×

Warning

JUser: :_load: Unable to load user with ID: 81428


Student

Friday, 18 December 2020

Myanmar Management Institute ​၏ Covid ကာလ ပညာေရးရပ္တည္ခ်က္ႏွင့္ Professional Master Award in Business Administration (Professional MBA Award)

Myanmar Management Institute ၏ Covid ကာလ ပညာရေးရပ်တည်ချက်နှင့် Professional Master Award in Business Administration (Professional MBA Award)

လွတ်လပ်ခိုင်မာသော ပုဂ္ဂလိကပညာရေးအဖွဲ့အစည်း၏ ကိုဗစ်ကာလပညာရေးရပ်တည်ချက်နှင့် ထုတ်ပြန်ကြေညာချက်

၁. မြန်မာနိုင်ငံတွင် စီးပွားရေးစီမံခန့်ခွဲမှုပညာ သင်ယူလိုသူများအတွက် MBA ဆိုလျှင် စုစုပေါင်းကုန်ကျစရိတ်အနည်းဆုံးသိန်း (၃၀) မှ သိန်းရာကျော်ကုန်ကျစရိတ်ရှိရာ ငွေကြေးမချမ်းသာသော မြန်မာပြည်သူပြည်သား အများစုမှာ ပညာရေး လက်လှမ်းမမီဖြစ်ကြရပါသည်။ ထိုအချိန်တွင် Covid ကပ်ရောဂါကြီး၏ ထိုးနှက်မှုကြောင့် တိုင်းသူပြည်သားများ စီးပွားရေးအကျပ်အတည်း၊ ပညာအခက်အခဲတို့ ပိုမိုကြုံတွေ့ကြရပါသည်။

 

ထိုအခြေအနေများကို လက်ပိုက်ကြည့်မနေနိုင်ဘဲ လူအများပညာရေးလက်လှမ်းမီအောင်နှင့် အရည်အသွေး မြင့်မားသည့် ပညာရေးစံနှုန်းများ နှင့်အညီ သင်ကြားသင်ယူရတို့အတွက် Myanmar Management Institute မှ မိမိကိုယ်ပိုင်သော်၊ ကိုယ်ပိုင်ပြဋ္ဌာန်းစာအုပ်များကို စီမံခန့်ခွဲမှုပညာနယ်ပယ်မှ အထင်ကရ ကျမ်းများစွာကို ကိုးကားအဆီအနှစ် တော်ကာပြုပြီး စီမံခန့်ခွဲမှု ဘာသာရပ် ၁၁ ဘာသာပါဝင်သော ထိုသင်ရိုးပြဋ္ဌာန်းစာအုပ်များဖြင့် Professional Master Award in Business Administration (Professional MBA Award) သင်တန်းကို မြန်မာပြည်အနှံ့ မည်သည့်နေရာတွင်မဆို လွယ်ကူစွာသင်ယူနိုင်အောင်စီစဉ်ပေးခဲ့ပါသည်။

 

ထိုသို့စီစဉ်ပေးထားသည့် သင်တန်းအတွက် ပုဂ္ဂလိက ပညာရေးကဏ္ဍ၌သတ်မှတ်သည့် သင်တန်းကြေး နှုန်းထားများနှင့် နှိုင်းယှဉ်၍ သင်တန်းကြေး သိန်း(၃၀)သတ်မှတ်ထားခဲ့သော်လည်း ထိုသင်တန်းကြေးအား (၁၀၀%) ကင်းလွတ်ခွင့်ဖြင့် သင်ယူသူမာရေးအတွက် စီစဉ်ပေးခဲ့ပါသည်။ ယခုကဲ့သို့စီစဉ်ပေးလိုက်ခြင်းကြောင့် သိန်းဆယ်နှင့်ချီ ကုန်ကျပြီးမှ သင်ယူခွင့်ရရှိမည့် စီမံခန့်ခွဲမှုပညာများကို မြန်မာပြည်သူများလက်လှမ်းမီသွားခဲ့ပါသည်။

 

