×

Warning

JUser: :_load: Unable to load user with ID: 81428


Language

Monday, 04 May 2020

အမေရိကန်အသံထွက်ကိုလေ့လာနေသူများအတွက်ကြည့်သင့်သောရုပ်ရှင်(၅)ကား

အမေရိကန်အင်္ဂလိပ်ကို စတင်လေ့လာတဲ့လူတွေအနေနဲ့ အမေရိကန်စကားပြောအသံထွက်ကို သေချာလေ့လာဖို့ လိုအပ်ပါတယ်။ပထမဦးစွာ အမေရိကန်သတင်းဌာနများမှ သတင်းတွေနားထောင်ပါ၊သီချင်းတွေနားထောင်ပါ ပြီးကာမှရုပ်ရှင်ပါတွဲကြည့်ပေးပါ။

 

အမေရိကန်အင်္ဂလိပ်စာဟာ ပြတ်သားသဲကွဲတဲ့အသံထွက်အမြဲရှိပါတယ်။American Accent စစ်စစ်ကြားရဖို့က ယနေ့ခေတ်လူငယ်တွေအနေနဲ့ အခုလိုကားမျိုးတွေကြည့်မှသာအဆင်ပြေမှာပါ။ကြည့်ဖြစ်ခဲ့ရင်လဲ အင်္ဂလိပ်စာတန်းထိုးလေးနဲ့ကြည့်ဖို့အကြံပြုပါရစေ။

 

အထင်တော့မသေးလိုက်ပါနဲ့အရင်ခေတ်ကကားတွေပေမဲ့အနုပညာရဲ့အနှစ်အရသာကိုအပြည့်အဝပေးစွမ်းနိုင်တဲ့အပြင်ယနေ့ခေတ်ကားကြိုက်တဲ့လူငယ်တွေအနေနဲ့စိတ်ဝင်တစားသာကြည့်မယ်ဆိုတော်တော်ကို American Accent တိုးတက်လာဖို့အလားအလာရှိပါတယ်။စစချင်းတော့ တပတ် ၁ ကားသာသေချာလေးကြည့်ပါလို့ပြောပါရစေ။

 

To Kill A MockingBird

 

To Kill A Mockingbird Cast and Crew | TV Guide

 

To Kill A Mocking Bird (1962) က Courtroom Drama အမျိုးအစားပါ။ ဒီကားလေးကနယ်နယ်ရရကားတော့မဟုတ်ပါဘူး Harrison Ford ကိုယ်တိုင် သဘောကျတဲ့ကားဖြစ်ပြီး ဒီကားကိုကြည့်ပြီးသူတိုင်းအကြိုက်တွေ့ပါတယ်။

 

ဒါရိုက်တာ Robert Mulligan က စာရေးဆရာ Harper Lee ရဲ့ Pulitzer ဆုရခဲ့တဲ့ 1960 best seller ဝတ္ထုကို ပြန်ရိုက်ကူးထားတာပါမင်းသားကြီး Gregory Peck က အဓိက ဇာတ်ဆောင်ပါ။ Courtroom ဆိုတာကတော့ တရားစီရင်ရေးနှင့်ပက်သက်သော ရုပ်ရှင်အမျိုးစား ကိုဆိုလိုတာပါ။

 

Plot ကတော့ Alabama မှ Maycomb ဆိုတဲ့ (စိတ်ကူးယဉ်မြို့နယ်) လေးမှာ single father ဖြစ်တဲ့ Peck ဟာ သားနဲ့သမီး ၂ယောက်ကို ဖခင်မေတ္တာအပြည့်နဲ့ ပြုစုပျိုးထောင်နေသူပါ
ရှေ့နေဖြစ်တဲ့ Peck ဟာ တစ်နေ့မှာ တစ်ရားခံဘက်က အမှုလိုက်ပေးရပါတော့တယ်။

 

လူမည်းတစ်ဦးကို လူဖြူမိသားစုက အဓမ္မပြုကျင့်မှုနဲ့ လုပ်ကြံတရားစွဲတဲ့အမှုပါထိုအမှုဟာ သူ့သားနဲ့သမီးအတွက် ဘဝ သင်ခန်းစာယူစရာ သာဓက တစ်ခုဖြစ်လာပါတယ်။

 

