×

Warning

JUser: :_load: Unable to load user with ID: 81428


Articles

Thursday, 17 October 2019

"အဂၤလိပ္စာ ေလ႔လာေနသူေတြ သိထားသင့္သည္႔ Youtube မွ Channel (၈) ခု

"အဂၤလိပ္စာ ေလ႔လာေနသူေတြ သိထားသင့္သည္႔ Youtube မွ Channel (၈) ခု freepick

ZAWGYI

Youtube ဆိုတာ တကယ္ သုံးတတ္ရင္ အဖိုးတန္တဲ႔ ရတနာျဖစ္ပါတယ္။ Youtube မွာ ေလ့လာသင္ယူစရာ ေတြ အမ်ားႀကီးရွိပါတယ္။

အဲ့ဒီထဲက အဂၤလိပ္စာေလ့လာလို႕ေကာင္းတဲ့ ေနရာအခ်ဳိ႕ကို ေဖာ္ျပေပးလိုက္ပါတယ္။

 

(၁) BBC Learning English ( https://www.youtube.com/user/bbclearningenglish ) အရမ္းေကာင္းတဲ့Channel တစ္ခုပါ။

(၂) Speak English With Mr Duncan  ( https://www.youtube.com/user/duncaninchina ) နားလည္ရလြယ္ေအာင္ ေႏွးေႏွးေျပာေပးတာမို႔ Beginner ေတြအတြက္ ေတာ္ေတာ္ေလး အဆင္ေျပမွာ ျဖစ္ပါတယ္။

(၃) VOA Learning English ( https://www.youtube.com/user/VOALearningEnglish)  English in a minute အစီအစဥ္လည္း အရမ္းေကာင္းပါတယ္။

(၄) ( https://www.engvid.com/ ) က ဆရာ/ဆရာမေတြရဲ႕ ကိုယ္ပိုင္ Channel ေတြျဖစ္ပါတယ္။ ကိုယ္ႀကိဳက္တဲ့ ဆရာ/ဆရာမကို ေ႐ြးခ်ယ္ၿပီး ၾကည့္ႏိုင္ပါတယ္။ အဂၤလိပ္စာေလ့လာတဲ႔အခါ အားကိုးခဲ့ရတဲ့ ဝက္ဘ္ဆိုဒ္တစ္ခု ျဖစ္ပါတယ္။

(၅) Rachel's English ( https://www.youtube.com/channel/UCvn_XCl_mgQmt3sD753zdJA) ဆိုတဲ႔ ဆရာမသင္တာလည္း ေတာ္ေတာ္အဆင္ေျပပါတယ္။

သူက ႐ုပ္ရွင္ဇာတ္ကားေတြ ျပၿပီး ႐ုပ္ရွင္ထဲမွာေျပာသြားတဲ့စကားေတြကို ေသခ်ာ အေသးစိတ္ ျပန္ရွင္းျပပါတယ္။

စကားေျပာေတြ ကို ျပန္ၿပီးရွင္းျပေပးတဲ့ အတြက္ Listening အားနည္းသူေတြ အတြက္ ေလ့လာဖို႕အဆင္ေျပပါတယ္။

(၆) Easy English (https://www.youtube.com/channel/UCTRHegh7UqWuKRymXoqzbzA)  Animation ေလးေတြနဲ႔ လြယ္လြယ္ကူကူ သင္ေပးတဲ့ ဗီဒီယိုေလးေတြမ်ားပါတယ္။ အျပင္မွာ လူခ်င္းေတြ႕ၿပီး စာသင္ရတာကို ၿငီးေငြ႕လာရင္ ဒီ Channel ေလးမွာ သင္ယူလို႔ရပါတယ္။

(၇) British Council | LearnEnglish ( https://www.youtube.com/user/BritishCouncilLE ) ေလယူေလသိမ္းကို ေလ့လာခ်င္တယ္ဆိုရင္ ဒီ Channel က ဗီဒီယိုေတြက တစ္ဆင့္အဂၤလိပ္စာ သင္ယူလို႔ရပါ တယ္။

(၈) Oxford Online English ( https://www.youtube.com/user/oxfordonlineenglish/videos ) မွာလည္း သင္ယူစရာဗီဒီယိုေတြ အမ်ားႀကီး ရွိပါတယ္။

