×
Warning
JUser: :_load: Unable to load user with ID: 81428
Knowledge
Thursday, 12 November 2020
Digital Services အကြောင်း လေ့လာနိုင်မယ့် ရတနာသိုက်များ
Digital Marketing ပညာရပ်တွေကို အခမဲ့လေ့လာနိုင်မယ့် ဆိုက်တစ်ချို့နဲ့ Facebook Marketing လုပ်ဆောင်ရာတွင် အသုံးပြုသင့်တဲ့ Tools များ Content Marketing အတွက် အဓိကထား အသုံးပြုသင့်တဲ့ Tools တွေကိုတစ်ပေါင်းတစ်စည်းတည်းရွေးချယ်လေ့လာနိုင်အောင် စုစည်း၍ တင်ပေးလိုက်ပါတယ်။
Marketing Knowledge တွေတိုးပွားလာအောင်လည်း အောက်ပါဝက်ဆိုက်တွေမှ တစ်ဆင့်မိမိတို့ရဲ့အရည်အချင်းတွေကို ထပ်ဆင့်မြှင့်တင်နိုင်ပါတယ်။လေ့လာတယ်ဆိုတဲ့နေရာမှာလည်း မိမိတို့စိတ်အားထက်သန်ရာအပိုင်းကဏ္ဍအလိုက် တစ်ခုခြင်းစနစ်တကျလေ့လာတာဟာ အကောင်းဆုံးနဲ့ အမှန်ကန်ဆုံးသောနည်းစနစ်တစ်ခုဖြစ်တဲ့အတွက် ထိုနည်းအတိုင်း လေ့လာတာဟာထိရောက်မှုရှိစေမှာပါ။ Marketing Tools တွေကိုလည်း မိမိတို့စိတ်ကြိုက်ရွေးချယ်အသုံးပြုပြီး လုပ်ငန်းမှာ အထောက်အကူပြုအောင်ဆောင်ရွက်နိုင်ပါတယ်။
???????? ????????? အတွက်အကောင်းဆုံး ?????များ
~~~~~~~~~~~~~~~~~~~~~~~~~~~~~
DrumUp
Facebook page တစ်ခုမှာစိတ်ဝင်စားစရာအကြောင်းအရာတွေနဲ့ကြော်ငြာတွေကိုပုံမှန်တင်ဖို့အတွက် ပုံမှန်တင်နေကျအချိန်တွေကိုအချိန်သတ်မှတ်ပြီးတင်ဖို့ရာတွင် Drumup Tool ကအသုံးဝင်ပါလိမ့်မယ်။ Outsource တစ်ခုအနေနဲ့ စာရင်းပြုစုရာတွင်လည်းအသုံးပြုနိုင်ပါတယ်။Drumup Toolကိုသုံးခြင်းဖြင့်မှန်ကန်တဲ့ Audience အဆင့်သတ်မှတ်ချက် Ranks တွေအပြင် ဖော်ပြလိုတဲ့အကြောင်းအရာတွေကို တန်းစီပြီးသတ်မှတ်ထားနိုင်ပါတယ်။
Click Link - https://drumup.io/
Facebook Power Editor(Ads Manager)
…………………………………………………
မိမိတို့ရဲ့ Facebook Page တွေမှာများစွာသော Campaigns နဲ့ ads တွေကိုပြုလုပ်ရန်အတွက် အသုံးဝင်တဲ့ Tool တစ်ခုပဲဖြစ်ပါတယ်။ဒါပေမဲ့ Power Editor ကို Ads Manager နဲ့ပေါင်းစည်းခဲ့ပြီး ယခုတော့ Facebook Marketer တိုင်းလက်စွဲဖြစ်တဲ့ Ads Manager လို့သာခေါ်ဆိုနေကြပြီဖြစ်ပါတယ်။
အကယ်၍ ads တွေကိုကန့်သတ်ထားချင်တယ်ဆိုရင်လည်းရပါသေးတယ်။ Ads Manager Tool ဟာ Campaigns တွေကိုအလွယ်တကူတည်ဆောက်နိုင်ပြီး ထပ်ဆင့်ပွား Duplicate လုပ်ဆောင်ရာမှာလည်းအသုံးဝင်ပါတယ်။ တစ်ကြိမ်တည်းမှာ Campaigns ပေါင်းများစွာကိုတစ်ချိန်တည်းမှာအလွယ်တကူဖန်တီးနိုင်တာကတော့ Ads Manager ရဲ့အားသာချက်တစ်ခုလို့ပြောလို့ရပါတယ်။
Click Link - https://www.facebook.com/business/tools/ads-manager
Facebook Advertising Opportunity Calculator
…………………………………………………