၂. Myanmar Management Institute သည် စီမံခန့်ခွဲမှုနှင့်ဆိုင်သော ပညာရပ်များကို လူတိုင်းလက်လှမ်းမှီပြီးကုန်ကျစရိတ်သက်သာစွာဖြင့် လေ့လာဆည်းပူးခွင့်ရကာ တိုင်းပြည်အတွက် အဖိုးတန်လူ့စွမ်းအားအရင်းအမြစ် ပေါ်ထွန်းရေးအတွက် ရည်စူးပြီး Professional Master Award in Business Administration (Professional MBA Award) သင်တန်းကို သင်တန်းကြေး အခမဲ့ဖြင့် သင်ကြားပေးနေခြင်းဖြစ်ပါသည်။
ထိုသို့သင်ကြားမှုသည် လူတိုင်းလွတ်လပ်စွာပညာသင်ခွင့် ရရှိရမည်ဟုဆိုထားသော လူ့အခွင့်အရေး ရှုထောင့်မှသော်လည်းကောင်း အလားတူပင်ထည့်သွင်းပြဋ္ဌာန်းထားသော မြန်မာနိုင်ငံ၏ဖွဲ့စည်းပုံ အခြေခံဥပဒေရှုထောင့်မှသော်လည်း တရားဥပဒေ နှင့်အညီဖြစ်ပါသည်။

 

Covid ကာလအတွင်း ပညာရေး အခွင့်အလမ်းများ မဆုံးရှုံးစေရေးအတွက် ရည်ရွယ်၍ စနစ်ကျသောသင်ရိုး၊ ပြည့်စုံသောပြဌာန်းစာအုပ်၊ ကျောင်းသူကျောင်းသား၏ တက်မြောက်မှု ဗဟိုပြု စစ်ဆေးမှု၊ သင်သမျှကို မှတ်မိနားလည်လွယ်စေမည့် စိတ်မြေပုံ mindmaps များ၊ သင်ကြားသင်ယူရေး လမ်းညွှန်ချက် အပြည့်အစုံပါဝင်သည့် စီးပွားရေးပညာရတနာသေတ္တာ (Business Master Treasure Box) ဖြင့် စီမံခန့်ခွဲမှုပညာနယ်ပယ် ၁၁ခုကို မြန်မာပြည်အနှံ့မှ ကျောင်းသား၊ကျောင်းသူများ အချိန်နေရာမရွေး သင်ယူလေ့လာနိုင်အောင် စီစဉ်ပေးခဲ့ပါသည်။ ပညာရပ်နယ်ပယ် တစ်ခုစီ သီအိုရီများ၊ လက်တွေ့သုံး သဘောတရားများ၊ Case Studies များကို တတ်နိုင်သမျှအကျစ်လျစ်ဆုံးနှင့် အရှင်းလင်းဆုံးသင်ကြားပေးထားပါသည်။

 

Professional Master Award in Business Administration (Professional MBA Award) ၏ သင်တန်းကာလမှာ တစ်နှစ်ဖြစ်ပါသည်။ ထို Professional Master Award in Business Administration (Professional MBA Award) ၌ Master of Business Administration (MBA) တစ်ခုတွင် ပါဝင်သည့် အကြောင်းအရာအလုံးစုံအပြည့်အဝကို အပြည့်အစုံသင်ကြားပေးထားရာ Myanmar Management Institute အနေဖြင့် ထိုသင်ရိုး၊ ထိုပြဋ္ဌာန်းစာအုပ်၊ ထိုစစ်ဆေးမှုပုံစံတို့ကို UK နိုင်ငံအခြေစိုက် OTHM Qualifications အဖွဲ့ကြီးသို့ တင်ပြပြီး ၎င်း၏ထပ်ဆင့် အသိအမှတ်ပြုမှုကို ဒီဇင်ဘာလ ၇ရက်နေ့တွင်ရရှိခဲ့ပါသည်။

 

OTHM Qualification (UK) ဘက်မှ Myanmar Management Institute of Professional Master Award in Business Administration သင်တန်း၏ ပညာရေးအဆင့်အတန်းနှင့် အရည်အသွေးအကဲဖြတ်ပြီး ထပ်ဆင့်အသိအမှတ်ပြုမှုပေးရာတွင် UK ပညာရေးအဆင့် သတ်မှတ်ချက်အဆင့် (၇) (တစ်နည်း) မဟာတန်းအဆင့်နှင့် ညီမျှသည့်အဆင့်ရှိသည်ဟု သတ်မှတ်ပေးခဲ့ပြီး တစ်ဘာသာလျှင် Credit (10) နှင့် ညီမျှသည့် လေ့လာသင်ယူမှုရလဒ်ပမာဏရှိသည်ဟု OTHM ဘက်မှ သတ်မှတ်ပေးထားပါသည်။