ဒီကားဟာ လူမျိုးရေးခွဲခြားမှုကို ပညာပေး ရိုက်ကူးထားတဲ့ ကားလေးပါ။မင်းသားကြီး Gregory Peck ရဲ့သရုပ်ဆောင်ကောင်းမှုက လူအများရဲ့ ချီးမွမ်းမှတ်တမ်းတင်ခံရပီး အကယ်ဒမီ ရခဲ့ပါတယ်ရုပ်ရှင်ရဲ့ အကယ်ဒမီ ဆန်ကာတင်စာရင်းဟာ 8ဆုဖြစ်ပီး3ဆုရခဲ့ပါတယ်။

 

ကလေးသရုပ်ဆောင် ကောင်မလေး Mary Badham ဟာ မထင်မှတ်ဘဲ အကောင်းဆုံး အမျိုးသမီး ဇာတ်ပို့ဆု ဆန်ကာတင်ဝင်ခဲ့ပါတယ်Peck ရဲ့ဇာတ်ကောင် Atticus Finch ဟာ AFI 100 Heroes & Villains list မှာ Indiana Jones, James Bond (Dr.No), Rick Blaine (Casablanca) စတဲ့ ဇာတ်ကောင်တွေကို ကျော်ဖြတ်ပီး အဆင့်တစ်ချိတ်ထားပါတယ်။

 

ထိုဇာတ်ကားတစ်ကားလုံးမှာ ပီသတဲ့ စကားအသုံးအနှုန်းများ အဖြတ်အတောက်များ နှင့်အတူ တရားသဘောင်သုံးစကားလုံးဆန်းများပါဝင်ပါတယ်။

 

An American in Paris

 

An American in Paris (1951) - Classic Hollywood Central

 

ဒီကားလေးကတော့ ယနေ့ခေတ် Disney ကကားတွေလိုအကကားမျိုးပါ။သို့ပေမဲ့ အတော်ဇာတ်အိမ်လှပါ့ပါတယ် အကြိုက်တွေ့စေမှာပါ။အမေရိကန် လူမျိုး ပန်းချီဆရာလေး ပြင်သစ်ကို ရောက်သွားပြီး ချစ်သူတွေ့ကာ အချစ်ကို အနုပညာဆန်စွာဖြတ်သန်းပုံနဲ့ ရိုက်ပြထားပါတယ်။ဒီဇာတ်ကားထဲတွင် ကဗျာဆန်တဲ့ အမေရိကန် အင်္ဂလိပ် စကားအသုံးအနှုန်းတွေပါဝင်ပါတယ်။

 

Singin in the rain

 

Singin' in the Rain (1952) - Filmaffinity

 

Singing In The Rain ရုပ်ရှင် ဇာတ်ကားက Musical Drama အမျိုးအစားပါ။Singing In The Rain သီချင်းလေးကို 1931 ကဖြန့်ချီခဲ့တာပါရှင် သီချင်းစာသားရေးဆရာက Arthur Freed ဖြစ်ပြီး တီးလုံးဆိုင်ရာပညာရှင်က Nacio Herb Brown ပါ။

 

ဒီသီချင်းလေးဟာ AFI's 100 Years ... ရဲ့ အကောင်းဆုံးသီချင်းအပုဒ် ၁၀၀ ကြားမှာ နံပါတ် ၃ နေရာရခဲ့တဲ့သီချင်းလေးပါ ထိုသီချင်းလေးကို Gene Kelly ကမိုးရွာထဲသီချင်းဆိုကတဲ့အခန်းက တကယ့်အံမခန်းဖြစ်ပြီး ထိုဇာတ်ကားထဲမှ အမေရိကန် စကားစု အသုံးအနှုန်းများသည်လည်း သင့်ရဲ့ အသံထွက်ကိုအတော်လေးပြောင်းလဲစေမှာပါ။

 

Gone With The Wind

 

What parts of the book 'Gone With The Wind' were not put in the ...

