×

Warning

JUser: :_load: Unable to load user with ID: 723
JUser: :_load: Unable to load user with ID: 81428


Success

Thursday, 19 April 2018

သင္ဘယ္ေတာ့မွခ်မ္းသာမွာမဟုတ္ဘူးဆိုတာ ေသခ်ာေစတဲ့အခ်က္ (၉) ခ်က္

သင္ဘယ္ေတာ့မွခ်မ္းသာမွာမဟုတ္ဘူးဆိုတာ ေသခ်ာေစတဲ့အခ်က္ (၉) ခ်က္ google.com

ZAWGYI

လူတိုင္းလိုလိုခ်မ္းသာခ်င္ၾကပါတယ္။ ခ်မ္းသာေအာင္လည္း အခ်ိန္တိုင္းၾကိဳးစားေနၾကပါတယ္။ ဒါေပမယ့္ ဘာလို႔ လူတိုင္းမခ်မ္းသာတာလဲ။ အခ်ိဳ႕ကေတာ့ ဘဝေပးကုသုိလ္ဆိုျပီး ေျပာၾကပါလိမ့္မယ္။

ဒါေပမယ့္ တကယ္ေတာ့ မဟုတ္ပါဘူး။ မခ်မ္းသာရျခင္း အေၾကာင္းအရင္းကေတာ့ အေျခခံ လိုအပ္ခ်က္ေလးေတြကို ေတာင္ မျပဳျပင္နုုိင္လို႔ပါ။ ေအာက္မွာပါ အခ်က္ေတြထဲက တစ္ခ်က္ခ်က္ကို သင္လုပ္ေနျပီဆိုရင္ေတာ့ သင္ခ်မ္းသာဖို႔ဆိုတာ အေတာ္ေလးကိုျဖစ္နုုိင္ေခ် နည္းသြားပါျပီ။

(၁)သင္ဟာ ပိုက္ဆံစုျခင္းကို အရမ္းဝါသနာပါၿပီး ပိုက္ဆံပိုမရွာနုုိင္ဘူး

ပိုက္ဆံ စုျခင္းက ခ်မ္းသာဖိုု႔ၾကိဳးစားတဲ့ေနရာမွာ အေရးၾကီးပါတယ္။ ဒါေပမယ့္ ပုုိက္ဆံစုတာခ်ည္းပဲ အာရံုစိုက္ေနလို႔ မရပါဘူး။ စုတာကိုပဲ အာရံုုစိုက္ေနရင္ သင္လက္ရွိရေနတဲ့ ပိုက္ဆံထက္ဘယ္လို ထပ္ရွာရမလဲကို သင္စိတ္မဝင္စား နုုိ္င္ေတာ့ပါဘူး။ အကယ္၍ ခ်မ္းသာတဲ့သူေတြလိုေတြးမယ္ဆိုရင္ သင္ပိုက္ဆံကုန္သြားမွာကိုု စိတ္မပူသင့္ေတာ့ပါဘူး။ ပိုက္ဆံပိုရွာနုုိင္ေအာင္ပဲ ဂရုုစိုုက္သင့္ပါတယ္။

 

(၂) သင္ရင္းနွီးျမဳပ္နွံျခင္းမလုပ္ေသးဘူး

ပ်မ္းမွ်အားျဖင့္ ခ်မ္းသာသူေတြဟာ သူတုုိ႔ဝင္ေငြရဲ့ ၂၀%ကိုျပန္လည္ရင္းနွီးျမဳပ္ႏွံပါတယ္။ တကယ္ေတာ့ ဘဝမွာ ေစာေစာရင္းႏွီးျမဳပ္ႏွံနုုိင္ေလ ေကာင္းေလေလပါပဲ။ အမ်ားၾကီးမရင္းႏွီးနုုိင္ရင္ေတာင္ ေျဖးေျဖးခ်င္းကစလိုု႔ရပါတယ္။ ဒါေပမယ့္ စီးပြားေရးလုပ္ငန္းတစ္ခုုခုေပၚမွာ ရင္းႏွီးမျမပ္ႏွံနုုိ္င္ေသးရင္ သင့္ကိုယ္သင္တိုးတက္ေအာင္ အရင္ရင္းႏွီး ျမဳပ္နွံပါ။ လစာထဲက အနည္းငယ္ကိုဖယ္ျပီး သင့္အရည္အခ်င္းေတြ တိုးတက္ေအာင္ ျပဳလုုပ္တဲ့ေနရာမွာ သံုးစြဲပါ။

