×

Warning

JUser: :_load: Unable to load user with ID: 81428


Success

Wednesday, 18 March 2020

သင့်အိမ်မက်တွေအမှန်တကယ်ဖြစ်လာစေရန်လိုက်နာသင့်သည့်အချက် (၄) ချက်

သင့်အိမ်မက်တွေအမှန်တကယ်ဖြစ်လာစေရန်လိုက်နာသင့်သည့်အချက် (၄) ချက် google

သင့်အိမ်မက်တွေအမှန်တကယ်ဖြစ်လာစေရန်လိုက်နာသင့်သည့်အချက် (၄) ချက်

လူတိုင်းတွင် ကိုယ်ဖြစ်ချင်တဲ့ သို့မဟုတ် ရည်မှန်းချက်ပန်းတိုင်တစ်ခုခုတော့ရှိတတ်ကြပါပတယ်။ သင့်အိမ်မက်တွေကိုအကောင်အထည်ဖော်နိုင်ဖို့ဆိုရင် မှန်ကန်တဲ့ခြေလှမ်းတွေနဲ့စတင်နိုင်ဖို့တော့လိုအပ်ပါလိမ့်မယ်။
ဒါကြောင့်သင့်အိမ်မက်တွေအမှန်ဖြစ်လာစေရန်အကျိုးရှိမဲ့အချက်လေးတွေကိုဖော်ပြပေးလိုက်ပါတယ်။
(၁) တခြားသူများထံမှသင်ယူပါ
သင့်အိမ်မက်များကိုအကောင်အထည်ဖော်ရန်တခြားသူများ၏အကြံပေးစကားများအားနားထောင်ခြင်ဒဖြင့်လည်း အတွေးအခေါ်ကောင်းများ၊ အခွင့်လမ်းကောင်းများ နှင့်အောင်မြင်မှုလမ်းကြောင်းတွေကိုပွင့်စေနိုင်ပါတယ်။သင့်အိမ်မက်တွေကိုသင်လုပ်ဆောင်နိုင်ရန်ခက်ခဲ နေပြီဟုသင်စီတ်ဓာတ်ကျနေတဲ့အချိန်မျိုးမှာ တခြားသူတွေရဲ့ အကြံပေးမှုတွေကသင့်ကိုခွန်အားဖြစ်စေမှာပါ။သင့်ကိုမနာလိုသူတွေရဲ့အကြံပေးစကားတွေကိုတော့ နားမယောင်မိဖို့တော့လိုအပ်ပါတယ်။
(၂) သင့်ကိုယ်သင်ယုံကြည်မှုရှိပါ
သင့်အိမ်မက်တွေကသင်နဲ့အဝေးကြီးမှာလို့ခံစားလာရတဲ့အခါမှာသင့်အတွက်ဆုတ်ယုတ်မှုတွေရှိလာနိုင်ပါတယ်။အရာအားလုံးကသင့်စိတ်နှလုံးတွင်ဖြစ်ပေါ်လာတာဖြစ်ပြီး အောင်မြင်မှုရရန်လဲသင့်စိတ်ကပဲစတင်ရမှာပါ။ဒါကြောင့်ငါဒါကိုမလုပ်နိုင်ဘူး၊ မဖြစ်နိုင်ဘူးဆိုတဲ့စိတ်ဓာတ်ကျစေနိုင်သည့်အတွေးမျှိုးကိုမတွေးပါနဲ့။ ငါဒါကိုမဖြစ်ဖြစ်အောင်လုပ်နိုင်တဲ့သင့်ကိုယ်သင်ယုံကြည်မှုကိုထားပါ။
(၃) အစီအစဉ်ဆွဲပြီးလုပ်ဆောင်ပါ
သင့်ရည်မှန်းချက်ပန်းတိုင်ကိုရောက်နိုင်ရန်အတွက် လိုအပ်တဲ့နည်းဗျူဟာတွေကိုစီစဉ်ထားဖို့လိုအပ်ပါတယ်။ သင်ဘာတွေကိုလုပ်ဆောင်သင့်လဲဆိုတာစဉ်းစားပါ။ ထို့နောက်သင့်အိမ်မက်တွေကိုအကောင်အထည်ဖော်ရန်လိုအပ်သည့်အရာများကို တစ်ခုချင်းစီစသ်ပြီးလုပ်ဆောင်ပါ။
(၄) အမြဲလေ့လာသင်ယူပါ
လေ့လာသင်ယူစရာတွေဆိုတာဘယ်တော့မှကုန်ဆုံးသွားတယ်ဆိုတာမရှိပါဘူး။ များတော့အားဖြင့်တော့သင်အောင်မြင်ချင်းဆုံးအလုပ်သည်အခက်အခဲဆုံးအလုပ်ဖြစ်ပါတယ်။ ဒါကြောင့်သင်ရောက်ရှိနေတဲ့ဘယ်နေရာမှာမဆို မပျင်းမရိပအြကောင်းဆုံးလေ့လာသင်ယူနိုင်မယ်ဆိုရင် နောက်ဆုံးမှာသငသ့်အိမ်မက်တွေကိုအကောင်အထည်ဖော်ရန်လွယ်ကူသွားပါလိမ့်မယ်။

 (Zaw Gyi)

register


(၄) အမြဲလေ့လာသင်ယူပါ

 

Read times Last modified on Wednesday, 18 March 2020 15:06
Rate this articles
(1 Vote)