ္ဖို႔လည္း အက်င့္လုပ္ယူပါ။ စကားေျပာရာမွာလည္း ေလာၿပီး ေျပာတာမ်ိဳး မဟုတ္ဘဲ ေအးေအးေဆးေဆး ေျပာတတ္တဲ့ အက်င့္ကို ေမြးျမဴပါ။


(၅) Technical Skills

ဒီေန႔ေခတ္မွာ အရာအားလုံးက နည္းပညာနဲ႔ ေတာ္ေတာ္မ်ားမ်ား သက္ဆိုင္လာတာမို႔ ကိုယ္ေခါင္းေဆာင္ရမယ့္ သက္ဆိုင္ရာ နယ္ပယ္နဲ႔ ပတ္သက္တဲ့ နည္းပညာ မွန္သမွ်ကို အနည္းဆုံး အၾကမ္းဖ်ဥ္းေလာက္ေတာ့ တီးမိေခါက္မိရွိေနရပါမယ္။ အေသးစိတ္ ကြၽမ္းရင္ေတာ့ ပိုေကာင္းတာေပါ့ေနာ္။


ဘယ္လို သင္ယူမလဲ – ဒါကေတာ့ အလုပ္ကသင္သြားမယ္လို႔ပဲ ဆိုရမလို ကိုယ့္ရဲ႕ ႀကိဳးစားမႈကလည္း လိုပါေသးတယ္။

တခ်ိဳ႕အလုပ္ခြင္ေတြမွာေတာ့ လုပ္ငန္းခြင္အတြက္ လိုအပ္တဲ့ အရည္အေသြးေတြ ျပည့္လာေအာင္ သင္ေပးတာမ်ိဳး ရွိတတ္ပါတယ္။ တခ်ိဳ႕လုပ္ငန္းေတြမွာေတာ့ သင္ေပးဖို႔ မရွိဘဲ အရည္အေသြးျပည့္ေနသူေတြကိုသာ ေ႐ြးခ်ယ္တတ္တာမို႔ ကိုယ့္ဘက္က ႀကိဳတင္ၿပီး အရည္အေသြးျပည့္ေနတာသာ အေကာင္းဆုံးပါ။

ဒီေတာ့ ကိုယ္က ဘယ္လုပ္ငန္းခြင္ထဲမွာ ရွိေနတာလဲ? ဘယ္လို အလုပ္မ်ိဳးကို လုပ္ခ်င္တာလဲ ဆိုတဲ့ေပၚ မူတည္ၿပီး လိုအပ္တဲ့ သင္တန္းေတြ တက္တာမ်ိဳး လုပ္ထားပါ။

အေလ့အက်င့္ မျပတ္ပါေစနဲ႔ဦး။ သင္တန္းေတြ တက္ၿပီး ဆာတီဖီကိတ္ရတာနဲ႔ ဆက္မေလ့က်င့္ေတာ့ဘူးဆိုလည္း အလကားပါပဲ။

လုပ္ငန္းခြင္ထဲမွာ ကိုယ့္ရဲ႕ အရည္အခ်င္းေတြကို ထုတ္သုံးႏိုင္ဖို႔က အေရးအႀကီးဆုံး မဟုတ္လား။


ကဲ ကိုယ့္ကိုယ္ကို ငယ္တယ္ဆိုၿပီး comfort zone မွာ မေနနဲ႔ေတာ့ေနာ္။ ထက္ျမက္ထူးခြၽန္တဲ့ လူငယ္ေခါင္းေဆာင္ေကာင္းတစ္ေယာက္ျဖစ္ေအာင္ အခုကတည္းက ႀကိဳတင္ႀကိဳးစားၾကဖို႔ တိုက္တြန္းခ်င္ပါတယ္။

Ref : Myat(for Her Myanmar)

Read times
Rate this articles
(0 votes)