×

Warning

JUser: :_load: Unable to load user with ID: 81428


Success

Wednesday, 22 January 2020

ချမ်းသာကြွယ်ဝလာနိုင်တဲ့ လက္ခဏာများ

ချမ်းသာကြွယ်ဝလာနိုင်တဲ့ လက္ခဏာများ google

သင့်ရဲ့ ရုပ်ရည်သွင်ပြင်၊ အရပ်အမောင်း၊ ဆံပင်အရောင်ကိုကြည့်ပြီး တစ်ချိန်ချိန်မှာ ချမ်းသာလာနိုင်မလား ခန့်မှန်လို့ ရမယ်ဆိုရင် အနာဂတ်ကို ကြိုသိချင်ပါသလား။

ဟုတ်ပါတယ်။ သင့်ရဲ့ ရုပ်ရည်သွင်ပြင်ကို ကြည့်ရုံနဲ့ ချမ်းသာလာမှာလားဆိုတာ မပြောနိုင်ပါဘူး။ ဒါပေမယ့် လူတစ်ယောက်ရဲ့ အကျင့်စရိုက်ကို ကြည့်ရင်တော့ ချမ်းသာလာမလားဆိုတာ သိရနိုင်ပါတယ်။ အလုပ်ကို ကြိုးကြိုးစားစားလုပ်တတ်သူတွေ၊ ရည်ရွယ်ချက်ကြီးသူတွေနဲ့ ပွင့်လင်းတဲ့ စိတ်သဘောထားရှိသူတွေဟာ အောင်မြင်နိုင်ချေပိုများပါတယ်။

ဒါ့အပြင် သင့်ရဲ့အောင်မြင်မှုကို အဆုံးအဖြတ်ပေးနိုင်တဲ့ အခြားလက္ခဏာ သုံးခုရှိပါတယ်။ သင့်မှာ ဒီလက္ခဏာသုံးခုရှိတယ်ဆိုရင် တစ်နေ့မှာ ချမ်းသာလာဖို့ ခိုင်လုံတဲ့အခွင့်အရေးရှိပါတယ်။ ဒီလက္ခဏာတွေက ဘာတွေလဲဆိုတာ လေ့လာကြည့်ပါ။

လက္ခဏာ (၁) - ငယ်ငယ်ကတည်းက လုပ်ငန်းရှင်စိတ်ဓာတ်ရှိတယ်

တစ်နေ့မှာ ချမ်းသာလာနိုင်မယ့် ပထမဆုံးလက္ခဏာတစ်ခုက အသက်ငယ်ငယ်ကတည်း လုပ်ငန်းရှင်တစ်ယောက်ရဲ့ စိတ်ဓာတ်နဲ့ ခံယူချက်ရှိခြင်းပါပဲ။ စွန့်ဦးလုပ်ငန်းရှင်းတစ်ဦးလည်းဖြစ်း အားကစားအသင်းပိုင်ရှင်လည်းဖြစ်တဲ့ သန်းကြွယ်သူဌေး တစ်ဦးဖြစ်သူ Mark Cuban ဟာ အသက် ၁၂ နှစ်အရွယ်မှာကတည်းက ရပ်ကွက်ထဲမှာ တစ်အိမ်ဆင်းတစ်အိမ်တက် အမှိုက်အိတ်တွေ လိုက်ရောင်းခဲ့ဖူးပါတယ်။ ရင်းနှီးမြုပ်နှံမှု လုပ်ငန်းရှင် ဘီလျံနာသူဌေးတစ်ဦးဖြစ်တဲ့ Warren Buffett ဟာလည်း အသက် ၆ နှစ်အရွယ်မှာ အိမ်နီးချင်းတွေကို ပီကေလိုက်ရောက်းခဲ့ပြီး အသက် ၁၁ နှစ်မှာ ပထမဆုံး စတော့ရှယ်ယာရင်းနှီးမြုပ်နှံမှုကို လုပ်ခဲ့ပါတယ်။

