×

Warning

JUser: :_load: Unable to load user with ID: 81428


Student

Tuesday, 22 December 2020

Electrolysis Concept အကြောင်း တစ်စေ့တစ်စောင်း

Electrolysis Concept အကြောင်း တစ်စေ့တစ်စောင်း (တက္ကသိုလ်ဝင်တန်း၊ မောင်ငယ်ညီမငယ်များအတွက် ရည်ရွယ်ပါသည်။)

တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုဖို့ လေ့လာနေကြတဲ့ ညီငယ်၊ညီမငယ်တို့အတွက် အသုံးဝင်မယ့် Chemistry Chapter 4 - Electrolysis

 

Electrolysis ကို လေ့လာသောအခါ လျှပ်စစ်စီးဆင်းရခြင်း အကြောင်းကို နားလည်ရပါမယ်။ လျှပ်စစ်စီးရခြင်း မစီးရခြင်းအပေါ်မူတည်၍ Conductor(လျှပ်ကူးပစ္စည်း), Non-conductor(လျှပ်မကူးပစ္စည်း), Electrolyte (လျှပ်ကူးပျော်ရည်) နှင့် Non-electrolyte(လျှပ်မကူးပျော်ရည်) ဆိုပြီး ဂုဏ်ရည် (၄) ခုကွဲပါတယ်။

 

ဒါ့အပြင် Conductor များ လျှပ်စစ်စီးသောသဘာဝနှင့် Electrolyte များ လျှပ်စစ်စီးသောသဘာဝ မတူတာကို ခြားနားစွာ နားလည်ရပါမယ်။

Conductor လျှပ်စစ်စီးရခြင်းမှာ Free Electron သို့မဟုတ် Delocalized Electron ကြောင့် ဖြစ်ပါတယ်။ ဒီ Electron တွေက ဘယ်လို စီးဆင်းလည်း ပြောရရင် ပြင်ပမှ Electron များဝင်လာတဲ့အခါ ကပ်လျက်ရှိတဲ့ Atom တစ်ခုမှတစ်ခုသို့ Electron များ တွန်းထုတ်လိုက်ခြင်း ဖြင့် လျှပ်စစ်စီးတာဖြစ်ပါတယ်။

 

ရေပိုက်ထဲက ရေတွေ စီးသလို အနောက်က ရေမော်လီကျူးက အရှေ့က ရေမော်လီကျူး ကို ဆင့်ကဲဆင့်ကဲ တွန်းထုတ် လိုက်ခြင်း ဖြစ်ပါတယ်။ ဥပမာ ပြောရရင် တစ်တောက်ပစ် တစ်တောက်ထိုး ခဲတံလို တဖက်ကနေတွန်းလိုက်တာနှင့် နောက်တစ်ဖက်ကနေ Electron ထွက်လာခြင်းပါ။

 

ထိုနေရာမှာ မှားယွင်းသာ အယူအဆက Battery ထဲကထွက်လာသော Electron များ Wire ကြိုးမှာ စီးဆင်းနေခြင်းလို့ထင်မြင်ခြင်းဖြစ်ပါသည်။ ထိုအခါ ထို အယူအဆ အမှားကြောင့် Cathode is a source of electron လို့ ပြောသောအခါ Battery က ပို့လိုက်သော Electron တွေကြောင့် ဟု ထင်လိုက်ကြပါတယ်။ 

 

နဂိုကတည်းက Cathode တွင် ရှိနေသာ Electron တွေ လို့မထင်တော့ဘူး။ အမှန်ကတော့ Cathode မှာကိုက Electron ရှိနေတာဖြစ်ပါတယ်။ အကယ်၍ သာ Battery က ဘယ် လောက်ပို့ပို့ Cathode မှာ Electron မရှိဘူးဆိုရင် ဘယ်လိုမှ Battery က Electron တွန်းထုတ် နိုင်မှာ မဟုတ်ဘူးဆိုတာတော့ ပိုပြီးသိထားသင့်တဲ့ အချက်တစ်ချက် ဖြစ်ပါတယ်။

Battery က Electron တစ်လုံး တွန်းထုတ်လိုက် Cathode က Electron တစ်လုံးထွက်လာလိုက် ဖြစ်ခြင်းကြောင့် Source of Electrons သို့မဟုတ် Electron Donor ဟု ခေါ်ခြင်းဖြစ်ပါတယ်။

 

နောက်တစ်ခု လျှပ်စစ်စီးခြင်း ကို ဆွေးနွေးလိုပါတယ်။ Wire တို့ Electrode တို့သည် Conductor ဖြစ်၍ လျှပ်စစ်စီးပါတယ်။ လျှပ်စစ် ဘာကြောင့်စီးလဲ လို့မေးရင် Electron များ ရွှေ့လျားခြင်းကြောင့် ဖြစ်ပါတယ်။

