×

Warning

JUser: :_load: Unable to load user with ID: 81428


Knowledge

Thursday, 09 January 2020

“Audio Engineer ေကာင္းတစ္ေယာက္ ျဖစ္ေစရန္အတြက္ လိုအပ္ေသာ အရည္အေသြးေကာင္းမ်ား"

“Audio Engineer ေကာင္းတစ္ေယာက္ ျဖစ္ေစရန္အတြက္ လိုအပ္ေသာ အရည္အေသြးေကာင္းမ်ား" freepick

ဒီအကြောင်းအရာကတော့ ဆွေးနွေးလေ့သိပ်မရှိတဲ့ အကြောင်းအရာတစ်ခုပဲ ဖြစ်ပါတယ်။

အခုဆောင်းပါးမှာ ပါဝင်တဲ့အချက်တွေကတော့ အသံပိုင်းဆိုင်ရာအင်ဂျင်နီယာသစ်တွေ အသုံးတည့်နိုင်တဲ့ နည်းလမ်းကောင်းတွေပဲ ဖြစ်ပါတယ်။

အသံပိုင်းဆိုင်ရာအင်ဂျင်နီယာပညာဆိုတာ ထူးခြားကောင်းမွန်တဲ့ အသက်မွေးမှုပညာတစ်ခုပဲဖြစ်ပါတယ်။ ကျင့်ဝတ်ထိန်းသိမ်းမှု နဲ့ အရည်အသွေးကောင်းမွန်မှုတို့ကို ဦးစားပေးတဲ့ ပညာရပ်ဆိုလည်း မမှားပါဘူး။
အသံပိုင်းဆိုင်ရာအင်ဂျင်နီယာကောင်းတစ်ယောက်ဖြစ်လာဖို့အတွက် လိုက်နာရမယ့် ကျင့်ဝတ်နဲ့ စည်းမျဉ်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

 

(၁) မိမိလုပ်ကိုင်နေတဲ့ ပရောဂျက်ဟာ မိမိကိုယ်ပိုင်ပရောဂျက်မဟုတ်ပါ
စတူဒီယိုအင်ဂျင်နီယာ တစ်ယောက်ဖြစ်လာပြီဆိုတာနဲ့ ရုပ်ရှင် မှတ်တမ်းရုပ်ရှင် ရုပ်ရှင်ဇာတ်ကားတို အစရှိတဲ့ နယ်ပယ်အသီးသီးကပရောဂျက်တွေကို လက်ခံဆောင်ရွက်ရမှာပဲ ဖြစ်ပါတယ်။ မိမိရဲ့တာဝန်ကတော့ အရည်အသွေးကောင်းမွန်တဲ့ဖန်တီးမှုတွေကို အချိန်မီပေးအပ်ဖို့ပဲ ဖြစ်ပါတယ်။


ပရောဂျက်နဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကို ကူးယူတာမျိုး ၊ အလုပ်နဲ့မသက်ဆိုင်တဲ့ အပြင်လူတွေကို ပြန်လည်မျှဝေတာမျိုး မလုပ်သင့်ပါဘူး။
ဥပမာတစ်ခုပေးရရင် တာမေးလ်ရုပ်ရှင် ပရောဂျက်မှာပါဝင်တဲ့ အလုပ်သင်တစ်ယောက်ကြောင့် ရုပ်ရှင်ကားဟာ တည်းဖြတ်နေဆဲကာလမှာပဲ အပြင်ကိုပြန့်သွားခဲ့တဲ့အတွက် မူပိုင်ခွင့်ချိုးဖောက်ခံရမှုကို ရင်ဆိုင်ခဲ့ရပါတယ်။ အမှန်တကယ်ဖြန့်ဝေသူတွေကို ဖမ်းဆီးအရေးယူနိုင်ခဲ့ပေမယ့်လည်း အလုပ်သင်ရဲ့ နာမည်နှင့်ဂုဏ်သတင်းကတော့ ထိခိုက်ပျက်စီးသွားခဲ့ပါတယ်။


ဒီလိုဖြစ်ရပ်မျိုးက နယ်ပယ်တိုင်းမှာ ဖြစ်ပွားလေ့ရှိတဲ့အတွက် အသံပိုင်းဆိုင်ရာအင်ဂျင်နီယာကောင်းတစ်ယောက်ဖြစ်လိုသူတွေအနေနဲ့ ကျင့်ဝတ်ဖောက်ပြားတဲ့လုပ်ရပ်တွေကို သတိပြုရှောင်ကြဉ်ရမှာပဲ ဖြစ်ပါတယ်။ မိမိနာမည်နဲ့ စတူဒီယိုဂုဏ်သတင်းကို ထိခိုက်ပျက်စီးစေနိုင်တဲ့လုပ်ရပ်တွေကို ရှောင်ကြဉ်ရမှာပဲ ဖြစ်ပါတယ်။ဒီလိုဖြစ်ရပ်မျိုးရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကတော့ စတူဒီယိုတွေအနေနဲ့ သင်တန်းသားခေါ်ယူခြင်း ၊ အလုပ်သင်ခန့်ထားခြင်းတို့ကို ရပ်ဆိုင်းပစ်လိုက်ရတာပဲ ဖြစ်ပါတယ်။

