×

Warning

JUser: :_load: Unable to load user with ID: 81428


Articles

Wednesday, 09 October 2019

"တကၠသိုလ္တက္ေနရင္းအလုပ္လုပ္ျခင္းရဲ႕ေကာင္းက်ိဳးမ်ား"

"တကၠသိုလ္တက္ေနရင္းအလုပ္လုပ္ျခင္းရဲ႕ေကာင္းက်ိဳးမ်ား" google.com

<<< Zawgyi>>>

တကၠသိုလ္ေနရင္းနဲ႔ အလုပ္လုပ္ျခင္းက အက်ိဳးအမ်ားႀကီးရွိတယ္ဆိုတာ သိပါရဲ႕လား။

တစ္ခ်ိဳ႕လူငယ္ေတြမွာ တကၠသိုလ္တက္ေနရင္းနဲ႔

တစ္ဖက္က အလုပ္ဝင္လုပ္ရလို႔ တကၠသိုလ္ေက်ာင္းသားဘဝကို အျပည့္အဝမခံစားရတာမွန္ေပမယ့္ တကယ္ေတာ့ ေကာင္းက်ိဳးေတြက တကၠသိုလ္အခ်ိန္ျပည့္တက္ေနတဲ့သူေတြထက္ မ်ားပါတယ္။

(တကၠသိုလ္အခ်ိန္ျပည့္တက္ေနတဲ့သူေတြက မေကာင္းဘူးဆိုလိုခ်င္တာမဟုတ္ပါဘူး။ တကယ္ႀကိဳးစားသင္ယူရင္ အခ်ိန္ကုန္ရက်ိဳးနပ္တာပါပဲ)

 

(၁) အေတြ႕အႀကဳံပိုမ်ားၿပီးသားျဖစ္ျခင္း
တကၠသိုလ္အခ်ိန္ျပည့္တက္ေနတဲ့လူငယ္ေတြမ်ားေသာအားျဖင့္က ေက်ာင္းၿပီးမွ အလုပ္ခြင္ဝင္ၾကတာျဖစ္တဲ့အတြက္ ထိုအခ်ိန္မွာ လုပ္ငန္းအေတြ႕အႀကဳံတစ္ခုမွ မရွိေသးတဲ့လူသစ္ေလးေတြျဖစ္ေနမွာပါ။

ထိုအခ်ိန္မွာ တကၠသိုလ္တက္ရင္း အလုပ္တစ္ဖက္ဝင္ထားတဲ့ လူငယ္ေတြက်ေတာ့ အေတာ္အသင့္ အေတြ႕အႀကဳံရွိၿပီးသားျဖစ္ေနေလာက္ပါၿပီ။

အျခားလူငယ္ေတြက ခုမွဘြဲ႕ရလို႔ ကိုယ္နဲ႔အဆင္ေျပမယ့္ အလုပ္ခြင္ကို ရွာေနတုန္းမွာ တကၠသိုလ္တက္ကတည္းက အလုပ္ခြင္ေနတဲ့လူငယ္ေတြမွာေတာ့

ကိုယ္နဲ႔အံဝင္တဲ့အလုပ္ကို ကိုယ္တိုင္ရွာေတြ႕ေနေလာက္ပါၿပီ။ အဲဒါအျပင္ ကိုယ့္ရဲ႕တကယ္စိတ္ပါဝင္စားတဲ့အလုပ္ကိုလည္း သိၿပီးျဖစ္ေနေလာက္ပါၿပီ။


(၂) လူမႈဆက္ဆံေရး ပိုေကာင္းလာျခင္း
အလုပ္ခြင္ကို သူမ်ားထက္ ေစၿပီးက်င္လည္ရတာျဖစ္တဲ့အတြက္ လူမႈဆက္ဆံေရးမွာလည္း သူမ်ားထက္ပိုၿပီး ေပါင္းတတ္သင္းတတ္ပါတယ္။

လူေတြရဲ႕သေဘာကိုလည္း ပိုၿပီး နားလည္လက္ခံႏိုင္ပါတယ္။ အဲဒါေၾကာင့္လည္း ပိုၿပီး အလုပ္ခြင္မွာအသားက်ႏိုင္တာေပါ့။

အျခားသူမ်ားနဲ႔ စိတ္ရွည္ရွည္ဆက္ဆံတတ္ျခင္း၊ ဝယ္သူမ်ားနဲ႔ က်င္လည္စြာ ဆက္ဆံႏိုင္ျခင္း၊ ညႇိဳႏႈိွု္င္းတတ္ျခင္း၊ အလုပ္ခြင္က သူမ်ားနဲ႔လည္း