 

၃. ထိုသို့ကုန်ကျစရိတ်သက်သာစွာဖြင့် MBA ပညာရပ်များကို အပြည့်သင်ယူနိုင်ပြီး OTHM (UK) အသိအမှတ်ပြု မဟာတန်းအဆင့် Professional Qualification ဖြစ်သော Professional Master Award in Business Administration ကိုပါ လူအများရယူနိုင်အောင် MMI ၏ စီစဉ်ပေးမှုသည် ကျောင်းသူကျောင်းသားများနှင့် အများပြည်သူအတွက် လွန်စွာအကျိုးရှိသည့် လုပ်ရပ်ဖြစ်သော်လည်း Myanmar Management Institute of Professional Master Award in Business Administration (Professional MBA Award) အရှိန်အဟုန်ဖြင့် အောင်မြင်မှုရရှိလာသည့်အခါ ထိုအောင်မြင်မှုကြောင့် ဝေဖန်တိုက်ခိုက်ခံရမှုများပိုမို၍ များလာရပါသည်။

 

Covid ကပ်ရောဂါ ကြီးကြောင့် ယခင်ကကဲ့သို့ကျောင်းလည်ပတ်မှု မရှိနိုင်သည့်အချိန်တွင် ထိုအခက်အခဲအကျပ်အတည်းကာလမှာပင် ပညာရေးကြိုးပမ်းမှုများ အလွန်အားထုတ်ခဲ့သည့် MMI သည် အများအမြင်တွင် မျက်စိစပါးမွှေးစူးစရာ ဖြစ်နေပါသည်။ MMI သည် လက်ရှိအချိန်မြန်မာနိုင်ငံရှိ အခြားမည်သူမျှ မပြုစုခဲ့သည့် MBA ပညာရပ်အစုံအလင် ပါဝင်သော ကိုယ်ပိုင်းသင်ရိုးပြဋ္ဌာန်းစာအုပ် Business Master Textbook များကို ပထမဆုံးနှင့် အကောင်းဆုံး ပြုလုပ်ဖန်တီးသည့်အလျောက် အများရှေ့မှ စွန့်ဦးတီထွင်မှုဖြစ်နေရာ ၎င်းအဖြစ်ကို မလိုလားသူများလည်းရှိနေပါသည်။ MMI သည် မြန်မာနိုင်ငံအစိုးရဥပဒေများနှင့်အညီ မှန်ကန်စွာခိုင်မာစွာ ရပ်တည်နေသည့်ပုဂ္ဂလိက ကျောင်းကြီးတစ်ကျောင်း ဖြစ်ပြီး လွတ်လပ်စွာရပ်တည်နေသည့် အဖွဲ့အစည်း တစ်ခုဖြစ်ပါသည်။ MMI သည် မိမိတို့၏ ပညာရေးရပ်တည်ချက်ဖြင့်သာ ဆက်လက်ခိုင်မာစွာရပ်တည်သွားမည်ဖြစ်ပါသည်။

 

၄. အမှန်စင်စစ်အားဖြင့် Myanmar Management Institute သည် မိမိကျောင်း၏ သင်ကြားသင်ယူရေး ပညာရေးအရည်အသွေးစံနှုန်းများကို အစဉ်မြှင့်တင်ကောင်းမွန်အောင် ယခင်ကတည်းကရော ယခုအချိန်အထိပါ အမြဲကြိုးစားလျက်ရှိပါသည်။ ထိုအချက်ကို Myanmar Management Institute ကျောင်း ၂၀၁၅ ဒီဇင်ဘာလ စထူထောင်စဉ်မှ ယခုအချိန်အထိ UK အသိအမှတ်ပြု Diploma စာမေးပွဲအောင်မြင်သူများစွာမွေးထုတ်နိုင်ခဲ့ခြင်း၊ UK အစိုးရတက္ကသိုလ် University of Chichester မှ တိုက်ရိုက်ချီးမြှင့်သည့် Master of Business Administration (MBA) ဘွဲ့ကို ဂုဏ်ထူးအထူးအောင်/ရိုးရိုးအောင် ရရှိသူများကို မြန်မာနိုင်ငံတွင် အများဆုံးမွေးထုတ်ထားနိုင်ခြင်းတို့က သက်သေထူလျက်ရှိပါသည်။