Opportunity Calculator ကတော့ Facebook Business Page တွေမှာ ကြော်ငြာထားတဲ့ ads တွေရဲ့လူရောက်နည်းတွေ Paid Social Ads တွေကိုအလွယ်တကူပဲအချိုးချတွက်ချက်ပြီးပြန်လည်ထုတ်ပြပေးတဲ့ Tool တစ်ခုပဲဖြစ်ပါတယ်။ ဥပမာ မိမိတို့ရဲ့ Facebook Page မှာကြော်ငြာထားတဲ့ Postတစ်ခုမှာ Actual Audience ကဘယ်လောက်အတိုင်းအတာအထိရှိနေပြီး Paid Audience အရေအတွက်ကဘယ်လောက်ပမာဏတိုးတက်လာတယ်ဆိုတဲ့အကြောင်းတွေကိုအလွယ်တကူသိရှိနိုင်ပါတယ်။မိမိတို့ရဲ့လုပ်ငန်းအတွက်အထက်ပါ Tools တွေဟာတစ်ထောင့်တစ်နေရာကနေအသုံးဝင်ပါလိမ့်မယ်။
Click Link - https://www.wordstream.com/facebook-calculator
Agora Pulse
………………
Agora Pulse ဆိုတဲ့ Tools လေးကတော့ မိမိတို့ရဲ့ Facebook Page ပေါ်မှာတင်ထားတဲ့ Schedule Postsတွေနဲ့ Activity တွေအားလုံးကို တစ်စုတစ်စည်းတည်း Dashboard ပေါ်မှာအလွယ်တကူမြင်တွေ့ရမှာပဲဖြစ်ပါတယ်။ Campaigns တွေအားလုံးကိုလည်း မိမိစိတ်ကြိုက်ရွေးချယ်သတ်မှတ်နိုင်ပြီး Page ကို Engagement ကောင်းအောင်လုပ်ဆောင်ဖို့အတွက်သင့်တော်တဲ့ Tool တစ်ခုပဲဖြစ်ပါတယ်။
Click Link - https://www.agorapulse.com
EdgeRank Checker
……………………
EdgeRank Checker ဆိုတဲ့ Tool လေးကတော့ social baker တွေအတွက်မရှိမဖြစ်အသုံးဝင်လှတဲ့ Tool လေးတစ်မျိုုးပါပဲ။ Facebook Pageတစ်ခုလုံးရဲ့ Rank တွေ Research Sites တွေကိုပြည့်ပြည့်စုံစုံနဲ့ ဇယားလေးတွေ Graph ပုံလေးတွေနဲ့အသေးစိတ်ပြသပေးမှပဲဖြစ်ပါတယ်။Page ပေါ်မှာရှိနေတဲ့ Fans တွေကို နေ့ရက်အလိုက် Fans အရေအတွက်ဘယ်လောက်ရှိတယ်အတက်အကျတွေကို EdgeRank Checker ဆိုတဲ့ Toolလေးကနေအလွယ်တကူသိရှိနိုင်မှာပဲဖြစ်ပါတယ်။
Click Link - https://www.socialbakers.com/platform
ShortStack
……………………
ပြီးပြည့်စုံတဲ့ Facebook Campaign Tool တစ်ခုကိုပြပါဆိုလျှင်တော့ ShortStack ကိုပဲညွှန်းဆိုပြရပါလိမ့်မယ်။ဘယ်လို Campaign မျိုးကိုအလွယ်တကူထည့်သွင်းအစီအစဉ်တကျ လုပ်ဆောင်နိုင်ပါတယ်။ShortStack မှ Intuitive Visual Editorကိုအသုံးပြုပြီး ပြိုင်ဘက်ကင်းတဲ့ Campaign တွေကိုဖန်တီးနိုင်မှာပဲဖြစ်ပါတယ်။
Click Link - https://www.shortstack.com
Facebook Page Barometer
………………………………………………
သင်တို့၏ Facebook Page အခြေနေဘယ်လောက်အတိုင်းအတာအထိရောက်နေပြီဆိုတာကိုသိချင်တယ်ဆိုရင်တော့ Facebook Page Barometer လေးကအထောက်အကူပြုပေးပါလိမ့်မယ်။သင့် Facebook Page ကို Like လုပ်ထားသော Fans အရေအတွက်နဲ့ ရရှိလာတဲ့ (1) Fans reached (2) Engagement (3) People Talking About (4) Negative Feedback (5) Viral Reach (6) Organic Reach (7) CTR(Click Through Rate) စတဲ့ Results တွေကိုတစ်နေရာတည်းမှာစုံလင်စွာကြည့်ရှုလို့ရမှာပဲဖြစ်ပါတယ်။
