×

Warning

JUser: :_load: Unable to load user with ID: 81428


Language

Friday, 07 June 2019

အင်္ဂလိပ်စကားပြော ရာတွင် ဆွဲဆောင်မှုရှိစေဖို့ ရိုးရှင်းတဲ့ နည်းလမ်း (၆) ခု

အင်္ဂလိပ်စကားပြော ရာတွင် ဆွဲဆောင်မှုရှိစေဖို့ ရိုးရှင်းတဲ့ နည်းလမ်း (၆) ခု pexels








 






 






 






 






 


(၆) မကြာခဏ ပြုံးပါ





 

UNICODE

 

ဆွဲ ဆောင်မှုရှိတယ်ဆိုတာ က ကိုယ်ပြောလိုက် တဲ့ စကားလုံး တိုင်းကို တစ်ဖက်လူက စိတ်ဝင်တစားရှိမှုကိုပြောခြင်းဖြစ်ပါတယ်။

အခု ကျွန်တော်ပြော ပြမယ့်အချက်လေးတွေကို အင်္ဂလိပ်စကား ပြောရာတွင်သာမက နေ့စဉ် လူမှုဆက်ဆံ ရေးတွင်လဲ အသုံးပြုနိုင်ပါတယ်။ နောက် ပြီး Interview တို့presentation တို့တွင်လည်း အသုံးပြုနိုင်ပါတယ်။

 


(၁) မိမိစကားပြောနေတဲ့အချိန်မှာ တစ်ဖက်လူက စိတ်ဝင်စားရဲ့လာဆိုတာ သတိပြုပါ

pexels-photo-2422280.jpeg

 


သူတို့ဘာပြန်ပြောလဲ ဆို တာကို သေချာ ဂရုစိုက်ပေးပါ။ အထူးသဖြင့် သူတို့ရဲ့အပြု အမူ တွေကို သတိထားပြီး ကြည့်ပါ။ ဥပမာ . သူတို့ရဲ့ပုံစံ က ပျင်းနေတဲ့ပုံစံပေါက်နေလား..။ ဒါဆို သင် ဟာသ လေးတွေ ထည့်ပြောဖို့လို နေပြီပေါ့။ နောက်ပြီး သင်ပြောတာကို သူတို့က ငြင်းနေရင် ..သူတို့ကို မေးခွန်းလေးတွေ ပြန် မေးခြင်းအားဖြင့် သင့်ရဲ့စကားဝိုင်းလေးဟာ ဆွဲဆောင်မှုရှိနေမှာပါ။

 


(၂) ဖြေးဖြေး ချင်းပြောပါ

pexels-photo-551657.jpeg

 


အင်္ဂလိပ် ဘာသာစကားဆို တာ ကျွန်တော်တို့နဲ့ အရင်းနှီးဆုံးဘာသာ စကားဆိုပေမဲ့ အရမ်း ကျွမ်းကျင်နေတဲ့ ဘာသာစကား မဟုတ်ပါဘူး။ မြန်မာစကားလို မျိုး စိတ်ထဲမှာရှိသလို အပြင်မှာ ထုတ်ပြောဖို့မလွယ်ပါဘူး။ ဒါကြောင့် အင်္ဂလိပ်စကားပြောရာမှာဖြည်းဖြည်းချင်းပြောပါ။ ဖြည်းဖြည်းချင်းပြောတာကမှန်မှန်ကန်ကန် ရှိသလို နောက်ပြောမယ့် စကားတွေအတွက် လည်းစဉ်းစားဖို့အချိန်ရပါတယ်။

 


(၃) အင်္ဂလိပ်စာလုံးတစ်လုံးချင်း(ဝေါဟာရ) တွေကိုသာမက အင်္ဂလိပ်စာကြောင်းတွေကိုလည်းလေ့လာပါ

pexels-photo-267669.jpeg

 


