×
Warning
JUser: :_load: Unable to load user with ID: 81428
Knowledge
Monday, 23 November 2020
MS Word မှာ Header / Footer အကြောင်း လေ့လာကြရအောင်
ဒီနေ့အတွက်တော့ ရုံးလုပ်ငန်းတွေ၊ ကုမ္ပဏီအတွက် ရုံးတွင်းစာတွေ ရိုက်တဲ့အနေရာမှာ အသုံးဝင်တဲ့ ခေါင်းစဉ်တပ်နည်း - Header / Footer အကြောင်းကို ဆွေးနွေးတင်ပြချင်ပါတယ်။
Header ဆိုတာကတော့ စာရွက်တစ်ရွက်ရဲ့ ထိပ်ဆုံးမှာ တပ်လေ့၊ တပ်ထရှိတဲ့ (e.g. စာမျက်နှာနံပါတ်၊ မိမိစာတမ်းရဲ့ခေါင်းစဉ်၊ ဒီ စာကိုရိုက်ထားတဲ့ရက်စွဲ . . .) အစရှိသဖြင့်ပေါ့။
Footer ဆိုတာကတော့ စာရွက်ရဲ့ အောက်ခြေမှာ တပ်လေ့ရှိတဲ့ (e.g. စာမျက်နှာနံပါတ်၊ မိမိစာတမ်းရဲ့ခေါင်းစဉ်၊ ဒီ စာကိုရိုက်ထားတဲ့ရက်စွဲ . . .) အစရှိသဖြင့်ပေါ့။
Header / Footer တပ်ချင်ရင် . . .
Insert > Header
Insert > Footer
Insert > Page Number . . .အစရှိသဖြင့် ရွေးချယ်ဖို့ရာ (၃)ခုရှိပါတယ်။
Header / Footer / Page Number (၃)မျိုးစလုံးက အတူတူပဲဆိုတော့ (၁)မျိုးထဲအကြောင်းကို ပြည့်ပြည့်စုံစုံလေး ပြောပြပေးမယ်နော်။
ကဲ စလိုက်ကြရအောင်
Header တက်ချင်တယ်ဆိုရင်တော့ Insert Menu ထဲက - Header ကိုရွေးပါ။ အဲ့ဒီ့ထဲမှာမှ မိမိနှစ်သက်တဲ့ Design ကို ရွေးချယ်အသုံးပြုနိုင်ပါတယ်။
fig1.png
ဥပမာအနေနဲ့ သင်က အောက်မှာဖော်ပြထားတဲ့ Design ကို ရွေးချယ်လိုက်တယ်ဆိုပါဆို့။
fig2.png
သင်ကြိုက်နှစ်သက်ရာ စာသား၊ စာမျက်နှာနံပါတ် . . . အစရှိတာတွေကို စိတ်ကြိုက်ပြင်ဆင်နိုင်ပါတယ်။
fig3.png
စိတ်ကြိုက် ပြင်ဆင်ပြီးသွားပြီဆိုရင်တော့ Menu Bar မှာ အနီရောင် စာလုံးနဲ့ပေါ်နေတဲ့ “Close Header & Footer” ကို နှိပ်ပေးရမှာပဲဖြစ်ပါတယ်။ ဒီလိုဆိုရင်တော့ သင်စိတ်ကြိုက်ပြင်ဆင်ထားတဲ့ ခေါင်းစဉ် (Header) က စာမျက်နှာတိုင်းရဲ့ ထိပ်ပိုင်းတိုင်းမှာ ရှိနေမှာပဲဖြစ်ပါတယ်။ Close လုပ်ပြီးမှ ပြန်လည်ပြင်ဆင်ချင်တယ်ဆိုရင်တော့ အဲ့ဒီ့ Header ပေါ်မှာ Double Click (နှစ်ချက်နှိပ်) ပြီး Header – Active ဖြစ်နေတဲ့အချိန်မှာ ပြန်လည်ပြင်ဆင်နိုင်မှာပဲဖြစ်ပါတယ်။
ဒီလိုအချက်တွေအပြင် Insert > Header (or) Footer > Edit Header (or) Edit Footer အကြောင်း ဆက်ပြီးလေ့လာကြည့်ရအောင်
fig4.png
Top of Page - စာမျက်နှာရဲ့အပေါ်ပိုင်းမှာ စာမျက်နှာနံပါတ် (Page No.) တပ်မယ်လို့ ဆိုလိုပါတယ်။ သူဘေးနားမှာရှိတဲ့ မျှားလေးကိုနှိပ်ပြီး မိမိကြိုက်နှစ်သက်ရာ Page No. Design ကို ရွေးချယ်နိုင်ပါတယ်။
