×

Warning

JUser: :_load: Unable to load user with ID: 81428


Lifestyle

Wednesday, 26 December 2018

အားလပ်ရက်အချိန်တွေကို ဘယ်လိုအသုံးချမလဲ

ရုံးပိတ်ရက်တွေ အားလပ်ရက်တွေမှာ ဘာလုပ်သင့်လဲ။ အောင်မြင်သူတွေကရော ဘယ်လိုကုန်ဆုံးလေ့ရှိလဲ။ သင့်ရဲ့ အားလပ်ရက်တွေကိုရော ဘယ်လိုကုန်ဆုံးသင့်လဲဆိုတာ လေ့လာကြည့်ရအောင်။

၁။ အလုပ်တွေနဲ့ ကင်းအောင်နေပါ
အောင်မြင်သူတွေဟာ အလုပ်လုပ်ရမယ့်နေ့ရက်တွေမှာ လုပ်စရာရှိတာတွေကို အပြီးလုပ်ဆောင်လေ့ရှိပါတယ်။ ဒါ့ကြောင့် ရုံးပိတ်ရက်၊ နားရက်တွေမှာ အလုပ်တွေအားလုံးကို ခဏပစ်ချထားပြီး အပြည့်အ၀အနားယူလေ့ရှိပါတယ်။ အလုပ်ထဲက စိတ်ဖိစီးမှုတွေကို ပိတ်ရက်အထိ ပါမလာပါစေနဲ့။ ဒါ့အပြင် မပြီးပြတ်သေးတဲ့အလုပ်တွေကလည်း သင့်ရဲ့ ရုံးပိတ်ရက်ကို အနှောင့်အယှက်ပေးနိုင်တဲ့အတွက် ရုံးဖွင့်ရက်မှာပဲ အလုပ်တွေကို အပြီးလုပ်ထားပါ။

၂။ အနားယူပါ
အောင်မြင်သူတွေမှာလည်း စိတ်ဓာတ်ကျ၊ စိတ်အားငယ်တဲ့အချိန်တွေရှိပါတယ်။ ဘယ်သူမှ အချိန်ပြည့် ခွန်အားအပြည့်နဲ့ တက်ကြွမနေနိုင်ပါဘူး။ ပင်ပန်းလာပြီဆိုရင် ဘာကိုမှမလုပ်ချင်တော့လောက်အောင် ဖြစ်လာပါလိမ့်မယ်။ ဒါ့ကြောင့် အလုပ်နားရက်တွေမှာ အပြည့်အ၀ပြန်လည်အနားယူဖို့ လိုအပ်ပါတယ်။ အလုပ်နားရက်မှာ စိတ်ရောကိုယ်ပါ အပြည့်အ၀အနားယူခြင်းအားဖြင့် လာမယ့်ရက်သတ္တပတ်မှာ အားသွန်ခွန်စိုက် အလုပ်ပြန်လုပ်နိုင်မှာ ဖြစ်ပါတယ်။

၃။ သင့်ကိုယ်သင် စိန်ခေါ်ပါ
အားလပ်ရက်မှာ ကိုယ့်ကိုယ်ကိုယ် စိန်ခေါ်တဲ့အနေနဲပ လေ့ကျင့်ခန်းတွေ လုပ်ပါ။ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းတွေဟာ သင့်ရဲ့ခန္ဓာကိုယ်အတွက်သာမက စိတ်ကိုပါ အထောက်အကူဖြစ်စေပါတယ်။ အားလပ်ရက်မှာ စက်ဘီးစီးတာ၊ ကစ်ဘောက်ဆင်ကစားတာ စသဖြင့် သင်အရင်က မလုပ်ဖူးတဲ့ အရာတွေကို ကြိုးစားလုပ်ဆောင်ကြည့်ပါ။

၎။ အခြားအရည်အချင်းတွေကို တိုးတက်အောင်လုပ်ပါ
အောင်မြင်သူတွေဟာ အာရုံစူးစိုက်မှုကောင်းကြပါတယ်။ ဒါပေမယ့် သူတို့ဟာ နယ်ပယ်တစ်ခုမှာ ကျွမ်းကျင်နေရုံနဲ့ ကျေနပ်နေကြတာတော့ မဟုတ်ပါဘူး။ ဒါ့ကြောင့် ဂီတ၊ ပန်းချီ စတဲ့ အနုပညာတစ်ခုခုကို လေ့လာလိုက်စားတာ၊ နိုင်ငံခြားဘာသာစကားတစ်ခုခုကို လေ့လာသင်ယူတာ စသဖြင့် အခြားအရည်အချင်းတွေ တိုးတက်အောင် ကြိုးစားကြပါတယ်။ သင့်အနေနဲ့လည်း အားလပ်ရက်တွေမှာ အခြားစိတ်ဝင်စားတဲ့ အရည်အချင်းတွေ တိုးတက်အောင် လေ့လာသင်ယူသင့်ပါတယ်။

၅။ မိသားစုအတွက် အချိန်ပေးပါ
ရုံးပိတ်ရက်အားလပ်ချိန်ဟာ မိသားစုအတွက် အချိန်ပေးဖို့ အကောင်းဆုံးအချိန်ပါပဲ။ ဒါ့အပြင် လုပ်ချင်တာလေးတွေကို လုပ်ဖို့ အကောင်းဆုံးအချိန်လည်း ဖြစ်ပါတယ်။ မိသားစုကို အချိန်ပေးပါ။ သူတို့နဲ့အတူ ပျော်ရွှင်စရာ အခိုက်အတန့်တွေကို ဖန်တီးပါ။

၆။ စိတ်ကူးဥာဏ်သစ်တွေ ပွင့်လင်းပါစေ
တစ်ခါတစ်လေမှာ အကောင်းဆုံး စိတ်ကူးနဲ့ အကြံဥာဏ်တွေဟာ အနားယူနေချိန်မှာမှ ထွက်ပေါ်လာတတ်ပါတယ်။ အလုပ်များနေချိန်မှာ စိတ်ကူးဥာဏ်သစ်တွေက ပွင့်လင်းလာနိုင်ဖို့ ခက်ခဲပါတယ်။ ဒါ့ကြောင့် အားလပ်ရက်တွေမှာ စိတ်ကူးဥာဏ်သစ်တွေ ရရှိနိုင်ဖို့ စဉ်းစားပါ။

၇။ လာမယ့်သီတင်းပတ်အတွက် ပြင်ဆင်ပါ
အားလပ်ရက် ရုံးပိတ်ချိန်မှာ အနားယူမယ်၊ အရည်အချင်းသစ်တွေကို လေ့လာသင်ယူမယ်၊ မိသားစုကို အချိန်ပေးမယ် စသဖြင့် လုပ်ဆောင်ပြီးရင် လာမယ့်သီတင်းပတ်အတွက် ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဆောင်ထားသင့်ပါတယ်။ လာမယ့်သီတင်းပတ်အတွင်းမှာ အပြီးသတ်လုပ်ဆောင်မယ့် ရည်မှန်းချက်တွေ၊ အလုပ်ကိစ္စတွေအတွက် လိုအပ်တာတွေကို ကြိုတင်ပြင်ဆင်ပါ။ ဒါမှသာ လာမယ့်သီတင်းပတ်မှာ လုပ်စရာရှိတာတွေကို အဆင်ပြေပြေနဲ့ အပြည့်အ၀လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။

Source: Gentleman

Read times Last modified on Wednesday, 29 January 2020 10:21
Rate this articles
(1 Vote)