 

(၃) တည္ျငိမ္တဲ့လစာဝင္ေငြေပၚမွာ သင္သာယာေနတယ္

သာမန္လူေတာ္ေတာ္မ်ားမ်ားဟာ သူတို႔ရဲ့အခ်ိန္အတြက္ ေငြေပးေခ်ျခင္းကို ခံယူလိုေလ့ရွိပါတယ္။ ဥပမာ တစ္လ ကို ဘယ္ေလာက္၊ တစ္ပတ္ကိုဘယ္ေလာက္၊တစ္နာရီကိုဘယ္ေလာက္စသျဖင့္ေပါ့။ ဒါေပမယ့္ ခ်မ္းသာသူေတြက ေတာ့ ျဖစ္ေပၚလာတဲ့ရလဒ္ေပၚမူတည္ျပီး ပိုက္ဆံ ရွာပါတယ္။ မ်ားေသာအားျဖင့္ သူမ်ားဆီမွာလည္း အလုုပ္လုုပ္ ေလ့မရွိပါဘူး။ သူတို႔က Self-employedလို႔ေခၚတဲ့ ကိုယ့္ဘာသာကိုယ္အလုုပ္ျပန္ခန္႔ထားတာမ်ိဳးပဲလုပ္ပါတယ္။ လစာအေပၚသာယာေနျခင္းဟာ ခ်မ္းသာျခင္းဆီကိုသြားရာမွာ ေႏွာင့္ေႏွးေစပါတယ္။

Recommended for you - သင္လိုခ်င္တဲ့ဘဝတစ္ခုကို သင္ကိုယ္တိုင္ ဖန္တီးယူရမွာပါ

 

(၄) သင္ကသင္မတတ္နုုိင္တဲ့ပစၥည္းေတြဝယ္ေလ့ရွိတယ္

သင့္ရဲ့လိုအပ္ခ်က္တိုင္းကို လိုုက္လံျဖည့္ဆည္းေနရင္ သင္ဘယ္ေတာ့မွ ခ်မ္းသာမွာမဟုတ္ပါဘူး။ အကယ္၍ ပံုမွန္ထက္ ဝင္ေငြတိုးတက္လာရင္ သင့္ကိုုယ္သင္ ပိုမိုေကာင္းမြန္တဲ့ Lifestyleတစ္ခုကို မေျပာင္းလိုက္ပါနဲ႔အံုး။ ဒါဟာ ခက္ခဲတဲ့ အခ်က္ျဖစ္ျပီးေတာ္ေတာ္မ်ားမ်ားမလုုပ္နုုိင္ပါဘူး။ သန္းၾကြယ္ သူေဌးတစ္ေယာက္ျဖစ္တဲ့ Grant Cardoneက”ရင္းႏွီး ျမဳပ္ႏွံမႈေတြက ဝင္ေငြေသေသခ်ာခ်ာမဝင္ေသးပဲနဲ႔ ကြ်န္ေတာ္ကား အေကာင္းစားမေျပာနဲ႔ နာရီအေကာင္းစားေတာင္ မဝယ္ခဲ့ပါဘူး”လို႔ဆိုခဲ့ပါတယ္။ သင္လည္း လစာတိုးတာနဲ႔ iPhoneေကာက္ျပီး မဝယ္ပါနဲ႔အံုး။

 

