×

Warning

JUser: :_load: Unable to load user with ID: 81428


Student

Tuesday, 29 December 2020

ကနေဒါမှာ ကျောင်းတက်ဖို့ မြန်မာကျောင်းသားတွေကို သီးသန့်ပေးမယ့် FULL SCHOLARSHIP

ကနေဒါမှာ ကျောင်းတက်ဖို့ မြန်မာကျောင်းသားတွေကို သီးသန့်ပေးမယ့် FULL SCHOLARSHIP

ဒီလို English Speaking Countries တွေမှာ ပေးတဲ့ Undergraduate Scholarship က အလွန်ရှားပါတယ်။ မရှိဘူးလို့တောင် ပြောလို့ရပါတယ်။ ဘာလို့ရှားလည်းဆိုတော့ ကျောင်းစရိတ်နဲ့ နေထိုင်စားသောက်စရိတ်က အရမ်းကို ဈေးကြီးလို့ပါ။ ခုစကောလားရှစ်ပေးမယ့်သည်ကျောင်းမှာ ကိုယ့်ပိုက်ဆံနဲ့ကိုသွားတက်မယ်ဆိုရင် တစ်နှစ်ကို အနည်းဆုံး မြန်မာငွေ သိန်း ၅၀၀ လောက်ကုန်ကျမှာ ဖြစ်ပါတယ်။

 

ဒီပညာသင်ဆုမှာ ရွေးချယ်ခံရပါက ကနေဒါမှာရှိတဲ့ Wilfrid Laurier University မှာ (၄) နှစ်တာ တက်ရောက်သင်ယူရမှာ ဖြစ်ပါတယ်။ ကျောင်းစရိတ်ကို International Students Overcoming Wars (ISOW) ကထောက်ပံ့ပေးမှာ ဖြစ်ပြီးတော့ လစဉ်နေထိုင်စားသောက်စရိတ်နဲ့ လေယာဉ်စရိတ်ကို Prospect Burma ကထောက်ပံ့ပေးမှာဖြစ်ပါတယ်။

 

>>> ပြီးရင် သည်ပညာသင်ဆုက မြန်မာကျောင်းသားတွေကို သီးသန့်ပေးမှာပါ။ ကနေဒါမှာ ကျောင်းတက်ဖို့ မြန်မာကျောင်းသားတွေကို သီးသန့်ပေးတဲ့ စကောလားရှစ်က ဒါပထမဆုံးပဲထင်တယ်။ ကျတော်တော့ ခုမှတွေ့ဖူးတယ်။ အရင်တုန်းက မတွေ့ဖူးဘူး။

>>> ဒီပညာသင်ဆုလျှောက်ဖို့ Application Fee လည်းမပေးရတာမို့ သေချာပြင်ဆင်ပြီး လျှောက်စေချင်ပါတယ်။

>>> IELTS တွေကြိုတင်ပြင်ဆင်ထားကြနော်

>>> လျှောက်လို့ရတဲ့ မေဂျာတွေကလည်း အများကြီးမှ အများကြီးပါပဲ။ Business, Environment, Education, Health, Computer Science, စတာတွေ ပါပါတယ်။ ကနေဒါမှာ ကျောင်းတက်ချင်တဲ့အိမ်မက်တွေရှိရင် အကောင်အထည်ဖော်နိုင်ကြပါစေ။



ဒီပညာသင်ဆုနဲ့ ပတ်သက်ပြီး အသေးစိတ်ကို အောက်မှာ တတ်နိုင်သလောက် အရှင်းဆုံးရေးပေးထားပါတယ်။
#ပညာသင်ဆုမှာဘာတွေပါဝင်လဲ
• ကျောင်းစရိတ်ကင်းလွတ်ခွင့်
• လစဉ်နေထိုင်စားသောက်စရိတ်
• လေယာဉ်စရိတ်

 

