×

Warning

JUser: :_load: Unable to load user with ID: 81428


Knowledge

Thursday, 02 January 2020

"လူငယ္ေတြ လုပ္ငန္းခြင္ဝင္တဲ့ အခါ မျဖစ္မေနရွိသင့္တဲ့ Soft Skill (၈) ခု"

"လူငယ္ေတြ လုပ္ငန္းခြင္ဝင္တဲ့ အခါ မျဖစ္မေနရွိသင့္တဲ့ Soft Skill (၈) ခု" freepick

UNICODE

ဘယ်သူမဆို လုပ်ငန်းခွင် ဝင်တဲ့ အခါ အရည်အချင်းတွေ အများကြီး လိုအပ်အပ်ပါတယ်။ ကိုယ်လုပ်မယ့် အလုပ်က ပိုမြင့်လေအရည်အချင်း များများ ပိုလိုလေပါပဲ။

Hard Skill နဲ့ Soft Skill ဆိုပြီးနှစ်မျိုးရှိပါတယ်။ Hard Skillကတော့ ဘာသာစကားတက်ကျွမ်းမှုတွေ၊ ဘွဲ့ဒီဂရီတွေ၊ Certificate တွေကိုဆိုလိုတာပါ။ အင်တာဗျူးတွေမှာ လည်းကိုယ်လုပ်မယ့် အလုပ်နဲ့ ကိုက်ညီအောင်ကိုယ့်မှာ ရှိတဲ့ အရည် အချင်းတွေကို ဖော်ပြပေးဖို့လည်း လိုပါတယ်။ Hard Skill တွေကတော့ ကိုယ်လုပ်မယ့် အလုပ်ပေါ်မူတည်ပြီးရှိရမှာဖြစ်ပြီး Soft Skill ကတော့ ဘယ်လုပ်ငန်းမှာမဆို ရှိဖို့လိုအပ်တဲ့ အရည်အချင်းတွေပါပဲ။ ဒါကြောင့် လုပ်ငန်းခွင် ဝင်တဲ့ အခါ မဖြစ်မနေရှိသင့် တဲ့ Soft Skill ၈ ခုကိုဖော်ပြပေးလိုက်ပါတယ်။


(၁) ပေါင်းသင်းဆက်ဆံရေး အရည်အချင်း (Communication)
ဒါကတော့ လုပ်ငန်းခွင် တစ်ခုမှာ အရမ်းအရေးကြီးတဲ့ အရည်အချင်းတွေထဲက တစ်ခုပါ။ လုပ်ဖော်ကိုင်ဘက်တွေ၊ ကိုယ်အထက်လူကြီးတွေနဲ့ဆက်ဆံရမှာ ဖြစ်တဲ့ အတွက် အရမ်းကို အရေး ကြီးပါတယ်။ sale and marketing သမားတွေဆို ပိုလို့တောင် အရေးကြီးပါသေးတယ်။ ဒါကြောင့် အင်တာဗျူး စဖြေတည်းက သင်ဘယ်လောက် ပေါင်းသင်းဆက်ဆံ ရေးကောင်းကြောင်းဖော်ပြပါ။

 


(၂) ပူပေါင်းပါဝင်ဆောင်ရွက်မှု အရည်အချင်း (Teamwork)
ဟုတ်ပါတယ်….လုပ်ငန်းခွင်တစ်ခုမှာ Teamwork ကလည်း အရမ်းကိုအရေးကြီးပါတယ်။ Teamwork ရှိမှ အလုပ်တွေကို တွင်တွင်ကျယ်ကျယ် လုပ်နိုင်မှာဖြစ်ပါတယ်။ တစ်ကိုယ်ကောင်းဆန်လို့မရပါဘူး။ Teamwork ဆိုတဲ့ အထဲ မှာ မိမိ လုပ်ဖော်ကိုင်ဖက်တွေကို စီမံခန့်ခွဲနိုင်မှုနဲ့ ကိုယ်တိုင်တာဝန်ယူ သိတတ်မှုတွေလဲ ပါဝင်ပါတယ်။ လုပ်ငန်းတစ်ခု မျော်လင့်ထားတဲ့ နေရာရောက်ဖို့နဲ့ အောင်မြင်မှုရဖို့အတွက် တစ်ယောက်ချင်းစီမှာ Teamwork ကလည်း အရမ်းကိုအရေးကြီးတဲ့ အရာတစ်ခုပါ။

