×

Warning

JUser: :_load: Unable to load user with ID: 81428


Lifestyle

Thursday, 17 December 2020

Minimalist(သင့်တင့်လျောက်ပတ်စွာနေသူ) တစ်ယောက်ဖြစ်ဖို့ဆိုရင်..

Minimalist(သင့်တင့်လျောက်ပတ်စွာနေသူ) တစ်ယောက်ဖြစ်ဖို့ဆိုရင်..
နေ့စဉ်ဘဝမှာ Minimalism (သင့်တင့်လျောက်ပတ်ခြင်း) ဆိုတာကို နားရည်ဝနေကြမယ်ထင်ပါတယ်။ ဒီနေ့ခေတ်လို နည်းပညာတွေတိုးတက်လာတဲ့အခါမှာ လိုအပ်တာထက်ပိုတဲ့သုံးစွဲမှုတွေ၊ ငွေကြေးကုန်ကျမှုတွေ များလာပါတယ်။ ဉပမာ- အိမ်တစ်အိမ်ရဲ့မီးဖိုချောင်မှာဆို အဝတ်လျော်စက်၊ထမင်းပေါင်းအိုး၊မီးဖိုတစ်ခု ဆိုလုံလောက်ပေမယ့် အခြားသော မုန့်ဖုတ်စက်၊ ပေါင်မုန့်မီးကင်စက်၊ air fryer(အခြောက်ကြော်စက်) အစရှိသဖြင့် အသုံးအဆောင်အပိုတွေကို ဝယ်ယူသုံးစွဲလာကြတာမျိုးပါ။

 

ဒါဆို Minimalism Lifestyle ဆိုတာကို စာဖတ်ပရိသတ် အနည်းငယ်ရိပ်မိပြီလို့ ထင်ပါတယ်။ Minimalism Lifestyle ( သင့်တင့်လျောက်ပတ်စွာနေထိုင်ခြင်း ) ဆိုတာ လိုအပ်တာထက်ပိုတဲ့ လိုအင်ဆန္ဒတွေကို ချိုးနှိမ်နေထိုင်ခြင်း ကို ဆိုလိုတာပါ။ Minimalism Lifestyle ( သင့်တင့်လျောက်ပတ်စွာနေထိုင်ခြင်း ) ဆိုတဲ့ စကားက နားထောင်လို့ကောင်းပေမယ့် တကယ်လုပ်ကြည့်မယ်ဆိုရင်တော့ မလွယ်တဲ့အရာပါ။

 

ဘာကြောင့်လဲဆိုတော့ ပတ်ဝန်းကျင်မှာက လိုချင်စရာတွေပြည့်နေပြီး ထို လိုချင်စရာတွေကို မလိုချင်အောင် ချိုးနှိမ်ရခြင်းက စိတ်နဲ့အားပြိုင်ရခြင်းတစ်မျိုးဖြစ်တာကြောင့် တော်တော်မလွယ်ကူတဲ့ကိစ္စပါ။ ဒါပေမယ့် သင်က Minimalist တစ်ယောက်ဖြစ်လာပြီဆိုရင်တော့ သင် အသက်ရှင်နေတဲ့နေ့ရက်တိုင်းက သင့်အဖို့ ပိုအဓိပ္ပာယ်ရှိလာပြီး ပိုနေလို့ကောင်းလာမှာပါ။ ဒီတော့ သင်က Minimalism Lifestyle ကိုနှစ်သက်သူလား? ဒါဆို ဒီအချက်(၈)ချက်နဲ့ Minimalist တစ်ယောက်အဖြစ် သင့်ကိုယ်သင် ပြောင်းလဲလိုက်ပါ။

 