 

ရုပ်ရှင်သမိုင်းတစ်လျှောက်ခမ်းနားကြီးကျယ်လှတဲ့ ကားကြီးပါVictor Fleming က ရိုက်ကူးထားပါတယ်။American ပြည်တွင်းစစ်ကာလက Georgia ပြည်နယ်ရဲ့ သူဌေးသမီးလေး Scarlett O'hara အကြောင်းရိုက်ကူးထားတာပါ။

 

မင်းသားတွေအဖြစ် Clerk Gable နဲ့ Leslie Howardမင်းသမီးတွေကတော့ Vivien Leigh က O'hara အဖြစ်နဲ့ Olivia De Havilland တို့က ပါဝင်ထားပါတယ်။

 

အကယ်ဒမီ 13ဆုထိ ဆန်ကာတင်ပါခဲ့ပီး 8 ဆုရခဲ့ပါတယ်။အဲ 8 ဆုမှာ ကြီးငါးကြီး(The Big 5) (ရုပ်ရှင်, ဒါရိုက်တာ, မင်းသား မင်းသမီး နဲ့ ဇာတ်ညွန်း) ဆုတွေထဲမှာ မင်းသားဆုပဲ မရခဲ့တာပါ။

 

Gone with the wind ဟာ currency adjusted လုပ်ပီးတွက်ရင် သမိုင်းတစ်လျှောက် စံချိန်တင်ဝင်ငွေအများဆုံးရထားတဲ့ ကားပါအများထင်သလို Avatar မဟုတ်ပါဘူး$3.7 billion ထိရရှိခဲ့ပါတယ်။

 

နာမည်ကြီး လေရူးသုန်သုန်ဆိုတဲ့စာအုပ်က Gone with the wind ပါ ၎င်းဇာတ်ကားဟာ American English ရဲ့ Classical Accent ကိုထိန်းထားတဲ့ကားကောင်းတစ်ကားလို့ပြောပြချင်တယ်။

 

Casablanca 

 

DOWNLOAD Casablanca FULL MOVIE HD1080p Sub English (With ...

 

အချစ်ကားတွေထဲအခုချိန်ထိလူတိုင်းရဲ့စွဲလမ်းရတဲ့ဇာတ်ကားကတော့  Humphrey Bogart ရဲ့ Casablanca ရုပ်ရှင်ကားလေးပါ။

 

ရိုက်ကူးမှု ဒါရိုက်တာက Michael Curtiz ရိုက်ကူးခဲ့တာဖြစ်ပြီး Murray Burnett Joan Alison ရဲ့ Everybody Comes to Rick's ပြဇာတ်ကို ဇာတ်အိမ်ယူထားတာပါတဲ့။

 

သရုပ်ဆောင်တွေအနေနဲ့ကတော့ - မင်းသားကြီး Humphrey Bogart က Rick အဖြစ်ပါဝင်ထားကာ မင်းသမီးချော Ingrid Bergman က Ilsa အဖြစ် သရုပ်ဆောင်ထားပြီး ဇာတ်ပို့ သရုပ်ဆောင် Paul Henreid က Victor အဖြစ် အဓိကသရုပ်ဆောင်ထားပါတယ်။

 

အခြားသရုပ်ဆောင်တွေအနေနဲ့ - Claude Rains , Conrad Veidt , Sydney Greenstreetတို့ အပြင် Peter Lorre တို့ပါဝင်အားဖြည့်သရုပ်ဆောင်ထားပါတယ်။

 

ဒီကားလေးကိုWarner Bros က တာဝန်ယူဖြန့်ချိခဲ့တာဖြစ်ပြီး ပြသတဲ့ရက်ကတော့ November 26, 1942 မှာ (Hollywood Theatre)တွေမှာပြသကာ January 23, 1943 (United States)ကရုံတွေမှာပြသခဲ့ပါတယ်။ဇာတ်ကားကြာချိန်က ၁ နာရီနဲ့ ၄၂ မိနစ်ပါ။မိသားစုနဲ့အတူကြည့်လို့ရတဲ့ကားလေးဖြစ်ပါတယ်။

 

တကယ့်ကို ရှုပ်ထွေးတဲ့လောက အချစ်ရေးအခြေအနေအကြောင်းကိုရိုက်ကူးပြသထားတာပါ။ဒီကားကြည့်ပြီး အနုအရွစကားလုံးလေးတွေကြားရချင်ရင်ဒီကားလေးအလေးပေးကြည့်ပါလို့ ...