 


(၃) ပြဿနာဖြေရှင်းခြင်း (Problem Solving)
ပြဿနာဖြေရှင်း နိုင်တဲ့ အရည်အချင်းဆိုတာကတော့ လုပ်ငန်းခွင်မှာ ကိုယ့် ဘက်ကမှားတာပဲ ဖြစ်ဖြစ် အကြောင်းအမျိုးမျိုးကြောင့် ဖြစ်ပေါ်လာတဲ့ အရာတွေကို ရှုထောင့် အမျိူးမျိုး ကကြည့်ပြီး ဖြေရှင်းနိုင်တဲ့ အရည်အချင်းကိုဆို လိုတာပါ။
ဒါဟာလည်း လုပ်ငန်းခွင် ဝင်မယ့် မည်သူမဆို ရှိသင့်ရှိထိုက်တဲ့ အရည်အချင်းတစ်ခုပါပဲ။

 


(၄) ခေါင်းဆောင်မှု အရည်အချင်း (Leadership)
ခေါင်းဆောင်မှု အရည်အချင်းဆိုတာနဲ့ လုပ်ငန်းတစ်ခုရဲ့ ခေါင်းဆောင်ပိုင်း မှမဟုတ်ပဲ ဝန်ထမ်းတိုင်းရှိထားသင့်တဲ့ အရည်အချင်းပါ။ ဆိုလိုချင်တာ က အခြေ ခံ ဝန်ထမ်းဆို မိမိရဲ့ လုပ်ဖော်ကိုင်ဖက်တွေကို လှုံ့ဆော်မယ်၊ စိတ်အားတက်ကြွအောင် လုပ်မယ်(ဥပမာ - မင်းကတော့ ဒီအပိုင်းတာဝန်ယူလိုက်၊ ငါကတော့ ဒါကို တာဝန်ယူလိုက်မယ်) အဲ့လိုမျိုး စီမံ ခန့်ခွဲ နိုင်တာတွေကို လည်း ခေါင်းဆောင်မှု အရည်အချင်းလိုကပြောလို့ရပါတယ်။ ဒါကြောင့် ဒီအရည်အချင်းကလည်းမဖြစ်မနေရှိထားသင့်ပါတယ်။

 

 

(၅) အချိန်စီမံခန့်ခွဲနိုင်ခြင်း (Time Management)
ကျွန်တော် လည်းအစက လုပ်ငန်းခွင် မှာ Time Management ကအဲ့လောက်အရေးမကြီး ဘူးထင်ခဲ့တာ(ကိုယ့်အမြင်ပေါ့)။ ကိုယ်တနေ့တာ လုပ်ရမယ့် အလုပ်တွေကို ပြီးအောင်လုပ်နိုင်ရင်တာဝန်ကြေပြီပေါ့။ အဲ့ဒါကလည်း မှန်တော့မှန်ပေမယ့် တကယ်တမ်းမှာ သင့်ရဲ့ အလုပ်နဲ့ အချိန်တွေကို ကောင်းကောင်းမွန်မွန် စီမံခန့်ခွဲနိုင်ရင် သင့်ရဲ့ အလုပ်မှာ ထိထိရောက်ရောက်တိုးတက်မှုရှိတာကို သင်သတိထားမိမှာပါ။ သင့်လုပ်ရမယ့်တာဝန်တွေနဲ့ အချိန်ကိုကောင်းစွာ စီမံခန့်ခွဲနိုင်တဲ့ အရည်အချင်းကလည်း အလုပ်ရှငိတွေကြိုက်နှစ်သက်တဲ့ အရည်အချင်းတွေထဲ ကတစ်ခုပါပဲ။