#ဘယ်ဘာသာရပ်တွေအတွက်လျှောက်လို့ရလဲ
Information & Digital Technology
•Business Administration (BA) & Computer Science (BCS) Double Degree
• Computer Science
• Business Technology Management (BBTM)
• Digital Media & Journalism (BA)

 

Law
•Law & Society (BA)
• Law (LLB)

 

Communications/Journalism
•Communication studies(BA)

 

Ecology, Environment & Sustainability studies, Maritime Conservation
•Environmental study(BA) (MES)
•Environmental Science(BSc)
•Social and Environmental Justice(BA)

 

Public Administration, Policy and Governance
•Public Safety(BA)

 

Finance, Accounting & Compliance
•Business Administration(BA) & Finance Mathematics(BA) Double Degree
•Economic and Finance management(BA)
•Economic and Accounting(BA)
•Finance and Mathematics(BSc)
•Economic and Finance management(BA)

 

History and Cultural Studies
• Religion and Culture (BA)
• Cultural Studies (BA)

 

Public Health
• Community Health (BA)
• Health Administration (BA)
• Health Science (BSc)

 

Education(General)
• Education (BEd)
• International Education Studies (BA)

(ဘာသာရပ်တွေမကျန်အောင် သေချာResearchလုပ်ပြီးတော့ ရှာထားပါတယ်။ အကယ်လို့ကျန်ခဲ့တာတွေရှိမှာစိုးလို့ Website ကနေလည်းရှာဖတ်ကြည့်အုံးနော်)

 

#ဘယ်သူတွေလျှောက်လို့ရလဲ
• မြန်မာနိုင်ငံသားဖြစ်ရပါမယ်။
• လက်ရှိမြန်မာနိုင်ငံတွင် နေထိုင်လျက်ရှိပြီး မြန်မာနိုင်ငံတွင် နေထိုင်သောသူကို ဦးစားပေး ရွေးချယ်ပါမယ်။
• မိသားစုငွေရေးြကေးရေးအခက်အခဲရှိသူ ဖြစ်ရပါမယ်။
• ကျာင်းပြီးလို့ ဘွဲ့ရတဲ့အခါမှာ အမိမြန်မာနိုင်ငံ ပြန်လာပြီး မြန်မာနိုင်ငံ၏ဖွဲ့ဖြိုးတိုးတက်မှုဆိုင်ရာ လုပ်ငန်းတွေမှာ တက်ကြွစွာ ပါဝင်ဖြည့်ဆည်းကူညီပေးနိုင်လိုသူ ဖြစ်ရပါမယ်။

 

#ဘာစာရွက်စာတမ်းတွေလိုအပ်လဲ
• ဆယ်တန်းအမှတ် / နောက်ဆုံးတက်ရောက်ခဲ့သော အတန်းရဲ့ အမှတ်စာရင်း
• ဆယ်တန်းအောင်လက်မှတ်
• Recommendation Letter (၂) စောင်
• Passport
• IELTS, ...

 

#ဘယ်လိုလျှောက်ရမလဲ
•Prospect Burma Scholarship (ပညာသင်ဆု)ကို အရင်ဆုံးလျှောက်ရပါမယ်။ ပညာသင်ဆုအတွက် ပဏာမစာရင်းထဲ ရွေးချယ်ခံရမှသာ ကနေဒါက တက္ကသိုလ်ကို လျှောက်ရပါမယ်။

လျှောက်နည်းအဆင့်ဆင့်ကိုအောက်မှာ Step by Step အသေးစိတ်ပြောထားပါတယ်။
⭕ STEP 1 : အပေါ်ကလိုအပ်တဲ့စာရွက်စာတမ်းတွေစုပါ။
⭕ STEP 2 : အက်ဆေးရေးပါ။
အက်ဆေး(၂) ပုဒ်ရေးရပါမယ်။ တစ်ပုဒ်ကို စာလုံးရေ - 500 Words

(1)BIOGRAPHY : Please explain how your personal and education journey has led you to this point of applying for this scholarship. Please provide information regarding how your skills, experiences, and interest relate to your degree and subject choice.

