×
Warning
JUser: :_load: Unable to load user with ID: 81428
Knowledge
Wednesday, 04 November 2020
Table Tennis ကစားခြင်း၏ အကျိုးကျေးဇူးများ
Table Tennis ကစားခြင်း၏ အကျိုးကျေးဇူးများ
(၁) မျက်စိနဲ့ လက် ချိတ်ဆက်လှုပ်ရှားနိုင်စွမ်းကို ပိုမိုကောင်းစေနိုင်တယ်။ (Improving hand-eye coordination.)
စားပွဲတင်တင်းနစ်ကစားနည်းဟာ စိတ်ပိုင်းဆိုင်ရာနိုးကြားမှုနှင့်အာရုံစူးစိုက်မှုကိုလှုံ့ဆော်ပေးပြီးစိတ်ပိုင်းဆိုင်ရာတိုးတက်မှုကိုဖြစ်ပေါ်စေပါတယ်။
(၂) ပိုမိုဖျက်လတ်ကျန်းမာလာစေတယ်။ (Improving reflexes.)
အားကစား၏အရှိန်အဟုန်မြန်ပြီးတိုတောင်းသောသဘာ၀ ကြောင့်ကြံ့ခိုင်ပြီးကြွက်သားလှုပ်ရှားမှုနှစ်မျိုးလုံးတိုးတက်လာစေနိုင်တယ်။
(၃) အဆစ်တွေကို မထိခိုက်စေတဲ့ ကိုယ်လက်လှုပ်ရှားမှုကိုရရှိစေနိုင်တယ်။ (It’s easy on the joints.)
ဒူးခေါင်းခွဲစိတ်ထားသူများ၊ ကျောနာ၊ ခါးနာပြသနာရှိသူများ၊ အဆစ်မှာ ပြသနာရှိသူများ ကစားသင့်တဲ့၊ သင့်တော်တဲ့ ကစားနည်းတစ်မျိုးပဲဖြစ်ပါတယ်။
(၄) ကယ်လိုရီလောင်ကျွမ်းစေတယ် (It burns calories. )
သင်ဟာ Gym သွားဖို့ ကြိုက်နှစ်သက်တဲ့သူမဟုတ်ဘူးဆိုရင်တော့ ဒီ Table Tennis ကို ကစားကြည့်ပါ။ သင့်ခန္ဓာကိုယ်ထဲက ကယ်လိုရီတွေကို အလွယ်တကူ လောင်ကျွမ်းစေနိုင်တဲ့ကစားနည်းတစ်ခုဖြစ်ပါတယ်။
(၅) ခင်မင်မှုတွေ တိုးစေတယ် (It’s a social sport.)
ဒီကစားနည်းက တစ်ဦးတစ်ယောက်ထဲကစားနည်းမဟုတ်တဲ့အတွက် ဝါသနာတူ မိတ်ဆွေ၊ သူငယ်ချင်းများနဲ့ အတူတူ ကစားခြင်းအားဖြင့် ခင်မင်မှုတွေကို ပိုမိုတိုးပွားစေနိုင်ပါတယ်။ သင့်ကိုလည်း နည်းပညာများနဲ့ဝေးရာကို ခေတ္တပို့ဆောင်ပေးပြီး တကယ့်လူလောကရဲ့အရသာကို ပေးစွမ်းနိုင်တဲ့ ကစားနည်းတစ်ခုလို့ ဆိုချင်ပါတယ်။
(၆) သင့်ရဲ့စဉ်းစားနိုင်စွမ်းကိုပိုမိုတိုးတက်စေနိုင်ပါတယ်။ (It keeps your brain sharp.)
