×

Warning

JUser: :_load: Unable to load user with ID: 81428


Articles

Monday, 30 September 2019

ဘယ်လိုလူမျိုးတွေ အလုပ်ကောင်းကောင်း ရကြသလဲ?

ဘယ်လိုလူမျိုးတွေ အလုပ်ကောင်းကောင်း ရကြသလဲ? google.com

<<< Unicode >>>

ပြိုင်ဆိုင်မှုတွေ များနေတဲ့ခေတ်မှာ ဘွဲ့ရရုံနဲ့ အလုပ် မရနိုင်သေးပါဘူး။ လစာကောင်းတဲ့ အလုပ်ဆိုရင် ပိုပြီး ခက်ပါတယ်။ပိုပြီး ရုန်းကန်ရပါတယ်။

အလုပ်လျှောက်တဲ့အခါ ဘယ်ကျောင်းကနေ ဘာဘွဲ့ရခဲ့လဲ ဆိုတာထက် ဘာInternship တွေ လုပ်ဖူးလဲ၊

အလုပ်အတွေ့အကြုံ ရှိလား၊ လုပ်ငန်းခွင် မှာ အသုံးပြုမယ့် Workplace Digital Tools တွေ အသုံးပြုတတ်လား စတဲ့ မေးခွန်းတွေကို ပိုပြီး ဦးစားပေး မေးလေ့ရှိပါတယ်။ ဒီတစ်ခါတော့ ဘယ်သူတွေ အလုပ်ကောင်းကောင်း ရကြလဲ ဆိုတာကို မျှဝေပေးချင်ပါတယ်။

 

(၁) Workplace Digital Skills ကျွမ်းကျွမ်းကျင်ကျင်အသုံးပြုတတ်တဲ့သူ

ဘယ်လုပ်ငန်းမှာမဆို နည်းပညာဟာ မရှိမဖြစ် အသုံးပြုနေကြပြီး အရေးပါတဲ့ Tool တစ်ခု ဖြစ်နေပါပြီ။ Digital Marketing ကိုလည်း ထင်ထားတာထက် ပိုပြီး တစ်ဟုန်ထိုး အသုံးပြုလာကြပါတယ်။ Facebook ,

Instagram နဲ့ Google တို့ကို သာမန် ရိုးရိုးပဲ သုံးတတ်လို့ မရတော့ပါဘူး။ Facebook နဲ့ Instagram တို့မှာ ကိုယ့်လုပ်ငန်းကို ဘယ်လို Promote လုပ်ရမလဲ၊ Business Email တွေကို ဘယ်လိုရေးရမလဲ၊

လုပ်ငန်းခွင်မှာ အလုပ်လုပ်နေတဲ့ သူတွေနဲ့ ဘယ်လို Digital Tools တွေသုံးပြီး Business Plan တွေ ဆွဲကြမလဲ စတဲ့ Digital Skills တွေကို ကျွမ်းကျွမ်းကျင်ကျင် သုံးတတ်တဲ့သူက သူများထက်ပိုပြီး ဦးစားပေး ရွေးချယ်ခံလေ့ရှိပါတယ်။

 

(၂) အလုပ် အတွေ့အကြုံ ရှိသူ

လုပ်ငန်းအတွေ့အကြုံ လို့ ပြောတဲ့ အခါမှာ အလုပ်အကြီးကြီး တွေကို ပြောတာ မဟုတ်ပါဘူး။ ကိုယ်လျှောက်ထားတဲ့ လုပ်ငန်းနဲ့ ဆက်စပ်ပြီး သက်ဆိုင်တဲ့ Internship နဲ့ အချိန်ပိုင်း အလုပ်တွေ လုပ်ထားရင် လုံလောက်ပါတယ်။

ဘာအလုပ်တွေ လုပ်ဖူးတယ်ဆိုတာထက် သင် လုပ်ငန်းခွင်မှာ ဘယ်လို Impact တွေလုပ်နိုင်ခဲ့ လဲဆိုတာ ပိုပြီး အရေးကြီးပါတယ်။

 

(၃) Soft Skills တွေပိုင်ဆိုင်ထားတဲ့သူ

လက်တွေ့လုပ်ငန်းခွင်မှာ အရာရာဟာ ထင်ထားသလို မလွယ်ကူလှပါဘူး။ အလုပ်နဲ့ ပတ်သက်တဲ့ အခက်အခဲ နဲ့ လုပ်ငန်းခွင်မှာ မထင်မှတ်ထားတဲ့ အဆင်မပြေမှုတွေကိုလည်း