(2) FUTURE PLAN : Please tell us about your future plans and how you intend to benefit Myanmar after graduation. Please discuss this with reference to your chosen country of study, university, degree and subject.

⭕ STEP 3 : အပေါ်ကဟာပြင်ဆင်ပြီးသွားရင် အောက်က Link ထဲဝင်ပြီး လိုအပ်တာတွေကို ဖြည့်ပြီးတင်ရုံပါပဲ။
https://sforce.co/37VsPbh

Form မဖြည့်ခင်မှာ (https://bit.ly/3rElCUS) Link ထဲဝင်ပြီး သေချာ အသေးစိတ်ဖတ်ရန် အရေးကြီးပါတယ်။


#သည်ပညာသင်ဆုလျှောက်ဖို့အနည်းဆုံးရှိရမယ့်IELTS_TOEFLအမှတ်ရှိလား 

သည်ပညာသင်ဆုလျှောက်ဖို့အနည်းဆုံးရှိရမယ့်IELTS / TOEFLအမှတ်ကန့်သတ်ချက်မရှိပါဘူး။ ကျောင်းလျှောက်တဲ့အခါမှသာ IELTS / TOEFL အမှတ်လိုတာပါ။ ကျောင်းလျှောက်မယ်ဆိုရင်တော့ IELTS စတာတွေ မဖြစ်မနေ လိုပါတယ်။

 

#ကနေဒါကWilfrid_Laurier_Universityလျှောက်ဖို့အနည်းဆုံးသတ်မှတ်ထားတဲ့အင်္ဂလိပ်စာအမှတ်ကဘယ်လောက်လဲ
•IELTS - 6.5 , TOEFL - 83,...

 

#Deadlineဘယ်တော့လဲ
January 31st, 2021 (5:00 PM)

 

#အင်တာဗျူးဖြေရမယ့်စာရင်းထဲပါမပါဘယ်တော့အကြောင်းကြားမလဲ
April 30th, 2021

 

#အင်တာဗျူးဘယ်တော့ဖြေရမှာလဲ
2021 မေလလယ်မှာ အင်တာဗျူးဖြေရပါမယ်။

 

#FinalResultဘယ်တော့သိရမှာလဲ
2021 ဇွန်လနောက်ဆုံးပတ်တွင် Final Result သိရပါမယ်။
ပညာသင်ဆုနဲ့ပတ်သက်ပြီး အသေးစိတ် သိရှိလိုပါက (https://bit.ly/2JrAy7j) Link ကနေ ဖတ်နိုင်ပါတယ်။

#ပညာသင်ဆုနဲ့ပတ်သက်ပြီးအခြားသိချင်တာတွေရှိရင်  - This email address is being protected from spambots. You need JavaScript enabled to view it. ကိုEmail ပို့ပြီး မေးမြန်းနိုင်ပါတယ်။

 

 



 



 






• လေယာဉ်စရိတ်

• Computer Science

 

Law
•Law & Society (BA)
• Law (LLB)

 


 


 

•Public Safety(BA)

 


 

• Cultural Studies (BA)

 

Public Health
• Community Health (BA)
• Health Science (BSc)

 

Education(General)
• Education (BEd)


 

• မိသားစုငွေရေး​ကြေးရေးအခက်အခဲရှိသူ ဖြစ်ရပါမယ်။

 

• ဆယ်တန်းအောင်လက်မှတ်
• Passport
• IELTS, ...

 

#ဘယ်လိုလျှောက်ရမလဲ
⭕ STEP 2 : အက်ဆေးရေးပါ။




 


 


 

•IELTS - 6.5 , TOEFL - 83,...

 

#Deadlineဘယ်တော့လဲ

 

April 30th, 2021

 


 



အားလုံးကံကောင်းကြပါစေ

Read times
Rate this articles
(0 votes)