(၁) သင့်ရဲ့ကိုယ်ပိုင်သတ်မှတ်ချက်တစ်ခု ချပါ။
Minimalism ကို လူအများရဲ့ယူဆချက်တွေက တစ်ယောက်နဲ့တစ်ယောက်မတူညီကြပါ။ တချို့က သူလိုအပ်တဲ့ပစ္စည်းတချို့ ရှိရင်ရပြီလို့သတ်မှတ်ကြပါတယ်။ တချို့ကကျသော ဒီကမ္ဘာကြီးမှာ သူတို့နေလို့ရတဲ့ နေရာသေးသေးလေးတစ်ခုဖြစ်နေပါစေ၊ အဲ့နေရာလေးမှာပဲ အဆင်ပြေအောင် ပျော်ပျော်ရွှင်ရွှင်နေထိုင်ခြင်း လို့ယူဆကြပါတယ်။ အဲ့တာကိုက Minimalism ရဲ့အလှတရားတစ်ခုပါ။ အရာရာကို အကောင်းမြင်ပြီး အပူကင်းနှလုံးငြိမ်စွာနေထိုင်ခြင်းပါ။ ဒါကြောင့် သင်လည်း Minimalism ဆိုတာကို သင့်စိတ်တိုင်းကျ သတ်မှတ်နိုင်ပါတယ်။ ဉပမာ- သင့်ဘဝမှာ နေစရာအိမ်ခန်းလေးတစ်ခု၊ အလုပ်တစ်ခု၊ မိဘမောင်နှမ တွေရှိရင်တော်ပြီ။ ဒီလိုမျိုးတွေ သင်သတ်မှတ်နိုင်ပါတယ်။ Minimalism နဲ့ပတ်သက်တဲ့ စကားလေးတစ်ခွန်းရှိပါတယ်။
“သင့်တင့်လျောက်ပတ်တဲ့ရေကူးကန်ထဲမှာဇိမ်ခံလေထိုးဘောလုံးတွေရှိနေဖို့မလိုပါဘူး။ ရေကန်ထဲမှာ ခြေချောင်းလေးတွေစိမ်နေရရင်ကို အဆင်ပြေပါတယ်” တဲ့။

 

(၂) သန့်ရှင်းသပ်ရပ်ခြင်းနဲ့စတင်ပါ။
Minimalist တစ်ယောက်ဖြစ်ဖို့အတွက်အရေးကြီးတဲ့ ကဏ္ဍတစ်ခုလို့ဆိုချင်ပါတယ်။ အိမ်တိုင်းအိမ်တိုင်းလိုလိုက အမြဲရှုပ်ပွနေတတ်ပါတယ်။ ဒါက ဝန်ခံရခက်တဲ့အမှန်တရားတစ်ခုပါ။ ဒါပေမယ့် Minimalist တစ်ယောက်ဖြစ်ဖို့အတွက် ဒါကိုပထမဦးဆုံးတွန်းလှန်ရပါမယ်။ အိမ်တစ်အိမ်ရှုပ်နေရခြင်းက မလိုအပ်တဲ့ပစ္စည်းတွေများနေလို့ပါ။ ဒီတော့ လိုအပ်တဲ့ပစ္စည်းလောက်လေးနဲ့ သန့်ရှင်းသပ်ရပ်စွာနေထိုင်ခြင်းနဲ့ စတင်လိုက်ပါ။

 

(၃) လိုမှသုံး အပိုမထားနဲ့။
Minimalist တစ်ယောက်အတွက် ဖိနပ်တစ်ရံရှိရင် လုံလောက်ပါပြီ။ ကိုယ့်မှာ လိုအပ်တဲ့အရာတစ်ခုရှိရင် အဲ့တစ်ခုနဲ့ ရပ်တည်နိုင်အောင် ကြိုးစားခြင်းက Minimalism ပါ။ ဒါကြောင့် သင့်စိတ်ထဲမှာ “လိုမှသုံး အပိုမထားနဲ့” ဆိုတဲ့အတွေးကို စွဲနေအောင်မှတ်ထားပါ။ ဒါက သင့်ကို Minimalist တစ်ယောက်ဖြစ်ဖို့ အကောင်းဆုံးခွန်အားပေးပါလိမ့်မယ်။

 