မလွဲမသွေ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ လုပ်ငန်းခွင်ထဲ မဝင်ခင် ဒီလို ပြဿနာတွေနဲ့ တွေ့ကြုံရတဲ့ အခါမှာ ဘယ်လို ဖြေရှင်းရမလဲ ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့စုပေါင်းပြီး အလုပ်ကို ထိထိရောက်ရောက် ဘယ်လိုလုပ်ကြမလဲ ၊

လူအများနဲ့ ဘယ်လို ပေါင်းသင်းဆက်ဆံရမလဲ စတဲ့ Soft Skills တွေက တော်တော် အရေးကြီးပါတယ်။

 

(၄) Networking ကျယ်ကျယ်ပြန့်ပြန့် ရှိတဲ့သူ

တစ်ချို့အလုပ်တွေဟာ လစာကောင်းပြီး ကျွန်တော်တို့Experience နဲ့ ကိုက်ပေမဲ့ ကျွန်တော်တို့ဆီ Information မရောက်ရင် ဘာမှလုပ်လို့မရပါဘူး။

ဒီနေရာမှာ လူတော်တော်များနဲ့ Networking ရှိတဲ့သူဟာ Information တွေ အမြဲတမ်းလောက် ရနေမှာ ဖြစ်တဲ့အတွက် သူများထက် ခြေတစ်လှမ်းပိုသာလေ့ရှိပါတယ်။

သင့်ရဲ့အရည်အချင်းတွေကို မြှင့်တင်ချင်တယ် ဆိုရင်တော့ sayar.com.mm မှာရှိတဲ့ ဆရာ၊ ဆရာမများနှင့်ဆက်သွယ်လိုက်ပါ။
ဤလင့်https://bit.ly/2EbNTuO  မှာ ဘာသာရပ်ပေါင်းစုံ သင်ပေးသော ဆရာ၊ ဆရာမများ ကို အခမဲ့ ဝင်ရောက်ရျာဖွေနိုင်ပါသည်။


 

<<< Zawgyi >>>

ဘယ္လိုလူမ်ိဳးေတြ အလုပ္ေကာင္းေကာင္း ရၾကသလဲ?

ၿပိဳင္ဆိုင္မႈေတြ မ်ားေနတဲ့ေခတ္မွာ ဘြဲ႕ရရံုနဲ႔ အလုပ္ မရႏိုင္ေသးပါဘူး။ လစာေကာင္းတဲ့ အလုပ္ဆိုရင္ ပိုၿပီး ခက္ပါတယ္။ပိုၿပီး ႐ုန္းကန္ရပါတယ္။ အလုပ္ေလွ်ာက္တဲ့အခါ ဘယ္ေက်ာင္းကေန ဘာဘြဲ႕ရခဲ့လဲ ဆိုတာထက္ ဘာInternship ေတြ လုပ္ဖူးလဲ၊

အလုပ္အေတြ႕အၾကံဳ ရွိလား၊ လုပ္ငန္းခြင္ မွာ အသံုးျပဳမယ့္ Workplace Digital Tools ေတြ အသံုုးျပဳတတ္လား စတဲ့ ေမးခြန္းေတြကို ပိုၿပီး ဦးစားေပး ေမးေလ့ရွိပါတယ္။ ဒီတစ္ခါေတာ့ ဘယ္သူေတြ အလုပ္ေကာင္းေကာင္း ရၾကလဲ ဆိုတာကို မွ်ေဝေပးခ်င္ပါတယ္။

 

(၁) Workplace Digital Skills ကၽြမ္းကၽြမ္းက်င္က်င္အသံုးျပဳတတ္တဲ့သူ

ဘယ္လုပ္ငန္းမွာမဆို နည္းပညာဟာ မရွိမျဖစ္ အသံုးျပဳေနၾကၿပီး အေရးပါတဲ့ Tool တစ္ခု ျဖစ္ေနပါၿပီ။ Digital Marketing ကိုလည္း ထင္ထားတာထက္ ပိုၿပီး တစ္ဟုန္ထိုး အသံုးျပဳလာၾကပါတယ္။ Facebook ,

Instagram နဲ႔ Google တို႔ကို သာမန္ ႐ိုး႐ိုးပဲ သံုးတတ္လို႔ မရေတာ့ပါဘူး။ Facebook နဲ႔ Instagram တို႔မွာ ကိ္ုယ့္လုပ္ငန္းကို ဘယ္လို Promote လုပ္ရမလဲ၊ Business Email ေတြကို ဘယ္လိုေရးရမလဲ၊