ဒီနေရာမှာ တစ်ခု မေးချင်တာက လျှပ်စစ် တကယ် စီးပါလား။ တကယ်တော့ လျှပ်စစ် စီးခြင်း မရှိပါဘူး။ လျှပ်စစ်စီးခြင်းမှာ စိတ်ကူးယဉ် ဖန်တီးထားခြင်း သာဖြစ်ပါတယ်။ (Physics ဘာသာရပ် လျှပ်စစ် အခန်းတွင် ရှိပါတယ်)

 

ဒီလိုပြောရင် ဟာ လျှပ်စစ် မစီးရင် ဘာလို့ ဓာတ်လိုက်တာလဲ မေးပါလိမ့်မယ်။ ဓာတ်လိုက်တာကလည်း လျှပ်စစ်စီးတာမဟုတ်ပါဘူး ခန္ဒာကိုယ်ထဲကို Electron ဝင် ရောက် လာခြင်းဖြစ်ပါတယ်။

ဥပမာ နဲ့ ရှင်းပြပါမယ်။ ကားတစ်စီးသွားနေပါတယ်။ တကယ်တော့ ကား သွားနေတာလား ကားအပေါ်မှ လူ သွားနေတာလား။ သေသေချာချာ တွေးကြည့်ပါ။ တကယ်တော့ ကား Body နှင့် ကား မောင်းတဲ့ သူ အရှေ့ သို့သွားနေခြင်း မဟုတ်ပါ။ ကားဘီး လေးဘီးသည် အနောက်သို့ ဦးတည်၍ လိမ့်နေခြင်းသာ ဖြစ်ပါတယ်။ ကား Body နှင့် လူက အရှေ့ သို့ သွားနေတာကို သာမြင် ကြတယ်။ တကယ် အလုပ်လုပ်နေတဲ့ ဘီး ၄ ဘီးကို မမြင် ကြသလို ဘီးရဲ့ ဦးတည်ရာနှင့် ကား Body လားရာသည် ဆန့်ကျင်ဖက် ဖြစ်နေတာကိုလည်း သတိမပြုမိကြပါဘူး။

 

ဒီဥပမာကို အမှီပြုပြီး ဘီးဆိုသော Electron တွေက စီးနေတာကို သတိမပြု ဘဲ အရှေ့ သို့ သွားနေသော ကား Body အလား လျှပ်စစ်စီးတာကိုသာ မြင်သောအခါ လျှပ်စစ်စီးတယ်လို့ ထင်ကြခြင်းဖြစ်ပါတယ်။ ဒါကြောင့် လျှပ်စစ် စီးခြင်းဆိုတာ မရှိပါ။ Electron စီးခြင်း သာ ဖြစ်ပါတယ်။ ဒါကြောင့် ဓာတုဗေဒအခန်း(၄) လျှပ်စီးပျော်ရည်များ လျှပ်စစ်စီးခြင်း ကို လေ့လာတဲ့အခါ အခြေခံကျတဲ့ ဒီအချက်လေးတွေကို ကျောင်းသားတွေသိထားဖို့လိုအပ်ပါတယ်။ ဒါ့အပြင် Electrolysis အခန်းက တွက်စာတွေက လွယ်ပေမယ့် ကျောင်းသားအများစုက ကျက်စာတွေပါပြီး ကျက်ရမယ်ဆိုတာကို သတိမပြုမိကြပါဘူး။

 

ဒါကြောင့် ၂၀၁၅ ခုနှစ် ဓာတုမေးခွန်းမှာ အခန်း(၄) နဲ့ ပတ်သက်တဲ့ ကျက်စာတစ်ပုဒ်ကို မေးသွားတဲ့အခါ ကျောင်သားတွေ အတော်လေး ဂယောက်ဂယက်ဖြစ်ခဲ့ကြပါတယ်။ ဒါကြောင့် ကျောင်းသားတွေအနေနဲ့ အခြေခံယူဆချက်တွေအပြင် သင်ရိုးစာအုပ်ပါ အချက်အလက်များကို ကြေညက်စွာနားလည်ဖို့ အရေးကြီးကြောင်း စကားကမ်းလိုက်ရပါတယ်။

 

>>> ဓာတုဗေဒသင်ကြားသော ဆရာ/ဆရာမများကို ရှာဖွေလိုပါလျှင် - https://www.sayar.com.mm/subjects/all-teachers/subject-209.html

 

 

 

Electrolysis Concept အေၾကာင္း တစ္ေစ့တစ္ေစာင္း (တကၠသိုလ္၀င္တန္း၊ ေမာင္ငယ္ညီမငယ္မ်ားအတြက္ ရည္ရြယ္ပါသည္။)