(၄) ပစ္စည်းတွေကို အရေအတွက်နဲ့သေချာထားပါ။
ဆိုလိုခြင်းက သင့်အိမ်မှာလူ၃ယောက်ရှိရင် မျက်နှာသုတ်ပုဝါ (၃) ခုရှိရင်လုံလောက်ပါပြီ။ အပို(၁) ထည်ရှိနေရင် သင် တစ်ထည်ပိုလျှော်ရပါလိမ့်မယ်။ တစ်ထည်စာ အိမ်မှာနေရာပေးနေရပါလိမ့်မယ်။ ဒါကြောင့် သင့်အနေနဲ့အိမ်မှာရှိတဲ့ ပစ္စည်းတွေကို တတ်နိုင်သမျှ သေချာ စုပေါင်းရေတွက်ထားပါ။ ဒီစကားက သင့်အတွက် ဆန်းကောင်းဆန်းနေပါလိမ့်မယ်။ ဒါပေမယ့် သင့်က Minimalist တစ်ယောက်ဖြစ်ဖို့အတွက်ဆိုရင် သင်သတိထားဆောင်ရွက်ရမယ့် အခြေခံအချက်တစ်ခုဖြစ်ပါတယ်။

 

(၅) ခက်ခဲတဲ့မေးခွန်းတွေကို သင့်ကိုယ်သင်အမြဲမေးပါ။
တစ်ခါတစ်လေမှာ လူဆိုတာက မလိုအပ်မှန်းသိတယ်။ ဒါပေမယ့် တအားလိုချင်တယ် ဆိုတဲ့စိတ်တွေ ဖြစ်ကြပါတယ်။ ဒါလူတိုင်း ကြုံတွေ့ကြရတာပါ။ Minimalism သမားတွေလည်း ကြုံကြရပါတယ်။

အဲ့လိုအချိန်မျိုးမှာ သင့်ကိုယ်သင်မေးခွန်း(၃)ခုမေးပါ။
(၁) ဒါကတကယ်အသုံးလိုတာလား။ အသုံးဝင်မှာလား။
(၂) ငါလိုအပ်တာဒါတစ်ခုတည်းလား။
(၃) ဒါကို ငါယူလိုက်လို့ ငါတကယ်ပျော်မှာလား။
ဒီမေးခွန်းတွေကို ဖြေတဲ့အခါတော့ စစ်မှန်တဲ့အဖြေတွေကို သင်ဖြေနိုင်ဖို့တော့လိုပါတယ်။

 

(၆) နည်းနည်းပဲ ယူပါ။
ဒီအချက်ကတော့ရှင်းပါတယ်။ သင့်ဘဝမှာ သင်လိုအပ်တာတွေပဲ သင်ရွေးချယ်ပြီးနေတယ်ဆိုရင်တော့ သင့်မှာရှိတဲ့ ပစ္စည်းတွေက နည်းကိုနည်းနေမှာပါ။ Minimalism Lifestyle မှာနေတဲ့လူတော်တော်များများက သူ့အတွက်တကယ်လိုအပ်တဲ့အရာတွေကိုပဲ အပိုမရှိ နည်းနည်းပဲအသုံးချနေထိုင်ကြတာဖြစ်ပါတယ်။
Minimalist တစ်ယောက်ဖြစ်ခြင်းက ဘဝမှာ ဦးစားပေးလိုအပ်ချက်( Minimalism Needs ) တွေနဲ့သာ ရှင်သန်နေရတာမလို့ သူ့အတွက် မလိုအပ်တဲ့အတွေးဆိုးတွေ၊ ပတ်ဝန်းကျင်ဆိုးတွေ၊ အိပ်မက်ဆိုးတွေမရှိဘဲ သဘာဝတရားနဲ့ ဘဝအလှတရားကို နှလုံးငြိမ်အေးစွာရှာဖွေနိုင်မှာဖြစ်ပါတယ်။

 

 