 


(၂) သူတစ်ပါးရဲ့ ဖန်တီးမှုလက်ရာတွေကို မဝေဖန်ပါနဲ့
မိမိက ဝေဖန်ရေးသမားမဟုတ် ၊ အသံပိုင်းဆိုင်ရာအင်ဂျင်နီယာတစ်ယောက်ဆိုတာကို သတိပြုပါ။ မိမိလုပ်ကိုင်မယ့် ရုပ်ရှင် (သို့မဟုတ်) မှတ်တမ်းရုပ်ရှင်ရဲ့ ပင်မအကြောင်းအရာက မိမိရဲ့စိတ်ကူး ၊ ရှုထောင့်တို့နဲ့ တိုက်ဆိုင်ချင်မှတိုက်ဆိုင်မှာပဲ ဖြစ်ပါတယ်။ မိမိစိတ်နှင့်မတိုက်ဆိုင်တိုင်း ဝေဖန်ပုတ်ခတ်တာမျိုး မလုပ်သင့်ပါ။ ရုပ်ရှင်ဖန်တီးသူရဲ့ကိုယ်ပိုင်စိတ်ကူးကို အသိအမှတ်ပြုပြီး မိမိတာဝန်များကိုသာ ပြီးစီးအောင်ဆောင်ရွက်ပါ။
နောက်တစ်ချက်ကတော့ မိမိအနေနဲ့ ပရောဂျက်ကောင်းတစ်ခုကို လက်ခံရရှိထားပြီး မိမိရဲ့လုပ်ဖော်ကိုင်ဖက်က ညံ့ဖျင်းတဲ့ပရောဂျက်တစ်ခုကို လက်ခံရရှိထားတဲ့အခါမျိုးမှာ မိမိရဲ့စိတ်ခံစားချက်တွေကို ထုတ်ဖော်မပြပါနဲ့။

 


(၃) စီနီယာများနဲ့ဆွေးနွေးဖလှယ်ပါ
မိမိလုပ်ကိုင်နေတဲ့အလုပ်နဲ့ပတ်သက်ပြီး ဒွိဟဖြစ်မှုတွေ ပေါ်ပေါက်လာတဲ့အခါမျိုးမှာ ဒါရိုက်တာ (သို့မဟုတ်) ထုတ်လုပ်သူဆီဖုန်းဆက်ပြီး မိမိရဲ့အခက်အခဲတွေကို မတင်ပြပါနဲ့။ အပြင်လူတွေ လုပ်ဖော်ကိုင်ဖက်တွေနဲ့ တိုင်ပင်မယ့်အစား အမှန်တကယ်လမ်းပြပေးနိုင်တဲ့ စီနီယာအင်ဂျင်နီယာတစ်ဦးဦးနဲ့သာ တိုင်ပင်ဆွေးနွေးလိုက်ပါ။

 


(၄) အဆက်အသွယ်တွေ ရှာဖွေပါ
အဆက်အသွယ်ကောင်းတွေ ရှာဖွေခြင်းဟာ အောင်မြင်မှုခရီးလမ်းအတွက် အဓိကကျတဲ့အချက်တစ်ချက်ပဲ ဖြစ်ပါတယ်။ အသံပိုင်းဆိုင်ရာအင်ဂျင်နီယာနယ်ပယ်က ထိပ်သီးပညာရှင်တွေနဲ့ဆက်သွယ်ပြီး မိမိတတ်မြောက်ထားတဲ့ ပညာတွေကို ပြန်လည်မျှဝေပါ။
အွန်လိုင်းအဖွဲ့အစည်းတွေ ဘလော့ဂ်တွေနဲ့ လူမှုဆက်သွယ်ရေး မီဒီယာတွေပေါ်မှာ သတင်းအချက်အလက်တွေ မျှဝေပါ။ မိမိနယ်ပယ်တွင်းက မိတ်ဆွေတွေနဲ့ သတင်းအချက်အလက်မျှဝေခြင်းဖြင့် မိမိအတွက်လည်း နည်းလမ်းကောင်းတွေ ပြန်လည်ရရှိလာမှာပဲဖြစ်ပါတယ်။
အောင်မြင်တဲ့ပရောဖက်ရှင်နယ်တွေနဲ့ စီးပွားရေးသမားတွေဟာ အနည်းဆုံး တစ်လ ၅နာရီခန့်အချိန်ပေးပြီး တွေ့ဆုံဆွေးနွေးခြင်းတွေ လုပ်ဖော်ကိုင်ဖက်တွေနဲ့ အိုင်ဒီယာဖလှယ်ခြင်းတွေကို ပြုလုပ်လေ့ရှိပါတယ်။

