×

Warning

JUser: :_load: Unable to load user with ID: 81428


Knowledge

Monday, 08 October 2018

ဘဝမှာနေပျော်ချင်သူတို့အတွက် ဥပဒေသ (၁၀) ချက်

ဘဝမှာနေပျော်ချင်သူတို့အတွက် ဥပဒေသ (၁၀) ချက် google.com

၁။ ကိုယ့်ကို အကူအညီမတောင်းမချင်း သူတပါးအလုပ်ကို ဝင်မစွက်ဖက်မိအောင် ပြုမူနေထိုင်ပါ။


၂။ ခွင့်လွှတ်နားလည်ပေးနိုင်တဲ့ စိတ်ဓာတ်မွေးမြူနိုင်အောင် ကြိုးစားပါ။


၃။ လိုချင်စိတ်တော့ထားပါ။ သို့သော် ငတ်ကြီးမကျမိအောင်ကိုယ့်လောဘကို ထိမ်းနိုင်အောင်ကြိုးစားပါ။


၎။ တစ်ဖက်သားအပေါ် မနာလိုဝန်တိုစိတ် မဖြစ်မိစေရန် ကိုယ့်စိတ်ဓာတ်ကို မြှင့်တင်ထားပါ။


၅။ ကိုယ့်ဘဝကို ကိုယ်တိုင်ပြောင်းလဲမှ ရနိုင်မည်ဆိုသည့်အသိမျိုးကို အမြဲပျိုးထောင်ပေးထားပါ။


၆။ ကိုယ့်ရဲ့ မကောင်းတဲ့အမူအကျင့်ကို လွယ်ကူစွာ ကုစားနိုင်သူဖြစ်အောင် ကြိုးစားပါ။


၇။ မရဲဘဲ ကျွဲလှည်းစီးချင်တဲ့စိတ်ဓာတ်မျိုး မမွေးမိအောင် ကြိုးစားပါ။


၈။ ကောင်းမှုတစ်ခုကို နေ့စဉ်ပြုလုပ်လိုတဲ့စိတ်ဓာတ် မွေးမြူထားပါ။


၉။ ပူဆွေးဝမ်းနည်းမှုတွေနဲ့အတူ အချိန်မဆွဲမိအောင် ကြိုးစားပါ။


၁၀။ ဘယ်တော့မှ သတိလက်လွတ်မဖြစ်စေရအောင် ကြိုးစားနေထိုင်ပါ။

 

Recommended for you - သင်ဘယ်တော့မှ ချမ်းသာမှာမဟုတ်ဘူးဆိုတာ သေချာစေတဲ့အချက် (၉) ချက်

 

Recommended for you - စာသင်ကျောင်းများရှေ့တွင် မျဉ်းဝါကြားများ ပြုလုပ်ပေးမည်

 

Credit; ထာဝရအလင်းတန်းများ 

Read times Last modified on Wednesday, 29 January 2020 10:55
Rate this articles
(1 Vote)