Minimalist(သင့္တင့္ေလ်ာက္ပတ္စြာေနသူ) တစ္ေယာက္ျဖစ္ဖို႔ဆိုရင္..
ေန႔စဥ္ဘဝမွာ Minimalism (သင့္တင့္ေလ်ာက္ပတ္ျခင္း) ဆိုတာကို နားရည္ဝေနၾကမယ္ထင္ပါတယ္။ ဒီေန႔ေခတ္လို နည္းပညာေတြတိုးတက္လာတဲ့အခါမွာ လိုအပ္တာထက္ပိုတဲ့သုံးစြဲမႈေတြ၊ ေငြေၾကးကုန္က်မႈေတြ မ်ားလာပါတယ္။ ဉပမာ- အိမ္တစ္အိမ္ရဲ႕မီးဖိုေခ်ာင္မွာဆို အဝတ္ေလ်ာ္စက္၊ထမင္းေပါင္းအိုး၊မီးဖိုတစ္ခု ဆိုလုံေလာက္ေပမယ့္ အျခားေသာ မုန႔္ဖုတ္စက္၊ ေပါင္မုန႔္မီးကင္စက္၊ air fryer(အေျခာက္ေၾကာ္စက္) အစရွိသျဖင့္ အသုံးအေဆာင္အပိုေတြကို ဝယ္ယူသုံးစြဲလာၾကတာမ်ိဳးပါ။

 

ဒါဆို Minimalism Lifestyle ဆိုတာကို စာဖတ္ပရိသတ္ အနည္းငယ္ရိပ္မိၿပီလို႔ ထင္ပါတယ္။ Minimalism Lifestyle ( သင့္တင့္ေလ်ာက္ပတ္စြာေနထိုင္ျခင္း ) ဆိုတာ လိုအပ္တာထက္ပိုတဲ့ လိုအင္ဆႏၵေတြကို ခ်ိဳးႏွိမ္ေနထိုင္ျခင္း ကို ဆိုလိုတာပါ။ Minimalism Lifestyle ( သင့္တင့္ေလ်ာက္ပတ္စြာေနထိုင္ျခင္း ) ဆိုတဲ့ စကားက နားေထာင္လို႔ေကာင္းေပမယ့္ တကယ္လုပ္ၾကည့္မယ္ဆိုရင္ေတာ့ မလြယ္တဲ့အရာပါ။

 

ဘာေၾကာင့္လဲဆိုေတာ့ ပတ္ဝန္းက်င္မွာက လိုခ်င္စရာေတြျပည့္ေနၿပီး ထို လိုခ်င္စရာေတြကို မလိုခ်င္ေအာင္ ခ်ိဳးႏွိမ္ရျခင္းက စိတ္နဲ႔အားၿပိဳင္ရျခင္းတစ္မ်ိဳးျဖစ္တာေၾကာင့္ ေတာ္ေတာ္မလြယ္ကူတဲ့ကိစၥပါ။ ဒါေပမယ့္ သင္က Minimalist တစ္ေယာက္ျဖစ္လာၿပီဆိုရင္ေတာ့ သင္ အသက္ရွင္ေနတဲ့ေန႔ရက္တိုင္းက သင့္အဖို႔ ပိုအဓိပၸာယ္ရွိလာၿပီး ပိုေနလို႔ေကာင္းလာမွာပါ။ ဒီေတာ့ သင္က Minimalism Lifestyle ကိုႏွစ္သက္သူလား? ဒါဆို ဒီအခ်က္(၈)ခ်က္နဲ႔ Minimalist တစ္ေယာက္အျဖစ္ သင့္ကိုယ္သင္ ေျပာင္းလဲလိုက္ပါ။

 