(၅) သင္ဟာ သင့္အိမ္မက္ေနာက္ကိုလုိက္ရဲတဲ့ သတၱိမရွိဘူး

အကယ္၍ ဘဝမွာ ေအာင္ျမင္ခ်င္ရင္ မိမိလုပ္ေနတာကို အရင္ဆံုး ခ်စ္ျမတ္ႏိုးဖိုု႔လိုုပါတယ္။ ဒါ့ေၾကာင့္ သင္ဘာကိုခ်စ္ ျမတ္ႏိုးတယ္ဆိုတာလည္း သိဖို႔လိုသလို အိမ္မက္ေတြေနာက္ကို လုုိက္ရဲတဲ့ သတၱိလည္းရွိဖုု႔ိလိုပါတယ္။ ဒါေပမယ့္ လူ ေတာ္ေတာ္မ်ားမ်ားကေတာ့ မိဘရဲ့ရည္မွန္း ခ်က္ေနာက္ကိုလိုုက္ေန တာမ်ားပါတယ္။

 

(၆) သင္ဟာ Comfort Zoneထဲက မထြက္ရဲဘူး

ကိုယ္ပိုုင္စီးပြားေရးလုုပ္ရင္ လက္ရွိဝင္ေနတဲ့ လစာေလး မဝင္ေတာ့မွာ စိုးရိမ္ၾကတာမ်ားပါတယ္။ ဒီလိုနဲ႔ သူမ်ားအိမ္ မက္ေတြကိုုပံုေဖာ္ေပးရင္းနဲ႔ပဲ သင့္ဘဝကုန္ဆံုးသြားပါလိမ့္မယ္။ အကယ္၍ ဘဝမွာခ်မ္းသာခ်င္ရင္ စြန္႔စားရဲတဲ့သတၱိ ရွိရပါတယ္။ သက္ေတာင္သက္သာ ရွိတဲ့ေနရာမွာပဲ ေနထိုင္ေနရံုုနဲ႔ေတာ့ မခ်မ္းသာလာပါဘူး။

 

(၇) သင့္ပိုက္ဆံေတြကို ဘယ္လိုအသံုးခ်မယ္ဆိုတာ ၾကိဳတင္ျပင္ဆင္ထားျခင္း မရွိဘူး

အကယ္၍ ခ်မ္းသာခ်င္တယ္ဆိုရင္ ပိုုက္ဆံ ကို ဘယ္လိုအက်ိဳးရွိရွိအသံုးခ်ရမယ္ဆိုုတာ သိဖို႔လိုပါတယ္။ သင္ရလာတဲ့ ဝင္ေငြကို ဘယ္ေနရာေတြမွာသံုးမယ္။ ဘယ္ေလာက္ကိုစုမယ္၊ ဘယ္ေလာက္ကိုရင္းႏွီးျမဳပ္ႏွံရမွာသံုးမယ္ စသျဖင့္ေသ ေသခ်ာခ်ာသိဖို႔လိုပါတယ္။

 

(၈) သင္ကသံုးလို႔ပိုတာကိုစုတယ္

သင္က လစာရတာနဲ႔ ဘာေတြသံုးရမလဲ စစဥ္းစားပါတယ္။ ျပီးမွလကုန္လို႔ က်န္တာကိုစုတယ္ဆိုရင္ေတာ့ ေသခ်ာပါ တယ္။ သင့္မွာ ဘာမွက်န္မွာမဟုတ္ပါဘူး။ က်န္လည္း နည္းနည္းပါပဲ။ တကယ္ေတာ့ အရင္စုျပီးမွ ပိုုတာကို သံုးရမွာ ပါ။ ဝင္ေငြ၁၀%ကိုျဖစ္ျဖစ္စုပါ။ ျပီးမွပိုတာကို ဘာေတြသံုးမလဲ စဥ္းစားပါ။

 