လက္ခဏာ (၂) - အဆောတလျင်လုပ်ဆောင်တတ်တယ်

အမြင့်မားဆုံး အောင်မြင်မှုရရှိသူတွေဟာ စိတ်မရှည်တတ်ကြပါဘူး။ သူတို့အားလုံးမှာ အဆောတလျင်လုပ်တတ်တဲ့ ဉာဉ်ရှိကြပါတယ်။ သူတို့အတွက် ဘဝက တိုတောင်းလွန်းလှပြီး အချိန်မရွှေ့ဆိုင်းတတ်ကြပါဘူး။ သူတို့ ဖြစ်ချင်တာကို ချက်ချင်းဆိုသလို ဖြစ်အောင် လုပ်တတ်ကြပါတယ်။ နံရံတစ်ခုကို တွေ့ရင် ပတ်သွားမလား၊ အောက်ကဖြတ်သွားမလား၊ ကျော်တက်မလားဆိုတာကို ချက်ချင်းစဉ်းစားပြီး ချက်ချင်းလက်တွေ့လုပ်ဆောင်တတ်ကြပါတယ်။ ဘယ်လိုအတားအဆီးတွေပဲ ရှိရှိ အချိန်ဆွဲမနေပဲ ကျော်ဖြတ်နိုင်ဖို့ ကြိုးစားတတ်ကြပါတယ်။ သင်လည်း ဒီလိုစိတ်ဓာတ်မျိုးရှိရင် တစ်နေ့ ချမ်းသာအောင်မြင်မှာ သေချာပါတယ်။

လက္ခဏာ (၃) - ရည်မှန်းချက်ကို ဦးတည်ထားတယ်

လူချမ်းသာတွေက သူတို့ဘာလိုချင်လဲဆိုတာ သေချာသိထားကြပါတယ်။ ဒီအပေါ်မှာလည်း အာရုံအပြည့် စိုက်ထားတတ်ကြပါတယ်။ သူတို့ရဲ့ ရည်မှန်းချက်တွေ အစီအစဉ်တွေပေါ်မှာ ဆုံးဖြတ်လုပ်ဆောင်တတ်ကြပြီး အနှောင့်အယှက်မခံကြပါဘူး။ ဒီလိုပဲ သင့်မှာလည်း အနာဂတ်အစီအစဉ်တစ်ခု ရှိထားမယ်ဆိုရင် ချမ်းသာလာနိုင်ချေရှိပါတယ်။ ဘာအစီအစဉ်မှာလည်း မရှိပဲ အခြားတစ်ယောက်အတွက် အလုပ်လုပ်ပေးနေရင် ဘယ်တော့မှ ချမ်းသာမလာနိုင်ပါဘူး။ ဒီအခြေအနေကို သင်ကလွဲပြီး ဘယ်သူမှ မပြောင်းလဲနိုင်ပါဘူး။

လက္ခဏာ (၄) - သင့်ကိုယ်သင် အမြဲတိုးတက်အောင် ကြိုးစားနေတယ်

ဒီအချက်ကလည်း သင့်ကို တစ်နေ့ အောင်မြင်ကြီးပွားစေမယ့် လက္ခဏာတစ်ခုပါပဲ။ လက်ရှိအောင်မြင်ချမ်းသာနေသူတိုင်းဟာ သူတို့ကိုယ်သူတို့ တိုးတက်အောင် အမြဲတမ်း ကြိုးစားအားထုတ် လေ့လာနေကြသူတွေဖြစ်ပါတယ်။ သူတို့အားလုံး စာဖတ်ကြတယ်၊ အသစ်အသစ်တွေကို လေ့လာသင်ယူကြတယ်၊ အချိန်တိုင်း တိုးတက်နေဖို့လုပ်ဆောင်တတ်ကြပါတယ်။

ဘဝမှာ အောင်မြင်ကြီးပွားဖို့အတွက် ဘယ်အသက်အရွယ်ဖြစ်နေပါစေ အရေးမကြီးပါဘူး။ ကလေးတစ်ယောက် ဖြစ်ဖြစ် ၊ ဆယ်ကျော်သက်တစ်ယောက်ဖြစ်ဖြစ် အိမ်ထောင်ရှင်ကလေးအဖေပဲဖြစ်နေပါစေ။ လုပ်ငန်းရှင်စိတ်ဓာတ်ရှိပြီး လုပ်စရာရှိတောတွေကို ချက်ချင်းလုပ်တတ်သူတစ်ယောက်ဖြစ်မယ်ဆိုရင် ရည်မှန်းချက် ပန်းတိုင်ကို ဦးတည်လုပ်ဆောင်တတ်မယ်ဆိုရင် တစ်နေ့မှာ ချမ်းသာကြွယ်ဝလာနိုင်ပါတယ်။ သင့်ရဲ့ အရည်အချင်းတွေ တိုးတက်လာစေဖို့ အမြဲတမ်းရင်းနှီးမြုပ်နှံပြီး ရည်မှန်းချက်ကို အာရုံစိုက်ထားဖို့ပဲ လိုပါတယ်။

credit - Gentleman Magazine

 

 

(zawgyi)

ခ်မ္းသာႂကြယ္ဝလာႏိုင္တဲ့ လကၡဏာမ်ား

သင့္ရဲ႕ ႐ုပ္ရည္သြင္ျပင္၊ အရပ္အေမာင္း၊ ဆံပင္အေရာင္ကိုၾကည့္ၿပီး တစ္ခ်ိန္ခ်ိန္မွာ ခ်မ္းသာလာႏိုင္မလား ခန႔္မွန္လို႔ ရမယ္ဆိုရင္ အနာဂတ္ကို ႀကိဳသိခ်င္ပါသလား။