ပိုၿပီး ဆက္ဆံေရးအဆင္ေျပႏိုင္ျခင္း စတဲ့အက်ိဳးေတြရွိသလို၊ ဆက္ဆံရခက္ခဲပါတယ္ဆိုတဲ့ အလုပ္သမားေတြနဲ႔ ကာစတန္မာေတြအတြက္ ပိုၿပီး အဆင္ေျပေအာင္ ဆက္ဆံတတ္လာတာေတြ႕ႏိုင္ပါတယ္။

လူ႔သေဘာကိုပိုသိလာတဲ့အတြက္ ပိုၿပီးလည္း စိတ္ရွည္စြာ ဆက္ဆံတတ္ႏိုင္ပါတယ္။ အျပဳအမူေကာင္းေတြ၊ စိတ္ရွည္ျခင္းေတြ၊ ကိုယ္ခ်င္းစာခ်င္စိတ္နဲ႔ နားေထာင္ႏိုင္စြမ္းပိုသာတာကိုေတြ႕ရပါတယ္။


(၃) အခ်ိန္ကို စီမံခန႔္ခြဲတတ္လာျခင္း
တကၠသိုလ္တက္ေနစဥ္ကတည္းက အလုပ္ခြင္ကို အခ်ိန္ပိုင္းဝင္လုပ္ထားတဲ့လူငယ္ေတြအေနနဲ႔ အခ်ိန္ကိုလည္း ပိုၿပီး တန္ဖိုးထားတတ္သလို၊

အခ်ိန္ကိုလည္း အက်ိဳးရွိစြာ အသုံးခ်ဖို႔ ႀကိဳးစားတတ္လာပါတယ္။ အဲဒါေၾကာင့္ ေက်ာင္းၿပီးရင္ အလုပ္ခြင္၊ အလုပ္ခြင္ကေန သင္တန္း၊ အလုပ္ခြင္ကေန အိမ္၊ က်ဴရွင္ စသည္ျဖင့္

အၿမဲလိုလို ရွိေနတတ္တာေၾကာင့္ အခ်ိန္ကို စနစ္တက် စီမံခန႔္ခြဲတတ္လာပါတယ္။ ပိုၿပီးလည္း အခ်ိန္ရဲ႕တန္ဖိုးကို နားလည္ႏိုင္လာပါတယ္။

အဲဒါေၾကာင့္ အခ်ိန္ကိုလည္ းအက်ိဳးရွိစြာ အသုံးခ်ဖို႔ေတြးတတ္လာပါတယ္။

အခ်ိန္ကို စီမံတတ္တဲ့ေနာက္မွာေတာ့ ကိုယ့္ရဲ႕စြမ္းရည္ေတြ ပိုၿပီး တိုးတက္လာႏိုင္တာေပါ့။

အဲဒါေၾကာင့္ အလုပ္တစ္ဖက္နဲ႔ ေက်ာင္းတက္ရတဲ့လူငယ္ေတြအတြက္ အခ်ိန္ကိုစီမံခန႔္ခြဲတတ္ဖို႔ တကူးတက သင္ေပးစရာမလိုေတာ့ပါဘူး။

Recommended For You >>>> "လူငယ္ေတြ အေနနဲ ့ေခတ္သစ္ရဲ႕ စိန္ေခၚမႈေတြအတြက္ အသင့္ျဖစ္ေနေစဖုိ႕"


(၄) ေငြကို စနစ္တက် စီမံခန႔္ခြဲတတ္လာျခင္း

အလုပ္တစ္ဖက္ေက်ာင္းတတ္ရတဲ့ လူငယ္အမ်ားစုက အိမ္ကိုလည္း ေငြျပန္ေတာင္းစရာမလိုေတာ့သလို၊ ကိုယ့္လက္ထဲေရာက္လာတဲ့ လစာဝင္ေငြကို တစ္လလုံးေလာက္ငေအာင္

ဘယ္လိုသုံးမလဲဆိုတဲ့အေတြးအေခၚမ်ိဳး စတင္ေတြးတတ္လာသလို၊ တကယ္လည္း အသုံးခ်တတ္လာပါတယ္။ အဲဒါေၾကာင့္ ေငြကို စနစ္တက် စီမံခန႔္ခြဲတတ္လာပါတယ္။