 

ထို့အပြင် Myanmar Management Institute အနေဖြင့် Swiss School of Management ဖြင့်ပူးပေါင်း၍ IACBE (US) နှင့် EduQua (Swiss) အသိအမှတ်ပြုအရည်အသွေးမြင့် Swiss MBA ကိုလည်း လက်ရှိသင်ကြားပေးလျက်ရှိရာ MMI သည် MBA နှင့်ပတ်သက်သော အတွေ့အကြုံကောင်းများ ရှိထားပြီးသည့် ကျောင်းတစ်ကျောင်းလည်း ဖြစ်ပါသည်။ ထိုအတွေ့အကြုံများနှင့်ပညာများကိုစုစည်းအဆီအနှစ်ထုတ်ပြီး MMI ၏ Professional Master Award in Business Administration (Professional MBA Award) သင်ရိုးနှင့် ပြဋ္ဌာန်းစာအုပ်များဖန်တီးခဲ့ရာ ထိုအရည်အသွေးရှိသည့် Qualification သည် မြန်မာပြည်သူပြည်သားများအတွက် အကျိုးများလိမ့်မည်ဟု ယုံကြည်မိပါသည်။

 

တစ်ဆက်တည်းမှာပင် MMI ၏ Professional Master Award in Business Administration (Professional MBA Award) သင်တန်းကို အလုံးစုံသင်ယူပြီး စစ်ဆေးမှုခံယူကာ အောင်မြင်ပြီးမြောက်သည့်သူများသည် စီမံခန့်ခွဲမှုပညာနှင့် ပတ်သက်ပြီးလုံလောက်သည့် ပညာရရှိကာ လက်တွေ့ လုပ်ငန်းနယ်ပယ်များ၌ ထိုပညာများအသုံးချလျက် ကိုယ့်အကျိုးအများအကျိုး မျှတစွာပွားများအောင် ဆောင်ရွက်နိုင် သည့် နိုင်ငံ၏အားထားရသော လူ့စွမ်းအား အရင်းအမြစ်များ လာလိမ့်မည်ဟု ယုံကြည်ပါသည်။

 

၅. အထက်ပါအချက်များကို MMI နှင့် သက်ဆိုင်သူများအားလုံးအမှန်အတိုင်းသိရှိပြီး အများပြည်သူအပေါ်ထားသော MMIကျောင်းတော်ကြီး၏ စေတနာနှင့် ပညာရေးရပ်တည်ချက်ကို နားလည်သဘောပေါက်ကာ၊ တစ်ဖက်မှာလည်း အချင်းချင်းကြားဝေဖန်တိုက်ခိုက်နေမည့်အစား မြန်မာနိုင်ငံ၏ ပညာရေးအဆင့်အတန်း ပိုမိုမြင့်မားစေရန် အတူကြိုးပမ်းကြနိုင်ဖို့ ပြုအပ်ပါသည်။

 

https://www.facebook.com/MyanmarManagementInstitute/photos/a.1207910719261533/3737515839634329/

https://www.facebook.com/MyanmarManagementInstitute/photos/pcb.3739965319389381/3739965162722730

 

MMI1.jpg

MMI4.jpg

 

 

Myanmar Management Institute ​၏ Covid ကာလ ပညာေရးရပ္တည္ခ်က္ႏွင့္ Professional Master Award in Business Administration (Professional MBA Award)

လြတ္လပ္ခိုင္မာေသာ ပုဂၢလိကပညာေရးအဖြဲ႕အစည္း၏ ကိုဗစ္ကာလပညာေရးရပ္တည္ခ်က္ႏွင့္ ထုတ္ျပန္ေၾကညာခ်က္

 

