×

Warning

JUser: :_load: Unable to load user with ID: 81428


Knowledge

Saturday, 26 September 2020

Presentation ရေးဆွဲသောအခါ . . . .

Presentation ရေးဆွဲသောအခါ . . . .
=====================

 

လုပ်ငန်းခွင်မှာဖြစ်စေ၊ အဖွဲ့အစည်းအခမ်းအနားတွေမှာဖြစ်စေ၊ မိမိတင်ပြလို့တဲ့ အချက်အလက်တွေကို Presentation အဖြစ် တင်ပြတဲ့အခါမှာ နားထောင်သူ ပရိတ်သတ်၊ လုပ်ဖော်ကိုင်ဖက်တွေကို စိတ်ဝင်စားစေမယ့် Presentation တစ်ခုဖြစ်အောင် ဖန်တီးဖို့ လိုအပ်ပါတယ်။ စိတ်ဝင်စားမူမရှိပဲ ငြီးငွေ့ဖွယ်ကောင်းသော presentation မျိုးဟာ ပရိတ်သတ်တွေကို ဆွဲဆောင်နိုင်မှာ မဟုတ်ပါဘူး။

 

ဒါကြောင့်ဆွဲဆောင်မူရှိပြီး ပရိတ်သတ်တွေ စိတ်ဝင်စားသော presentation မျိုးဖြစ်ဖို့အတွက်ဆိုရင် အောက်ပါအချက်လေးတွေကို သတိထားထည့်သွင်းစေချင်ပါတယ်။

 

Presentation ကိုတတ်နိုင်သမျှရိုးရှင်းအောင်ရေးဆွဲပါ။
မလိုအပ်တဲ့ အကြောင်းအရာတွေတင်ပြတာများရင် ပရိသတ်ကို ငြီးငွေ့စေပါလိမ့်မယ်။ ဒါကြောင့် စကားလုံးကျစ်ကျစ်လျစ်လျစ်နှင့် လိုရင်းတိုရှင်းပဲရေးတာကောင်းပါတယ်။ ပရိသတ်တွေမျှော်လင့်တာကတော့ စာနည်းပြီး တင်ပြလိုတဲ့အကြောင်းအရာတွေနဲ့ ထိထိမိမိရှိတဲ့ Presentation တစ်ခုဆိုတာ မမေ့ပါနဲ့။


ပုံများကို တိတိကျကျ အသုံးပြုပါ။
စာတွေများနေတဲ့တင်ပြချက်ထက်စာရင် လိုအပ်တဲ့၊ ထိမိတဲ့ ပုံတွေကို အသုံးပြုခြင်းအားဖြင့် ပရိတ်သတ်ရဲ့ စိတ်ဝင်စားမှုကို ပိုမိုရရှိနိုင်ပါတယ်။ ကိုယ်တင်ပြချင်တဲ့ အကြောင်းရာတွေကို ထိရောက်စွာတင်ပြရန် အထောက်ကူပြုပါတယ်။

 

အထောက်အထား၊ အကိုးအကားများကို အသုံးပြုပါ။
သက်သေ၊ အထောက်အထား၊ အကိုးအကားများနှင့်တကွတင်ပြနိုင်ရင် မိမိရဲ့ တင်ပြတဲ့အကြောင်းအရာကိုပိုပြီးလေးနက်စေပြီး အထောက်ကူပြုနိုင်ပါတယ်။ ( ဥပမာ - screen shots, quotes, chart စသည်ဖြင့်တင်ပြနိုင်ရင် ပိုပြီးပြည့်စုံပါတယ်။)

 

မိမိတင်ပြမယ့် Presentation ကို ဇာတ်လမ်းပုံစံတစ်ခုအဖြစ် ရေးဆွဲပါ။
ဖြစ်နိုင်ရင်တော့ ကိုယ့်ရဲ့ presentation ပုံစံကို ပုံပြင်ဇာတ်လမ်းလေးတခုလိုဖြစ်အောင်ရေးဆွဲနိုင်တယ်ဆိုရင်၊ ပရိသတ်ကိုပိုပြီးဆွဲဆောင်နိုင်ပါတယ်။

 

မိမိရဲ့ ပရိတ်သတ် အကြောင်း ကောင်းကောင်းသိပါစေ။
နောက်ဆုံးအရေးကြီးတဲ့ အချက်ကတော့ကိုယ့်ရဲ့ပရိသတ်အကြောင်းကိုကောင်းကောင်းနားလည်သိရှိဖို့လိုအပ်ပါတယ်။ ( ဥပမာ - ကိုယ့်ရဲ့ပရိသတ်က ဘယ်သူတွေလဲ၊ ဘာလုပ်လဲ၊ ဘာကိုစိတ်ဝင်းစားလဲ၊ သူတို့တွေ ဘာကိုသိချင်ကြလဲ စသည်ဖြင့် ကြိုတင်သိရှိထားမယ်ဆိုရင် ကိုယ့်အတွက်ရေးဆွဲရန်ပိုပြီး လွယ်ကူထိရောက်နိုင်ပါတယ်။ )

 

ခုတင်ပြထားတဲ့ အချက်အလက်လေးတွေကို လိုက်နာပြီး Presentation တစ်ခု ဖန်တီးမယ်ဆိုရင်တော့ ပရိတ်သတ်စိတ်ဝင်စားတဲ့ Presentation ဖြစ်လာမှာ အသေအချာပါပဲ။

 

 

