×

Warning

JUser: :_load: Unable to load user with ID: 81428


Knowledge

Tuesday, 08 December 2020

အမျိုးသားနေ့ တို့မမေ့

အမျိုးသားနေ့ တို့မမေ့

အမျိုးသားနေ့ကိုဘာလို့မမေ့သင့်တာလဲ စာဖတ်ပရိသတ်တို့စဉ်းစားဖူးကြပါသလား?
တန်ဆောင်းမုန်းလပြည့်ကျော(၁၀)ရက်နေ့က “အမျိုးသားနေ့” ဆိုတာကို သိကြပေမယ့် ဘာလို့မမေ့သင့်သလဲဆိုတာကိုတော့ သတိမပြုမိသူများမယ်လို့ ထင်ပါတယ်။ ဘာလို့မမေ့သင့်သလဲဆိုရင် မြန်မာကိုဂုတ်သွေးစုပ်ခဲ့တဲ့ နယ်ချဲ့အင်္ဂလိပ်တွေကို တော်လှန်ဖို့ စတင်ခဲ့တဲ့နေ့စွဲတစ်ခုဖြစ်တာကြောင့်ပါ။ အမျိုးသားနေ့သမိုင်းကြောင်း ကို အကျဉ်းချုပ်ပြောပြချင်ပါတယ်။

 

ဗြိတိသျှအစိုးရတို့ရဲ့ နယ်ချဲ့ရေးမှာ သူတို့အဓိကအသုံးပြုတဲ့ပင်မလက်နက်က ပညာရေးပါ။ နိုင်ငံတစ်နိုင်ငံရဲ့ ပညာရေးကိုဇောက်ထိုးမိုးမြော်လှန်ပစ်ပြီး ပညာမတတ်သူတွေများလာလေ ကျွန်ပြုကောင်းလေဆိုတဲ့ မူ ကိုကျင့်သုံးခဲ့ကြတာဖြစ်ပါတယ်။ ဒါကြောင့်လည်း ၁၉၂၀ပြည့်နှစ်၊ ဇွန်လမှာ ထုတ်ပြန်ခဲ့တဲ့ “ရန်ကုန်တက္ကသိုလ်အက်ဉပဒေကြမ်းကြီး” မှာ

 

(၁) မြန်မာပြည်တွင် တက္ကသိုလ်တစ်ခုတည်းသာရှိရမည်။ တက္ကသိုလ်လက်အောက်တွင် ကောလိပ်တစ်ကျောင်းသာရှိရမည်။
(၂) ကောလိပ်ကျောင်း၌ ပညာသင်လိုသူများကျောင်းအိပ်ကျောင်းစားသာဖြစ်ရမည်။
(၃) တက္ကသိုလ်ဝင်စာမေးပွဲမထားရှိတော့ဘဲ အစိုးရကပြုလုပ်သော ဟိုက်စကူးဖိုင်နယ်ခေါ် ဆယ်တန်းစာမေးပွဲကိုအောင်ရမည်။ အင်္ဂလိပ်ဘာသာနှင့်အခြားဘာသာတစ်ခုတွင် ထူးချွန်စွာတတ်မြောက်အောင်မြင်မှ တက္ကသိုလ်ဝင်ခွင့်ရမည်။
(၄)ဂုဏ်ထူးနှင့်ဝိဇ္ဇာဘွဲ့တန်းတွင် တစ်ခါဖြေဆို၍မအောင်မြင်လျှင် နောက်နောင်ဖြေဆိုခွင့်မပြု။
(၅) ဟိုက်စကူးဖိုင်နယ်အောင်၍တက္ကသိုလ်သို့ဝင်ခွင့်ရသော်လည်း တက္ကသိုလ်ပညာရပ်များကိုလိုက်နာရန် ပြင်ဆင်မှုအတန်းတွင်တစ်နှစ်နေရမည်။
(၆) ပြင်ဆင်မှုအတန်းတွင် တစ်နှစ်နေသော်လည်း နှစ်ကုန်သည့်အခါတက္ကသိုလ်ပညာများကို လိုက်နာရန်အရည်အချင်းမရှိသေးဟုဆိုလျှင် တက္ကသိုလ်ပညာကို ဆက်လက်သင်ခွင့်ရဦးမည်မဟုတ်။ 
စတဲ့ မြန်မာ့လူငယ်တို့အတွက်မလွယ်ကူတဲ့ ပညာရေးဉပဒေတွေကို ထုတ်ပြန်လာပါတယ်။