ေငြကို ကိုယ္တိုင္ႀကိဳးစားရွာရတဲ့အတြက္လည္း ေငြရဲ႕တန္ဖိုးကို ပိုသိလာၿပီး ပိုတန္ဖိုးထားတတ္လာလို႔ ေငြသုံးစြဲမႈမွာလည္း ထိန္းသိမ္းတတ္လာပါတယ္။

အခ်ိန္တန္မိဘဆီ လက္ျဖန႔္ေတာင္းၿပီး တကၠသိုလ္တက္ရတဲ့လူငယ္ေတြထက္ေတာ့ ေငြကုန္မွာကို ပိုေၾကာက္တတ္သလို ေငြကို စနစ္တက်သုံးစြဲတတ္လာပါတယ္။

အလဟႆျဖဳန္းတီးတဲ့အက်င့္ အလိုလို ေပ်ာက္ကြယ္သြားႏိုင္ပါတယ္။ ပိုၿပီးေတာ့ အပိုဝင္ေငြရႏိုင္တဲ့အတြက္လည္း မိဘမ်ားကိုေတာင္ ျပန္ၿပီး ေပးႏိုင္ရင္ အေကာင္းဆုံးေပါ့။


(၅) တကၠသိုလ္တက္ရတဲ့စရိတ္ သက္သာႏိုင္ျခင္း
ကိုယ္ပိုင္ဝင္ေငြနဲ႔ ေက်ာင္းတတ္ႏိုင္တဲ့အခါ မိဘက စရိတ္သက္သာႏိုင္ပါတယ္။ တစ္ခ်ိဳ႕ဆို ေခ်းေငြယူၿပီးေက်ာင္းတတ္တာမ်ိဳးေတာင္ ရွိတဲ့အတြက္

အလုပ္တစ္ဖက္နဲ႔ေက်ာင္းတက္ျခင္းက ေငြေခ်းယူရတဲ့ဒုကၡ၊ အေႂကြးတင္ျခင္း ကင္းသြားပါတယ္။

ကိုယ္ရဲ႕အပိုဝင္ေငြေၾကာင့္လည္း ကိုယ္လိုခ်င္တာေလးေတြကို ကိုယ္ပိုင္ဝင္ေငြနဲ႔ ဝယ္ယူႏိုင္ပါတယ္။

ေက်ာင္းအတြက္လိုအပ္တာေတြဆိုလည္း ကိုယ့္ရဲ႕ကိုယ္ပိုင္ဝင္ေငြရွိေနတာမို႔ သိပ္ပူစရာမလိုေတာ့ပါဘူး။
ေက်ာင္းစာတစ္ဖက္၊ အလုပ္တစ္ဖက္နဲ႔မို႔ အျခားသူမ်ားထက္ေတာ့ စိန္ေခၚမႈေတြ၊ ဖိအားေတြပိုမ်ားႏိုင္ေပမယ့္

ကိုယ့္ေျခေထာက္ေပၚ ကိုယ္ရပ္တည္ႏိုင္ျခင္းက အစြမ္းအစျမင့္မားလာေစပါတယ္။ တေျဖးေျဖး အရည္အခ်င္းနဲ႔လည္း ျပည့္ဝလာႏိုင္ပါတယ္။

လူမႈဘဝကိုလည္း ပိုၿပီးနားလည္ႏိုင္လာသလို ေငြကိုလည္း ပိုၿပီးတန္ဖိုးထားႏိုင္လာပါတယ္။

ကိုယ္ပိုင္ဝင္ေငြေၾကာင့္ ကိုယ့္ကိုကိုယ္ပိုၿပီး ယုံၾကည္မႈရွိလာသလို၊ အခ်ိန္လည္း အလဟႆမျဖစ္ဘဲ စနစ္တက်အသုံးခ်တတ္လာပါတယ္။

သင့္ဘဝရဲ႕အခ်ိန္ကို စနစ္တက်ျဖတ္သန္းရင္း သင့္ဘဝအနာဂတ္ပိုၿပီးေတာက္ပလာသလို ခံစားရပါလိမ့္မယ္။
အလုပ္တစ္ဖက္နဲ႔ ေက်ာင္းတက္ရတဲ့ တစ္ခ်ိဳ႕လူငယ္ေတြ တကၠသိုလ္ေက်ာင္းသားဘဝကို အျပည့္အဝမခံစားရလို႔

အားငယ္မေနရေအာင္ အလုပ္တစ္ဖက္နဲ႔ေက်ာင္းတက္ျခင္းေၾကာင့္ ရရွိႏိုင္တဲ့အဓိက အက်ိဳးေက်းဇူးေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