 


(၆) ဖိအားတွေအောက်မှာ အလုပ်လုပ်နိုင်တဲ့ အရည်အချင်း (Ability to work under pressure)
ဘယ်အလုပ်မဆို ဖိအားရှိပါတယ်။ ဥပမာ ဒီလတော့ ဘယ်လောက် Target ပြည့်ရမယ်။ ဘယ်ရက်မှာ အလုပ်တွေပြီး ရမယ်.. အစရှိသဖြင့်ပေါ့။ သူများအလုပ်မှာ လုပ်နေရတာဖြစ်တဲ့အတွက် အလုပ်ရှင်ကတော့ လုပ်ငန်းတိုးတက်အောင်ဖိအားပေးမှာပဲလေ။ ဒါ့အပြင် တခြား ဖိအားတွေလည်းရှိသေးတာပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် ဖိအားတွေအောက်မှာ မညည်းမညူ လက်မလျော့ပဲ အလုပ်လုပ်နိုင်တဲ့ အရည်အချင်းရှိဖို့လိုအပ်ပါတယ်။

 


(၇) ကိုယ့်ကိုယ်ကိုယုံကြည်မှု (Self-confidence)
ဒီအချက်ကတော့ အရမ်းကိုအရေးကြီးပါတယ်။ လုပ်ငန်းခွင်မှာ မဟုတ်ပဲ တခြားဘယ်နေရမှာ မဆို မိမိကိုယ် မိမိ ယုံကြည်မှုရှိဖို့အရမ်းအရေးကြီးပါတယ်။ သင်ဟာ လူတွေနဲ့စကားပြောရတာကြောက်နေမယ်၊ ပွဲထွက်ရတာ ကြောက်နေမယ်ဆိုရင်တော့ လုပ်ငန်းခွင်မှာ အဆင်ပြေမှာ မဟုတ်ပါဘူး။ ဒါကြောင့် မိမိကိုယ်မိမိ ယုံကြည်မှုရှိဖို့အရမ်းအရေးကြီးပါတယ်။

 


(၈) ထီထွင်ဆန်းသစ်နိုင်မှု (Creativity)
လုပ်ငန်းတွေ စီးပွားရေးတွေ အပြိုင်အဆိုင်များနေတဲ့ ဒီလိုခေတ်ကြီးမှာ လုပ်ငန်းအတွက် သင့်ရဲ့ အကြံဉာဏ်ဆန်းသစ်မှုတွေ၊ တီထွင်ဆန်းသစ်နိုင်မှုတွေကလည်း အရမ်းကိုအရေးကြီးပါတယ်။ ဒီလိုအရည်အချင်းမျိုး ကလုပ်ငန်းရှင်တွေ သဘောကျတဲ့ အရည်အချင်းတွေထဲ ကတစ်ခုပါပဲ။


အခုဖော်ပြပေးခဲ့တာတွေကတော့ လုပ်ငန်းခွင်ဝင်မယ့် လူငယ်တိုင်းရှိသင့်တဲ့ Soft Skillတွေပဲဖြစ်ပါတယ်။ လိုအပ်တဲ့ အချက် တွေရှရင်လည်း ဖြည့်ပေးကြပါလို့ပြောကြားရင်း….