Click Link - https://barometer.agorapulse.com/home
Pagemodo
…………………
Pagemodo ဆိုတဲ့ Tool လေးကတော့ Canva ကဲ့သို့သော Cover Designs Image တွေ Visual Post နှင့် Custom Facebook Tabs တွေကိုပါစိတ်တိုင်းကျဖန်တီးအသုံးပြုလို့ရမယ့် Tool လေးတစ်ခုပဲဖြစ်ပါတယ်။ Pagemodo Tool လေးမှာတော့ Dimensions တွေကိုမိမိစိတ်ကြိုက်ရွေးချယ်အသုံးပြုနိုင်မှာဖြစ်ပြီး Visual Postsတွေကိုလည်းအကောင်းဆုံးဖန်တီးနိုင်မယ့် Tool လေးတစ်ခုဖြစ်ပါတယ်။
Click Link - https://www.pagemodo.com
Hootsuite
……………
Hootsuiteဆိုတာကတော့ Social Media Monitoringအတွက်အလွန်ကိုအသုံးဝင်တဲ့ Analytics Tools လေးတစ်ခုပဲဖြစ်ပါတယ်။Online Business လုပ်နေသူတွေအနေနဲ့ကတော့ ကိုယ့်လုပ်ငန်းရဲ့ Marketing Strategy, Marketing Performance တွေကိုသေချာကောင်းမွန်စွာနားလည်နေဖို့အလွန်အရေးကြီးပါတယ်။Social Media Management Tool တစ်ခုဖြစ်တဲ့ Hoostuite ဟာဆိုရင် လူသုံးအများဆုံး Tool တစ်ခုဆိုလဲမမှားပါဘူး။မိတ်ဆွေလုပ်ငန်းအတွက် Post တင်ဖို့အတွက်သာမက Analytics လုပ်ဖို့အတွက်ကိုပါ အဆိုပါ Hoostuite Toolလေးကကူညီပေးပါလိမ့်မယ်။Hoostuite Tool လေးရဲ့လုပ်ဆောင်နိုင်စွမ်းတွေက (1) Schedule လုပ်နိုင်ခြင်း (2) Social Accountကိုချိတ်ဆက်အသုံးပြုနိုင်ခြင်း (3) Post တွေကိုတပြိုင်နက် Publish လုပ်နိုင်ခြင်း (4) Conversion Trackingလုပ်နိုင်ခြင်း (5) Audience Trackingလုပ်ဆောင်နိုင်ခြင်း (6) Organize လုပ်ဆောင်ဖို့လွယ်ကူခြင်း (7) Teamတစ်ခုအနေနဲ့လုပ်ဆောင်နိုင်ခြင်းစတဲ့အချက်တွေကြောင့်လူသုံးများနေရတဲ့ Tool တစ်ခုဖြစ်ပါတယ်။
Click Link - https://hootsuite.com/
SproutSocial
………………
SproutSocial ဆိုတာကလည်း Management Toolတစ်ခုပဲဖြစ်ပါတယ်။သူဟာလဲ Facebook Post တင်တာတွေကို လုပ်ဆောင်ပေးနိုင်တဲ့ Publishing Toolတစ်မျိုးပဲဖြစ်ပါတယ်။ကိုယ့် Business ကိုကောင်းကောင်း Dashboard မှ တစ်ဆင့်Manageလုပ်နိုင်တဲ့ Tool တစ်ခုပါ။SproutSocial ရဲ့ UI ကလည်းအသုံးပြုသူတွေအဖို့ လူကြိုက်များစေတဲ့ အချက်တစ်ချက်ပဲဖြစ်ပါတယ်။
Click Link - https://sproutsocial.com/
Buffer
………
Buffer ဆိုတာကလည်း Social Media Publishing Tool တစ်မျိုးပါပဲ။ Channels တွေအများကြီးပေါ်မှာPost တွေအများကြီးကို တပြိုင်တည်းနက် Publish လုပ်လို့ရပါတယ်။Bufferကိုတော့ Hoostuite လောက်အသုံးပြုသူမရှိပါဘူး။ ဒါပေမဲ့လဲ Buffer ဟာ Social Communitiesမှာ တော်တော်များများလုပ်ဆောင်နိုင်တာကိုတွေ့ရမှာပါ။Post Schedule တွေကအစအသေးစိတ်ရေးဆွဲနိုင်အောင် Buffer ဆိုတဲ့ Tool လေးကကူညီပေးပါလိမ့်မယ်။