 

သင့္ရဲ ့အရည္အခ်င္းေတြကို ျမွင့္တင္ခ်င္တယ္ ဆိုရင္ေတာ့ sayar.com.mm မွာရွိတဲ့ ဆရာ၊ ဆရာမမ်ားႏွင့္ဆက္သြယ္လိုက္ပါ။
ဤလင့္ https://www.sayar.com.mm/subjects.html မွာ ဘာသာရပ္ေပါင္းစံု သင္ေပးေသာ ဆရာ၊ ဆရာမမ်ား ကို အခမဲ့ ဝင္ေရာက္ရ်ာေဖြႏိုင္ပါသည္။


 

Sources : BAWA101

 

<<<Unicode>>>

"တက္ကသိုလ်တက်နေရင်းအလုပ်လုပ်ခြင်းရဲ့ကောင်းကျိုးများ"
တက္ကသိုလ်နေရင်းနဲ့ အလုပ်လုပ်ခြင်းက အကျိုးအများကြီးရှိတယ်ဆိုတာ သိပါရဲ့လား။ တစ်ချို့လူငယ်တွေမှာ တက္ကသိုလ်တက်နေရင်းနဲ့

တစ်ဖက်က အလုပ်ဝင်လုပ်ရလို့ တက္ကသိုလ်ကျောင်းသားဘဝကို အပြည့်အဝမခံစားရတာမှန်ပေမယ့် တကယ်တော့ ကောင်းကျိုးတွေက တက္ကသိုလ်အချိန်ပြည့်တက်နေတဲ့သူတွေထက် များပါတယ်။

(တက္ကသိုလ်အချိန်ပြည့်တက်နေတဲ့သူတွေက မကောင်းဘူးဆိုလိုချင်တာမဟုတ်ပါဘူး။ တကယ်ကြိုးစားသင်ယူရင် အချိန်ကုန်ရကျိုးနပ်တာပါပဲ)

 

(၁) အတွေ့အကြုံပိုများပြီးသားဖြစ်ခြင်း
တက္ကသိုလ်အချိန်ပြည့်တက်နေတဲ့လူငယ်တွေများသောအားဖြင့်က ကျောင်းပြီးမှ အလုပ်ခွင်ဝင်ကြတာဖြစ်တဲ့အတွက် ထိုအချိန်မှာ လုပ်ငန်းအတွေ့အကြုံတစ်ခုမှ မရှိသေးတဲ့လူသစ်လေးတွေဖြစ်နေမှာပါ။

ထိုအချိန်မှာ တက္ကသိုလ်တက်ရင်း အလုပ်တစ်ဖက်ဝင်ထားတဲ့ လူငယ်တွေကျတော့ အတော်အသင့် အတွေ့အကြုံရှိပြီးသားဖြစ်နေလောက်ပါပြီ။

အခြားလူငယ်တွေက ခုမှဘွဲ့ရလို့ ကိုယ်နဲ့အဆင်ပြေမယ့် အလုပ်ခွင်ကို ရှာနေတုန်းမှာ တက္ကသိုလ်တက်ကတည်းက အလုပ်ခွင်နေတဲ့လူငယ်တွေမှာတော့

ကိုယ်နဲ့အံဝင်တဲ့အလုပ်ကို ကိုယ်တိုင်ရှာတွေ့နေလောက်ပါပြီ။ အဲဒါအပြင် ကိုယ့်ရဲ့တကယ်စိတ်ပါဝင်စားတဲ့အလုပ်ကိုလည်း သိပြီးဖြစ်နေလောက်ပါပြီ။


(၂) လူမှုဆက်ဆံရေး ပိုကောင်းလာခြင်း
အလုပ်ခွင်ကို သူများထက် စေပြီးကျင်လည်ရတာဖြစ်တဲ့အတွက် လူမှုဆက်ဆံရေးမှာလည်း သူများထက်ပိုပြီး ပေါင်းတတ်သင်းတတ်ပါတယ်။

လူတွေရဲ့သဘောကိုလည်း ပိုပြီး နားလည်လက်ခံနိုင်ပါတယ်။ အဲဒါကြောင့်လည်း ပိုပြီး အလုပ်ခွင်မှာအသားကျနိုင်တာပေါ့။

အခြားသူများနဲ့ စိတ်ရှည်ရှည်ဆက်ဆံတတ်ခြင်း၊ ဝယ်သူများနဲ့ ကျင်လည်စွာ ဆက်ဆံနိုင်ခြင်း၊ ညှိုနှိုှု်င်းတတ်ခြင်း၊ အလုပ်ခွင်က သူများနဲ့လည်း