၁. ျမန္မာႏိုင္ငံတြင္ စီးပြားေရးစီမံခန႔္ခြဲမႈပညာ သင္ယူလိုသူမ်ားအတြက္ MBA ဆိုလွ်င္ စုစုေပါင္းကုန္က်စရိတ္အနည္းဆုံးသိန္း (၃၀) မွ သိန္းရာေက်ာ္ကုန္က်စရိတ္ရွိရာ ေငြေၾကးမခ်မ္းသာေသာ ျမန္မာျပည္သူျပည္သား အမ်ားစုမွာ ပညာေရး လက္လွမ္းမမီျဖစ္ၾကရပါသည္။ ထိုအခ်ိန္တြင္ Covid ကပ္ေရာဂါႀကီး၏ ထိုးႏွက္မႈေၾကာင့္ တိုင္းသူျပည္သားမ်ား စီးပြားေရးအက်ပ္အတည္း၊ ပညာအခက္အခဲတို႔ ပိုမိုႀကဳံေတြ႕ၾကရပါသည္။

 

ထိုအေျခအေနမ်ားကို လက္ပိုက္ၾကည့္မေနႏိုင္ဘဲ လူအမ်ားပညာေရးလက္လွမ္းမီေအာင္ႏွင့္ အရည္အေသြး ျမင့္မားသည့္ ပညာေရးစံႏႈန္းမ်ား ႏွင့္အညီ သင္ၾကားသင္ယူရတို႔အတြက္ Myanmar Management Institute မွ မိမိကိုယ္ပိုင္ေသာ္၊ ကိုယ္ပိုင္ျပ႒ာန္းစာအုပ္မ်ားကို စီမံခန႔္ခြဲမႈပညာနယ္ပယ္မွ အထင္ကရ က်မ္းမ်ားစြာကို ကိုးကားအဆီအႏွစ္ ေတာ္ကာျပဳၿပီး စီမံခန႔္ခြဲမႈ ဘာသာရပ္ ၁၁ ဘာသာပါဝင္ေသာ ထိုသင္႐ိုးျပ႒ာန္းစာအုပ္မ်ားျဖင့္ Professional Master Award in Business Administration (Professional MBA Award) သင္တန္းကို ျမန္မာျပည္အႏွံ႔ မည္သည့္ေနရာတြင္မဆို လြယ္ကူစြာသင္ယူႏိုင္ေအာင္စီစဥ္ေပးခဲ့ပါသည္။

 

ထိုသို႔စီစဥ္ေပးထားသည့္ သင္တန္းအတြက္ ပုဂၢလိက ပညာေရးက႑၌သတ္မွတ္သည့္ သင္တန္းေၾကး ႏႈန္းထားမ်ားႏွင့္ ႏႈိင္းယွဥ္၍ သင္တန္းေၾကး သိန္း(၃၀)သတ္မွတ္ထားခဲ့ေသာ္လည္း ထိုသင္တန္းေၾကးအား (၁၀၀%) ကင္းလြတ္ခြင့္ျဖင့္ သင္ယူသူမာေရးအတြက္ စီစဥ္ေပးခဲ့ပါသည္။ ယခုကဲ့သို႔စီစဥ္ေပးလိုက္ျခင္းေၾကာင့္ သိန္းဆယ္ႏွင့္ခ်ီ ကုန္က်ၿပီးမွ သင္ယူခြင့္ရရွိမည့္ စီမံခန႔္ခြဲမႈပညာမ်ားကို ျမန္မာျပည္သူမ်ားလက္လွမ္းမီသြားခဲ့ပါသည္။

 

၂. Myanmar Management Institute သည္ စီမံခန႔္ခြဲမႈႏွင့္ဆိုင္ေသာ ပညာရပ္မ်ားကို လူတိုင္းလက္လွမ္းမွီၿပီးကုန္က်စရိတ္သက္သာစြာျဖင့္ ေလ့လာဆည္းပူးခြင့္ရကာ တိုင္းျပည္အတြက္ အဖိုးတန္လူ႔စြမ္းအားအရင္းအျမစ္ ေပၚထြန္းေရးအတြက္ ရည္စူးၿပီး Professional Master Award in Business Administration (Professional MBA Award) သင္တန္းကို သင္တန္းေၾကး အခမဲ့ျဖင့္ သင္ၾကားေပးေနျခင္းျဖစ္ပါသည္။
ထိုသို႔သင္ၾကားမႈသည္ လူတိုင္းလြတ္လပ္စြာပညာသင္ခြင့္ ရရွိရမည္ဟုဆိုထားေသာ လူ႔အခြင့္အေရး ရႈေထာင့္မွေသာ္လည္းေကာင္း အလားတူပင္ထည့္သြင္းျပ႒ာန္းထားေသာ ျမန္မာႏိုင္ငံ၏ဖြဲ႕စည္းပုံ အေျခခံဥပေဒရႈေထာင့္မွေသာ္လည္း တရားဥပေဒ ႏွင့္အညီျဖစ္ပါသည္။