Click Link - https://buffer.com/
Canva
………………
Canva ဆိုတာကတော့ Digital Marketing ကောSocial Media Marketing အတွက်ပါ Creative designs တွေဖန်တီးလို့ရမယ့် Photo Editing Tool တစ်ခုပဲဖြစ်ပါတယ်။ Canva ကိုSocial Media Postတွေကိုအကောင်းဆုံး ဖန်တီးနိုင်ဖို့ရည်ရွယ်ချက် နဲ့ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။ Social Media Designတွေကို ကျွမ်းကျင်လျှင်ကျွမ်းကျင်သလောက်အကောင်းဆုံးဖန်တီးနိုင်မှာဖြစ်ပြီး အခြားသောDesignတွေ ကိုလည်းဖန်တီးနိုင်ပါသေးတယ်။ Android IOS အတွက်လဲ Canva Software ကိုအလွယ်တကူ download ရယူအသုံးပြုနိုင်ပြီး Website ကနေလဲ Google, Facebook Account တို့နဲ့ချိတ်ဆက်အသုံးပြုနိုင်ပါသေးတယ်။ Canva ဟာအလွန်အသုံးဝင်တဲ့ Image Resource တစ်ခုဆိုလဲမမှားပါဘူး။မိတ်ဆွေဟာလဲ Social Media Marketing လုပ်ဆောင်နေသူတစ်ဦးဆိုလျှင်တော့ Canva ကိုအသုံးပြုပြီးအကောင်းဆုံးနဲ့အသပ်ရပ်ဆုံး Images တွေကိုဖန်တီးပြီး Engagements တွေတိုးများလာအောင်လုပ်ဆောင်လိုက်ပါ။
Click Link - https://www.canva.com/
??????? ????????? အတွက်အကောင်းဆုံး T????များ
~~~~~~~~~~~~~~~~~~~~~~~~~~~~
Calmly Writer
…………………
Content သမားတွေအကြိုက်တွေ့စေမယ့် tool တစ်ခုဆိုရင်မမှားပါဘူး။ ရှင်းလင်းလှတဲ့ UI Design နဲ့တင် သုံးစွဲသူကိုစိတ်ကျေနပ်စေမှာပါ။ Focus Modeပါဝင်တဲ့အပြင် ကိုယ်ပြင်လိုက်တဲ့ စာကြောင်းတွေကိုလဲ Highlights ပြပေးပါတယ်။Google Drive နဲ့လဲချိတ်ဆက်အသုံးပြုနိုင်ပါသေးတယ်။Auto save ပေးတဲ့အတွက်ကိုယ်ရေးလိုက်တာတွေ ပျက်သွားမှာကိုတော့ပူစရာမလိုပါဘူး။ Backup လုပ်နိုင်ပြီး Dark Modeအဖြစ်ပြောင်းလဲလို့ရပါတယ်။
Click Link - https://www.calmlywriter.com/online/
Grammarly
……………………
Business Writing Tools တွေထဲမှာ Grammarly ကဆရာတစ်ဆူပါပဲ။ဒီ Tool လေးကတော့အင်္ဂလိပ်စာလုံးပေါင်းသဒ္ဒါတွေကိုစစ်ပေးတဲ့ နေရာမှာတော့အကောင်းဆုံးပါပဲ။ English စာလေ့လာနေတဲ့သူတွေအတွက်လဲမရှိမဖြစ်ဆောင်ထားသင့်သလို စာတမ်းပြုစုလိုသူတွေအတွက်လဲအရမ်းအသုံးတည့်စေပါတယ်။စာလုံးပေါင်းသဒ္ဒါတွေကိုအမှားအမှန်တွေပြင်ကြတဲ့အခါမှာတစ်ခါတည်းရှင်းလင်းချက်ပါရှိတဲ့အတွက်အမှန်ကို လေ့လာသင်ယူနိုင်ပါသေးတယ်။ Free Versionနဲ့ Paid Version နှစ်မျိုးထွက်ရှိထားပြီး မိတ်ဆွေစိတ်တိုင်းကျအသုံးပြုနိုင်တဲ့ Tool တစ်ခုပါ။
Click Link - https://www.grammarly.com/
Blank Page
…………….