 

ZAWGYI


"လူငယ္ေတြ လုပ္ငန္းခြင္ဝင္တဲ့ အခါ မျဖစ္မေနရွိသင့္တဲ့ Soft Skill (၈) ခု"

ဘယ္သူမဆို လုပ္ငန္းခြင္ ဝင္တဲ့ အခါ အရည္အခ်င္းေတြ အမ်ားၾကီး လိုအပ္အပ္ပါတယ္။ ကိုယ္လုပ္မယ့္ အလုပ္က ပိုျမင့္ေလအရည္အခ်င္း မ်ားမ်ား ပိုလိုေလပါပဲ။

Hard Skill နဲ႕ Soft Skill ဆိုျပီးနွစ္မ်ိဳးရွိပါတယ္။ Hard Skillကေတာ့ ဘာသာစကားတက္က်ြမ္းမႈေတြ၊ ဘြဲ႔ဒီဂရီေတြ၊ Certificate ေတြကိုဆိုလိုတာပါ။ အင္တာဗ်ဴးေတြမွာ လည္းကိုယ္လုပ္မယ့္ အလုပ္နဲ႕ ကိုက္ညီေအာင္ကိုယ့္မွာ ရွိတဲ့ အရည္ အခ်င္းေတြကို ေဖာ္ျပေပးဖို႕လည္း လိုပါတယ္။ Hard Skill ေတြကေတာ့ ကိုယ္လုပ္မယ့္ အလုပ္ေပၚမူတည္ျပီးရွိရမွာျဖစ္ျပီး Soft Skill ကေတာ့ ဘယ္လုပ္ငန္းမွာမဆို ရွိဖို႕လိုအပ္တဲ့ အရည္အခ်င္းေတြပါပဲ။ ဒါေၾကာင့္ လုပ္ငန္းခြင္ ဝင္တဲ့ အခါ မျဖစ္မေနရွိသင့္ တဲ့ Soft Skill ၈ ခုကိုေဖာ္ျပေပးလိုက္ပါတယ္။


(၁) ေပါင္းသင္းဆက္ဆံေရး အရည္အခ်င္း (Communication)
ဒါကေတာ့ လုပ္ငန္းခြင္ တစ္ခုမွာ အရမ္းအေရးၾကီးတဲ့ အရည္အခ်င္းေတြထဲက တစ္ခုပါ။ လုပ္ေဖာ္ကိုင္ဘက္ေတြ၊ ကိုယ္အထက္လူၾကီးေတြနဲ ့ဆက္ဆံရမွာ ျဖစ္တဲ့ အတြက္ အရမ္းကို အေရး ၾကီးပါတယ္။ sale and marketing သမားေတြဆို ပိုလို႕ေတာင္ အေရးၾကီးပါေသးတယ္။ ဒါေၾကာင့္ အင္တာဗ်ဴး စေျဖတည္းက သင္ဘယ္ေလာက္ ေပါင္းသင္းဆက္ဆံ ေရးေကာင္းေၾကာင္းေဖာ္ျပပါ။


(၂) ပူေပါင္းပါဝင္ေဆာင္ရြက္မႈ အရည္အခ်င္း (Teamwork)
ဟုတ္ပါတယ္….လုပ္ငန္းခြင္တစ္ခုမွာ Teamwork ကလည္း အရမ္းကိုအေရးၾကီးပါတယ္။ Teamwork ရွိမွ အလုပ္ေတြကို တြင္တြင္က်ယ္က်ယ္ လုပ္ႏိုင္မွာျဖစ္ပါတယ္။ တစ္ကိုယ္ေကာင္းဆန္လို႕မရပါဘူး။ Teamwork ဆိုတဲ့ အထဲ မွာ မိမိ လုပ္ေဖာ္ကိုင္ဖက္ေတြကို စီမံခန္႕ခြဲႏိုင္မႈနဲ႕ ကိုယ္တိုင္တာဝန္ယူ သိတတ္မႈေတြလဲ ပါဝင္ပါတယ္။ လုပ္ငန္းတစ္ခု ေမ်ာ္လင့္ထားတဲ့ ေနရာေရာက္ဖို႕နဲ႕ ေအာင္ျမင္မႈရဖို႕အတြက္ တစ္ေယာက္ခ်င္းစီမွာ Teamwork ကလည္း အရမ္းကိုအေရးၾကီးတဲ့ အရာတစ္ခုပါ။


