×

Warning

JUser: :_load: Unable to load user with ID: 81428


Language

Wednesday, 30 January 2019

အင်္ဂလိပ်စာ လေ့လာနေသူတိုင်း ဒီအချက် (၁၁) ကို ရှောင်ကြဉ်ပါ

သင် အင်္ဂလိပ်စာ လေ့လာနေပြီဆိုရင်တော့ ယခုဖော်ပြပါ အချက်များကို လိုက်နာသင့်ပါတယ်နော်...။

၁။ ဘာသာပြန် မ နေပါနဲ့။

တစ်ခုခု ဖတ်လိုက် ရ။ ကြားလိုက် ရ ရင် ကိုပဲ အတိအကျ ဘာသာ ပြန် ချင် နေတဲ့ အကျင့်တွေ ဖျောက်ပစ်ပါ။ အဲ့ဒါနဲ့ပဲ ရှေ့ဆက် မတိုးနိုင် တော့ဘူး။ Communicative မဖြစ်တော့ဘူး။ ဘာသာစကားတွေရဲ့ ပင်မ ရည် ရွယ်ချက်ကိုက Communication လုပ်ဖို့ ဆိုတာ ဘယ်တော့မှ မမေ့ပါနဲ့။

၂။ အမှားလုပ် မိမှာ မကြောက်ပါနဲ့တော့။

မှားလည်းဘာဖြစ်လဲ။ ပြောင်ပြောင် တင်းတင်းပဲ ပေါ့။ ပြင် ပေးတဲ့သူက ပြင်ပေးလိမ့်မယ်။ နောက်တော့ အမှန်သိလာမှာပေါ့။ ကိုယ့်မိခင် ဘာသာစကားမှ မဟုတ်ပဲ။

၃။ ရှက်ကြောက်တာ စိတ်လှုပ် ရှားတာတွေ ဖြစ်မနေနဲ့တော့။

အခြားဘာသာစကားတစ်ခု နဲ့ ပြောတာ ရေးတာ လူကြားထဲ ကပြခိုင်းတာလည်း မဟုတ်ဘူး။ သေ နတ် နဲ့ ထောက် ခံထားရတာလည်းမဟုတ်ဘူး။ ဖြစ်ခါစ ရည်းစားနဲ့ ချိန်းတွေ့တာ လည်းမဟုတ်ဘူး။ စကားပြောတာပဲ။ ဒါ ကြောင့် Nervous ဖြစ်စရာမလိုဘူး။

၎။ ကိုယ်ပြောတာ သူများနားမလည်ဘူးဆိုပြီး အားငယ်မသွားနဲ့။ ကိုယ့် ကိုယ် ကို အပစ်မတင် နဲ့။

နားမလည် ရင် နားလည် တဲ့ နည်းနဲ့ ပြော။ လက် ဟန် ခြေဟန်တွေ သုံးလို့ ရတယ်။ ပြန်မေးလို့ ရတယ်။ အဲ့ဒါ ချို့ယွင်းချက် တစ် ခုမဟုတ်ဘူး။

၅။ အတန်းထဲမှာပဲ လေ့လာတာမျိုးမလုပ်ပါနဲ့။

ကိုယ့်ကျောင်းသားတွေမှာ လည်းဒီပြသနာရှိတယ်။ အတန်း ချိန် အပြင် ရောက်သွားရင်။ English က ကိုယ် နဲ့ ဘာမှမဆိုင် သလိုပဲ။ အဲ့လိုလုပ် လို့မရဘူး။ တတ်မှာ မဟုတ် ဘူး။ ကိုယ် မြင် သမျှ ကြားသမျှ တွေးသမျှ အားလုံး English လိုပုံစံ ပြောင်းချင် တဲ့အတွေးတွေ အမြဲ ရှိရမယ်။