Presentation ေရးဆဲြေသာအခါ . . . .
=====================

လုပ္ငန္းခြင္မွာျဖစ္ေစ၊ အဖြဲ႕အစည္းအခမ္းအနားေတြမွာျဖစ္ေစ၊ မိိမိတင္ျပလို႔တဲ့ အခ်က္အလက္ေတြကို Presentation အျဖစ္ တင္ျပတဲ့အခါမွာ နားေထာင္သူ ပရိတ္သတ္၊ လုပ္ေဖာ္ကိုင္ဖက္ေတြကို စိတ္၀င္စားေစမယ့္ Presentation တစ္ခုျဖစ္ေအာင္ ဖန္တီးဖို႔ လိုအပ္ပါတယ္။ စိတ္ဝင္စားမူမရွိပဲ ၿငီးေငြ႕ဖြယ္ေကာင္းေသာ presentation မ်ိဳးဟာ ပရိတ္သတ္ေတြကို ဆြဲေဆာင္ႏိုင္မွာ မဟုတ္ပါဘူး။

 

ဒါေၾကာင့္ဆဲြေဆာင္မူရွိၿပီး ပရိတ္သတ္ေတြ စိတ္ဝင္စားေသာ presentation မ်ိဳးျဖစ္ဖို႔အတြက္ဆိုရင္ ေအာက္ပါအခ်က္ေလးေတြကို သတိထားထည့္သြင္းေစခ်င္ပါတယ္။

 

Presentation ကိုတတ္နိုင္သမွ်႐ိုးရွင္းေအာင္ေရးဆဲြပါ။
မလိုအပ္တဲ့ အေၾကာင္းအရာေတြတင္ျပတာမ်ားရင္ ပရိသတ္ကို ၿငီးေငြ႕ေစပါလိမ့္မယ္။ ဒါေၾကာင့္ စကားလံုးက်စ္က်စ္လ်စ္လ်စ္နွင့္ လိုရင္းတိုရွင္းပဲေရးတာေကာင္းပါတယ္။ ပရိသတ္ေတြေမွ်ာ္လင့္တာကေတာ့ စာနည္းၿပီး တင္ျပလိုတဲ့အေၾကာင္းအရာေတြနဲ႔ ထိထိမိမိရွိတဲ့ Presentation တစ္ခုဆိုတာ မေမ့ပါနဲ႔။


ပံုမ်ားကို တိတိက်က် အသံုးျပဳပါ။
စာေတြမ်ားေနတဲ့တင္ျပခ်က္ထက္စာရင္ လိုအပ္တဲ့၊ ထိမိတဲ့ ပံုေတြကို အသံုးျပဳျခင္းအားျဖင့္ ပရိတ္သတ္ရဲ႕ စိတ္၀င္စားမႈကို ပိုမိုရရွိႏိုင္ပါတယ္။ ကိုယ္တင္ျပခ်င္တဲ့ အေၾကာင္းရာေတြကို ထိေရာက္စြာတင္ျပရန္ အေထာက္ကူျပဳပါတယ္။

 

အေထာက္အထား၊ အကိုးအကားမ်ားကို အသံုးျပဳပါ။
သက္ေသ၊ အေထာက္အထား၊ အကိုးအကားမ်ားနွင့္တကြတင္ႃပနိုင္ရင္ မိမိရဲ႕ တင္ျပတဲ့အေၾကာင္းအရာကိုပိုၿပီးေလးနက္ေစၿပီး အေထာက္ကူျပဳနိုင္ပါတယ္။ ( ဥပမာ - screen shots, quotes, chart စသည္ျဖင့္တင္ႃပနိုင္ရင္ ပိုၿပီးျပည့္စံုပါတယ္။)

 

မိမိတင္ျပမယ့္ Presentation ကို ဇာတ္လမ္းပံုစံတစ္ခုအျဖစ္ ေရးဆြဲပါ။
ျဖစ္နိုင္ရင္ေတာ့ ကုိယ့္ရဲ႕ presentation ပံုစံကို ပံုျပင္ဇာတ္လမ္းေလးတခုလိုျဖစ္ေအာင္ေရးဆဲြနိုင္တယ္ဆိုရင္၊ ပရိသတ္ကိုပိုျပီးဆဲြေဆာင္နိုင္ပါတယ္။

 

မိမိရဲ႕ ပရိတ္သတ္ အေၾကာင္း ေကာင္းေကာင္းသိပါေစ။
ေနာက္ဆံုးအေရးႀကီးတဲ့ အခ်က္ကေတာ့ကိုယ့္ရဲ႕ပရိသတ္အေၾကာင္းကိုေကာင္းေကာင္းနားလည္သိရွိဖို႔လိုအပ္ပါတယ္။ ( ဥပမာ - ကိုယ့္ရဲ႕ပရိသတ္က ဘယ္သူေတြလဲ၊ ဘာလုပ္လဲ၊ ဘာကိုစိတ္ဝင္းစားလဲ၊ သူတို႔ေတြ ဘာကိုသိခ်င္ႄကလဲ စသည္ျဖင့္ ႀကိဳတင္သိရွိထားမယ္ဆိုရင္ ကိုယ့္အတြက္ေရးဆဲြရန္ပိုၿပီး လြယ္ကူထိေရာက္နိုင္ပါတယ္။ )

 

ခုတင္ျပထားတဲ့ အခ်က္အလက္ေလးေတြကို လိုက္နာၿပီး Presentation တစ္ခု ဖန္တီးမယ္ဆိုရင္ေတာ့ ပရိတ္သတ္စိတ္၀င္စားတဲ့ Presentation ျဖစ္လာမွာ အေသအခ်ာပါပဲ။

Read times
Rate this articles
(0 votes)