ပိုပြီး ဆက်ဆံရေးအဆင်ပြေနိုင်ခြင်း စတဲ့အကျိုးတွေရှိသလို၊ ဆက်ဆံရခက်ခဲပါတယ်ဆိုတဲ့ အလုပ်သမားတွေနဲ့ ကာစတန်မာတွေအတွက် ပိုပြီး အဆင်ပြေအောင် ဆက်ဆံတတ်လာတာတွေ့နိုင်ပါတယ်။

လူ့သဘောကိုပိုသိလာတဲ့အတွက် ပိုပြီးလည်း စိတ်ရှည်စွာ ဆက်ဆံတတ်နိုင်ပါတယ်။ အပြုအမူကောင်းတွေ၊ စိတ်ရှည်ခြင်းတွေ၊ ကိုယ်ချင်းစာချင်စိတ်နဲ့ နားထောင်နိုင်စွမ်းပိုသာတာကိုတွေ့ရပါတယ်။


(၃) အချိန်ကို စီမံခန့်ခွဲတတ်လာခြင်း
တက္ကသိုလ်တက်နေစဉ်ကတည်းက အလုပ်ခွင်ကို အချိန်ပိုင်းဝင်လုပ်ထားတဲ့လူငယ်တွေအနေနဲ့ အချိန်ကိုလည်း ပိုပြီး တန်ဖိုးထားတတ်သလို၊

အချိန်ကိုလည်း အကျိုးရှိစွာ အသုံးချဖို့ ကြိုးစားတတ်လာပါတယ်။ အဲဒါကြောင့် ကျောင်းပြီးရင် အလုပ်ခွင်၊ အလုပ်ခွင်ကနေ သင်တန်း၊ အလုပ်ခွင်ကနေ အိမ်၊ ကျူရှင် စသည်ဖြင့်

အမြဲလိုလို ရှိနေတတ်တာကြောင့် အချိန်ကို စနစ်တကျ စီမံခန့်ခွဲတတ်လာပါတယ်။ ပိုပြီးလည်း အချိန်ရဲ့တန်ဖိုးကို နားလည်နိုင်လာပါတယ်။

အဲဒါကြောင့် အချိန်ကိုလည် းအကျိုးရှိစွာ အသုံးချဖို့တွေးတတ်လာပါတယ်။

အချိန်ကို စီမံတတ်တဲ့နောက်မှာတော့ ကိုယ့်ရဲ့စွမ်းရည်တွေ ပိုပြီး တိုးတက်လာနိုင်တာပေါ့။

အဲဒါကြောင့် အလုပ်တစ်ဖက်နဲ့ ကျောင်းတက်ရတဲ့လူငယ်တွေအတွက် အချိန်ကိုစီမံခန့်ခွဲတတ်ဖို့ တကူးတက သင်ပေးစရာမလိုတော့ပါဘူး။

Recommended For You >>> "လူငယ်တွေ အနေနဲ့ခေတ်သစ်ရဲ့ စိန်ခေါ်မှုတွေအတွက် အသင့်ဖြစ်နေစေဖို့"


(၄) ငွေကို စနစ်တကျ စီမံခန့်ခွဲတတ်လာခြင်း
အလုပ်တစ်ဖက်ကျောင်းတတ်ရတဲ့ လူငယ်အများစုက အိမ်ကိုလည်း ငွေပြန်တောင်းစရာမလိုတော့သလို၊ ကိုယ့်လက်ထဲရောက်လာတဲ့ လစာဝင်ငွေကို တစ်လလုံးလောက်ငအောင်

ဘယ်လိုသုံးမလဲဆိုတဲ့အတွေးအခေါ်မျိုး စတင်တွေးတတ်လာသလို၊ တကယ်လည်း အသုံးချတတ်လာပါတယ်။ အဲဒါကြောင့် ငွေကို စနစ်တကျ စီမံခန့်ခွဲတတ်လာပါတယ်။

ငွေကို ကိုယ်တိုင်ကြိုးစားရှာရတဲ့အတွက်လည်း ငွေရဲ့တန်ဖိုးကို ပိုသိလာပြီး ပိုတန်ဖိုးထားတတ်လာလို့ ငွေသုံးစွဲမှုမှာလည်း ထိန်းသိမ်းတတ်လာပါတယ်။