(၁) သင့္ရဲ႕ကိုယ္ပိုင္သတ္မွတ္ခ်က္တစ္ခု ခ်ပါ။
Minimalism ကို လူအမ်ားရဲ႕ယူဆခ်က္ေတြက တစ္ေယာက္နဲ႔တစ္ေယာက္မတူညီၾကပါ။ တခ်ိဳ႕က သူလိုအပ္တဲ့ပစၥည္းတခ်ိဳ႕ ရွိရင္ရၿပီလို႔သတ္မွတ္ၾကပါတယ္။ တခ်ိဳ႕ကက်ေသာ ဒီကမာၻႀကီးမွာ သူတို႔ေနလို႔ရတဲ့ ေနရာေသးေသးေလးတစ္ခုျဖစ္ေနပါေစ၊ အဲ့ေနရာေလးမွာပဲ အဆင္ေျပေအာင္ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ေနထိုင္ျခင္း လို႔ယူဆၾကပါတယ္။ အဲ့တာကိုက Minimalism ရဲ႕အလွတရားတစ္ခုပါ။ အရာရာကို အေကာင္းျမင္ၿပီး အပူကင္းႏွလုံးၿငိမ္စြာေနထိုင္ျခင္းပါ။ ဒါေၾကာင့္ သင္လည္း Minimalism ဆိုတာကို သင့္စိတ္တိုင္းက် သတ္မွတ္ႏိုင္ပါတယ္။ ဉပမာ- သင့္ဘဝမွာ ေနစရာအိမ္ခန္းေလးတစ္ခု၊ အလုပ္တစ္ခု၊ မိဘေမာင္ႏွမ ေတြရွိရင္ေတာ္ၿပီ။ ဒီလိုမ်ိဳးေတြ သင္သတ္မွတ္ႏိုင္ပါတယ္။ Minimalism နဲ႔ပတ္သက္တဲ့ စကားေလးတစ္ခြန္းရွိပါတယ္။
“သင့္တင့္ေလ်ာက္ပတ္တဲ့ေရကူးကန္ထဲမွာဇိမ္ခံေလထိုးေဘာလုံးေတြရွိေနဖို႔မလိုပါဘူး။ ေရကန္ထဲမွာ ေျခေခ်ာင္းေလးေတြစိမ္ေနရရင္ကို အဆင္ေျပပါတယ္” တဲ့။

 

(၂) သန႔္ရွင္းသပ္ရပ္ျခင္းနဲ႔စတင္ပါ။
Minimalist တစ္ေယာက္ျဖစ္ဖို႔အတြက္အေရးႀကီးတဲ့ က႑တစ္ခုလို႔ဆိုခ်င္ပါတယ္။ အိမ္တိုင္းအိမ္တိုင္းလိုလိုက အၿမဲရႈပ္ပြေနတတ္ပါတယ္။ ဒါက ဝန္ခံရခက္တဲ့အမွန္တရားတစ္ခုပါ။ ဒါေပမယ့္ Minimalist တစ္ေယာက္ျဖစ္ဖို႔အတြက္ ဒါကိုပထမဦးဆုံးတြန္းလွန္ရပါမယ္။ အိမ္တစ္အိမ္ရႈပ္ေနရျခင္းက မလိုအပ္တဲ့ပစၥည္းေတြမ်ားေနလို႔ပါ။ ဒီေတာ့ လိုအပ္တဲ့ပစၥည္းေလာက္ေလးနဲ႔ သန႔္ရွင္းသပ္ရပ္စြာေနထိုင္ျခင္းနဲ႔ စတင္လိုက္ပါ။

 

(၃) လိုမွသုံး အပိုမထားနဲ႔။
Minimalist တစ္ေယာက္အတြက္ ဖိနပ္တစ္ရံရွိရင္ လုံေလာက္ပါၿပီ။ ကိုယ့္မွာ လိုအပ္တဲ့အရာတစ္ခုရွိရင္ အဲ့တစ္ခုနဲ႔ ရပ္တည္ႏိုင္ေအာင္ ႀကိဳးစားျခင္းက Minimalism ပါ။ ဒါေၾကာင့္ သင့္စိတ္ထဲမွာ “လိုမွသုံး အပိုမထားနဲ႔” ဆိုတဲ့အေတြးကို စြဲေနေအာင္မွတ္ထားပါ။ ဒါက သင့္ကို Minimalist တစ္ေယာက္ျဖစ္ဖို႔ အေကာင္းဆုံးခြန္အားေပးပါလိမ့္မယ္။

 