 

Covid ကာလအတြင္း ပညာေရး အခြင့္အလမ္းမ်ား မဆုံးရႈံးေစေရးအတြက္ ရည္႐ြယ္၍ စနစ္က်ေသာသင္႐ိုး၊ ျပည့္စုံေသာျပဌာန္းစာအုပ္၊ ေက်ာင္းသူေက်ာင္းသား၏ တက္ေျမာက္မႈ ဗဟိုျပဳ စစ္ေဆးမႈ၊ သင္သမွ်ကို မွတ္မိနားလည္လြယ္ေစမည့္ စိတ္ေျမပုံ mindmaps မ်ား၊ သင္ၾကားသင္ယူေရး လမ္းၫႊန္ခ်က္ အျပည့္အစုံပါဝင္သည့္ စီးပြားေရးပညာရတနာေသတၱာ (Business Master Treasure Box) ျဖင့္ စီမံခန႔္ခြဲမႈပညာနယ္ပယ္ ၁၁ခုကို ျမန္မာျပည္အႏွံ႔မွ ေက်ာင္းသား၊ေက်ာင္းသူမ်ား အခ်ိန္ေနရာမေ႐ြး သင္ယူေလ့လာႏိုင္ေအာင္ စီစဥ္ေပးခဲ့ပါသည္။ ပညာရပ္နယ္ပယ္ တစ္ခုစီ သီအိုရီမ်ား၊ လက္ေတြ႕သုံး သေဘာတရားမ်ား၊ Case Studies မ်ားကို တတ္ႏိုင္သမွ်အက်စ္လ်စ္ဆုံးႏွင့္ အရွင္းလင္းဆုံးသင္ၾကားေပးထားပါသည္။

 

Professional Master Award in Business Administration (Professional MBA Award) ၏ သင္တန္းကာလမွာ တစ္ႏွစ္ျဖစ္ပါသည္။ ထို Professional Master Award in Business Administration (Professional MBA Award) ၌ Master of Business Administration (MBA) တစ္ခုတြင္ ပါဝင္သည့္ အေၾကာင္းအရာအလုံးစုံအျပည့္အဝကို အျပည့္အစုံသင္ၾကားေပးထားရာ Myanmar Management Institute အေနျဖင့္ ထိုသင္႐ိုး၊ ထိုျပ႒ာန္းစာအုပ္၊ ထိုစစ္ေဆးမႈပုံစံတို႔ကို UK ႏိုင္ငံအေျခစိုက္ OTHM Qualifications အဖြဲ႕ႀကီးသို႔ တင္ျပၿပီး ၎၏ထပ္ဆင့္ အသိအမွတ္ျပဳမႈကို ဒီဇင္ဘာလ ၇ရက္ေန႔တြင္ရရွိခဲ့ပါသည္။

OTHM Qualification (UK) ဘက္မွ Myanmar Management Institute of Professional Master Award in Business Administration သင္တန္း၏ ပညာေရးအဆင့္အတန္းႏွင့္ အရည္အေသြးအကဲျဖတ္ၿပီး ထပ္ဆင့္အသိအမွတ္ျပဳမႈေပးရာတြင္ UK ပညာေရးအဆင့္ သတ္မွတ္ခ်က္အဆင့္ (၇) (တစ္နည္း) မဟာတန္းအဆင့္ႏွင့္ ညီမွ်သည့္အဆင့္ရွိသည္ဟု သတ္မွတ္ေပးခဲ့ၿပီး တစ္ဘာသာလွ်င္ Credit (10) ႏွင့္ ညီမွ်သည့္ ေလ့လာသင္ယူမႈရလဒ္ပမာဏရွိသည္ဟု OTHM ဘက္မွ သတ္မွတ္ေပးထားပါသည္။

