×

Warning

JUser: :_load: Unable to load user with ID: 81428


Knowledge

Thursday, 06 December 2018

လူအများရှေ့တွင် စကားပြောခြင်းအတွက် နည်းလမ်းကောင်းများ

Glossophobia ဆိုတာ လူအများရှေ့ကိုထွက်ပြီး စကားပြောရမှာ ကြောက်ရွံ့တာပဲဖြစ်ပါတယ်။ တချို့ကသေရမှာကို ကြောက်ရွံ့ တာထက်တောင် ပိုကြောက်တတ်ကြပါတယ်။

ဒါပေမဲ့ လူအများရှေ့စကားပြောခြင်းက ဆက်သွယ်မှုမှာလဲ အရေးကြီးသလို ဆုံးဖြတ်ချက်တွေအပေါ်လဲ လွှမ်းမိုးမှု ရှိပါတယ်။ ထို့အပြင် တခြားသူတွေကို စိတ်ဓာတ်တက်ကြွလာအောင်ပြောတဲ့နေရာမှာလဲ သုံးနိုင်ပါသေးတယ်။

အခုကျွန်တော်တို့ က သင့်ရဲ့ မိမိကိုယ်ကိုယုံကြည်မှု တွေပိုရှိလာအောင် အရည်အချင်းတွေ ပိုမို တိုးတက်လာအောင် အကြံဥာဏ်တွေ ဖော်ပြပေးချင်ပါတယ်။

၁။ ပြောမည့်အကြောင်းအရာကိုကြိုတင်စီစဉ်ပါ။

ရုံးမှာ presentation လုပ်တာပဲဖြစ်ဖြစ် သူငယ်ချင်းတွေနဲ့စကားပြောတာပဲဖြစ်ဖြစ် ကြိုတင်စဉ်းစား ပြင်ဆင်ဖို့ လိုပါတယ်။ ကြိုတင်မပြင်ဆင်ထားရင် အထူးသဖြင့် သင်က အတွေ့အကြုံမရှိရင် သင်ပြောချင်တဲ့ လိုရင်းကို ရောက်တော့မှာ မဟုတ်ပါဘူး။

၂။ စကားပြောရင်း နား နားပေးပါ။

Ted စကားပြောပွဲတွေToastmasterတွေမှာ ခဏရပ်တာကို အဓိကသော့ချက်အနေနဲ့ ဖော်ပြလေ့ရှိပါတယ်။ စကား တစ်ခွန်းနဲ့ တစ်ခွန်း ကြားမှာ ခဏလောက်ခြား ခြားပြီး ပြောရင် သင်လဲစဉ်းစားဖို့ အချိန် ပိုရမှာဖြစ်သလို နားထောင်နေတဲ့သူတွေကိုအတွက်လဲ သင်ပြောတဲ့အကြောင်းအရာတွေပေါ်မှာစဉ်းစားဖို့ အချိန်ရမှာဖြစ်ပါတယ်။

၃။ မျက်လုံးချင်းဆုံပါ။

သင် စကားပြောနေစဉ်မှာ နားထောင်နေတဲ့သူ အားလုံးနဲ့ မျက်လုံးချင်း ဆုံရင် သင်စကားပြောတဲ့အပေါ် ပိုပြီး စိတ်ဝင်စားမှာဖြစ်ပါတယ်။ မျက်လုံးချင်းဆုံရင် ရင်နှီးမှုကို ပိုပြီးခံစားရမှာပဲ ဖြစ်ပါတယ်။

၎။ ရယ်စရာတွေထည့်ပြောပါ။

သင်စကားပြောတာ၁၂မိနစ်ထက်ပိုလာပြီဆိုရင် နားထောင်နေတဲ့သူတွေ စတင်ပျင်းရိပြီး စိတ်ဝင်စားမှု လျော့ကျ လာပြီဆိုတာ အသေအချာပါပဲ။ အဲ့လိုဖြစ်လာပြီဆိုရင် ရယ်စရာလေးတွေ ထည့်ပြောပေးပါ။ နားထောင်တဲ့ သူတွေလဲ ပိုစိတ်ဝင်စားမှာဖြစ်သလို သင်ကိုယ်တိုင်လဲ စိတ်လှုပ်ရှားတာလျော့ပြီး စကားပြောတာ ပိုပြီး အသက်ဝင်နေမှာ ဖြစ်ပါတယ်။

၅။ နိဂုံးကောင်းကောင်းချုပ်ပါ။

နားထောင်နေတဲ့ သူတွေအတွက် သင်အများကြီး ပြောသွားတဲ့ အထဲက အဓိက ပြောချင်တာ ဘာလဲဆိုတာ ပြန်စဉ်းစားပြီး နားထောင်သူတွေရဲ့ ရင်ထဲမှာစွဲကျန်နေခဲ့အောင် မီးမောင်းထိုးပြ တတ်ရပါမယ်။

source: wyneemyanmar

Read times Last modified on Thursday, 30 January 2020 14:12
Rate this articles
(2 votes)