 


(၅) ရိုးရိုးကျင့် မြင့်မြင့်ကြံ
ဒီစကားပုံကတော့ ကလေးဘဝကတည်းက နားစွဲလာတဲ့စကားပုံပဲဖြစ်ပါတယ်။ ရိုးသားမှုဟာ အသံပိုင်းဆိုင်ရာအင်ဂျင်နီယာတစ်ဦးရဲ့ပရော်ဖက်ရှင်နယ်ဘဝအတွက် အရေးပါတဲ့ အချက်တစ်ချက်ပဲ ဖြစ်ပါတယ်။
နယ်ပယ်အသီးသီးမှာ ဦးဆောင်လျက်ရှိတဲ့ ပရော်ဖက်ရှင်နယ်တွေဟာ ရိုးသားစွာလုပ်ကိုင်ပြီး အချိန်တိကျသူများ ဖြစ်ကြပါတယ်။ ဆင်ခြေဆင်လက် အကြောင်းပြချက်တွေမပေးပဲ ပေးအပ်လာတဲ့တာဝန်ကို အချိန်မီပြီးစီးအောင် ဆောင်ရွက်တတ်သူများဖြစ်ပါတယ်။ စီနီယာတွေ ပရောဂျက်ဒါရိုက်တာတွေ ပရောဂျက်မှာပါဝင်လုပ်ကိုင်သူတွေ မေးမြန်းလာတဲ့မေးခွန်းတွေကို ရိုးသားစွာဖြေကြားခြင်းဟာလည်း ပရောဂျက်တစ်ခုလုံးနဲ့ မိမိရဲ့ပရော်ဖက်ရှင်နယ်ဘဝအတွက် အကျိုးရှိစေနိုင်ပါတယ်။

 


(၆) ပြီးပြည့်စုံတဲ့လူတစ်ယောက်လိုမနေပါနဲ့ မိမိဟာပြီးပြည့်စုံသူမဟုတ်ပါ
မိမိနယ်ပယ်တွင်းက လုပ်ဖော်ကိုင်ဖက်တွေရဲ့ အရည်အချင်းကို အထင်မသေးပါနဲ့။ လူတော်တော်များများဟာ လုပ်ဖော်ကိုင်ဖက်တွေရဲ့ အရည်အချင်းကို လျှော့တွက်လေ့ရှိကြပါတယ်။ လူတစ်ယောက်က မိမိတတ်ထားသလို မတတ်တာနဲ့ပဲ ထိုသူကို အသုံးမဝင်တဲ့လူလို့ သတ်မှတ်လို့မရပါ။မိမိမှာမရှိတဲ့ တခြားအရည်အချင်းများစွာ ရှိနေနိုင်ပြီး အဲ့ဒီအရည်အချင်းတွေဟာလည်း တခြားပရောဂျက်တွေအတွက် လိုအပ်တဲ့အရည်အချင်းတွေ ဖြစ်နေနိုင်ပါတယ်။ လုပ်ဖော်ကိုင်ဖက်တွေကို ကြင်နာစွာဆက်ဆံပြီး နည်းလမ်းသစ်များသင်ကြားပေးပါက မိမိအရည်အချင်းလည်း တိုးတက်လာမှာပဲဖြစ်ပါတယ်။

 