တကၠသိုလ္ဝင္တန္းစာေမးပြဲေျဖဆိုဖို႔ ေလ့လာေနၾကတဲ့ ညီငယ္၊ညီမငယ္တို႔အတြက္ အသုံးဝင္မယ့္ Chemistry Chapter 4 - Electrolysis

 

Electrolysis ကို ေလ့လာေသာအခါ လွ်ပ္စစ္စီးဆင္းရျခင္း အေၾကာင္းကို နားလည္ရပါမယ္။ လွ်ပ္စစ္စီးရျခင္း မစီးရျခင္းအေပၚမူတည္၍ Conductor(လွ်ပ္ကူးပစၥည္း), Non-conductor(လွ်ပ္မကူးပစၥည္း), Electrolyte (လွ်ပ္ကူးေပ်ာ္ရည္) ႏွင့္ Non-electrolyte(လွ်ပ္မကူးေပ်ာ္ရည္) ဆိုၿပီး ဂုဏ္ရည္ (၄) ခုကြဲပါတယ္။

ဒါ့အျပင္ Conductor မ်ား လွ်ပ္စစ္စီးေသာသဘာဝႏွင့္ Electrolyte မ်ား လွ်ပ္စစ္စီးေသာသဘာဝ မတူတာကို ျခားနားစြာ နားလည္ရပါမယ္။

 

Conductor လွ်ပ္စစ္စီးရျခင္းမွာ Free Electron သို႔မဟုတ္ Delocalized Electron ေၾကာင့္ ျဖစ္ပါတယ္။ ဒီ Electron ေတြက ဘယ္လို စီးဆင္းလည္း ေျပာရရင္ ျပင္ပမွ Electron မ်ားဝင္လာတဲ့အခါ ကပ္လ်က္ရွိတဲ့ Atom တစ္ခုမွတစ္ခုသို႔ Electron မ်ား တြန္းထုတ္လိုက္ျခင္း ျဖင့္ လွ်ပ္စစ္စီးတာျဖစ္ပါတယ္။

 

ေရပိုက္ထဲက ေရေတြ စီးသလို အေနာက္က ေရေမာ္လီက်ဴးက အေရွ႕က ေရေမာ္လီက်ဴး ကို ဆင့္ကဲဆင့္ကဲ တြန္းထုတ္ လိုက္ျခင္း ျဖစ္ပါတယ္။ ဥပမာ ေျပာရရင္ တစ္ေတာက္ပစ္ တစ္ေတာက္ထိုး ခဲတံလို တဖက္ကေနတြန္းလိုက္တာႏွင့္ ေနာက္တစ္ဖက္ကေန Electron ထြက္လာျခင္းပါ။ ထိုေနရာမွာ မွားယြင္းသာ အယူအဆက Battery ထဲကထြက္လာေသာ Electron မ်ား Wire ႀကိဳးမွာ စီးဆင္းေနျခင္းလို႔ထင္ျမင္ျခင္းျဖစ္ပါသည္။

 

ထိုအခါ ထို အယူအဆ အမွားေၾကာင့္ Cathode is a source of electron လို႔ ေျပာေသာအခါ Battery က ပို႔လိုက္ေသာ Electron ေတြေၾကာင့္ ဟု ထင္လိုက္ၾကပါတယ္။ နဂိုကတည္းက Cathode တြင္ ရွိေနသာ Electron ေတြ လို႔မထင္ေတာ့ဘူး။ အမွန္ကေတာ့ Cathode မွာကိုက Electron ရွိေနတာျဖစ္ပါတယ္။ အကယ္၍ သာ Battery က ဘယ္ ေလာက္ပို႔ပို႔ Cathode မွာ Electron မရွိဘူးဆိုရင္ ဘယ္လိုမွ Battery က Electron တြန္းထုတ္ ႏိုင္မွာ မဟုတ္ဘူးဆိုတာေတာ့ ပိုၿပီးသိထားသင့္တဲ့ အခ်က္တစ္ခ်က္ ျဖစ္ပါတယ္။

Battery က Electron တစ္လုံး တြန္းထုတ္လိုက္ Cathode က Electron တစ္လုံးထြက္လာလိုက္ ျဖစ္ျခင္းေၾကာင့္ Source of Electrons သို႔မဟုတ္ Electron Donor ဟု ေခၚျခင္းျဖစ္ပါတယ္။

 

ေနာက္တစ္ခု လွ်ပ္စစ္စီးျခင္း ကို ေဆြးေႏြးလိုပါတယ္။ Wire တို႔ Electrode တို႔သည္ Conductor ျဖစ္၍ လွ်ပ္စစ္စီးပါတယ္။ လွ်ပ္စစ္ ဘာေၾကာင့္စီးလဲ လို႔ေမးရင္ Electron မ်ား ေ႐ႊ႕လ်ားျခင္းေၾကာင့္ ျဖစ္ပါတယ္။