အင်္ဂလိပ်စာလုံးတစ်လုံးကိုလေ့လာတဲ့အခါ... အဲ့စကားလုံးကို ဘယ်လို အကြောင်းအရာတွေမှာသုံးလဲ၊ ဘယ်နေရာမှာ သုံးလို့အသင့်တော်ဆုံးလဲ ဆိုတာ တွေပါ လေ့လာသင့်ပါတယ်။ အဲ့ဒီလို လေ့လာတဲ့အတွက် စာလုံးတစ်လုံးမြင်ရင် ဘယ်လို အကြောင်းအရာတွေမှာ သုံး လို့အသင့်တော်ဆုံးလဲ ဆိုတာသိပြီး သင့်ရဲ့အင်္ဂ လိပ်စကားပြောစွမ်းရည်ကို တိုးတက်စေမှာပါ။

 


(၄) အင်္ဂလိပ်သီချင်းတွေနားထောင်ပါ

pexels-photo-374876.jpeg


ရုပ်မြင်သံကြားမှာ လာတဲ့ အင်္ဂလိပ် သတင်းတိုတိုလေးတွေ၊ အင်္ဂလိပ်သီချင်းတွေကို များများနားထောင်ပေး ခြင်းဖြင့် အသံထွက်တွေကို နားရည်ဝလာနိုင်ပါတယ်။ ဒီလို များများနားထောင်ပေးခြင်းဖြင့် စကားလုံး အသစ်အဆန်းတွေကို လေ့လာမှတ်သားနိုင်လာကာ ပိုမို အလေ့အကျင့်ဖြစ် လာစေမှာဖြစ်ပါတယ်။ အင်္ဂလိပ်သီချင်းတွေ နားထောင်ခြင်းဖြင့် Listening skill ကောင်းမွန်ဖို့အတွက် အထောက်အကူဖြစ်မယ်၊ စကားလုံးတွေ နားယဉ်လာလိမ့်မယ်။ အင်္ဂလိပ်သီချင်းစားသားများကိုလည်း နားထောင်ရုံမဟုတ်ဘဲ ပါးစပ်မှ လိုက်ဆိုပေးရင် ပိုကောင်းပါတယ်။

 


(၅) ရုပ်ရှင်ကားတွေကြည့်ပေးပါ

photo 1522869635100 9f4c5e86aa37


အင်္ဂလိပ် ရှပ်ရှင်ကားတွေကို ကြည့်ပေးခြင်းဖြင့် ဝေါဟာရစာလုံးအသစ်တွေနဲ့ အသံထွက်တွေကို ကောင်းကောင်း သတိပြု မှတ်မိစေ မှာဖြစ်ပြီး စကားပြောစွမ်းရည်ကို တိုးတက်စေနိုင်တဲ့ အချက်တစ်ခုဖြစ်ပါတယ်။

 


(၆) မကြာခဏ ပြုံးပါ

pexels-photo-1059112.jpeg


ယေဘုယျ အားဖြင့် စကားလုံးတစ်ထောင် လောက်ပြောပြီးတိုင်း တစ်ခါပြုံးပါ။ ပြုံးတာက သင့်ရဲ့ဆွဲဆောင်မှု စွမ်းရည် ကိုပိုပြီးတိုးစေပါတယ်။ ဒါကြောင့် အင်္ဂလိပ်စကားပြောတဲ့အခါမှာ ရှက်ကြောက်နေတဲ့ ပုံစံ ပေါက် မနေပဲ ယုံကြည်မှုရှိရှိနဲ့ အပြုံးလေးနဲ့ပြောပါ။

သင့်ရဲ့ အင်္ဂလိပ် စကေးကို ဒီထက် ပို ပြီး မြှင့်တင်ချင်ရင်တော့ ဤလင့်ခ် http://bit.do/eUqM7 တွင် တစ်ဦးချင်း သင်ကြားပေးသော အင်္ဂလိပ်စာ ဆရာ၊ ဆရာမများရှိပါသည်။

 

 

sayar.com.mm

Read times Last modified on Tuesday, 24 December 2019 17:04
Rate this articles
(1 Vote)