(၉) သင္ကခ်မ္းသာျခင္းဆိုတာ မျဖစ္နုုိင္ပါဘူးလို႔ထင္ေနတယ္

လူေတာ္ေတာ္မ်ားမ်ားက ခ်မ္းသာျခင္းဆိုတာ ကံေကာင္းတဲ့သူေတြဆီကိုပဲ ေရာက္ရွိေလ့ရွိတဲ့အရာလို႔ ခံယူထားပါ တယ္။ ဒါ့ေၾကာင့္လည္း အဲ့ဒိလူေတာ္ေတာ္မ်ားမ်ားက ဘယ္ေတာ့မွ မခ်မ္းသာပါဘူး။ မိမိကုိယ္ကိုမွ မယံုရင္ ဘာမွ လုပ္လို႔မရပါဘူး။ ၾကိဳးစားသူတိုင္း အတြက္ေနရာ ရွိပါတယ္။ သင့္အတြက္လည္းေနရာရွိပါတယ္။အကယ္၍ အထက္ပါအခ်က္ေတြထဲက တစ္ခ်က္ခ်က္ သင့္မွာရွိေနျပီဆိုရင္ေတာ့ သင္ျပင္ဆင္သင့္ပါျပီ။အကယ္၍ ခ်မ္းသာခ်င္တယ္ဆိုရင္ေပါ့။

သင့္ရဲ ့အရည္အခ်င္းေတြကို ျမွင့္တင္ခ်င္တယ္ ဆိုရင္ေတာ့ sayar.com.mm မွာရွိတဲ့ ဆရာ၊ ဆရာမမ်ားႏွင့္ဆက္သြယ္လိုက္ပါ။
ဤလင့္ https://www.sayar.com.mm/subjects.html မွာ ဘာသာရပ္ေပါင္းစံု သင္ေပးေသာ ဆရာ၊ ဆရာမမ်ား ကို အခမဲ့ ဝင္ေရာက္ရ်ာေဖြႏိုင္ပါသည္။

- ဤဝက္ဆိုဒ္တြင္ သင္ယူလိုသည့္ သူမ်ားအေနျဖင့္ ဂီတ၊ ဘာသာစကား၊ ကြန္ျပဴတာ၊ ေကာ်င္းဘာသာရပ္မ်ား၊ ဒီဇိုင္းပညာရပ္မ်ား၊ အႏုပညာ စသည္ျဖင့္ ဘာသာရပ္အမ်ိဳးမ်ိဳးကို အနီးကပ္သင္ေပးေသာ ဆရာ၊ ဆရာမမ်ားကိုရွာေဖြ ႏိုင္ပါသည္။
- ဆရာ၊ ဆရာမမ်ား၏ ကိုယ္ေရးအခ်က္အလက္ အျပည့္ အစံုပါဝင္ေသာေၾကာင့္ အေသးစိတ္ၾကည့္ရွဳႏိုင္ပါသည္။
- ဝင္ေရာက္ၾကည့္ရႈ၊ ရွာေဖြ ပါက ဤလင့္ခ္ sayar.com.mm ေလးကိုသာႏွိပ္လိုက္ပါ။



 

UNICODE

လူတိုင်းလိုလိုချမ်းသာချင်ကြပါတယ်။ ချမ်းသာအောင်လည်း အချိန်တိုင်းကြိုးစားနေကြပါတယ်။ ဒါပေမယ့် ဘာလို့ လူတိုင်းမချမ်းသာတာလဲ။ အချို့ကတော့ ဘဝပေးကုသိုလ်ဆိုပြီး ပြောကြပါလိမ့်မယ်။

ဒါပေမယ့် တကယ်တော့ မဟုတ်ပါဘူး။ မချမ်းသာရခြင်း အကြောင်းအရင်းကတော့ အခြေခံ လိုအပ်ချက်လေးတွေကို တောင် မပြုပြင်နိုင်လို့ပါ။ အောက်မှာပါ အချက်တွေထဲက တစ်ချက်ချက်ကို သင်လုပ်နေပြီဆိုရင်တော့ သင်ချမ်းသာဖို့ဆိုတာ အတော်လေးကိုဖြစ်နိုင်ချေ နည်းသွားပါပြီ။