 

<<< Zawgyi >>>

 

အေမရိကန္အသံထြက္ကိုေလ့လာေနသူမ်ားအတြက္ၾကည့္သင့္ေသာ႐ုပ္ရွင္(၅)ကား

-------------------------------

 

အေမရိကန္အဂၤလိပ္ကို စတင္ေလ့လာတဲ့လူေတြအေနနဲ႔ အေမရိကန္စကားေျပာအသံထြက္ကို ေသခ်ာေလ့လာဖို႔ လိုအပ္ပါတယ္။ပထမဦးစြာ အေမရိကန္သတင္းဌာနမ်ားမွ သတင္းေတြနားေထာင္ပါ၊သီခ်င္းေတြနားေထာင္ပါ ၿပီးကာမွ႐ုပ္ရွင္ပါတြဲၾကည့္ေပးပါ။

 

အေမရိကန္အဂၤလိပ္စာဟာ ျပတ္သားသဲကြဲတဲ့အသံထြက္အၿမဲရွိပါတယ္။American Accent စစ္စစ္ၾကားရဖို႔က ယေန႔ေခတ္လူငယ္ေတြအေနနဲ႔ အခုလိုကားမ်ိဳးေတြၾကည့္မွသာအဆင္ေျပမွာပါ။ၾကည့္ျဖစ္ခဲ့ရင္လဲ အဂၤလိပ္စာတန္းထိုးေလးနဲ႔ၾကည့္ဖို႔အႀကံျပဳပါရေစ။

 

အထင္ေတာ့မေသးလိုက္ပါနဲ႔အရင္ေခတ္ကကားေတြေပမဲ့အႏုပညာရဲ႕အႏွစ္အရသာကိုအျပည့္အဝေပးစြမ္းႏိုင္တဲ့အျပင္ယေန႔ေခတ္ကားႀကိဳက္တဲ့လူငယ္ေတြအေနနဲ႔စိတ္ဝင္တစားသာၾကည့္မယ္ဆိုေတာ္ေတာ္ကို American Accent တိုးတက္လာဖို႔အလားအလာရွိပါတယ္။စစခ်င္းေတာ့ တပတ္ ၁ ကားသာေသခ်ာေလးၾကည့္ပါလို႔ေျပာပါရေစ။

 

To Kill A MockingBird

 

To Kill A Mockingbird Cast and Crew | TV Guide

 

To Kill A Mocking Bird (1962) က Courtroom Drama အမ်ိဳးအစားပါ။ ဒီကားေလးကနယ္နယ္ရရကားေတာ့မဟုတ္ပါဘူး Harrison Ford ကိုယ္တိုင္ သေဘာက်တဲ့ကားျဖစ္ၿပီး ဒီကားကိုၾကည့္ၿပီးသူတိုင္းအႀကိဳက္ေတြ႕ပါတယ္။

 

ဒါ႐ိုက္တာ Robert Mulligan က စာေရးဆရာ Harper Lee ရဲ႕ Pulitzer ဆုရခဲ့တဲ့ 1960 best seller ဝတၳဳကို ျပန္႐ိုက္ကူးထားတာပါမင္းသားႀကီး Gregory Peck က အဓိက ဇာတ္ေဆာင္ပါ။ Courtroom ဆိုတာကေတာ့ တရားစီရင္ေရးႏွင့္ပက္သက္ေသာ ႐ုပ္ရွင္အမ်ိဳးစား ကိုဆိုလိုတာပါ။

 

Plot ကေတာ့ Alabama မွ Maycomb ဆိုတဲ့ (စိတ္ကူးယဥ္ၿမိဳ႕နယ္) ေလးမွာ single father ျဖစ္တဲ့ Peck ဟာ သားနဲ႔သမီး ၂ေယာက္ကို ဖခင္ေမတၱာအျပည့္နဲ႔ ျပဳစုပ်ိဳးေထာင္ေနသူပါ
ေရွ႕ေနျဖစ္တဲ့ Peck ဟာ တစ္ေန႔မွာ တစ္ရားခံဘက္က အမႈလိုက္ေပးရပါေတာ့တယ္။


လူမည္းတစ္ဦးကို လူျဖဴမိသားစုက အဓမၼျပဳက်င့္မႈနဲ႔ လုပ္ႀကံတရားစြဲတဲ့အမႈပါထိုအမႈဟာ သူ႔သားနဲ႔သမီးအတြက္ ဘဝ သင္ခန္းစာယူစရာ သာဓက တစ္ခုျဖစ္လာပါတယ္။

 

ဒီကားဟာ လူမ်ိဳးေရးခြဲျခားမႈကို ပညာေပး ႐ိုက္ကူးထားတဲ့ ကားေလးပါ။မင္းသားႀကီး Gregory Peck ရဲ႕သ႐ုပ္ေဆာင္ေကာင္းမႈက လူအမ်ားရဲ႕ ခ်ီးမြမ္းမွတ္တမ္းတင္ခံရပီး အကယ္ဒမီ ရခဲ့ပါတယ္႐ုပ္ရွင္ရဲ႕ အကယ္ဒမီ ဆန္ကာတင္စာရင္းဟာ 8ဆုျဖစ္ပီး3ဆုရခဲ့ပါတယ္။