သိပ္ပံပညာရှင်၊ စိတ်ရောဂါအထူးကုဆရာဝန်ကြီး ဒေါက်တာ ဒယ်နီယယ်အာမင် (Dr. Daniel Amen)က Table Tennis ကစားနည်းက ကမ္ဘာ့အကောင်းဆုံး ဦးနှောက်အားကစား “the world's best brain sport” လို့ ဆိုပါတယ်။ ဒီ စားပွဲတင်တင်းနစ်ကစားနည်းက သင် ဘောလုံးကိုခြေရာခံခြင်း၊ ရိုက်ချက်များ၊ လှည့်စားခြင်းနဲ့ တဘက်ကစားသမားရဲ့ ရိုက်ချက်၊ အစရှိတဲ့ နည်းဗျူဟာများကိုအသုံးပြုပြီးကစားရတာဖြစ်တဲ့အတွက် ကစားနေစဉ်အချိန်အတွင်းမှာ ဦးနှောက်ရဲ့ အမျိုးမျိုးသောအစိတ်အပိုင်းများက တပြိုင်နက် အသုံးပြုရတယ်လို့ ဆိုပါတယ်။
(၇) Table Tennis ကို စိတ်ဖောက်ပြန်မှုများကုသရန်အတွက် ကုထုံးတစ်ခုအဖြစ် အသုံးပြုပါတယ်။ (Table tennis is utilized a treatment for dementia.)
အမှတ်စဉ်(၆)မှာ ပြောပြခဲ့သလိုပါပဲ၊ ဒီ Table Tennis ကစားနည်းက ဦးနှောက်ရဲ့အစိတ်အပိုင်း အတော်များများကို တပြိုင်နက်လှုပ်ရှားအသုံးပြုစေနိုင်တဲ့ ကစားနည်းဖြစ်တာကြောင့် အယ်လ်ဇိုင်းများအစောပိုင်းအဆင့်နဲ့၊ စိတ်ဖောက်ပြန်မှုအမျိုးမျိုးရှိတဲ့ သက်ကြီးရွယ်အိုများအတွက်ရည်ရွယ်ပြီး လွန်ခဲ့တဲ့ငါးနှစ်ခန့်မှစတင်၍ အမေရိကနိုင်ငံ "Sport & Art Educational Foundation (http://www.saefusa.org/about-us) မှ ဒီ Table Tennis ကစားနည်းကို စိတ်ဖော်ကပြန်မှုကုသရန်အတွက် ("table tennis therapy") ကုထုံးတစ်ခုအနေနဲ့ စတင်ခဲ့ပါတယ်။ စားပွဲတင်တင်းနစ်သည် ဦးနှောက်၏အမျိုးမျိုးသောနေရာများကိုတစ်ပြိုင်တည်းဖွင့်ပေးသောကြောင့်ကစားသမားများအနေဖြင့်သူတို့၏အလုံးစုံသတိထားမှုအခြေအနေကိုလှုံ့ဆော်ပေးနိုင်သည်။
(၈) ဟန်ချက်ထိန်းနိုင်စွမ်း ပိုကောင်းစေတယ် (It improves balance.)
ဟန်ချက်ကိုတိုးတက်စေပါတယ်။ မျှတမှုရှိခြင်းနဲ့ ဦးတည်ချက်ကို လျင်မြန်စွာပြောင်းလဲနိုင်ခြင်းက ကောင်းမွန်တဲ့ Table Tennis ကစားသမားကောင်းတစ်ဦးဖြစ်စေနိုင်တဲ့ သော့ချက်ပဲဖြစ်ပါတယ်။ သင်အကြိမ်များစွာကစားလေလေ ဟန်ချက်ညီမှုပိုမိုတိုးတက်လေပဲဖြစ်ပါတယ်။
ဒီလိုအကျိုးကျေးဇူးများလှတဲ့ Table Tennis ကို အားလုံးပဲ ကစားကြပါလို့ အကြံပြုချင်ပါတယ်။
ဒီလို အကျိုးကျေးဇူးများလှတဲ့ Table Tennis ကို ကျွမ်းကျွမ်းကျင်ကျင် ကစားချင်တယ်ဆိုရင်တော့ www.sayar.com.mm ရဲ့ ( https://www.sayar.com.mm/subjects/all-teachers/subject-431.html) Link မှ ဆရာများနဲ့ ဆက်သွယ်လေ့ကျင့်ဖို့ အကြံပြုပါရစေ။
Read times Last modified on Wednesday, 04 November 2020 10:58
Rate this articles
(0 votes)