 

၃. ထိုသို႔ကုန္က်စရိတ္သက္သာစြာျဖင့္ MBA ပညာရပ္မ်ားကို အျပည့္သင္ယူႏိုင္ၿပီး OTHM (UK) အသိအမွတ္ျပဳ မဟာတန္းအဆင့္ Professional Qualification ျဖစ္ေသာ Professional Master Award in Business Administration ကိုပါ လူအမ်ားရယူႏိုင္ေအာင္ MMI ၏ စီစဥ္ေပးမႈသည္ ေက်ာင္းသူေက်ာင္းသားမ်ားႏွင့္ အမ်ားျပည္သူအတြက္ လြန္စြာအက်ိဳးရွိသည့္ လုပ္ရပ္ျဖစ္ေသာ္လည္း Myanmar Management Institute of Professional Master Award in Business Administration (Professional MBA Award) အရွိန္အဟုန္ျဖင့္ ေအာင္ျမင္မႈရရွိလာသည့္အခါ ထိုေအာင္ျမင္မႈေၾကာင့္ ေဝဖန္တိုက္ခိုက္ခံရမႈမ်ားပိုမို၍ မ်ားလာရပါသည္။

 

Covid ကပ္ေရာဂါ ႀကီးေၾကာင့္ ယခင္ကကဲ့သို႔ေက်ာင္းလည္ပတ္မႈ မရွိႏိုင္သည့္အခ်ိန္တြင္ ထိုအခက္အခဲအက်ပ္အတည္းကာလမွာပင္ ပညာေရးႀကိဳးပမ္းမႈမ်ား အလြန္အားထုတ္ခဲ့သည့္ MMI သည္ အမ်ားအျမင္တြင္ မ်က္စိစပါးေမႊးစူးစရာ ျဖစ္ေနပါသည္။ MMI သည္ လက္ရွိအခ်ိန္ျမန္မာႏိုင္ငံရွိ အျခားမည္သူမွ် မျပဳစုခဲ့သည့္ MBA ပညာရပ္အစုံအလင္ ပါဝင္ေသာ ကိုယ္ပိုင္းသင္႐ိုးျပ႒ာန္းစာအုပ္ Business Master Textbook မ်ားကို ပထမဆုံးႏွင့္ အေကာင္းဆုံး ျပဳလုပ္ဖန္တီးသည့္အေလ်ာက္ အမ်ားေရွ႕မွ စြန႔္ဦးတီထြင္မႈျဖစ္ေနရာ ၎အျဖစ္ကို မလိုလားသူမ်ားလည္းရွိေနပါသည္။ MMI သည္ ျမန္မာႏိုင္ငံအစိုးရဥပေဒမ်ားႏွင့္အညီ မွန္ကန္စြာခိုင္မာစြာ ရပ္တည္ေနသည့္ပုဂၢလိက ေက်ာင္းႀကီးတစ္ေက်ာင္း ျဖစ္ၿပီး လြတ္လပ္စြာရပ္တည္ေနသည့္ အဖြဲ႕အစည္း တစ္ခုျဖစ္ပါသည္။ MMI သည္ မိမိတို႔၏ ပညာေရးရပ္တည္ခ်က္ျဖင့္သာ ဆက္လက္ခိုင္မာစြာရပ္တည္သြားမည္ျဖစ္ပါသည္။

 

၄. အမွန္စင္စစ္အားျဖင့္ Myanmar Management Institute သည္ မိမိေက်ာင္း၏ သင္ၾကားသင္ယူေရး ပညာေရးအရည္အေသြးစံႏႈန္းမ်ားကို အစဥ္ျမႇင့္တင္ေကာင္းမြန္ေအာင္ ယခင္ကတည္းကေရာ ယခုအခ်ိန္အထိပါ အၿမဲႀကိဳးစားလ်က္ရွိပါသည္။ ထိုအခ်က္ကို Myanmar Management Institute ေက်ာင္း ၂၀၁၅ ဒီဇင္ဘာလ စထူေထာင္စဥ္မွ ယခုအခ်ိန္အထိ UK အသိအမွတ္ျပဳ Diploma စာေမးပြဲေအာင္ျမင္သူမ်ားစြာေမြးထုတ္ႏိုင္ခဲ့ျခင္း၊ UK အစိုးရတကၠသိုလ္ University of Chichester မွ တိုက္႐ိုက္ခ်ီးျမႇင့္သည့္ Master of Business Administration (MBA) ဘြဲ႕ကို ဂုဏ္ထူးအထူးေအာင္/႐ိုး႐ိုးေအာင္ ရရွိသူမ်ားကို ျမန္မာႏိုင္ငံတြင္ အမ်ားဆုံးေမြးထုတ္ထားႏိုင္ျခင္းတို႔က သက္ေသထူလ်က္ရွိပါသည္။