၆။ လက်မ လျော့လိုက် ပါနဲ့။

အရမ်းအရေးကြီးတယ်။ ငါ သင်တန်းတွေ တက်ဖူးတာပဲ။ မရပါဘူး။ မလွယ်ပါဘူး။ ဘယ် တော့မှ အဲ့လို မတွေးနဲ့။ လုပ်သာလုပ်။ ပန်းတိုင်က လက် တစ်ကမ်းမှာ။

၇။ စိတ်ပူမ နေပါနဲ့။

တတ်မှ တတ်ပါ့မလား။ ပြောမှ ပြောနိုင်ပါ့မလား။ မ ပြောနိုင်ရင် ရော။ မှားကုန် ရင် ဘယ် လိုလုပ် မှာလဲ။ သင်တန်းတတ်တာ တွေ တကယ် ရောထိ ရောက် မှာလား။ အများကြီး ပူမနေနဲ့။ ကိုယ့် ကိုယ် ရော ပြန် မေး။ မရ ဘူးဆိုပြီး တစိုက်မတ်မတ် လေ့လာသလား။ မရ ဘူး။ ရမှာလဲ မဟုတ်ဘူးဆိုပြီး မလုပ် မိပဲ နေသလား။ ဒီကမ္ဘာ ပေါ်မှာ ကိုယ်လိုသူလို လူစင် စစ် တွေ English စကားပြောတာ English သုံးတာ သန်းပေါင်း များစွာရှိ တယ်။

၈။ တခြားသူတွေ နဲ့ သွားမယှဉ်နဲ့။

ကိုယ်ထက် ပို တော် တယ် ဆိုတာ သူတို့ မှာ အကြောင်းရှိတယ်။ ဘယ်သူမှ မ လေ့ကျင့်ပဲ တော် လာတာမရှိဘူး။ ကိုယ့်မှာ လည်းကိုယ် က ပို တော် သွားရမဲ့ အကြောင်းအရင်း ဖန်တီးနိုင် ရမယ်။

၉။ Skill တစ်ခုထဲ ကွက် ပြီးလေ့လာနေတာ မျိုး မလုပ် သင့်ဘူး။

ပြောနိုင် ပြီး နားမ ထောင် တတ် တာ အလကားပဲ။ မြန်မာတွေ အဖြစ်များတာကျ နားတော့လည်တယ် တဲ့ြ့ပန် မပြောတတ်ဘူးတဲ့။ အဲ့ဒါ ကိုယ့် ကိုယ် ကို လိမ် နေတာ။ ပြောတာ ကို နားထောင် တတ် ရင် ပြန် ပြောနိုင် တဲ့ Skill ပါ တွဲ ပါလာတာ။ ကိုယ် ကိုယ်တိုင် ပိတ် ထားတဲ့ တံခါးတွေ ပြန်ဖွင့် လိုက် တော့။

၁၀။ အချိန်အကြာကြီးယူပြီးလေ့လာစရာမလို ဘူး။

တွေ့ သမျှ မြင်သမျှ ကြားသမျှ အမြဲ သင်ယူ နေဖို့ပဲ လိုတယ်။ မြို့ထဲ မှာ ချိတ်ထားတဲ့ English လို ဆိုင်းဘုတ်တွေ အကုန် လေ့လာဖူးသလား။ ရေသန့် ဘူးမှာ ပါတဲ့ Vocab = Meaning တွေ အကုန် သိလား။ English is everywhere နော်။

၁၁။ လေ့လာတာကို ပျင်းစရာကြီး။ ကျောင်းစာကြီး ဆိုပြီး မ တွေးပါနဲ့။

English ဆိုတာ ကျောင်းစာမဟုတ်ဘူး။ တစ်ကမ္ဘာ လုံးကောင်းကောင်း ပြောဆို ဆက် ဆံ နိုင် အောင် ဘုံ သတ်မှတ်ထားတဲ့ ဘာသာစကားတစ်ခုပဲ။

Chinese တို့ Japanese တို့ မှ ဘာသာစကားလို့ ထင် မနေကြနဲ့ဦး။

source: learning english myanmar

Read times Last modified on Wednesday, 29 January 2020 11:40
Rate this articles
(1 Vote)