×

Warning

JUser: :_load: Unable to load user with ID: 81428


Student

Monday, 16 November 2020

စိတ်ဝင်စားဖွယ်ကောင်းလှတဲ့ Period Table နဲ့ Element များအကြောင်း

စိတ်ဝင်စားဖွယ်ကောင်းလှတဲ့ Period Table နဲ့ Element များအကြောင်း

Periodic Table ဆိုတာ ဘာလဲသိပါသလား ???

Periodic Table က Element တွေကို စီထားတဲ့ ဇယားတစ်ခုပါ ။ ဒီဇယားထဲမှာဆို Element တွေကို သူတို့ရဲ့ တည်ဆောက်ပုံ (Element Structure) တွေအရ နေရာချထားတာပဲဖြစ်ပါတယ် ။ Element Structure ဆိုတာက Element တစ်ခုထဲမှာ ပါဝင်တဲ့ ပရိုတွန်( Proton ) နဲ့ အီလက်ထရွန် ( Electron ) အရေအတွက် ပေါ်မူတည်ပြီး ခွဲခြားတာပါ ။ ဒီ့အတွက်ကြောင့် Periodic Table က ဓာတုဗေဒဘာသာရပ်အရ အခြေခံအကျဆုံး လေ့လာချက်တစ်ခုဖြစ်ပါတယ် ။ ဒါကြောင့် တက္ကသိုလ်ဝင်တန်း ဓာတုဗေဒသင်ရိုးစာအုပ် ရဲ့ Chapter ( 1 ) မှာ Period Table ကို အခြေခံထားတဲ့ ဓာတုဗေဒပညာရပ်အတွက် မသိမဖြစ် သိရှိရမယ့် အခြေခံသဘောတရားများကို ထည့်သွင်းဖော်ပြထားပါတယ်။

 

ဖတ်စာအုပ်ထဲမှာ မပါဝင်တဲ့ Period Table ရဲ့ စိတ်ဝင်စားဖွယ် အချက်များကို အတူတူ လေ့လာကြည့်ရအောင်။

 

Periodic Table ကို တီထွင်ခဲ့တဲ့ လူ က ဘယ်သူလဲ ??
ဒီဇယား ကို တီထွင်ခဲ့တဲ့လူ ကတော့ ရုရှားလူမျိုး ဓာတုဗေဒပညာရှင် “ ဒီမစ်ထရစ် မန်ဒီလိ(ဗ်) ” ဖြစ်ပါတယ် ။ ၁၈၆၉ ခုနှစ် မှာ ရှာတွေ့ခဲ့တာဖြစ်ပြီး သူက ဒီ Periodic Table ကို Element တွေ ကို တကယ် မထုတ်ဖော်ခင်မှာ သူတို့ရဲ့ ဂုဏ်သတ္တိတွေကို အနီးစပ်ဆုံး ခန့်မှန်းနိုင်ဖို့ အသုံးပြုခဲ့တာပါ ။

Periodic Table ထဲမှ Element အမျိုးအစား (၉ )မျိုး
1. Alkali Metals
2. Alkaline Metals
3. Transition Metals
4. Post-transition Metals
5. Metalloids
6. Nonmetals
7. Halogens
8. Noble Gases
9. Lanthanides and Actinides တို့ဖြစ်ပါတယ် ။

အထက်ကဖော်ပြခဲ့တဲ့ အရာတွေအပြင် အခြား စိတ်ဝင်စားစရာကောင်းတဲ့အချက်များကတော့ -

( ၁ ) ကာဗွန်
ကာဗွန် က Element အားလုံးထဲမှာ အထူးခြားဆုံး ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ သူက မတူညီတဲ့ Compound ၁၀ မီလီယမ်ထိကို ပြောင်းလဲနိုင်ပါတယ်တဲ့ ။ ဒါ့အပြင် ကာဗွန် က နေ့စဉ်ဘဝမှာ တကယ့်ကို အရေးကြီးတဲ့ Element ဖြစ်ပါတယ် ။ ဥပမာ ပြောရရင် နေ့စဉ်အသုံးပြုနေတဲ့ မီးသွေးဆိုတာကလည်း ကာဗွန်ဒြပ်ပေါင်းစုဖြစ်သလို အလွန်တရာ တန်ဖိုးရှိလှတဲ့ "စိန်" ဆိုသည်မှာလည်း ကာဗွန်ဒြပ်ပေါင်းပါပဲ။

 