Bottom of Page - စာမျ်ကနှာရဲ့အောက်ပိုင်း (Footer) မှာ (Page No.) တပ်မယ်လို့ဆိုလိုပါတယ်။
Page Margins - စာရွက်ရဲ့ (ဘယ်၊ ညာ၊ ပေါ်၊ အောက်) မှာ (Page No.) တယ်မယ်လို့ဆိုလိုပါတယ်။ မိမိရွေးချယ်မှုပေါ်မှာပဲ မူတည်ပါတယ်။
Current Position – current position ကိုနှိပ်လိုက်တဲ့အခါ cursor ရောက်နေတဲ့နေရာမှာ (Page No.) တပ်မယ်လို့ ဆိုပါတယ်။
Format Page Numbers - မိမိအလိုရှိတဲ့ နံပါတ်အတိုင်း ပြင်ချင်ရင် အသုံးပြုပါတယ်။
fig5.png
Number of format – Page No. ကို 1, 2, 3 . . . တပ်မယ် (သို့မဟုတ်) a, b, c . . . လို့တယ်မယ် (သို့မဟုတ်) I, II, III, IV လို့တပ်မယ်ဆိုတာတွေကို အသုံးပြုနိုင်ပါတယ်။
Page Numbering မှာ Continue from previous section ဆိုရင်တော့ (1, 2, 3) (သို့) (a,b,c) အနေနဲ့ အသုံးပြုမယ်လို့ ရွေးချယ်ထားတာဖြစ်ပါတယ်။ ဒါမှမဟုတ် ကိုယ်က စာမျက်နှာ (၅) ကမှစပြီး နံပါတ် တပ်ချင်တယ်ဆိုရင် Start at နေရာမှာ (5) လို့ရွေးချယ်ရမှာဖြစ်ပါတယ်။
Remove Page Numbers . – Page No. တွေ မတပ်တော့ဘူး။ ဖြုတ်မယ်ပေါ့။
fig6.png
Date & Time - ဒီ File ကို ဖန်တီးထားတဲ့ရက်စွဲတွေ၊ အချိန်တွေကို ထည့်ချင်ရင်တော့ Date & Time ကို ရွေးချယ်ပြီး သူ့အောက်မှာပါရှိတဲ့ မိမိစိတ်ကြိုက်ပုံစံအတိုင်း ရွေးချယ်အသုံးပြုနိုင်ပါတယ်။
Document Info မှာဆိုရင်တော့
figt7.png
Author – စာကို / File ကို ဖန်တီးတဲ့သူ ၊ (သို့မဟုတ်) စာရေးဆရာအမည်
File Name – ကိုယ် Save လုပ်ထားတဲ့ File နာမည် (File ကို ဘာနာမည်နဲ့ သိမ်းမိတယ်ဆိုတာကို မေ့တတ်တဲ့သူတွေအတွက် အကောင်းဆုံးပေါ့)
File Path – ကိုယ် Save လုပ်ထားတဲ့ ဒီ File ရဲ့လမ်းကြောင်း (ဒီလိုထည့်ထားခြင်းအားဖြင့် File တွေကို ပြန်လည်ရှာဖွေရာမှာ အထောက်အကူပြုပါတယ်)
Document Title – File Name
Document Property . . . . .အစရှိတဲ့ မိမိကြိုက်နှစ်သက်ရာ ပုံစံအတိုင်းကို ရွေးချယ်အသုံးပြုနိုင်ပါတယ်။
ခုလောက်ဆိုရင်တော့ Header, Footer & Page Number အကြောင်းကို ပြည့်ပြည့်စုံစုံလေး သိသွားပြီ ထင်ပါတယ်။ အကျိုးရှိစွာ အသုံးပြုနိုင်ပါစေ။
Insert > Header
Insert > Footer
ကဲ စလိုက်ကြရအောင်
fig1.png
 fig2.png
fig3.png
fig4.png
Bottom of Page - စာမ်ျကနှာရဲ့အောက်ပိုင်း (Footer) မှာ (Page No.) တပ်မယ်လို့ဆိုလိုပါတယ်။
fig5.png
fig6.png
 figt7.png
File Name – ကိုယ် Save လုပ်ထFile နာမည် (File ကို ဘာနာမည်နဲ့ သိမ်းမိတယ်ဆိုတာကို မေ့တတ်တဲ့သူတွေအတွက် အကောင်းဆုံးပေါ့)
Read times
Rate this articles
(0 votes)