အချိန်တန်မိဘဆီ လက်ဖြန့်တောင်းပြီး တက္ကသိုလ်တက်ရတဲ့လူငယ်တွေထက်တော့ ငွေကုန်မှာကို ပိုကြောက်တတ်သလို ငွေကို စနစ်တကျသုံးစွဲတတ်လာပါတယ်။

အလဟဿဖြုန်းတီးတဲ့အကျင့် အလိုလို ပျောက်ကွယ်သွားနိုင်ပါတယ်။ ပိုပြီးတော့ အပိုဝင်ငွေရနိုင်တဲ့အတွက်လည်း မိဘများကိုတောင် ပြန်ပြီး ပေးနိုင်ရင် အကောင်းဆုံးပေါ့။


(၅) တက္ကသိုလ်တက်ရတဲ့စရိတ် သက်သာနိုင်ခြင်း
ကိုယ်ပိုင်ဝင်ငွေနဲ့ ကျောင်းတတ်နိုင်တဲ့အခါ မိဘက စရိတ်သက်သာနိုင်ပါတယ်။ တစ်ချို့ဆို ချေးငွေယူပြီးကျောင်းတတ်တာမျိုးတောင် ရှိတဲ့အတွက်

အလုပ်တစ်ဖက်နဲ့ကျောင်းတက်ခြင်းက ငွေချေးယူရတဲ့ဒုက္ခ၊ အကြွေးတင်ခြင်း ကင်းသွားပါတယ်။

ကိုယ်ရဲ့အပိုဝင်ငွေကြောင့်လည်း ကိုယ်လိုချင်တာလေးတွေကို ကိုယ်ပိုင်ဝင်ငွေနဲ့ ဝယ်ယူနိုင်ပါတယ်။

ကျောင်းအတွက်လိုအပ်တာတွေဆိုလည်း ကိုယ့်ရဲ့ကိုယ်ပိုင်ဝင်ငွေရှိနေတာမို့ သိပ်ပူစရာမလိုတော့ပါဘူး။
ကျောင်းစာတစ်ဖက်၊ အလုပ်တစ်ဖက်နဲ့မို့ အခြားသူများထက်တော့ စိန်ခေါ်မှုတွေ၊ ဖိအားတွေပိုများနိုင်ပေမယ့်

ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်ခြင်းက အစွမ်းအစမြင့်မားလာစေပါတယ်။ တဖြေးဖြေး အရည်အချင်းနဲ့လည်း ပြည့်ဝလာနိုင်ပါတယ်။

လူမှုဘဝကိုလည်း ပိုပြီးနားလည်နိုင်လာသလို ငွေကိုလည်း ပိုပြီးတန်ဖိုးထားနိုင်လာပါတယ်။

ကိုယ်ပိုင်ဝင်ငွေကြောင့် ကိုယ့်ကိုကိုယ်ပိုပြီး ယုံကြည်မှုရှိလာသလို၊ အချိန်လည်း အလဟဿမဖြစ်ဘဲ စနစ်တကျအသုံးချတတ်လာပါတယ်။

သင့်ဘဝရဲ့အချိန်ကို စနစ်တကျဖြတ်သန်းရင်း သင့်ဘဝအနာဂတ်ပိုပြီးတောက်ပလာသလို ခံစားရပါလိမ့်မယ်။
အလုပ်တစ်ဖက်နဲ့ ကျောင်းတက်ရတဲ့ တစ်ချို့လူငယ်တွေ တက္ကသိုလ်ကျောင်းသားဘဝကို အပြည့်အဝမခံစားရလို့

အားငယ်မနေရအောင် အလုပ်တစ်ဖက်နဲ့ကျောင်းတက်ခြင်းကြောင့် ရရှိနိုင်တဲ့အဓိက အကျိုးကျေးဇူးတွေကို ဖော်ပြပေးလိုက်ပါတယ်။

သင့်ရဲ့အရည်အချင်းတွေကို မြှင့်တင်ချင်တယ် ဆိုရင်တော့ sayar.com.mm မှာရှိတဲ့ ဆရာ၊ ဆရာမများနှင့်ဆက်သွယ်လိုက်ပါ။
ဤလင့် https://www.sayar.com.mm/subjects.html မှာ ဘာသာရပ်ပေါင်းစုံ သင်ပေးသော ဆရာ၊ ဆရာမများ ကို အခမဲ့ ဝင်ရောက်ရျာဖွေနိုင်ပါသည်


 

Sources : BAWA 101

sayar.com.mm

 

Read times
Rate this articles
(0 votes)