(၇) စနစ်တကျ သပ်ရပ်လုံခြုံစွာထားပါ
အသံဖမ်းအင်ဂျင်နီယာ အလန်ပါဆင်စ်ရဲ့စကားအတိုင်းပြောရရင် အရည်အသွေးမြင့်အသံစနစ်ကို မြတ်နိုးသူတွေဟာ သင်တို့ရဲ့ဂီတကို နားဆင်ဖို့ စက်ကိရိယာတွေကို အသုံးပြုတာမဟုတ်ပဲ စက်ကိရိယာတွေဆီက ထွက်ပေါ်လာတဲ့အသံကိုနားဆင်ဖို့ သင်တို့ရဲ့ဂီတကို အသုံးပြုတာပဲဖြစ်ပါတယ်။
စက်ကိရိယာတွေဟာ အသံပိုင်းဆိုင်ရာအင်ဂျင်နီယာတစ်ယောက်အတွက် အရေးပါတဲ့အရာတွေပဲဖြစ်ပါတယ်။ အသံပိုင်းဆိုင်ရာ စက်ကိရိယာတွေကို လုံခြုံစိတ်ချရတဲ့နည်းနဲ့ အသယ်အပို့လုပ်ပါ။ ရာသီဥတုဒဏ်မခံရစေရန် လျှပ်စစ်ပိုင်းဆိုင်ရာပျက်စီးမှုများ မရှိစေရန်ဂရုစိုက်ပါ။ စက်ရဲ့အရည်အသွေးနှင့် စက်ကထုတ်လုပ်ပေးတဲ့ အသံအရည်အသွေးဟာ စက်ကိုင်တွယ်ပုံပေါ်မူတည်ပြီး ပြေင်းလဲသွားနိုင်ပါတယ်။
အသံဖမ်းစတူဒီယိုထဲမှာ မိမိကိုယ်ပိုင်သီးသန့်နေရာနဲ့ ကောင်းမွန်တဲ့အလုပ်ခွင်ပတ်ဝန်းကျင်ရှိမှ ဖန်တီးမှုစွမ်းရည်နဲ့ ထုတ်လုပ်မှုစွမ်းရည်တွေ မြင့်တက်လာမှာပဲဖြစ်ပါတယ်။ မိမိအလုပ်လုပ်တဲ့နေရာကို စနစ်တကျ သပ်ရပ်စွာထားရမှာ မိမိတာဝန်ပဲ ဖြစ်ပါတယ်။
တခြားသူကို မခိုင်းပါနဲ့။
တခြားသူကိုခိုင်းရင် နေရာအထားမှားတာတွေ ဝါယာကြိုးလွတ်သွားတာတွေ အသုံးလိုတဲ့ကိရိယာတွေကို မှားပြီးလွှင့်ပစ်မိတာမျိုးတွေ ဖြစ်နိုင်ပါတယ်။ အလုပ်တွေလည်း နှောင့်နှေးနိုင်ပါတယ်။ အမှားအယွင်းတစ်ခုခု ဖြစ်လာရင် တာဝန်အရှိဆုံးလူက မိမိပဲဖြစ်ပါတယ်။ တခြားသူကို အပြစ်တင်လို့မရပါ။

 


(၈) ကျွန်တော်က ဒီပွဲရဲ့အသံပိုင်းဆိုင်ရာအင်ဂျင်နီယာပါ။ ဘာများကူညီပေးရမလဲ
လိုက်ဖ်အသံပိုင်းဆိုင်ရာပညာရှင်တွေအနေနဲ့ အနုပညာရှင်တွေ တီးဝိုင်းအဖွဲ့သားတွေနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးကို တည်ဆောက်နိုင်မှ ပွဲတစ်ပွဲဟာ အဆင်ပြေပြေ ချောချောမွေ့မွေ့ ပြီးဆုံးသွားမှာဖြစ်ပါတယ်။ တချို့အနုပညာရှင်တွေဟာ တီးဝိုင်းအဖွဲ့သားတစ်ဦးဦးက မှားနေရင်တောင် အဲ့ဒီအမှားအတွက် အသံပိုင်းဆိုင်ရာ အင်ဂျင်နီယာတွေနဲ့ အသံပိုင်းဆိုင်ရာစက်ကိရိယာတွေကို အပြစ်တင်တတ်ကြပါတယ်။
အသံပိုင်းဆိုင်ရာအင်ဂျင်နီယာကောင်းဆိုတာ အနုပညာရှင်တွေနဲ့ ဆက်သွယ်နိုင်သူဖြစ်ရပါမယ်။ စက်ကိရိယာတွေကို ကျွမ်းကျင်စွာတပ်ဆင်နိုင်ပြီး အသံထွက်အရည်အသွေး ကာင်းမွန်အောင် လုပ်ဆောင်နိုင်သူဖြစ်ရပါမယ်။
ဖော်ပြခဲ့တဲ့အချက်တွေကတော့ အသံပိုင်းဆိုင်ရာအင်ဂျင်နီယာတစ်ယောက် လိုက်နာစောင့်ထိန်းရမယ့် ကျင့်ဝတ်စည်းမျဉ်းတွေပဲဖြစ်ပါတယ်။ ကျင့်ဝတ်စောင့်ထိန်းခြင်းရဲ့ ရလာဒ်အကျိုးကျေးဇူးက ချက်ချင်းလက်ငင်း မသိသာနိုင်ပေမယ့် နှစ်ပေါင်းများစွာကြာလာရင်တော့ နိုင်ငံတကာအဆင့်မီ အသံပိုင်းဆိုင်ရာအင်ဂျင်နီယာအဖြစ် ရပ်တည်နိုင်ရေးအတွက် များစွာထောက်အကူပြုပါတယ်။

 

Credit : AES Myanmar

 