 

ဒီ ဥပဒေမူကြမ်း ကို ခေတ်ပညာတတ်လူငယ်တို့ ကန့်ကွက်ပေမယ့် ဒီဇင်ဘာ ၁ ရက်နေ့မှာ မြန်မာပြည်ဘုရင်ခံ ဆာရယ်ဂျီနယ်ကရက်ဒေါက်က တင်သွင်းခဲ့ပါတယ်။

 

ဒါကြောင့် ရန်ကုန်တက္ကသိုလ်ကျောင်းသားလူငယ်များ သပိတ်မှောက်ကာ တက္ကသိုလ်အက်ဉပဒေကို ဆန့်ကျင့်ခဲ့ကြရာ မြန်မာတစ်မျိုးသားလုံးကပါ ညီညီညွှတ်ညွှတ်ဆန့်ကျင်သပိတ်မှောက်ပါဝင်ခဲ့ကြပါတယ်။ ဒီ သပိတ်မှောက်ပွဲ က ဗြိတိသျှအစိုးရကို ဆန့်ကျင်ဖို့ပထမဆုံးလမ်းစ ဖြစ်သည့်အပြင် မြန်မာအမျိုးသားတစ်ရပ်လုံးရဲ့ ဝံသာနုစိတ်ဓာတ်ကို အမြင့်ဆုံးရောက်အောင်မြှင့်တင်ပေးခဲ့တဲ့ သမိုင်းဝင်ဖြစ်ရပ်တစ်ခုဖြစ်တဲ့အတွက် “ အမျိူးသားနေ့ တို့မမေ့အပ်” ခြင်းဖြစ်ပါတယ်။

 

“၂၀၂၀ ခုနှစ်တွင် ကျရောက်မည့် နှစ် ၁၀၀ ပြည့် အမျိုးသားအောင်ပွဲနေ့ကို တိုင်းရင်းသားပြည်သူအားလုံး ကြိုဆိုပူးပေါင်းဆောင်ရွက်ကြပါစို့။”

 

 

အမ်ိဳးသားေန႔ တို႔မေမ့

အမ်ိဳးသားေန႔ကိုဘာလို႔မေမ့သင့္တာလဲ စာဖတ္ပရိသတ္တို႔စဥ္းစားဖူးၾကပါသလား?
တန္ေဆာင္းမုန္းလျပည့္ေက်ာ(၁၀)ရက္ေန႔က “အမ်ိဳးသားေန႔” ဆိုတာကို သိၾကေပမယ့္ ဘာလို႔မေမ့သင့္သလဲဆိုတာကိုေတာ့ သတိမျပဳမိသူမ်ားမယ္လို႔ ထင္ပါတယ္။ ဘာလို႔မေမ့သင့္သလဲဆိုရင္ ျမန္မာကိုဂုတ္ေသြးစုပ္ခဲ့တဲ့ နယ္ခ်ဲ႕အဂၤလိပ္ေတြကို ေတာ္လွန္ဖို႔ စတင္ခဲ့တဲ့ေန႔စြဲတစ္ခုျဖစ္တာေၾကာင့္ပါ။ အမ်ိဳးသားေန႔သမိုင္းေၾကာင္း ကို အက်ဥ္းခ်ဳပ္ေျပာျပခ်င္ပါတယ္။

 

ၿဗိတိသွ်အစိုးရတို႔ရဲ႕ နယ္ခ်ဲ႕ေရးမွာ သူတို႔အဓိကအသုံးျပဳတဲ့ပင္မလက္နက္က ပညာေရးပါ။ ႏိုင္ငံတစ္ႏိုင္ငံရဲ႕ ပညာေရးကိုေဇာက္ထိုးမိုးေျမာ္လွန္ပစ္ၿပီး ပညာမတတ္သူေတြမ်ားလာေလ ကြၽန္ျပဳေကာင္းေလဆိုတဲ့ မူ ကိုက်င့္သုံးခဲ့ၾကတာျဖစ္ပါတယ္။ ဒါေၾကာင့္လည္း ၁၉၂၀ျပည့္ႏွစ္၊ ဇြန္လမွာ ထုတ္ျပန္ခဲ့တဲ့ “ရန္ကုန္တကၠသိုလ္အက္ဉပေဒၾကမ္းႀကီး” မွာ

 