(၃) ျပႆနာေျဖရွင္းျခင္း (Problem Solving)
ျပႆနာေျဖရွင္း ႏုိင္တဲ့ အ၇ည္အခ်င္းဆိုတာကေတာ့ လုပ္ငန္းခြင္မွာ ကိုယ့္ ဘက္ကမွားတာပဲ ျဖစ္ျဖစ္ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ျဖစ္ေပၚလာတဲ့ အရာေတြကို ရႈေထာင့္ အမ်ိဴးမ်ိဳး ကၾကည့္ျပီး ေျဖရွင္းႏိုင္တဲ့ အရည္အခ်င္းကိုဆို လိုတာပါ။
ဒါဟာလည္း လုပ္ငန္းခြင္ ဝင္မယ့္ မည္သူမဆို ရွိသင့္ရွိထိုက္တဲ့ အရည္အခ်င္းတစ္ခုပါပဲ။


(၄) ေခါင္းေဆာင္မႈ အရည္အခ်င္း (Leadership)
ေခါင္းေဆာင္မႈ အရည္အခ်င္းဆိုတာနဲ႕ လုပ္ငန္းတစ္ခုရဲ ႕ ေခါင္းေဆာင္ပိုင္း မွမဟုတ္ပဲ ဝန္ထမ္းတိုင္းရွိထားသင့္တဲ့ အရည္အခ်င္ပါ။ ဆိုလိုခ်င္တာ က အေျခ ခံ ဝန္ထမ္းဆို မိမိရဲ ႕ လုပ္ေဖာ္ကိုင္ဖက္ေတြကို လႈံ႕ေဆာ္မယ္၊ စိတ္အားတက္ၾကြေအာင္ လုပ္မယ္(ဥပမာ - မင္းကေတာ့ ဒီအပိုင္းတာဝန္ယူလိုက္၊ ငါကေတာ့ ဒါကို တာဝန္ယူလိုက္မယ္) အဲ့လိုမ်ိဳး စီမံ ခန္႔ခြဲ ႏိုင္တာေတြကို လည္း ေခါင္းေဆာင္မႈ အရည္အခ်င္းလိုကေျပာလို႕ရပါတယ္။ ဒါေၾကာင့္ ဒီအရည္အခ်င္းကလည္းမျဖစ္မေနရွိထားသင့္ပါတယ္။


(၅) အခ်ိန္စီမံခန္႕ခြဲႏုိင္ျခင္း (Time Management)
က်ြန္ေတာ္ လည္းအစက လုပ္ငန္းခြင္ မွာ Time Management ကအဲ့ေလာက္အေရးမၾကီး ဘူးထင္ခဲ့တာ(ကိုယ့္အျမင္ေပါ့)။ ကိုယ္တေန႔တာ လုပ္ရမယ့္ အလုပ္ေတြကို ျပီးေအာင္လုပ္ႏိုင္ရင္တာဝန္ေၾကျပီေပါ့။ အဲ့ဒါကလည္း မွန္ေတာ့မွန္ေပမယ့္ တကယ္တမ္းမွာ သင့္ရဲ႕ အလုပ္နဲ႔ အခ်ိန္ေတြကို ေကာင္းေကာင္းမြန္မြန္ စီမံခန္႕ခြဲႏိုင္ရင္ သင့္ရဲ႕ အလုပ္မွာ ထိထိေရာက္ေရာက္တိုးတက္မႈရွိတာကို သင္သတိထားမိမွာပါ။ သင့္လုပ္ရမယ့္တာဝန္ေတြနဲ႕ အခ်ိန္ကိုေကာင္းစြာ စီမံခန္႕ခြဲႏိုင္တဲ့ အရည္အခ်င္းကလည္း အလုပ္ရွငိေတြၾကိဳက္ႏွစ္သက္တဲ့ အရည္အခ်င္းေတြထဲ ကတစ္ခုပါပဲ။