ZAWGYI ျဖင့္ဖတ္ရန္

ဒီအေၾကာင္းအရာကေတာ့ ေဆြးေႏြးေလ့သိပ္မရွိတဲ့ အေၾကာင္းအရာတစ္ခုပဲ ျဖစ္ပါတယ္။ အခုေဆာင္းပါးမွာ ပါဝင္တဲ့အခ်က္ေတြကေတာ့ အသံပိုင္းဆိုင္ရာအင္ဂ်င္နီယာသစ္ေတြ အသုံးတည့္ႏိုင္တဲ့ နည္းလမ္းေကာင္းေတြပဲ ျဖစ္ပါတယ္။
အသံပိုင္းဆိုင္ရာအင္ဂ်င္နီယာပညာဆိုတာ ထူးျခားေကာင္းမြန္တဲ့ အသက္ေမြးမႈပညာတစ္ခုပဲျဖစ္ပါတယ္။ က်င့္ဝတ္ထိန္းသိမ္းမႈ နဲ႔ အရည္အေသြးေကာင္းမြန္မႈတို႔ကို ဦးစားေပးတဲ့ ပညာရပ္ဆိုလည္း မမွားပါဘူး။
အသံပိုင္းဆိုင္ရာအင္ဂ်င္နီယာေကာင္းတစ္ေယာက္ျဖစ္လာဖို႔အတြက္ လိုက္နာရမယ့္ က်င့္ဝတ္နဲ႔ စည္းမ်ဥ္းေတြကို ေဖာ္ျပေပးလိုက္ပါတယ္။


(၁) မိမိလုပ္ကိုင္ေနတဲ့ ပေရာဂ်က္ဟာ မိမိကိုယ္ပိုင္ပေရာဂ်က္မဟုတ္ပါ
စတူဒီယိုအင္ဂ်င္နီယာ တစ္ေယာက္ျဖစ္လာၿပီဆိုတာနဲ႔ ႐ုပ္ရွင္ မွတ္တမ္း႐ုပ္ရွင္ ႐ုပ္ရွင္ဇာတ္ကားတို အစရွိတဲ့ နယ္ပယ္အသီးသီးကပေရာဂ်က္ေတြကို လက္ခံေဆာင္႐ြက္ရမွာပဲ ျဖစ္ပါတယ္။ မိမိရဲ႕တာဝန္ကေတာ့ အရည္အေသြးေကာင္းမြန္တဲ့ဖန္တီးမႈေတြကို အခ်ိန္မီေပးအပ္ဖို႔ပဲ ျဖစ္ပါတယ္။
ပေရာဂ်က္နဲ႔ပတ္သက္တဲ့ အေသးစိတ္အခ်က္အလက္ေတြကို ကူးယူတာမ်ိဳး ၊ အလုပ္နဲ႔မသက္ဆိုင္တဲ့ အျပင္လူေတြကို ျပန္လည္မွ်ေဝတာမ်ိဳး မလုပ္သင့္ပါဘူး။


ဥပမာတစ္ခုေပးရရင္ တာေမးလ္႐ုပ္ရွင္ ပေရာဂ်က္မွာပါဝင္တဲ့ အလုပ္သင္တစ္ေယာက္ေၾကာင့္ ႐ုပ္ရွင္ကားဟာ တည္းျဖတ္ေနဆဲကာလမွာပဲ အျပင္ကိုျပန႔္သြားခဲ့တဲ့အတြက္ မူပိုင္ခြင့္ခ်ိဳးေဖာက္ခံရမႈကို ရင္ဆိုင္ခဲ့ရပါတယ္။ အမွန္တကယ္ျဖန႔္ေဝသူေတြကို ဖမ္းဆီးအေရးယူႏိုင္ခဲ့ေပမယ့္လည္း အလုပ္သင္ရဲ႕ နာမည္ႏွင့္ဂုဏ္သတင္းကေတာ့ ထိခိုက္ပ်က္စီးသြားခဲ့ပါတယ္။
ဒီလိုျဖစ္ရပ္မ်ိဳးက နယ္ပယ္တိုင္းမွာ ျဖစ္ပြားေလ့ရွိတဲ့အတြက္ အသံပိုင္းဆိုင္ရာအင္ဂ်င္နီယာေကာင္းတစ္ေယာက္ျဖစ္လိုသူေတြအေနနဲ႔ က်င့္ဝတ္ေဖာက္ျပားတဲ့လုပ္ရပ္ေတြကို သတိျပဳေရွာင္ၾကဥ္ရမွာပဲ ျဖစ္ပါတယ္။ မိမိနာမည္နဲ႔ စတူဒီယိုဂုဏ္သတင္းကို ထိခိုက္ပ်က္စီးေစႏိုင္တဲ့လုပ္ရပ္ေတြကို ေရွာင္ၾကဥ္ရမွာပဲ ျဖစ္ပါတယ္။
ဒီလိုျဖစ္ရပ္မ်ိဳးရဲ႕ ေနာက္ဆက္တြဲဆိုးက်ိဳးေတြကေတာ့ စတူဒီယိုေတြအေနနဲ႔ သင္တန္းသားေခၚယူျခင္း ၊ အလုပ္သင္ခန႔္ထားျခင္းတို႔ကို ရပ္ဆိုင္းပစ္လိုက္ရတာပဲ ျဖစ္ပါတယ္။

 