ဟုတ္ပါတယ္။ သင့္ရဲ႕ ႐ုပ္ရည္သြင္ျပင္ကို ၾကည့္႐ုံနဲ႔ ခ်မ္းသာလာမွာလားဆိုတာ မေျပာႏိုင္ပါဘူး။ ဒါေပမယ့္ လူတစ္ေယာက္ရဲ႕ အက်င့္စ႐ိုက္ကို ၾကည့္ရင္ေတာ့ ခ်မ္းသာလာမလားဆိုတာ သိရႏိုင္ပါတယ္။ အလုပ္ကို ႀကိဳးႀကိဳးစားစားလုပ္တတ္သူေတြ၊ ရည္႐ြယ္ခ်က္ႀကီးသူေတြနဲ႔ ပြင့္လင္းတဲ့ စိတ္သေဘာထားရွိသူေတြဟာ ေအာင္ျမင္ႏိုင္ေခ်ပိုမ်ားပါတယ္။

ဒါ့အျပင္ သင့္ရဲ႕ေအာင္ျမင္မႈကို အဆုံးအျဖတ္ေပးႏိုင္တဲ့ အျခားလကၡဏာ သုံးခုရွိပါတယ္။ သင့္မွာ ဒီလကၡဏာသုံးခုရွိတယ္ဆိုရင္ တစ္ေန႔မွာ ခ်မ္းသာလာဖို႔ ခိုင္လုံတဲ့အခြင့္အေရးရွိပါတယ္။ ဒီလကၡဏာေတြက ဘာေတြလဲဆိုတာ ေလ့လာၾကည့္ပါ။

လကၡဏာ (၁) - ငယ္ငယ္ကတည္းက လုပ္ငန္းရွင္စိတ္ဓာတ္ရွိတယ္

တစ္ေန႔မွာ ခ်မ္းသာလာႏိုင္မယ့္ ပထမဆုံးလကၡဏာတစ္ခုက အသက္ငယ္ငယ္ကတည္း လုပ္ငန္းရွင္တစ္ေယာက္ရဲ႕ စိတ္ဓာတ္နဲ႔ ခံယူခ်က္ရွိျခင္းပါပဲ။ စြန႔္ဦးလုပ္ငန္းရွင္းတစ္ဦးလည္းျဖစ္း အားကစားအသင္းပိုင္ရွင္လည္းျဖစ္တဲ့ သန္းႂကြယ္သူေဌး တစ္ဦးျဖစ္သူ Mark Cuban ဟာ အသက္ ၁၂ ႏွစ္အ႐ြယ္မွာကတည္းက ရပ္ကြက္ထဲမွာ တစ္အိမ္ဆင္းတစ္အိမ္တက္ အမႈိက္အိတ္ေတြ လိုက္ေရာင္းခဲ့ဖူးပါတယ္။ ရင္းႏွီးျမဳပ္ႏွံမႈ လုပ္ငန္းရွင္ ဘီလ်ံနာသူေဌးတစ္ဦးျဖစ္တဲ့ Warren Buffett ဟာလည္း အသက္ ၆ ႏွစ္အ႐ြယ္မွာ အိမ္နီးခ်င္းေတြကို ပီေကလိုက္ေရာက္းခဲ့ၿပီး အသက္ ၁၁ ႏွစ္မွာ ပထမဆုံး စေတာ့ရွယ္ယာရင္းႏွီးျမဳပ္ႏွံမႈကို လုပ္ခဲ့ပါတယ္။

လကၡဏာ (၂) - အေဆာတလ်င္လုပ္ေဆာင္တတ္တယ္

အျမင့္မားဆုံး ေအာင္ျမင္မႈရရွိသူေတြဟာ စိတ္မရွည္တတ္ၾကပါဘူး။ သူတို႔အားလုံးမွာ အေဆာတလ်င္လုပ္တတ္တဲ့ ဉာဥ္ရွိၾကပါတယ္။ သူတို႔အတြက္ ဘဝက တိုေတာင္းလြန္းလွၿပီး အခ်ိန္မေ႐ႊ႕ဆိုင္းတတ္ၾကပါဘူး။ သူတို႔ ျဖစ္ခ်င္တာကို ခ်က္ခ်င္းဆိုသလို ျဖစ္ေအာင္ လုပ္တတ္ၾကပါတယ္။ နံရံတစ္ခုကို ေတြ႕ရင္ ပတ္သြားမလား၊ ေအာက္ကျဖတ္သြားမလား၊ ေက်ာ္တက္မလားဆိုတာကို ခ်က္ခ်င္းစဥ္းစားၿပီး ခ်က္ခ်င္းလက္ေတြ႕လုပ္ေဆာင္တတ္ၾကပါတယ္။ ဘယ္လိုအတားအဆီးေတြပဲ ရွိရွိ အခ်ိန္ဆြဲမေနပဲ ေက်ာ္ျဖတ္ႏိုင္ဖို႔ ႀကိဳးစားတတ္ၾကပါတယ္။ သင္လည္း ဒီလိုစိတ္ဓာတ္မ်ိဳးရွိရင္ တစ္ေန႔ ခ်မ္းသာေအာင္ျမင္မွာ ေသခ်ာပါတယ္။