 

ကေလးသ႐ုပ္ေဆာင္ ေကာင္မေလး Mary Badham ဟာ မထင္မွတ္ဘဲ အေကာင္းဆုံး အမ်ိဳးသမီး ဇာတ္ပို႔ဆု ဆန္ကာတင္ဝင္ခဲ့ပါတယ္Peck ရဲ႕ဇာတ္ေကာင္ Atticus Finch ဟာ AFI 100 Heroes & Villains list မွာ Indiana Jones, James Bond (Dr.No), Rick Blaine (Casablanca) စတဲ့ ဇာတ္ေကာင္ေတြကို ေက်ာ္ျဖတ္ပီး အဆင့္တစ္ခ်ိတ္ထားပါတယ္။

 

ထိုဇာတ္ကားတစ္ကားလုံးမွာ ပီသတဲ့ စကားအသုံးအႏႈန္းမ်ား အျဖတ္အေတာက္မ်ား ႏွင့္အတူ တရားသေဘာင္သုံးစကားလုံးဆန္းမ်ားပါဝင္ပါတယ္။

 

An American in Paris

 

An American in Paris (1951) - Classic Hollywood Central

 

ဒီကားေလးကေတာ့ ယေန႔ေခတ္ Disney ကကားေတြလိုအကကားမ်ိဳးပါ။သို႔ေပမဲ့ အေတာ္ဇာတ္အိမ္လွပါ့ပါတယ္ အႀကိဳက္ေတြ႕ေစမွာပါ။အေမရိကန္ လူမ်ိဳး ပန္းခ်ီဆရာေလး ျပင္သစ္ကို ေရာက္သြားၿပီး ခ်စ္သူေတြ႕ကာ အခ်စ္ကို အႏုပညာဆန္စြာျဖတ္သန္းပုံနဲ႔ ႐ိုက္ျပထားပါတယ္။ဒီဇာတ္ကားထဲတြင္ ကဗ်ာဆန္တဲ့ အေမရိကန္ အဂၤလိပ္ စကားအသုံးအႏႈန္းေတြပါဝင္ပါတယ္။

 

Singin in the rain

 

Singin' in the Rain (1952) - Filmaffinity

 

Singing In The Rain ႐ုပ္ရွင္ ဇာတ္ကားက Musical Drama အမ်ိဳးအစားပါ။Singing In The Rain သီခ်င္းေလးကို 1931 ကျဖန႔္ခ်ီခဲ့တာပါရွင္ သီခ်င္းစာသားေရးဆရာက Arthur Freed ျဖစ္ၿပီး တီးလုံးဆိုင္ရာပညာရွင္က Nacio Herb Brown ပါ။

 

ဒီသီခ်င္းေလးဟာ AFI's 100 Years ... ရဲ႕ အေကာင္းဆုံးသီခ်င္းအပုဒ္ ၁၀၀ ၾကားမွာ နံပါတ္ ၃ ေနရာရခဲ့တဲ့သီခ်င္းေလးပါ ထိုသီခ်င္းေလးကို Gene Kelly ကမိုး႐ြာထဲသီခ်င္းဆိုကတဲ့အခန္းက တကယ့္အံမခန္းျဖစ္ၿပီး ထိုဇာတ္ကားထဲမွ အေမရိကန္ စကားစု အသုံးအႏႈန္းမ်ားသည္လည္း သင့္ရဲ႕ အသံထြက္ကိုအေတာ္ေလးေျပာင္းလဲေစမွာပါ။

 

Gone With The Wind

 

What parts of the book 'Gone With The Wind' were not put in the ...