(၂) သူတစ္ပါးရဲ႕ ဖန္တီးမႈလက္ရာေတြကို မေဝဖန္ပါနဲ႔
မိမိက ေဝဖန္ေရးသမားမဟုတ္ ၊ အသံပိုင္းဆိုင္ရာအင္ဂ်င္နီယာတစ္ေယာက္ဆိုတာကို သတိျပဳပါ။ မိမိလုပ္ကိုင္မယ့္ ႐ုပ္ရွင္ (သို႔မဟုတ္) မွတ္တမ္း႐ုပ္ရွင္ရဲ႕ ပင္မအေၾကာင္းအရာက မိမိရဲ႕စိတ္ကူး ၊ ရႈေထာင့္တို႔နဲ႔ တိုက္ဆိုင္ခ်င္မွတိုက္ဆိုင္မွာပဲ ျဖစ္ပါတယ္။ မိမိစိတ္ႏွင့္မတိုက္ဆိုင္တိုင္း ေဝဖန္ပုတ္ခတ္တာမ်ိဳး မလုပ္သင့္ပါ။ ႐ုပ္ရွင္ဖန္တီးသူရဲ႕ကိုယ္ပိုင္စိတ္ကူးကို အသိအမွတ္ျပဳၿပီး မိမိတာဝန္မ်ားကိုသာ ၿပီးစီးေအာင္ေဆာင္႐ြက္ပါ။
ေနာက္တစ္ခ်က္ကေတာ့ မိမိအေနနဲ႔ ပေရာဂ်က္ေကာင္းတစ္ခုကို လက္ခံရရွိထားၿပီး မိမိရဲ႕လုပ္ေဖာ္ကိုင္ဖက္က ညံ့ဖ်င္းတဲ့ပေရာဂ်က္တစ္ခုကို လက္ခံရရွိထားတဲ့အခါမ်ိဳးမွာ မိမိရဲ႕စိတ္ခံစားခ်က္ေတြကို ထုတ္ေဖာ္မျပပါနဲ႔။

 


(၃) စီနီယာမ်ားနဲ႔ေဆြးေႏြးဖလွယ္ပါ
မိမိလုပ္ကိုင္ေနတဲ့အလုပ္နဲ႔ပတ္သက္ၿပီး ဒြိဟျဖစ္မႈေတြ ေပၚေပါက္လာတဲ့အခါမ်ိဳးမွာ ဒါ႐ိုက္တာ (သို႔မဟုတ္) ထုတ္လုပ္သူဆီဖုန္းဆက္ၿပီး မိမိရဲ႕အခက္အခဲေတြကို မတင္ျပပါနဲ႔။ အျပင္လူေတြ လုပ္ေဖာ္ကိုင္ဖက္ေတြနဲ႔ တိုင္ပင္မယ့္အစား အမွန္တကယ္လမ္းျပေပးႏိုင္တဲ့ စီနီယာအင္ဂ်င္နီယာတစ္ဦးဦးနဲ႔သာ တိုင္ပင္ေဆြးေႏြးလိုက္ပါ။

 


(၄) အဆက္အသြယ္ေတြ ရွာေဖြပါ
အဆက္အသြယ္ေကာင္းေတြ ရွာေဖြျခင္းဟာ ေအာင္ျမင္မႈခရီးလမ္းအတြက္ အဓိကက်တဲ့အခ်က္တစ္ခ်က္ပဲ ျဖစ္ပါတယ္။ အသံပိုင္းဆိုင္ရာအင္ဂ်င္နီယာနယ္ပယ္က ထိပ္သီးပညာရွင္ေတြနဲ႔ဆက္သြယ္ၿပီး မိမိတတ္ေျမာက္ထားတဲ့ ပညာေတြကို ျပန္လည္မွ်ေဝပါ။
အြန္လိုင္းအဖြဲ႕အစည္းေတြ ဘေလာ့ဂ္ေတြနဲ႔ လူမႈဆက္သြယ္ေရး မီဒီယာေတြေပၚမွာ သတင္းအခ်က္အလက္ေတြ မွ်ေဝပါ။ မိမိနယ္ပယ္တြင္းက မိတ္ေဆြေတြနဲ႔ သတင္းအခ်က္အလက္မွ်ေဝျခင္းျဖင့္ မိမိအတြက္လည္း နည္းလမ္းေကာင္းေတြ ျပန္လည္ရရွိလာမွာပဲျဖစ္ပါတယ္။
ေအာင္ျမင္တဲ့ပေရာဖက္ရွင္နယ္ေတြနဲ႔ စီးပြားေရးသမားေတြဟာ အနည္းဆုံး တစ္လ ၅နာရီခန႔္အခ်ိန္ေပးၿပီး ေတြ႕ဆုံေဆြးေႏြးျခင္းေတြ လုပ္ေဖာ္ကိုင္ဖက္ေတြနဲ႔ အိုင္ဒီယာဖလွယ္ျခင္းေတြကို ျပဳလုပ္ေလ့ရွိပါတယ္။

 