( ၂ ) ဖရန်ဆီယမ် ( Francium )
ဖရန်ဆီယမ် က ကမ္ဘာပေါ်မှာ အရှားဆုံး Element တစ်ခုဖြစ်ပါတယ် ။ သုတေသီတွေက ဒီ Element ဟာ ကမ္ဘာပေါ်မှာ နှစ်တစ်ထောင်မှ တစ်အောင်စ ၊ နှစ်အောင်စ လောက်ပဲ ဖြစ်နိုင်ပါတယ် လို့ သတ်မှတ်ကြပါတယ် ။

 

( ၃ ) ဂျေ ( J )
Periodic Table မှာ မပါတဲ့ တစ်ခုတည်းသော Letter ကတော့ ဂျေ ( J ) ဖြစ်ပါတယ်တဲ့ ။

 

( ၄ ) အာဂျန်တီနား
အာဂျန်တီနားနိုင်ငံ ရဲ့ နာမည် က Silver (Ag) ကို အစွဲပြုပေးထားတာဖြစ်ပါတယ် ။ လက်တင် ဘာသာအရ ( Argentum ) ကို မှီးပြီး အာဂျန်တီနား ( Argentina ) လို့ မှည့်ထားတာပါ။

 

( ၅ ) ဟီလီယမ် ( Helium )
ဟီလီယမ် ကို ကမ္ဘာပေါ်မှာ ရှာတွေ့ပေမဲ့ ပထမဆုံး ရှာတွေ့တာက “နေ” ပေါ်မှာ ရှာတွေ့တာ ဖြစ်ပါတယ်။

ဒီနေ့အတွက် လေ့လာခဲ့ရတဲ့ Element တွေ လေးတွေကို စိတ်ဝင်စားကြမယ်ထင်ပါတယ်။
နောက်ထပ်လည်း ဒီလို အပျင်းလည်းပြေ ဗဟုသုတ လည်း ရစေမဲ့ အကြောင်းအရာလေး တွေကို ဆက်လက် တင်ပြပေးသွားမှာမို့ စောင့်နေပေးပါ ။

 

 

စိတ္၀င္စားဖြယ္ေကာင္းလွတဲ့ Period Table နဲ႔ Element မ်ားအေၾကာင္း

Periodic Table ဆိုတာ ဘာလဲသိပါသလား ???

Periodic Table က Element ေတြကို စီထားတဲ့ ဇယားတစ္ခုပါ ။ ဒီဇယားထဲမွာဆို Element ေတြကို သူတို႔ရဲ႕ တည္ေဆာက္ပုံ (Element Structure) ေတြအရ ေနရာခ်ထားတာပဲျဖစ္ပါတယ္ ။ Element Structure ဆိုတာက Element တစ္ခုထဲမွာ ပါ၀င္တဲ့ ပ႐ိုတြန္( Proton ) နဲ႔ အီလက္ထ႐ြန္ ( Electron ) အေရအတြက္ ေပၚမူတည္ၿပီး ခြဲျခားတာပါ ။ ဒီ့အတြက္ေၾကာင့္ Periodic Table က ဓာတုေဗဒဘာသာရပ္အရ အေျခခံအက်ဆုံး ေလ့လာခ်က္တစ္ခုျဖစ္ပါတယ္ ။ ဒါေၾကာင့္ တကၠသိုလ္ဝင္တန္း ဓာတုေဗဒသင္႐ိုးစာအုပ္ ရဲ႕ Chapter ( 1 ) မွာ Period Table ကို အေျခခံထားတဲ့ ဓာတုေဗဒပညာရပ္အတြက္ မသိမျဖစ္ သိရွိရမယ့္ အေျခခံသေဘာတရားမ်ားကို ထည့္သြင္းေဖာ္ျပထားပါတယ္။

 

ဖတ္စာအုပ္ထဲမွာ မပါ၀င္တဲ့ Period Table ရဲ႕ စိတ္၀င္စားဖြယ္ အခ်က္မ်ားကို အတူတူ ေလ့လာၾကည့္ရေအာင္။

 