အဂၤလိပ္ဘာသာရပ္သင္ၾကားေပးေသာ ဆရာ၊ ဆရာမမ်ား >>>> https://www.sayar.com.mm/subjects/all-teachers/subject-212.html

 

Source မိုးရွင္း (I.M.T)

 

UNICODE

"အင်္ဂလိပ်စာ လေ့လာနေသူတွေ သိထားသင့်သည့် Youtube မှ Channel (၈) ခု"
Youtube ဆိုတာ တကယ် သုံးတတ်ရင် အဖိုးတန်တဲ့ ရတနာဖြစ်ပါတယ်။ Youtube မှာ လေ့လာသင်ယူစရာ တွေ အများကြီးရှိပါတယ်။

အဲ့ဒီထဲက အင်္ဂလိပ်စာလေ့လာလို့ကောင်းတဲ့ နေရာအချို့ကို ဖော်ပြပေးလိုက်ပါတယ်။

(၁) BBC Learning English ( https://www.youtube.com/user/bbclearningenglish ) အရမ်းကောင်းတဲ့Channel တစ်ခုပါ။

(၂) Speak English With Mr Duncan ( https://www.youtube.com/user/duncaninchina ) နားလည်ရလွယ်အောင် နှေးနှေးပြောပေးတာမို့ Beginner တွေအတွက် တော်တော်လေး အဆင်ပြေမှာ ဖြစ်ပါတယ်။

(၃) VOA Learning English ( https://www.youtube.com/user/VOALearningEnglish) English in a minute အစီအစဉ်လည်း အရမ်းကောင်းပါတယ်။

(၄) ( https://www.engvid.com/ ) က ဆရာ/ဆရာမတွေရဲ့ ကိုယ်ပိုင် Channel တွေဖြစ်ပါတယ်။ ကိုယ်ကြိုက်တဲ့ ဆရာ/ဆရာမကို ရွေးချယ်ပြီး ကြည့်နိုင်ပါတယ်။ အင်္ဂလိပ်စာလေ့လာတဲ့အခါ အားကိုးခဲ့ရတဲ့ ဝက်ဘ်ဆိုဒ်တစ်ခု ဖြစ်ပါတယ်။

(၅) Rachel's English ( https://www.youtube.com/channel/UCvn_XCl_mgQmt3sD753zdJA) ဆိုတဲ့ ဆရာမသင်တာလည်း တော်တော်အဆင်ပြေပါတယ်။

သူက ရုပ်ရှင်ဇာတ်ကားတွေ ပြပြီး ရုပ်ရှင်ထဲမှာပြောသွားတဲ့စကားတွေကို သေချာ အသေးစိတ် ပြန်ရှင်းပြပါတယ်။

စကားပြောတွေ ကို ပြန်ပြီးရှင်းပြပေးတဲ့ အတွက် Listening အားနည်းသူတွေ အတွက် လေ့လာဖို့အဆင်ပြေပါတယ်။

(၆) Easy English (https://www.youtube.com/channel/UCTRHegh7UqWuKRymXoqzbzA) Animation လေးတွေနဲ့ လွယ်လွယ်ကူကူ သင်ပေးတဲ့ ဗီဒီယိုလေးတွေများပါတယ်။ အပြင်မှာ လူချင်းတွေ့ပြီး စာသင်ရတာကို ငြီးငွေ့လာရင် ဒီ Channel လေးမှာ သင်ယူလို့ရပါတယ်။

(၇) British Council | LearnEnglish ( https://www.youtube.com/user/BritishCouncilLE ) လေယူလေသိမ်းကို လေ့လာချင်တယ်ဆိုရင် ဒီ Channel က ဗီဒီယိုတွေက တစ်ဆင့်အင်္ဂလိပ်စာ သင်ယူလို့ရပါ တယ်။

(၈) Oxford Online English ( https://www.youtube.com/user/oxfordonlineenglish/videos ) မှာလည်း သင်ယူစရာဗီဒီယိုတွေ အများကြီး ရှိပါတယ်။


အင်္ဂလိပ်ဘာသာရပ်သင်ကြားပေးသော ဆရာ၊ ဆရာမများ >>>> https://www.sayar.com.mm/subjects/all-teachers/subject-212.html

 

Source မိုးရှင်း (I.M.T)

sayar.com.mm

Read times
Rate this articles
(0 votes)