Content ရှည်ရှည်ရေးသားချင်သူတွေအတွက်တော့ ဒီ Tool ကအကောင်းဆုံးပါပဲ။ Story လိုမျိုး ရေးသားနေတဲ့သူတွေအတွက်ဆိုလဲပိုလို့တောင်ဟန်ကျပါသေးတယ်။ Content တွေကိုတစ်နေရာတည်းမှာ စုပေးထားပြီး ရေးသားချင်တဲ့စာလုံးအရေအတွက်ကိုပါသတ်မှတ်ထားလို့ရပါသေးတယ်။ Device တိုင်းအတွက်အဆင်ပြေစေတဲ့ tool တစ်ခုဖြစ်လို့သင့်အနေနဲ့စမ်းကြည့်နိုင်ပါတယ်။
Click Link - https://blankslate.io/
Zest
………
အဆိုပါ Tool ကတော့ Social Media သတင်းအသစ်များကိုအချိန်နဲ့အမျှတင်ပေးနေတဲ့ Tool တစ်ခုပါ။ Digital Marketingလုပ်ဆောင်နေသူတွေအနေနဲ့ကော Content Writer တွေအတွက်ပါအသုံးတည့်ပါတယ်။ဈေးကွက်အသစ်တွေကိုရှာဖွေရာမှာလဲအလွန်အသုံးဝင်တဲ့အတွက် သူမတူတဲ့ Content ကောင်းတစ်ပုဒ်ကိုဖန်တီးနိုင်မှာဖြစ်ပါတယ်။
Click Link - https://zest.is/
750words
…………………
ဒီ Toolကတော့သင့်ကိုအမြဲတမ်း စာရေးအောင်လုပ်ဆောင်ပေးနေမယ့် Tool တစ်ခုဆိုပိုမှန်ပါလိမ့်မယ်။ 750ဆိုတာကတော့စာလုံးရေပေါင်း 750 ကိုနေ့စဉ်ရေးဖို့အတွက်သတိပေးနေမှာပဲဖြစ်ပါတယ်။ 750 Online Content Writing Toolလေးကသင်စိတ်ထဲဖြစ်ပေါ်ခံစားလာရတဲ့ဘယ်လိုအရာကိုမဆိုချရေးနိုင်အောင်ကူညီပေးထားတာပါ။750 Words ကိုသုံးခြင်းအားဖြင့်စာပုံမှန်မရေးဖြစ်မှကိုတော့လုံးဝပူစရာမလိုတော့ပါဘူး။
Click Link - https://750words.com/
??????? ????????? ကိုအခမဲ့လေ့လာနိုင်မယ့်နေရာများ
~~~~~~~~~~~~~~~~~~~~~~~~~~
WordStream's Growth Academy
………………………………………………………
Growth Academyဆိုတာကတော့ Digital Marketingနဲ့ပတ်သတ်တဲ့ပညာရပ်တွေကို တစ်စုတစ်စည်းတည်းလေ့လာလို့ရနိုင်မယ့်နေရာတစ်ခုပဲဖြစ်ပါတယ်။သင်ခန်းစာတွေဟာ နားလည်ရလွယ်ကူစေပြီး အကျိုးသက်ရောက်မှုများစွာကိုပေးစွမ်းနိုင်မှာပဲဖြစ်ပါတယ်။ Digital Marketing မှာမှ အွန်လိုင်းစီးပွားရေးလုပ်ဆောင်နေသူတိုင်းအတွက် Onlineမှာကြော်ငြာပုံကြော်ငြာနည်းတွေ (Online Advertising) မိမိတို့ရောင်းချမယ့်ကုန်ပစ္စည်း ဒါမှမဟုတ် ဝန်ဆောင်မှုတွေကိုစိတ်ဝင်စားမှုရှိနေတဲ့သူတွေကို ချည်းကပ်နည်း (Lead Generation) နဲ့ Ecommerce တွေကိုပြည့်ပြည့်စုံစုံလေးလေ့လာလို့ရတဲ့အပြင် မိမိတို့ရဲ့စီးပွားရေးလုပ်ငန်းတွေကိုပါ တိုးတက်မြင့်မားလာအောင် တစ်ထောင့်တစ်နေရာကနေ အထောက်အကူပြုမယ့်နေရာတစ်ခုဖြစ်ပါတယ်။
Click Link - https://www.wordstream.com/growth-academy
Social Media Quickstarter