Periodic Table ကို တီထြင္ခဲ့တဲ့ လူ က ဘယ္သူလဲ ??
ဒီဇယား ကို တီထြင္ခဲ့တဲ့လူ ကေတာ့ ႐ုရွားလူမ်ိဳး ဓာတုေဗဒပညာရွင္ “ ဒီမစ္ထရစ္ မန္ဒီလိ(ဗ္) ” ျဖစ္ပါတယ္ ။ ၁၈၆၉ ခုႏွစ္ မွာ ရွာေတြ႕ခဲ့တာျဖစ္ၿပီး သူက ဒီ Periodic Table ကို Element ေတြ ကို တကယ္ မထုတ္ေဖာ္ခင္မွာ သူတို႔ရဲ႕ ဂုဏ္သတၱိေတြကို အနီးစပ္ဆုံး ခန႔္မွန္းႏိုင္ဖို႔ အသုံးျပဳခဲ့တာပါ ။

 

Periodic Table ထဲမွ Element အမ်ိဳးအစား (၉ )မ်ိဳး
1. Alkali Metals
2. Alkaline Metals
3. Transition Metals
4. Post-transition Metals
5. Metalloids
6. Nonmetals
7. Halogens
8. Noble Gases
9. Lanthanides and Actinides တို႔ျဖစ္ပါတယ္ ။

အထက္ကေဖာ္ျပခဲ့တဲ့ အရာေတြအျပင္ အျခား စိတ္၀င္စားစရာေကာင္းတဲ့အခ်က္မ်ားကေတာ့ -

( ၁ ) ကာဗြန္
ကာဗြန္ က Element အားလုံးထဲမွာ အထူးျခားဆုံး ျဖစ္ပါတယ္။ ဘာလို႔လဲဆိုေတာ့ သူက မတူညီတဲ့ Compound ၁၀ မီလီယမ္ထိကို ေျပာင္းလဲႏိုင္ပါတယ္တဲ့ ။ ဒါ့အျပင္ ကာဗြန္ က ေန႔စဥ္ဘဝမွာ တကယ့္ကို အေရးႀကီးတဲ့ Element ျဖစ္ပါတယ္ ။ ဥပမာ ေျပာရရင္ ေန႔စဥ္အသံုးျပဳေနတဲ့ မီးေသြးဆိုတာကလည္း ကာဗြန္ျဒပ္ေပါင္းစုျဖစ္သလို အလြန္တရာ တန္ဖိုးရွိလွတဲ့ "စိန္" ဆိုသည္မွာလည္း ကာဗြန္ျဒပ္ေပါင္းပါပဲ။

 

( ၂ ) ဖရန္ဆီယမ္ ( Francium )
ဖရန္ဆီယမ္ က ကမာၻေပၚမွာ အရွားဆုံး Element တစ္ခုျဖစ္ပါတယ္ ။ သုေတသီေတြက ဒီ Element ဟာ ကမာၻေပၚမွာ ႏွစ္တစ္ေထာင္မွ တစ္ေအာင္စ ၊ ႏွစ္ေအာင္စ ေလာက္ပဲ ျဖစ္ႏိုင္ပါတယ္ လို႔ သတ္မွတ္ၾကပါတယ္ ။

 

( ၃ ) ေဂ် ( J )
Periodic Table မွာ မပါတဲ့ တစ္ခုတည္းေသာ Letter ကေတာ့ ေဂ် ( J ) ျဖစ္ပါတယ္တဲ့ ။

 

( ၄ ) အာဂ်န္တီနား
အာဂ်န္တီနားႏိုင္ငံ ရဲ႕ နာမည္ က Silver (Ag) ကို အစြဲျပဳေပးထားတာျဖစ္ပါတယ္ ။ လက္တင္ ဘာသာအရ ( Argentum ) ကို မွီးၿပီး အာဂ်န္တီနား ( Argentina ) လို႔ မွည့္ထားတာပါ။

 

( ၅ ) ဟီလီယမ္ ( Helium )
ဟီလီယမ္ ကို ကမာၻေပၚမွာ ရွာေတြ႕ေပမဲ့ ပထမဆုံး ရွာေတြ႕တာက “ေန” ေပၚမွာ ရွာေတြ႕တာ ျဖစ္ပါတယ္။

 

ဒီေန႔အတြက္ ေလ့လာခဲ့ရတဲ့ Element ေတြ ေလးေတြကို စိတ္၀င္စားၾကမယ္ထင္ပါတယ္။
ေနာက္ထပ္လည္း ဒီလို အပ်င္းလည္းေျပ ဗဟုသုတ လည္း ရေစမဲ့ အေၾကာင္းအရာေလး ေတြကို ဆက္လက္ တင္ျပေပးသြားမွာမို႔ ေစာင့္ေနေပးပါ ။

Read times
Rate this articles
(1 Vote)