 

႐ုပ္ရွင္သမိုင္းတစ္ေလွ်ာက္ခမ္းနားႀကီးက်ယ္လွတဲ့ ကားႀကီးပါVictor Fleming က ႐ိုက္ကူးထားပါတယ္။American ျပည္တြင္းစစ္ကာလက Georgia ျပည္နယ္ရဲ႕ သူေဌးသမီးေလး Scarlett O'hara အေၾကာင္း႐ိုက္ကူးထားတာပါ။

 

မင္းသားေတြအျဖစ္ Clerk Gable နဲ႔ Leslie Howardမင္းသမီးေတြကေတာ့ Vivien Leigh က O'hara အျဖစ္နဲ႔ Olivia De Havilland တို႔က ပါဝင္ထားပါတယ္။

 

အကယ္ဒမီ 13ဆုထိ ဆန္ကာတင္ပါခဲ့ပီး 8 ဆုရခဲ့ပါတယ္။အဲ 8 ဆုမွာ ႀကီးငါးႀကီး(The Big 5) (႐ုပ္ရွင္, ဒါ႐ိုက္တာ, မင္းသား မင္းသမီး နဲ႔ ဇာတ္ၫြန္း) ဆုေတြထဲမွာ မင္းသားဆုပဲ မရခဲ့တာပါ။

 

Gone with the wind ဟာ currency adjusted လုပ္ပီးတြက္ရင္ သမိုင္းတစ္ေလွ်ာက္ စံခ်ိန္တင္ဝင္ေငြအမ်ားဆုံးရထားတဲ့ ကားပါအမ်ားထင္သလို Avatar မဟုတ္ပါဘူး$3.7 billion ထိရရွိခဲ့ပါတယ္။

 

နာမည္ႀကီး ေလ႐ူးသုန္သုန္ဆိုတဲ့စာအုပ္က Gone with the wind ပါ ၎ဇာတ္ကားဟာ American English ရဲ႕ Classical Accent ကိုထိန္းထားတဲ့ကားေကာင္းတစ္ကားလို႔ေျပာျပခ်င္တယ္။

 

Casablanca

 

DOWNLOAD Casablanca FULL MOVIE HD1080p Sub English (With ...

 

အခ်စ္ကားေတြထဲအခုခ်ိန္ထိလူတိုင္းရဲ႕စြဲလမ္းရတဲ့ဇာတ္ကားကေတာ့ Humphrey Bogart ရဲ႕ Casablanca ႐ုပ္ရွင္ကားေလးပါ။ ႐ိုက္ကူးမႈ ဒါ႐ိုက္တာက Michael Curtiz ႐ိုက္ကူးခဲ့တာျဖစ္ၿပီး Murray Burnett Joan Alison ရဲ႕ Everybody Comes to Rick's ျပဇာတ္ကို ဇာတ္အိမ္ယူထားတာပါတဲ့။

 

သ႐ုပ္ေဆာင္ေတြအေနနဲ႔ကေတာ့ - မင္းသားႀကီး Humphrey Bogart က Rick အျဖစ္ပါဝင္ထားကာ မင္းသမီးေခ်ာ Ingrid Bergman က Ilsa အျဖစ္ သ႐ုပ္ေဆာင္ထားၿပီး ဇာတ္ပို႔ သ႐ုပ္ေဆာင္ Paul Henreid က Victor အျဖစ္ အဓိကသ႐ုပ္ေဆာင္ထားပါတယ္။

 

အျခားသ႐ုပ္ေဆာင္ေတြအေနနဲ႔ - Claude Rains , Conrad Veidt , Sydney Greenstreetတို႔ အျပင္ Peter Lorre တို႔ပါဝင္အားျဖည့္သ႐ုပ္ေဆာင္ထားပါတယ္။

 

ဒီကားေလးကိုWarner Bros က တာဝန္ယူျဖန႔္ခ်ိခဲ့တာျဖစ္ၿပီး ျပသတဲ့ရက္ကေတာ့ November 26, 1942 မွာ (Hollywood Theatre)ေတြမွာျပသကာ January 23, 1943 (United States)က႐ုံေတြမွာျပသခဲ့ပါတယ္။ဇာတ္ကားၾကာခ်ိန္က ၁ နာရီနဲ႔ ၄၂ မိနစ္ပါ။မိသားစုနဲ႔အတူၾကည့္လို႔ရတဲ့ကားေလးျဖစ္ပါတယ္။

 

တကယ့္ကို ရႈပ္ေထြးတဲ့ေလာက အခ်စ္ေရးအေျခအေနအေၾကာင္းကို႐ိုက္ကူးျပသထားတာပါ။ဒီကားၾကည့္ၿပီး အႏုအရြစကားလံုးေလးေတြၾကားရခ်င္ရင္ဒီကားေလးအေလးေပးၾကည့္ပါလို႔ ...

 

#Freya 

Read times
Rate this articles
(0 votes)