………………………………………………
အွန်လိုင်းမားကတ်တင်းလေ့လာလိုသူတွေအတွက် သီးသန့်ပြုလုပ်ထားတာဖြစ်ပြီး Social Media Marketingကိုဖတ်လို့ရမယ့် Study Guides တွေစာအုပ် pdf တွေနဲ့ အားလပ်ချိန်တွေမှာအခြေခံကစလေ့လာပြီးမားကတ်တင်းအသိတွေကို ထပ်မံတိုးချဲ့တည်ဆောက်နိုင်မှာပဲဖြစ်ပါတယ်။
Click Link - https://blogs.constantcontact.com/social-media-quickstarter/
CopyBlogger Marketing
…………………………………………
ဒါကတော့ email marketingလုပ်ဆောင်ချင်သူတွေအတွက် အထူးသင့်တော်တဲ့ Course တစ်ခုဖြစ်ပါတယ်။ဒီထဲမှာ Keyword Researchလုပ်တာတွေ SEO, Content Marketing, Copywriting နဲ့အခြားသောဗဟုသုတရစရာများစွာကိုလေ့လာနိုင်မှာပဲဖြစ်ပါတယ်။
Click Link - https://copyblogger.com/online-marketing-course/
PPC University
…………………………
PPC(pay-per-click) ကိုခေါ်ဆိုတာဖြစ်ပြီးကြော်ငြာ Ads ပိုင်းနဲ့ပတ်သတ်ပြီးအဓိကထားလေ့လာ သင်ကြားခွင့်ရမယ့်ဆိုဒ်တစ်ခုပဲဖြစ်ပါတယ်။ WordStream's ကပဲပြုလုပ်ထားတာဖြစ်ပြီး ads ပိုင်းအတွက် သီးသန့်ဖန်တီးပေးထားတာပဲဖြစ်ပါတယ်။ဒီထဲမှာအပိုင်းကဏ္ဍအလိုက်PPC 101, PPC 102 စသဖြင့်အခြေခံကနေစတင်ပြီး တဆင့်ထက်တဆင့်ထပ်တိုးပြီးလေ့လာနိုင်မှာပဲဖြစ်ပါတယ်။
Click Link - https://www.wordstream.com/learn
Coursera
………………
အွန်လိုင်းမှာပညာရေးအတွက်လေ့လာလို့ရတဲ့ဆိုက်တွေအများကြီးရှိပေမယ့် Coursera ကတော့ လူသိအများဆုံးနဲ့အကျော်ကြားဆုံးသော ဆိုက်တစ်ခုလို့တောင်ပြောလို့ရပါတယ်။နိုင်ငံတကာတက္ကသိုလ်တွေမှာ သင်ကြားနေတဲ့သင်ခန်းစာတွေကို အခမဲ့လေ့လာသင်ယူနိုင်တဲ့အပြင် အွန်လိုင်းမားကတ်တင်းကိုလည်း တဝကြီးလေ့လာနိုင်မှာပါ။တကယ်လို့များအသိအမှတ်ပြု Certificateရယူလိုလျှင်လည်းဖြေဆိုရရှိနိုင်မှာဖြစ်ပါတယ်။
Click Link - https://www.coursera.org/
Udemy
……………
Udemyဆိုတာကတော့ပညာတွေသင်ကြားပေးနေတဲ့ ပညာရေးဝက်ဆိုက်တစ်ခုဖြစ်ပြီး ထိုထဲမှာတော့အခမဲ့တက်ရောက်တာနဲ့ ပိုက်ဆံသွင်းပြီးမှလေ့လာခွင့်ရတာဆိုပြီး၂မျိုးခွဲထားပါတယ်ငွေကြေးမသွင်းလည်းအခမဲ့ (Free Courses)တွေကိုသင်ယူလေ့လာလို့ရပါသေးတယ်။ Udemy ကတော့ နယ်ပယ်စုံကို သင်ကြားပေးထားဖြစ်တဲ့အတွက် မားကတ်တင်းအပြင် အခြားသောဘာသာရပ်တွေကို စိတ်ဝင်စားသူအတွက်ပါ အဆင်ပြေပြေလေ့လာနိုင်မှာပဲဖြစ်ပါတယ်။
Click Link - https://www.udemy.com/
Edx
………