လုပ္ငန္းခြင္မွာ အလုပ္လုပ္ေနတဲ့ သူေတြနဲ႔ ဘယ္လို Digital Tools ေတြသံုးၿပီး Business Plan ေတြ ဆြဲျကမလဲ စတဲ့ Digital Skills ေတြကို ကၽြမ္းကၽြမ္းက်င္က်င္ သံုးတတ္တဲ့သူက သူမ်ားထက္ပိုၿပီး ဦးစားေပး ေရြးခ်ယ္ခံေလ့ရွိပါတယ္။

 

(၂) အလုပ္ အေတြ႕အၾကံဳ ရွိသူ

လုပ္ငန္းအေတြ႕အၾကံဳ လို႔ ေျပာတဲ့ အခါမွာ အလုပ္အျကီးႀကီး ေတြကို ေျပာတာ မဟုတ္ပါဘူး။ ကိုယ္ေလွ်ာက္ထားတဲ့ လုပ္ငန္းနဲ႔ ဆက္စပ္ၿပီး သက္ဆိုင္တဲ့ Internship နဲ႔ အခ်ိန္ပိုင္း အလုပ္ေတြ လုပ္ထားရင္ လံုေလာက္ပါတယ္။

ဘာအလုပ္ေတြ လုပ္ဖူးတယ္ဆိုတာထက္ သင္ လုပ္ငန္းခြင္မွာ ဘယ္လို Impact ေတြလုပ္ႏိုင္ခဲ့ လဲဆိုတာ ပိုၿပီး အေရးႀကီးပါတယ္။

 

(၃) Soft Skills ေတြပိုင္ဆိုင္ထားတဲ့သူ

လက္ေတြ႕လုပ္ငန္းခြင္မွာ အရာရာဟာ ထင္ထားသလို မလြယ္ကူလွပါဘူး။ အလုပ္နဲ႔ ပတ္သက္တဲ့ အခက္အခဲ နဲ႔ လုပ္ငန္းခြင္မွာ မထင္မွတ္ထားတဲ့ အဆင္မေျပမႈေတြကိုလည္း

မလြဲမေသြ ရင္ဆိုင္ရမွာ ျဖစ္ပါတယ္။ လုပ္ငန္းခြင္ထဲ မဝင္ခင္ ဒီလို ျပႆနာေတြနဲ႔ ေတြ႕ၾကံဳရတဲ့ အခါမွာ ဘယ္လို ေျဖရွင္းရမလဲ ၊ လုပ္ေဖာ္ကိုင္ဖက္ေတြနဲ႔စုေပါင္းၿပီး အလုပ္ကို ထိထိေရာက္ေရာက္ ဘယ္လိုလုပ္ၾကမလဲ ၊ လူအမ်ားနဲ႔ ဘယ္လို ေပါင္းသင္းဆက္ဆံရမလဲ စတဲ့ Soft Skills ေတြက ေတာ္ေတာ္ အေရးႀကီးပါတယ္။

 

(၄) Networking က်ယ္က်ယ္ျပန္႔ျပန္႔ ရွိတဲ့သူ

တစ္ခ်ိဳ႕အလုပ္ေတြဟာ လစာေကာင္းၿပီး ကၽြန္ေတာ္တို႔Experience နဲ႔ ကိုက္ေပမဲ့ ကၽြန္ေတာ္တို႔ဆီ Information မေရာက္ရင္ ဘာမွလုပ္လို႔မရပါဘူး။

ဒီေနရာမွာ လူေတာ္ေတာ္မ်ားနဲ႔ Networking ရွိတဲ့သူဟာ Information ေတြ အၿမဲတမ္းေလာက္ ရေနမွာ ျဖစ္တဲ့အတြက္ သူမ်ားထက္ ေျခတစ္လွမ္းပိုသာေလ့ရွိပါတယ္။

သင့္ရဲ ့အရည္အခ်င္းေတြကို ျမွင့္တင္ခ်င္တယ္ ဆိုရင္ေတာ့ sayar.com.mm မွာရွိတဲ့ ဆရာ၊ ဆရာမမ်ားႏွင့္ဆက္သြယ္လိုက္ပါ။
ဤလင့္ https://bit.ly/2EbNTuO မွာ ဘာသာရပ္ေပါင္းစံု သင္ေပးေသာ ဆရာ၊ ဆရာမမ်ား ကို အခမဲ့ ဝင္ေရာက္ရ်ာေဖြႏိုင္ပါသည္။

 

Sources : MYEO

sayar.com.mm

Read times
Rate this articles
(0 votes)