(၄) ပစၥည္းေတြကို အေရအတြက္နဲ႔ေသခ်ာထားပါ။
ဆိုလိုျခင္းက သင့္အိမ္မွာလူ၃ေယာက္ရွိရင္ မ်က္ႏွာသုတ္ပုဝါ (၃) ခုရွိရင္လုံေလာက္ပါၿပီ။ အပို(၁) ထည္ရွိေနရင္ သင္ တစ္ထည္ပိုေလွ်ာ္ရပါလိမ့္မယ္။ တစ္ထည္စာ အိမ္မွာေနရာေပးေနရပါလိမ့္မယ္။ ဒါေၾကာင့္ သင့္အေနနဲ႔အိမ္မွာရွိတဲ့ ပစၥည္းေတြကို တတ္ႏိုင္သမွ် ေသခ်ာ စုေပါင္းေရတြက္ထားပါ။ ဒီစကားက သင့္အတြက္ ဆန္းေကာင္းဆန္းေနပါလိမ့္မယ္။ ဒါေပမယ့္ သင့္က Minimalist တစ္ေယာက္ျဖစ္ဖို႔အတြက္ဆိုရင္ သင္သတိထားေဆာင္႐ြက္ရမယ့္ အေျခခံအခ်က္တစ္ခုျဖစ္ပါတယ္။

 

(၅) ခက္ခဲတဲ့ေမးခြန္းေတြကို သင့္ကိုယ္သင္အၿမဲေမးပါ။
တစ္ခါတစ္ေလမွာ လူဆိုတာက မလိုအပ္မွန္းသိတယ္။ ဒါေပမယ့္ တအားလိုခ်င္တယ္ ဆိုတဲ့စိတ္ေတြ ျဖစ္ၾကပါတယ္။ ဒါလူတိုင္း ႀကဳံေတြ႕ၾကရတာပါ။ Minimalism သမားေတြလည္း ႀကဳံၾကရပါတယ္။

အဲ့လိုအခ်ိန္မ်ိဳးမွာ သင့္ကိုယ္သင္ေမးခြန္း(၃)ခုေမးပါ။
(၁) ဒါကတကယ္အသုံးလိုတာလား။ အသုံးဝင္မွာလား။
(၂) ငါလိုအပ္တာဒါတစ္ခုတည္းလား။
(၃) ဒါကို ငါယူလိုက္လို႔ ငါတကယ္ေပ်ာ္မွာလား။
ဒီေမးခြန္းေတြကို ေျဖတဲ့အခါေတာ့ စစ္မွန္တဲ့အေျဖေတြကို သင္ေျဖႏိုင္ဖို႔ေတာ့လိုပါတယ္။

 

(၆) နည္းနည္းပဲ ယူပါ။
ဒီအခ်က္ကေတာ့ရွင္းပါတယ္။ သင့္ဘဝမွာ သင္လိုအပ္တာေတြပဲ သင္ေ႐ြးခ်ယ္ၿပီးေနတယ္ဆိုရင္ေတာ့ သင့္မွာရွိတဲ့ ပစၥည္းေတြက နည္းကိုနည္းေနမွာပါ။ Minimalism Lifestyle မွာေနတဲ့လူေတာ္ေတာ္မ်ားမ်ားက သူ႔အတြက္တကယ္လိုအပ္တဲ့အရာေတြကိုပဲ အပိုမရွိ နည္းနည္းပဲအသုံးခ်ေနထိုင္ၾကတာျဖစ္ပါတယ္။
Minimalist တစ္ေယာက္ျဖစ္ျခင္းက ဘဝမွာ ဦးစားေပးလိုအပ္ခ်က္( Minimalism Needs ) ေတြနဲ႔သာ ရွင္သန္ေနရတာမလို႔ သူ႔အတြက္ မလိုအပ္တဲ့အေတြးဆိုးေတြ၊ ပတ္ဝန္းက်င္ဆိုးေတြ၊ အိပ္မက္ဆိုးေတြမရွိဘဲ သဘာဝတရားနဲ႔ ဘဝအလွတရားကို ႏွလုံးၿငိမ္ေအးစြာရွာေဖြႏိုင္မွာျဖစ္ပါတယ္။

Read times
Rate this articles
(0 votes)