(၅) ႐ိုး႐ိုးက်င့္ ျမင့္ျမင့္ႀကံ
ဒီစကားပုံကေတာ့ ကေလးဘဝကတည္းက နားစြဲလာတဲ့စကားပုံပဲျဖစ္ပါတယ္။ ႐ိုးသားမႈဟာ အသံပိုင္းဆိုင္ရာအင္ဂ်င္နီယာတစ္ဦးရဲ႕ပေရာ္ဖက္ရွင္နယ္ဘဝအတြက္ အေရးပါတဲ့ အခ်က္တစ္ခ်က္ပဲ ျဖစ္ပါတယ္။
နယ္ပယ္အသီးသီးမွာ ဦးေဆာင္လ်က္ရွိတဲ့ ပေရာ္ဖက္ရွင္နယ္ေတြဟာ ႐ိုးသားစြာလုပ္ကိုင္ၿပီး အခ်ိန္တိက်သူမ်ား ျဖစ္ၾကပါတယ္။ ဆင္ေျခဆင္လက္ အေၾကာင္းျပခ်က္ေတြမေပးပဲ ေပးအပ္လာတဲ့တာဝန္ကို အခ်ိန္မီၿပီးစီးေအာင္ ေဆာင္႐ြက္တတ္သူမ်ားျဖစ္ပါတယ္။ စီနီယာေတြ ပေရာဂ်က္ဒါ႐ိုက္တာေတြ ပေရာဂ်က္မွာပါဝင္လုပ္ကိုင္သူေတြ ေမးျမန္းလာတဲ့ေမးခြန္းေတြကို ႐ိုးသားစြာေျဖၾကားျခင္းဟာလည္း ပေရာဂ်က္တစ္ခုလုံးနဲ႔ မိမိရဲ႕ပေရာ္ဖက္ရွင္နယ္ဘဝအတြက္ အက်ိဳးရွိေစႏိုင္ပါတယ္။

 


(၆) ၿပီးျပည့္စုံတဲ့လူတစ္ေယာက္လိုမေနပါနဲ႔ မိမိဟာၿပီးျပည့္စုံသူမဟုတ္ပါ
မိမိနယ္ပယ္တြင္းက လုပ္ေဖာ္ကိုင္ဖက္ေတြရဲ႕ အရည္အခ်င္းကို အထင္မေသးပါနဲ႔။ လူေတာ္ေတာ္မ်ားမ်ားဟာ လုပ္ေဖာ္ကိုင္ဖက္ေတြရဲ႕ အရည္အခ်င္းကို ေလွ်ာ့တြက္ေလ့ရွိၾကပါတယ္။ လူတစ္ေယာက္က မိမိတတ္ထားသလို မတတ္တာနဲ႔ပဲ ထိုသူကို အသုံးမဝင္တဲ့လူလို႔ သတ္မွတ္လို႔မရပါ။မိမိမွာမရွိတဲ့ တျခားအရည္အခ်င္းမ်ားစြာ ရွိေနႏိုင္ၿပီး အဲ့ဒီအရည္အခ်င္းေတြဟာလည္း တျခားပေရာဂ်က္ေတြအတြက္ လိုအပ္တဲ့အရည္အခ်င္းေတြ ျဖစ္ေနႏိုင္ပါတယ္။ လုပ္ေဖာ္ကိုင္ဖက္ေတြကို ၾကင္နာစြာဆက္ဆံၿပီး နည္းလမ္းသစ္မ်ားသင္ၾကားေပးပါက မိမိအရည္အခ်င္းလည္း တိုးတက္လာမွာပဲျဖစ္ပါတယ္။

 


(၇) စနစ္တက် သပ္ရပ္လုံၿခဳံစြာထားပါ
အသံဖမ္းအင္ဂ်င္နီယာ အလန္ပါဆင္စ္ရဲ႕စကားအတိုင္းေျပာရရင္ အရည္အေသြးျမင့္အသံစနစ္ကို ျမတ္ႏိုးသူေတြဟာ သင္တို႔ရဲ႕ဂီတကို နားဆင္ဖို႔ စက္ကိရိယာေတြကို အသုံးျပဳတာမဟုတ္ပဲ စက္ကိရိယာေတြဆီက ထြက္ေပၚလာတဲ့အသံကိုနားဆင္ဖို႔ သင္တို႔ရဲ႕ဂီတကို အသုံးျပဳတာပဲျဖစ္ပါတယ္။
စက္ကိရိယာေတြဟာ အသံပိုင္းဆိုင္ရာအင္ဂ်င္နီယာတစ္ေယာက္အတြက္ အေရးပါတဲ့အရာေတြပဲျဖစ္ပါတယ္။ အသံပိုင္းဆိုင္ရာ စက္ကိရိယာေတြကို လုံၿခဳံစိတ္ခ်ရတဲ့နည္းနဲ႔ အသယ္အပို႔လုပ္ပါ။ ရာသီဥတုဒဏ္မခံရေစရန္ လွ်ပ္စစ္ပိုင္းဆိုင္ရာပ်က္စီးမႈမ်ား မရွိေစရန္ဂ႐ုစိုက္ပါ။ စက္ရဲ႕အရည္အေသြးႏွင့္ စက္ကထုတ္လုပ္ေပးတဲ့ အသံအရည္အေသြးဟာ စက္ကိုင္တြယ္ပုံေပၚမူတည္ၿပီး ေျပင္းလဲသြားႏိုင္ပါတယ္။