(၆) ဖိအားေတြေအာက္မွာ အလုပ္လုပ္ႏိုင္တဲ႔ အရည္အခ်င္း (Ability to work under pressure)
ဘယ္အလုပ္မဆို ဖိအားရွိပါတယ္။ ဥပမာ ဒီလေတာ့ ဘယ္ေလာက္ Target ျပည့္ရမယ္။ ဘယ္ရက္မွာ အလုပ္ေတြျပီး ရမယ္.. အစရွိသျဖင့္ေပါ့။ သူမ်ားအလုပ္မွာ လုပ္ေနရတာျဖစ္တဲ့အတြက္ အလုပ္ရွင္ကေတာ့ လုပ္ငန္းတိုးတက္ေအာင္ဖိအားေပးမွာပဲေလ။ ဒါ့အျပင္ တျခား ဖိအားေတြလည္းရွိေသးတာေပါ့။ ဘယ္လိုပဲျဖစ္ျဖစ္ ဖိအားေတြေအာက္မွာ မညည္းမညဴ လက္မေလ်ာ႕ပဲ အလုပ္လုပ္ႏိုင္တဲ့ အရည္အခ်င္းရွိဖို႕လိုအပ္ပါတယ္။


(၇) ကိုယ့္ကိုယ္ကိုယံုၾကည္မႈ (Self-confidence)
ဒီအခ်က္ကေတာ့ အရမ္းကိုအေရးၾကီးပါတယ္။ လုပ္ငန္းခြင္မွာ မဟုတ္ပဲ တျခားဘယ္ေနရမွာ မဆို မိမိကုိယ္ မိမိ ယံုၾကည္မႈရွိဖို႕အရမ္းအေရးၾကီးပါတယ္။ သင္ဟာ လူေတြနဲ႔စကားေျပာရတာေၾကာက္ေနမယ္၊ ပြဲထြက္ရတာ ေၾကာက္ေနမယ္ဆိုရင္ေတာ့ လုပ္ငန္းခြင္မွာ အဆင္ေျပမွာ မဟုတ္ပါဘူး။ ဒါေၾကာင့္ မိမိကိုယ္မိမိ ယံုၾကည္မႈရွိဖို႕အရမ္းအေရးၾကီးပါတယ္။


(၈) ထီထြင္ဆန္းသစ္ႏိုင္မႈ (Creativity)
လုပ္ငန္းေတြ စီးပြားေရးေတြ အၿပိဳင္အဆိုင္မ်ားေနတဲ့ ဒီလိုေခတ္ၾကီးမွာ လုပ္ငန္းအတြက္ သင့္ရဲ႕ အႀကံဉာဏ္ဆန္းသစ္မႈေတြ၊ တီထြင္ဆန္းသစ္ႏိုင္မႈေတြကလည္း အရမ္းကိုအေရးၾကီးပါတယ္။ ဒီလိုအရည္အခ်င္းမ်ိဳး ကလုပ္ငန္းရွင္ေတြ သေဘာက်တဲ့ အရည္အခ်င္းေတြထဲ ကတစ္ခုပါပဲ။
အခုေဖာ္ျပေပးခဲ့တာေတြကေတာ့ လုပ္ငန္းခြင္ဝင္မယ့္ လူငယ္တုိင္းရွိသင့္တဲ့ Soft Skillေတြပဲျဖစ္ပါတယ္။ လိုအပ္တဲ့ အခ်က္ ေတြရွရင္လည္း ျဖည့္ေပးၾကပါလို႕ေျပာၾကားရင္း….

 

 

Ref : https://targetjobs.co.uk/careers-advice/career-planning/273051-the-top-10-skills-thatll-get-you-a-job-when-you-graduate

  "လူငယ္ေတြ လုပ္ငန္းခြင္ဝင္တဲ့ အခါ မျဖစ္မေနရွိသင့္တဲ့ Soft Skill (၈) ခု"

Read times Last modified on Saturday, 11 January 2020 15:06
Rate this articles
(1 Vote)