ဒီေနရာမွာ တစ္ခု ေမးခ်င္တာက လွ်ပ္စစ္ တကယ္ စီးပါလား။ တကယ္ေတာ့ လွ်ပ္စစ္ စီးျခင္း မရွိပါဘူး။ လွ်ပ္စစ္စီးျခင္းမွာ စိတ္ကူးယဥ္ ဖန္တီးထားျခင္း သာျဖစ္ပါတယ္။ (Physics ဘာသာရပ္ လွ်ပ္စစ္ အခန္းတြင္ ရွိပါတယ္) ဒီလိုေျပာရင္ ဟာ လွ်ပ္စစ္ မစီးရင္ ဘာလို႔ ဓာတ္လိုက္တာလဲ ေမးပါလိမ့္မယ္။ ဓာတ္လိုက္တာကလည္း လွ်ပ္စစ္စီးတာမဟုတ္ပါဘူး ခႏၵာကိုယ္ထဲကို Electron ဝင္ ေရာက္ လာျခင္းျဖစ္ပါတယ္။

 

ဥပမာ နဲ႔ ရွင္းျပပါမယ္။ ကားတစ္စီးသြားေနပါတယ္။ တကယ္ေတာ့ ကား သြားေနတာလား ကားအေပၚမွ လူ သြားေနတာလား။ ေသေသခ်ာခ်ာ ေတြးၾကည့္ပါ။ တကယ္ေတာ့ ကား Body ႏွင့္ ကား ေမာင္းတဲ့ သူ အေရွ႕ သို႔သြားေနျခင္း မဟုတ္ပါ။ ကားဘီး ေလးဘီးသည္ အေနာက္သို႔ ဦးတည္၍ လိမ့္ေနျခင္းသာ ျဖစ္ပါတယ္။ ကား Body ႏွင့္ လူက အေရွ႕ သို႔ သြားေနတာကို သာျမင္ ၾကတယ္။ တကယ္ အလုပ္လုပ္ေနတဲ့ ဘီး ၄ ဘီးကို မျမင္ ၾကသလို ဘီးရဲ႕ ဦးတည္ရာႏွင့္ ကား Body လားရာသည္ ဆန႔္က်င္ဖက္ ျဖစ္ေနတာကိုလည္း သတိမျပဳမိၾကပါဘူး။

ဒီဥပမာကို အမွီျပဳၿပီး ဘီးဆိုေသာ Electron ေတြက စီးေနတာကို သတိမျပဳ ဘဲ အေရွ႕ သို႔ သြားေနေသာ ကား Body အလား လွ်ပ္စစ္စီးတာကိုသာ ျမင္ေသာအခါ လွ်ပ္စစ္စီးတယ္လို႔ ထင္ၾကျခင္းျဖစ္ပါတယ္။

 

ဒါေၾကာင့္ လွ်ပ္စစ္ စီးျခင္းဆိုတာ မရွိပါ။ Electron စီးျခင္း သာ ျဖစ္ပါတယ္။ ဒါေၾကာင့္ ဓာတုေဗဒအခန္း(၄) လွ်ပ္စီးေပ်ာ္ရည္မ်ား လွ်ပ္စစ္စီးျခင္း ကို ေလ့လာတဲ့အခါ အေျခခံက်တဲ့ ဒီအခ်က္ေလးေတြကို ေက်ာင္းသားေတြသိထားဖို႔လိုအပ္ပါတယ္။ ဒါ့အျပင္ Electrolysis အခန္းက တြက္စာေတြက လြယ္ေပမယ့္ ေက်ာင္းသားအမ်ားစုက က်က္စာေတြပါၿပီး က်က္ရမယ္ဆိုတာကို သတိမျပဳမိၾကပါဘူး။

ဒါေၾကာင့္ ၂၀၁၅ ခုႏွစ္ ဓာတုေမးခြန္းမွာ အခန္း(၄) နဲ႔ ပတ္သက္တဲ့ က်က္စာတစ္ပုဒ္ကို ေမးသြားတဲ့အခါ ေက်ာင္သားေတြ အေတာ္ေလး ဂေယာက္ဂယက္ျဖစ္ခဲ့ၾကပါတယ္။ ဒါေၾကာင့္ ေက်ာင္းသားေတြအေနနဲ႔ အေျခခံယူဆခ်က္ေတြအျပင္ သင္႐ိုးစာအုပ္ပါ အခ်က္အလက္မ်ားကို ေၾကညက္စြာနားလည္ဖို႔ အေရးႀကီးေၾကာင္း စကားကမ္းလိုက္ရပါတယ္။

 

>>> ဓာတုေဗဒသင္ၾကားေသာ ဆရာ/ဆရာမမ်ားကို ရွာေဖြလိုပါလွ်င္ - https://www.sayar.com.mm/subjects/all-teachers/subject-209.html

Read times
Rate this articles
(1 Vote)