အသံဖမ္းစတူဒီယိုထဲမွာ မိမိကိုယ္ပိုင္သီးသန႔္ေနရာနဲ႔ ေကာင္းမြန္တဲ့အလုပ္ခြင္ပတ္ဝန္းက်င္ရွိမွ ဖန္တီးမႈစြမ္းရည္နဲ႔ ထုတ္လုပ္မႈစြမ္းရည္ေတြ ျမင့္တက္လာမွာပဲျဖစ္ပါတယ္။ မိမိအလုပ္လုပ္တဲ့ေနရာကို စနစ္တက် သပ္ရပ္စြာထားရမွာ မိမိတာဝန္ပဲ ျဖစ္ပါတယ္။
တျခားသူကို မခိုင္းပါနဲ႔။
တျခားသူကိုခိုင္းရင္ ေနရာအထားမွားတာေတြ ဝါယာႀကိဳးလြတ္သြားတာေတြ အသုံးလိုတဲ့ကိရိယာေတြကို မွားၿပီးလႊင့္ပစ္မိတာမ်ိဳးေတြ ျဖစ္ႏိုင္ပါတယ္။ အလုပ္ေတြလည္း ေႏွာင့္ေႏွးႏိုင္ပါတယ္။ အမွားအယြင္းတစ္ခုခု ျဖစ္လာရင္ တာဝန္အရွိဆုံးလူက မိမိပဲျဖစ္ပါတယ္။ တျခားသူကို အျပစ္တင္လို႔မရပါ။

 


(၈) ကြၽန္ေတာ္က ဒီပြဲရဲ႕အသံပိုင္းဆိုင္ရာအင္ဂ်င္နီယာပါ။ ဘာမ်ားကူညီေပးရမလဲ
လိုက္ဖ္အသံပိုင္းဆိုင္ရာပညာရွင္ေတြအေနနဲ႔ အႏုပညာရွင္ေတြ တီးဝိုင္းအဖြဲ႕သားေတြနဲ႔ ေကာင္းမြန္တဲ့ဆက္ဆံေရးကို တည္ေဆာက္ႏိုင္မွ ပြဲတစ္ပြဲဟာ အဆင္ေျပေျပ ေခ်ာေခ်ာေမြ႕ေမြ႕ ၿပီးဆုံးသြားမွာျဖစ္ပါတယ္။ တခ်ိဳ႕အႏုပညာရွင္ေတြဟာ တီးဝိုင္းအဖြဲ႕သားတစ္ဦးဦးက မွားေနရင္ေတာင္ အဲ့ဒီအမွားအတြက္ အသံပိုင္းဆိုင္ရာ အင္ဂ်င္နီယာေတြနဲ႔ အသံပိုင္းဆိုင္ရာစက္ကိရိယာေတြကို အျပစ္တင္တတ္ၾကပါတယ္။
အသံပိုင္းဆိုင္ရာအင္ဂ်င္နီယာေကာင္းဆိုတာ အႏုပညာရွင္ေတြနဲ႔ ဆက္သြယ္ႏိုင္သူျဖစ္ရပါမယ္။ စက္ကိရိယာေတြကို ကြၽမ္းက်င္စြာတပ္ဆင္ႏိုင္ၿပီး အသံထြက္အရည္အေသြး ကာင္းမြန္ေအာင္ လုပ္ေဆာင္ႏိုင္သူျဖစ္ရပါမယ္။
ေဖာ္ျပခဲ့တဲ့အခ်က္ေတြကေတာ့ အသံပိုင္းဆိုင္ရာအင္ဂ်င္နီယာတစ္ေယာက္ လိုက္နာေစာင့္ထိန္းရမယ့္ က်င့္ဝတ္စည္းမ်ဥ္းေတြပဲျဖစ္ပါတယ္။ က်င့္ဝတ္ေစာင့္ထိန္းျခင္းရဲ႕ ရလာဒ္အက်ိဳးေက်းဇူးက ခ်က္ခ်င္းလက္ငင္း မသိသာႏိုင္ေပမယ့္ ႏွစ္ေပါင္းမ်ားစြာၾကာလာရင္ေတာ့ ႏိုင္ငံတကာအဆင့္မီ အသံပိုင္းဆိုင္ရာအင္ဂ်င္နီယာအျဖစ္ ရပ္တည္ႏိုင္ေရးအတြက္ မ်ားစြာေထာက္အကူျပဳပါတယ္။

 

 

Credit : AES Myanmar

Read times
Rate this articles
(0 votes)