 

ထို႔အျပင္ Myanmar Management Institute အေနျဖင့္ Swiss School of Management ျဖင့္ပူးေပါင္း၍ IACBE (US) ႏွင့္ EduQua (Swiss) အသိအမွတ္ျပဳအရည္အေသြးျမင့္ Swiss MBA ကိုလည္း လက္ရွိသင္ၾကားေပးလ်က္ရွိရာ MMI သည္ MBA ႏွင့္ပတ္သက္ေသာ အေတြ႕အႀကဳံေကာင္းမ်ား ရွိထားၿပီးသည့္ ေက်ာင္းတစ္ေက်ာင္းလည္း ျဖစ္ပါသည္။ ထိုအေတြ႕အႀကဳံမ်ားႏွင့္ပညာမ်ားကိုစုစည္းအဆီအႏွစ္ထုတ္ၿပီး MMI ၏ Professional Master Award in Business Administration (Professional MBA Award) သင္႐ိုးႏွင့္ ျပ႒ာန္းစာအုပ္မ်ားဖန္တီးခဲ့ရာ ထိုအရည္အေသြးရွိသည့္ Qualification သည္ ျမန္မာျပည္သူျပည္သားမ်ားအတြက္ အက်ိဳးမ်ားလိမ့္မည္ဟု ယုံၾကည္မိပါသည္။

 

တစ္ဆက္တည္းမွာပင္ MMI ၏ Professional Master Award in Business Administration (Professional MBA Award) သင္တန္းကို အလုံးစုံသင္ယူၿပီး စစ္ေဆးမႈခံယူကာ ေအာင္ျမင္ၿပီးေျမာက္သည့္သူမ်ားသည္ စီမံခန႔္ခြဲမႈပညာႏွင့္ ပတ္သက္ၿပီးလုံေလာက္သည့္ ပညာရရွိကာ လက္ေတြ႕ လုပ္ငန္းနယ္ပယ္မ်ား၌ ထိုပညာမ်ားအသုံးခ်လ်က္ ကိုယ့္အက်ိဳးအမ်ားအက်ိဳး မွ်တစြာပြားမ်ားေအာင္ ေဆာင္႐ြက္ႏိုင္ သည့္ ႏိုင္ငံ၏အားထားရေသာ လူ႔စြမ္းအား အရင္းအျမစ္မ်ား လာလိမ့္မည္ဟု ယုံၾကည္ပါသည္။

 

၅. အထက္ပါအခ်က္မ်ားကို MMI ႏွင့္ သက္ဆိုင္သူမ်ားအားလုံးအမွန္အတိုင္းသိရွိၿပီး အမ်ားျပည္သူအေပၚထားေသာ MMIေက်ာင္းေတာ္ႀကီး၏ ေစတနာႏွင့္ ပညာေရးရပ္တည္ခ်က္ကို နားလည္သေဘာေပါက္ကာ၊ တစ္ဖက္မွာလည္း အခ်င္းခ်င္းၾကားေဝဖန္တိုက္ခိုက္ေနမည့္အစား ျမန္မာႏိုင္ငံ၏ ပညာေရးအဆင့္အတန္း ပိုမိုျမင့္မားေစရန္ အတူႀကိဳးပမ္းၾကႏိုင္ဖို႔ ျပဳအပ္ပါသည္။

 

https://www.facebook.com/MyanmarManagementInstitute/photos/a.1207910719261533/3737515839634329/

https://www.facebook.com/MyanmarManagementInstitute/photos/pcb.3739965319389381/3739965162722730

 

MMI1.jpg

MMI2.jpg

MMI4.jpg

Read times Last modified on Friday, 18 December 2020 12:17
Rate this articles
(0 votes)