 

(၁)သင်ဟာ ပိုက်ဆံစုခြင်းကို အရမ်းဝါသနာပါပြီး ပိုက်ဆံပိုမရှာနိုင်ဘူး

ပိုက်ဆံ စုခြင်းက ချမ်းသာဖို့ကြိုးစားတဲ့နေရာမှာ အရေးကြီးပါတယ်။ ဒါပေမယ့် ပိုက်ဆံစုတာချည်းပဲ အာရုံစိုက်နေလို့ မရပါဘူး။ စုတာကိုပဲ အာရုံစိုက်နေရင် သင်လက်ရှိရနေတဲ့ ပိုက်ဆံထက်ဘယ်လို ထပ်ရှာရမလဲကို သင်စိတ်မဝင်စား နိုင်တော့ပါဘူး။ အကယ်၍ ချမ်းသာတဲ့သူတွေလိုတွေးမယ်ဆိုရင် သင်ပိုက်ဆံကုန်သွားမှာကို စိတ်မပူသင့်တော့ပါဘူး။ ပိုက်ဆံပိုရှာနိုင်အောင်ပဲ ဂရုစိုက်သင့်ပါတယ်။

 

(၂) သင်ရင်းနှီးမြုပ်နှံခြင်းမလုပ်သေးဘူး

ပျမ်းမျှအားဖြင့် ချမ်းသာသူတွေဟာ သူတို့ဝင်ငွေရဲ့ ၂၀%ကိုပြန်လည်ရင်းနှီးမြုပ်နှံပါတယ်။ တကယ်တော့ ဘဝမှာ စောစောရင်းနှီးမြုပ်နှံနိုင်လေ ကောင်းလေလေပါပဲ။ အများကြီးမရင်းနှီးနိုင်ရင်တောင် ဖြေးဖြေးချင်းကစလို့ရပါတယ်။ ဒါပေမယ့် စီးပွားရေးလုပ်ငန်းတစ်ခုခုပေါ်မှာ ရင်းနှီးမမြပ်နှံနိုင်သေးရင် သင့်ကိုယ်သင်တိုးတက်အောင် အရင်ရင်းနှီး မြုပ်နှံပါ။ လစာထဲက အနည်းငယ်ကိုဖယ်ပြီး သင့်အရည်အချင်းတွေ တိုးတက်အောင် ပြုလုပ်တဲ့နေရာမှာ သုံးစွဲပါ။

 

(၃) တည်ငြိမ်တဲ့လစာဝင်ငွေပေါ်မှာ သင်သာယာနေတယ်

သာမန်လူတော်တော်များများဟာ သူတို့ရဲ့အချိန်အတွက် ငွေပေးချေခြင်းကို ခံယူလိုလေ့ရှိပါတယ်။ ဥပမာ တစ်လ ကို ဘယ်လောက်၊ တစ်ပတ်ကိုဘယ်လောက်၊တစ်နာရီကိုဘယ်လောက်စသဖြင့်ပေါ့။ ဒါပေမယ့် ချမ်းသာသူတွေက တော့ ဖြစ်ပေါ်လာတဲ့ရလဒ်ပေါ်မူတည်ပြီး ပိုက်ဆံ ရှာပါတယ်။ များသောအားဖြင့် သူများဆီမှာလည်း အလုပ်လုပ် လေ့မရှိပါဘူး။ သူတို့က Self-employedလို့ခေါ်တဲ့ ကိုယ့်ဘာသာကိုယ်အလုပ်ပြန်ခန့်ထားတာမျိုးပဲလုပ်ပါတယ်။ လစာအပေါ်သာယာနေခြင်းဟာ ချမ်းသာခြင်းဆီကိုသွားရာမှာ နှောင့်နှေးစေပါတယ်။

Recommended for you - သင်လိုချင်တဲ့ဘဝတစ်ခုကို သင်ကိုယ်တိုင် ဖန်တီးယူရမှာပါ

 