Edx ကိုတော့ကမ္ဘာကျော်တက္ကသိုလ်များဖြစ်ကြတဲ့ Harvard University နဲ့ Massachusetts Institute of Technology(MIT) ကအတူတကွပူးပေါင်းတည်ထောင်ထားတဲ့ Online Learning Free Courses Website တစ်ခုပဲဖြစ်ပါတယ်။ Edx မှာနိုင်ငံတကာနာမည်ကြီးတက္ကသိုလ်တွေမှာ သင်ကြားပို့ချပေးနေတဲ့သင်ခန်းစာပေါင်းများစွာကို အခမဲ့လေ့လာခွင့်ရရှိမှာပဲဖြစ်ပါတယ်။သင်တန်းအမျိုးအစားတွေဆိုရင်လည်း ၁၂၀၀လောက်တောင်ရှိနေတာဖြစ်လို့မိမိတို့ဝါသနာပါရာအလိုက်စိတ်တိုင်းကျရွေးချယ်သင်ယူနိုင်မှာပဲဖြစ်ပါတယ်။
Click Link - https://www.edx.org/
Facebook Blueprint
……………………………………
မိမိတို့ရဲ့ လုပ်ငန်းမှာတဆင့်ထက်တဆင့်ပိုမိုကျွမ်းကျင်တဲ့အရာတွေ ကိုလုပ်ဆောင်ချင်တယ်ဆိုရင်တော့ Facebook Blueprintကအကောင်း ဆုံးဖြစ်ပါလိမ့်မယ်။ Blueprint မှာပညာရပ်ပေါင်းများစွာလေ့လာလို့ရတဲ့အပြင် အကောင်းဆုံးသောလေ့ကျင့်မှုတွေလည်းပြုလုပ်လို့ရမှာပဲဖြစ်ပါတယ်။
Click Link - https://www.facebook.com/business
ALISON
………………
အသစ်အသစ်သောပြောင်းလဲမှုတွေ စီးပွားရေးနဲ့ပတ်သတ်တဲ့အတွေးအခေါ်အသစ်အဆန်းတွေ စတာတွေကိုတစ်စုတစည်းတည်းလေ့လာလို့ရမှာပဲဖြစ်ပါတယ်။သူ့မှာရွေးချယ်စရာ Category တွေ ၉ ခုလောက်အထိရှိပါတယ်။ထိုထဲမှာ အကြောင်းအရာဗဟုသုတမျိုးစုံတို့ကို မိမိတို့ဝါသနာပါရာအပိုင်းကို ရွေးချယ်၍ ဝင်ရောက်လေ့လာနိုင်ပါတယ်။
Click Link - https://alison.com/
Google Ad Grants
………………………………
အခကြေးငွေပေးစရာမလိုဘဲ Google ကသင်ပေးထားတဲ့ Real Marketing Classes တွေကိုလေ့လာပြီး Marketing Knowledge တွေကိုတိုးတက်အောင်လုပ်ဆောင်နိုင်ပါတယ်။ Google Ad Grants Online Marketing မှာဆိုရင် ပြီးပြည့်စုံတဲ့ သင်ခန်းစာတွေနှင့်လိုအပ်တဲ့ကျွမ်းကျင်မှုပေါင်းများစွာကို စနစ်တကျသင်ကြားပေးထားတဲ့ Online Class တစ်ခုပဲဖြစ်ပါတယ်။ Module တွေတစ်ခုစီခွဲထားပြီး အခြေခံကနေ Advanced Level အထိကိုလေ့လာသွားလို့ရပါတယ်။
Click Link - https://get.google.com/onlinechallenge/
Quintly Academy
……………………………
Social Media Analytics နဲ့ပတ်သတ်ပြီးအခြေခံကစလေ့လာသင်ယူနိုင်မယ့် Free Resources ကြီးတစ်ခုဖြစ်ပါတယ်။ Quintly Academy ဟာအသုံးပြုသူတွေအတွက် အဆင်ပြေပြေလေ့လာနိုင်အောင်အထူးပြုလုပ်ပေးထားပြီး သင်ရိုးညွှန်းတမ်းပြည့်ပြည့်စုံစုံလေးနဲ့ သင်ယူနိုင်မှာပဲဖြစ်ပါတယ်။မိမိတို့သတ်မှတ်ထားတဲ့ Goals ကိုရောက်ရှိချင်တယ်ဆိုရင်တော့ လေ့လာသင့်တဲ့ Online Courses တွေပဲဖြစ်ပါတယ်။
