×

Warning

JUser: :_load: Unable to load user with ID: 81428


Lifestyle

Friday, 18 December 2020

ထာဝရမိတ်ဆွေတွေအဖြစ် ရပ်တည်နိုင်စေဖို့

ထာဝရမိတ်ဆွေတွေအဖြစ် ရပ်တည်နိုင်စေဖို့

 

ဘဝမှာ အချစ်ရဆုံးသူငယ်ချင်း၊မိတ်ဆွေတစ်ယောက်ယောက်နဲ့ စကားမပြောမဆိုဖြစ်ပြီး အေးစက်တဲ့ဆက်ဆံရေးတွေ ဖြစ်သွားဖူးလား?

တစ်ဦးနဲ့တစ်ဦးဆက်ဆံရေးပြတ်တောက်သွားခြင်းက နှစ်ယောက်လုံးအမှားမကင်းခဲ့လို့ဖြစ်ကောင်းဖြစ်နိုင်ပါလိမ့်မယ်။ ဒါမှမဟုတ် တစ်ယောက်ယောက် က အမှားမကင်းခဲ့လို့လည်းဖြစ်နိုင်ပါတယ်။ ဒီလိုမျိုးတွေမဖြစ်အောင် မိတ်ဆွေတွေဖြစ်သွားတဲ့အခါ ကိုယ့်စည်း၊သူ့စည်းနဲ့ နှစ်ယောက်မျှမျှတတချစ်ချစ်ခင်ခင် နေနိုင်ဖို့အတွက် အောက်ပါအချက်လေးတွေကို သတိပြုပါ။

(၁) ကိစ္စတစ်ခုကို တူတူ ကြိုးစားပြီးတိုင်း အတူတူအောင်ပွဲခံဖို့ မမေ့ပါနဲ့။
(၂) အခွင့်အရေးရတိုင်းမယူပါနဲ့။ တကယ်လိုအပ်တဲ့အခါမှသာ အခွင့်အရေး ယူပါ။
(၃) ငွေကြေးအပေးအယူတွေ၊အချေးအငှားတွေမလုပ်ပါနဲ့။ အချိန်မတိုင်ခင် သံယောဇဉ်ကြိုးတွေ ပြတ်တောက်သွားနိုင်ပါတယ်။
(၄) ငါးဟင်းစာပေးတာထက် ငါးရှာနည်းသင်ပေးတာ ပိုပြီးလေးနက်တာမို့ မိတ်ဆွေကို တကယ်တန်ဖိုးထားရင် ငါးရှာနည်းသင်ပေးပါ။
(၅) တစ်ဦးကိုတစ်ဦး ရိုသေလေးစားပါ။
(၆) သူ့ဆီက ဘာရမလဲဆိုတဲ့စိတ်နဲ့မရှင်သန်ပါနဲ့။ ကိုယ်ဘာပေးနိုင်မလဲ ဆိုတဲ့စိတ်နဲ့ရှင်သန်ပါ။
(၇) အရေးကြုံလာတဲ့အခါ အသင့်ရှိနေပေးပါ။
(၈) ထူးချွန်ထက်မြက်တဲ့ကိုယ့်သူငယ်ချင်းအတွက် ဂုဏ်ယူအားပေးချီးမြှောက်ဖို့ ဝန်မလေးပါနဲ့။
(၉) အသေးအဖွဲ့ကိစ္စလေးတွေကို ခွင့်လွှတ်တတ်တဲ့စိတ်မွေးမြူပါ။
(၁၀) အတားအဆီးတွေကို တိုက်ခိုက်နိုင်ဖို့ အချင်းချင်းစည်းလုံးညီညွှတ်ပါ။

 

 

ထာ၀ရမိတ္ေဆြေတြအျဖစ္ ရပ္တည္ႏိုင္ေစဖို႔

ဘဝမွာ အခ်စ္ရဆုံးသူငယ္ခ်င္း၊မိတ္ေဆြတစ္ေယာက္ေယာက္နဲ႔ စကားမေျပာမဆိုျဖစ္ၿပီး ေအးစက္တဲ့ဆက္ဆံေရးေတြ ျဖစ္သြားဖူးလား?

တစ္ဦးနဲ႔တစ္ဦးဆက္ဆံေရးျပတ္ေတာက္သြားျခင္းက ႏွစ္ေယာက္လုံးအမွားမကင္းခဲ့လို႔ျဖစ္ေကာင္းျဖစ္ႏိုင္ပါလိမ့္မယ္။ ဒါမွမဟုတ္ တစ္ေယာက္ေယာက္ က အမွားမကင္းခဲ့လို႔လည္းျဖစ္ႏိုင္ပါတယ္။ ဒီလိုမ်ိဳးေတြမျဖစ္ေအာင္ မိတ္ေဆြေတြျဖစ္သြားတဲ့အခါ ကိုယ့္စည္း၊သူ႔စည္းနဲ႔ ႏွစ္ေယာက္မွ်မွ်တတခ်စ္ခ်စ္ခင္ခင္ ေနႏိုင္ဖို႔အတြက္ ေအာက္ပါအခ်က္ေလးေတြကို သတိျပဳပါ။

(၁) ကိစၥတစ္ခုကို တူတူ ႀကိဳးစားၿပီးတိုင္း အတူတူေအာင္ပြဲခံဖို႔ မေမ့ပါနဲ႔။
(၂) အခြင့္အေရးရတိုင္းမယူပါနဲ႔။ တကယ္လိုအပ္တဲ့အခါမွသာ အခြင့္အေရး ယူပါ။
(၃) ေငြေၾကးအေပးအယူေတြ၊အေခ်းအငွားေတြမလုပ္ပါနဲ႔။ အခ်ိန္မတိုင္ခင္ သံေယာဇဥ္ႀကိဳးေတြ ျပတ္ေတာက္သြားႏိုင္ပါတယ္။
(၄) ငါးဟင္းစာေပးတာထက္ ငါးရွာနည္းသင္ေပးတာ ပိုၿပီးေလးနက္တာမို႔ မိတ္ေဆြကို တကယ္တန္ဖိုးထားရင္ ငါးရွာနည္းသင္ေပးပါ။
(၅) တစ္ဦးကိုတစ္ဦး ႐ိုေသေလးစားပါ။
(၆) သူ႔ဆီက ဘာရမလဲဆိုတဲ့စိတ္နဲ႔မရွင္သန္ပါနဲ႔။ ကိုယ္ဘာေပးႏိုင္မလဲ ဆိုတဲ့စိတ္နဲ႔ရွင္သန္ပါ။
(၇) အေရးႀကဳံလာတဲ့အခါ အသင့္ရွိေနေပးပါ။
(၈) ထူးခြၽန္ထက္ျမက္တဲ့ကိုယ့္သူငယ္ခ်င္းအတြက္ ဂုဏ္ယူအားေပးခ်ီးေျမႇာက္ဖို႔ ဝန္မေလးပါနဲ႔။
(၉) အေသးအဖြဲ႕ကိစၥေလးေတြကို ခြင့္လႊတ္တတ္တဲ့စိတ္ေမြးျမဴပါ။
(၁၀) အတားအဆီးေတြကို တိုက္ခိုက္ႏိုင္ဖို႔ အခ်င္းခ်င္းစည္းလုံးညီၫႊတ္ပါ။

Read times
Rate this articles
(0 votes)