(၄) သင်ကသင်မတတ်နိုင်တဲ့ပစ္စည်းတွေဝယ်လေ့ရှိတယ်

သင့်ရဲ့လိုအပ်ချက်တိုင်းကို လိုက်လံဖြည့်ဆည်းနေရင် သင်ဘယ်တော့မှ ချမ်းသာမှာမဟုတ်ပါဘူး။ အကယ်၍ ပုံမှန်ထက် ဝင်ငွေတိုးတက်လာရင် သင့်ကိုယ်သင် ပိုမိုကောင်းမွန်တဲ့ Lifestyleတစ်ခုကို မပြောင်းလိုက်ပါနဲ့အုံး။ ဒါဟာ ခက်ခဲတဲ့ အချက်ဖြစ်ပြီးတော်တော်များများမလုပ်နိုင်ပါဘူး။ သန်းကြွယ် သူဌေးတစ်ယောက်ဖြစ်တဲ့ Grant Cardoneက”ရင်းနှီး မြုပ်နှံမှုတွေက ဝင်ငွေသေသေချာချာမဝင်သေးပဲနဲ့ ကျွန်တော်ကား အကောင်းစားမပြောနဲ့ နာရီအကောင်းစားတောင် မဝယ်ခဲ့ပါဘူး”လို့ဆိုခဲ့ပါတယ်။ သင်လည်း လစာတိုးတာနဲ့ iPhoneကောက်ပြီး မဝယ်ပါနဲ့အုံး။

 

(၅) သင်ဟာ သင့်အိမ်မက်နောက်ကိုလိုက်ရဲတဲ့ သတ္တိမရှိဘူး

အကယ်၍ ဘဝမှာ အောင်မြင်ချင်ရင် မိမိလုပ်နေတာကို အရင်ဆုံး ချစ်မြတ်နိုးဖို့လိုပါတယ်။ ဒါ့ကြောင့် သင်ဘာကိုချစ် မြတ်နိုးတယ်ဆိုတာလည်း သိဖို့လိုသလို အိမ်မက်တွေနောက်ကို လိုက်ရဲတဲ့ သတ္တိလည်းရှိဖု့ိလိုပါတယ်။ ဒါပေမယ့် လူ တော်တော်များများကတော့ မိဘရဲ့ရည်မှန်း ချက်နောက်ကိုလိုက်နေ တာများပါတယ်။

 

(၆) သင်ဟာ Comfort Zoneထဲက မထွက်ရဲဘူး

ကိုယ်ပိုင်စီးပွားရေးလုပ်ရင် လက်ရှိဝင်နေတဲ့ လစာလေး မဝင်တော့မှာ စိုးရိမ်ကြတာများပါတယ်။ ဒီလိုနဲ့ သူများအိမ် မက်တွေကိုပုံဖော်ပေးရင်းနဲ့ပဲ သင့်ဘဝကုန်ဆုံးသွားပါလိမ့်မယ်။ အကယ်၍ ဘဝမှာချမ်းသာချင်ရင် စွန့်စားရဲတဲ့သတ္တိ ရှိရပါတယ်။ သက်တောင်သက်သာ ရှိတဲ့နေရာမှာပဲ နေထိုင်နေရုံနဲ့တော့ မချမ်းသာလာပါဘူး။

 

(၇) သင့်ပိုက်ဆံတွေကို ဘယ်လိုအသုံးချမယ်ဆိုတာ ကြိုတင်ပြင်ဆင်ထားခြင်း မရှိဘူး

အကယ်၍ ချမ်းသာချင်တယ်ဆိုရင် ပိုက်ဆံ ကို ဘယ်လိုအကျိုးရှိရှိအသုံးချရမယ်ဆိုတာ သိဖို့လိုပါတယ်။ သင်ရလာတဲ့ ဝင်ငွေကို ဘယ်နေရာတွေမှာသုံးမယ်။ ဘယ်လောက်ကိုစုမယ်၊ ဘယ်လောက်ကိုရင်းနှီးမြုပ်နှံရမှာသုံးမယ် စသဖြင့်သေ သေချာချာသိဖို့လိုပါတယ်။