Click Link - http://academy.quintly.com/cour…/free-social-media-analytics
eMarketing Institute
……………………………………
Digital Marketing, Social Media Marketing နဲ့ Content Marketing စသောအကြောင်းအရာများကိုသီအိုရီ တွေစာတွေ့လက်တွေ့သင်ခန်းစားပေါင်းများစွာနဲ့အခမဲ့သင်ယူလေ့လာနိုင်မယ့်နေရာတစ်ခုပဲဖြစ်ပါတယ်။သင်ခန်းစာများကိုလေ့လာပြီးအသိအမှတ်ပြုလက်မှတ် Certificate များကိုလည်းထုတ်ယူနိုင်မှာပဲဖြစ်ပါတယ်။
Click Link - https://www.emarketinginstitute.org/
Google Digital Garage
………………………………………
Google ကတော့လူတိုင်းနဲ့အရင်းနှီးဆုံး သုံးနေကျ Toolတစ်ခု ဖြစ်တဲ့အပြင် Google ဆီကနေများစွာသောပညာရပ်တွေကို အခမဲ့လေ့လာလို့ရနိုင်တဲ့အခွင့်အရေးလည်းရှိပါသေးတယ်။Google ကနေ Google Digital Garage ဆိုတဲ့ဝက်ဆိုက်ပေါ်မှာ Digital Marketingနဲ့ပတ်သတ်တဲ့ နည်းလမ်းတွေသင်ခန်းစာတွေများစွာကို သင်ယူနိုင်ပါတယ်။သင်ခန်းစာပေါင်း ၁၀၀ကျော်သင်ကြာပေးထားပြီး Certificate Badges ၂၀ကျော်ကိုလည်း စာမေးပွဲဖြေပြီးယူနိုင်မှာပဲဖြစ်ပါတယ်။
Click Link - https://learndigital.withgoogle.com/digitalgarage
သိသူဖော်စား၊ မသိသူကျော်သွားဆိုတဲ့ စကားအတိုင်းပါပဲ။ Digital Marketing နဲ့ပတ်သက်တဲ့ ရတနာသိုက်ကြီးကိုတော့ အားလုံးအတွက် ဝေမျှပေးလိုက်ပါတယ်။ အကျိုးရှိအောင် အသုံးချနိုင်မယ်လို့လည်း မျှော်လင့်မိပါတယ်။
Credit : #APN_Contents_Creation
~~~~~~~~~~~~~~~~~~~~~~~~~~~~~
DrumUp
Facebook Power Editor(Ads manager)
…………………………………………………
…………………………………………………
Agora Pulse
………………
EdgeRank Checker
……………………
ShortStack
……………………
………………………………………………
Pagemodo
…………………
Hootsuite
……………
SproutSocial
………………
Buffer
………
Canva
………………
~~~~~~~~~~~~~~~~~~~~~~~~~~~~
Calmly Writer
…………………
Grammarly
……………………
Blank Page
…………….
Zest
………
750words
…………………
~~~~~~~~~~~~~~~~~~~~~~~~~~
………………………………………………………
………………………………………………
…………………………………………
PPC University
…………………………
Coursera
………………
Udemy
……………
Edx
………
Facebook Blueprint
……………………………………
ALISON
………………
Google Ad Grants
………………………………
Quintly Academy
……………………………
eMarketing Institute
……………………………………
Google Digital Garage
………………………………………
Read times
Rate this articles
(0 votes)