(၁) ျမန္မာျပည္တြင္ တကၠသိုလ္တစ္ခုတည္းသာရွိရမည္။ တကၠသိုလ္လက္ေအာက္တြင္ ေကာလိပ္တစ္ေက်ာင္းသာရွိရမည္။
(၂) ေကာလိပ္ေက်ာင္း၌ ပညာသင္လိုသူမ်ားေက်ာင္းအိပ္ေက်ာင္းစားသာျဖစ္ရမည္။
(၃) တကၠသိုလ္ဝင္စာေမးပြဲမထားရွိေတာ့ဘဲ အစိုးရကျပဳလုပ္ေသာ ဟိုက္စကူးဖိုင္နယ္ေခၚ ဆယ္တန္းစာေမးပြဲကိုေအာင္ရမည္။ အဂၤလိပ္ဘာသာႏွင့္အျခားဘာသာတစ္ခုတြင္ ထူးခြၽန္စြာတတ္ေျမာက္ေအာင္ျမင္မွ တကၠသိုလ္ဝင္ခြင့္ရမည္။
(၄)ဂုဏ္ထူးႏွင့္ဝိဇၨာဘြဲ႕တန္းတြင္ တစ္ခါေျဖဆို၍မေအာင္ျမင္လွ်င္ ေနာက္ေနာင္ေျဖဆိုခြင့္မျပဳ။
(၅) ဟိုက္စကူးဖိုင္နယ္ေအာင္၍တကၠသိုလ္သို႔ဝင္ခြင့္ရေသာ္လည္း တကၠသိုလ္ပညာရပ္မ်ားကိုလိုက္နာရန္ ျပင္ဆင္မႈအတန္းတြင္တစ္ႏွစ္ေနရမည္။
(၆) ျပင္ဆင္မႈအတန္းတြင္ တစ္ႏွစ္ေနေသာ္လည္း ႏွစ္ကုန္သည့္အခါတကၠသိုလ္ပညာမ်ားကို လိုက္နာရန္အရည္အခ်င္းမရွိေသးဟုဆိုလွ်င္ တကၠသိုလ္ပညာကို ဆက္လက္သင္ခြင့္ရဦးမည္မဟုတ္။
စတဲ့ ျမန္မာ့လူငယ္တို႔အတြက္မလြယ္ကူတဲ့ ပညာေရးဉပေဒေတြကို ထုတ္ျပန္လာပါတယ္။

 

ဒီ ဥပေဒမူၾကမ္း ကို ေခတ္ပညာတတ္လူငယ္တို႔ ကန႔္ကြက္ေပမယ့္ ဒီဇင္ဘာ ၁ ရက္ေန႔မွာ ျမန္မာျပည္ဘုရင္ခံ ဆာရယ္ဂ်ီနယ္ကရက္ေဒါက္က တင္သြင္းခဲ့ပါတယ္။

 

ဒါေၾကာင့္ ရန္ကုန္တကၠသိုလ္ေက်ာင္းသားလူငယ္မ်ား သပိတ္ေမွာက္ကာ တကၠသိုလ္အက္ဉပေဒကို ဆန႔္က်င့္ခဲ့ၾကရာ ျမန္မာတစ္မ်ိဳးသားလုံးကပါ ညီညီၫႊတ္ၫႊတ္ဆန႔္က်င္သပိတ္ေမွာက္ပါဝင္ခဲ့ၾကပါတယ္။ ဒီ သပိတ္ေမွာက္ပြဲ က ၿဗိတိသွ်အစိုးရကို ဆန႔္က်င္ဖို႔ပထမဆုံးလမ္းစ ျဖစ္သည့္အျပင္ ျမန္မာအမ်ိဳးသားတစ္ရပ္လုံးရဲ႕ ဝံသာႏုစိတ္ဓာတ္ကို အျမင့္ဆုံးေရာက္ေအာင္ျမႇင့္တင္ေပးခဲ့တဲ့ သမိုင္းဝင္ျဖစ္ရပ္တစ္ခုျဖစ္တဲ့အတြက္ “ အမ်ိဴးသားေန႔ တို႔မေမ့အပ္” ျခင္းျဖစ္ပါတယ္။

 

“၂၀၂၀ ခုႏွစ္တြင္ က်ေရာက္မည့္ ႏွစ္ ၁၀၀ ျပည့္ အမ်ိဳးသားေအာင္ပြဲေန႔ကို တိုင္းရင္းသားျပည္သူအားလုံး ႀကိဳဆိုပူးေပါင္းေဆာင္႐ြက္ၾကပါစို႔။”

Read times Last modified on Tuesday, 08 December 2020 11:47
Rate this articles
(0 votes)