 

(၈) သင်ကသုံးလို့ပိုတာကိုစုတယ်

သင်က လစာရတာနဲ့ ဘာတွေသုံးရမလဲ စစဉ်းစားပါတယ်။ ပြီးမှလကုန်လို့ ကျန်တာကိုစုတယ်ဆိုရင်တော့ သေချာပါ တယ်။ သင့်မှာ ဘာမှကျန်မှာမဟုတ်ပါဘူး။ ကျန်လည်း နည်းနည်းပါပဲ။ တကယ်တော့ အရင်စုပြီးမှ ပိုတာကို သုံးရမှာ ပါ။ ဝင်ငွေ၁၀%ကိုဖြစ်ဖြစ်စုပါ။ ပြီးမှပိုတာကို ဘာတွေသုံးမလဲ စဉ်းစားပါ။

 

(၉) သင်ကချမ်းသာခြင်းဆိုတာ မဖြစ်နိုင်ပါဘူးလို့ထင်နေတယ်

လူတော်တော်များများက ချမ်းသာခြင်းဆိုတာ ကံကောင်းတဲ့သူတွေဆီကိုပဲ ရောက်ရှိလေ့ရှိတဲ့အရာလို့ ခံယူထားပါ တယ်။ ဒါ့ကြောင့်လည်း အဲ့ဒိလူတော်တော်များများက ဘယ်တော့မှ မချမ်းသာပါဘူး။ မိမိကိုယ်ကိုမှ မယုံရင် ဘာမှ လုပ်လို့မရပါဘူး။ ကြိုးစားသူတိုင်း အတွက်နေရာ ရှိပါတယ်။ သင့်အတွက်လည်းနေရာရှိပါတယ်။အကယ်၍ အထက်ပါအချက်တွေထဲက တစ်ချက်ချက် သင့်မှာရှိနေပြီဆိုရင်တော့ သင်ပြင်ဆင်သင့်ပါပြီ။အကယ်၍ ချမ်းသာချင်တယ်ဆိုရင်ပေါ့။

သင့်ရဲ့အရည်အချင်းတွေကို မြှင့်တင်ချင်တယ် ဆိုရင်တော့ sayar.com.mm မှာရှိတဲ့ ဆရာ၊ ဆရာမများနှင့်ဆက်သွယ်လိုက်ပါ။
ဤလင့် https://www.sayar.com.mm/subjects.html မှာ ဘာသာရပ်ပေါင်းစုံ သင်ပေးသော ဆရာ၊ ဆရာမများ ကို အခမဲ့ ဝင်ရောက်ရျာဖွေနိုင်ပါသည်။

- ဤဝက်ဆိုဒ်တွင် သင်ယူလိုသည့် သူများအနေဖြင့် ဂီတ၊ ဘာသာစကား၊ ကွန်ပြူတာ၊ ကောျင်းဘာသာရပ်များ၊ ဒီဇိုင်းပညာရပ်များ၊ အနုပညာ စသည်ဖြင့် ဘာသာရပ်အမျိုးမျိုးကို အနီးကပ်သင်ပေးသော ဆရာ၊ ဆရာမများကိုရှာဖွေ နိုင်ပါသည်။
- ဆရာ၊ ဆရာမများ၏ ကိုယ်ရေးအချက်အလက် အပြည့် အစုံပါဝင်သောကြောင့် အသေးစိတ်ကြည့်ရှုနိုင်ပါသည်။
- ဝင်ရောက်ကြည့်ရှု၊ ရှာဖွေ ပါက ဤလင့်ခ် sayar.com.mm လေးကိုသာနှိပ်လိုက်ပါ။

 

REF : မိုးရွင္း ( I.M.T)

sayar.com.mm

Read times Last modified on Wednesday, 08 January 2020 11:31
Rate this articles
(4 votes)