လကၡဏာ (၃) - ရည္မွန္းခ်က္ကို ဦးတည္ထားတယ္

လူခ်မ္းသာေတြက သူတို႔ဘာလိုခ်င္လဲဆိုတာ ေသခ်ာသိထားၾကပါတယ္။ ဒီအေပၚမွာလည္း အာ႐ုံအျပည့္ စိုက္ထားတတ္ၾကပါတယ္။ သူတို႔ရဲ႕ ရည္မွန္းခ်က္ေတြ အစီအစဥ္ေတြေပၚမွာ ဆုံးျဖတ္လုပ္ေဆာင္တတ္ၾကၿပီး အေႏွာင့္အယွက္မခံၾကပါဘူး။ ဒီလိုပဲ သင့္မွာလည္း အနာဂတ္အစီအစဥ္တစ္ခု ရွိထားမယ္ဆိုရင္ ခ်မ္းသာလာႏိုင္ေခ်ရွိပါတယ္။ ဘာအစီအစဥ္မွာလည္း မရွိပဲ အျခားတစ္ေယာက္အတြက္ အလုပ္လုပ္ေပးေနရင္ ဘယ္ေတာ့မွ ခ်မ္းသာမလာႏိုင္ပါဘူး။ ဒီအေျခအေနကို သင္ကလြဲၿပီး ဘယ္သူမွ မေျပာင္းလဲႏိုင္ပါဘူး။

လကၡဏာ (၄) - သင့္ကိုယ္သင္ အၿမဲတိုးတက္ေအာင္ ႀကိဳးစားေနတယ္

ဒီအခ်က္ကလည္း သင့္ကို တစ္ေန႔ ေအာင္ျမင္ႀကီးပြားေစမယ့္ လကၡဏာတစ္ခုပါပဲ။ လက္ရွိေအာင္ျမင္ခ်မ္းသာေနသူတိုင္းဟာ သူတို႔ကိုယ္သူတို႔ တိုးတက္ေအာင္ အၿမဲတမ္း ႀကိဳးစားအားထုတ္ ေလ့လာေနၾကသူေတြျဖစ္ပါတယ္။ သူတို႔အားလုံး စာဖတ္ၾကတယ္၊ အသစ္အသစ္ေတြကို ေလ့လာသင္ယူၾကတယ္၊ အခ်ိန္တိုင္း တိုးတက္ေနဖို႔လုပ္ေဆာင္တတ္ၾကပါတယ္။

ဘဝမွာ ေအာင္ျမင္ႀကီးပြားဖို႔အတြက္ ဘယ္အသက္အ႐ြယ္ျဖစ္ေနပါေစ အေရးမႀကီးပါဘူး။ ကေလးတစ္ေယာက္ ျဖစ္ျဖစ္ ၊ ဆယ္ေက်ာ္သက္တစ္ေယာက္ျဖစ္ျဖစ္ အိမ္ေထာင္ရွင္ကေလးအေဖပဲျဖစ္ေနပါေစ။ လုပ္ငန္းရွင္စိတ္ဓာတ္ရွိၿပီး လုပ္စရာရွိေတာေတြကို ခ်က္ခ်င္းလုပ္တတ္သူတစ္ေယာက္ျဖစ္မယ္ဆိုရင္ ရည္မွန္းခ်က္ ပန္းတိုင္ကို ဦးတည္လုပ္ေဆာင္တတ္မယ္ဆိုရင္ တစ္ေန႔မွာ ခ်မ္းသာႂကြယ္ဝလာႏိုင္ပါတယ္။ သင့္ရဲ႕ အရည္အခ်င္းေတြ တိုးတက္လာေစဖို႔ အၿမဲတမ္းရင္းႏွီးျမဳပ္ႏွံၿပီး ရည္မွန္းခ်က္ကို အာ႐ုံစိုက္ထားဖို႔ပဲ လိုပါတယ္။

 

credit - Gentleman Magazine

Read times
Rate this articles
(1 Vote)