ခုခေတ်မှာ IQ မြင့်ဖို့ထက် EQ မြင့်ဖို့က အောင်မြင်မှုအတွက် ပိုအရေးပါတယ်လို့ လက်ခံလာကြပါတယ်။
တချို့အနုပညာသမားတွေ၊ အားကစားသမားတွေ၊ ပညာရှင်တွေဟာ သက်ဆိုင်ရာနယ်ပယ်မှာတော့ ပါရမီရှင်လို့ ပြောရလောက်အောင် ထူးချွန်ကြပေမဲ့ EQ ကနိမ့်နေတဲ့အခါမှာ ထင်သလောက် မအောင်မြင်တာ၊ အောင်မြင်မှုက မကြာရှည်တာမျိုးတွေ တွေ့ဖူးကြမှာပါ။ ဒါကြောင့် EQ မြင့်ဖို့ အရေးကြီးပါတယ်။
ကိုယ်ဟာ EQ မြင့်တဲ့သူ ဟုတ်မဟုတ် ဆိုတာကိုတော့ ဒီအချက်တွေနဲ့ ဆန်းစစ်ကြည့်လို့ ရပါတယ်...
၁။ Intrapersonal skill
ကိုယ့်ရဲ့စိတ်ခံစားချက်ကို ဘယ်လောက်ထိ ထိန်းချုပ်နိုင်သလဲဆိုတဲ့ အရည်အချင်းပါ။
ငါက ဒေါသထွက်ရင် ထိန်းမရဘူး၊ ငါ့ကို လာကျောရင် ပြန်ကျောလိုက်ရမှ ဆိုတာတွေက အဲဒီအရည်အချင်း အားနည်းတာကို ပြပါတယ်။ ပုထုဇဉ်လူသားတွေပဲမို့ ဒေါသထွက်တတ်ကြတယ်၊ ဝမ်းနည်းတတ်ကြတယ်၊ အသည်းကွဲတယ်၊ စိတ်လေတယ်၊ အပျော်လွန်သွားတယ်၊ စိတ်ဓါတ်ကျတယ်၊ မျိုးစုံသော စိတ်ခံစားမှုတွေ ရှိပါတယ်။ ဒါတွေ ဖြစ်လာတဲ့အချိန်မှာ ကိုယ့်ကိုကိုယ် သတိထားမိပြီး အချိန်မီ ထိန်းချုပ်နိုင်ဖို့ လိုပါတယ်။ အဲဒီလို ကိုယ့်ရဲ့စိတ်ခံစားချက်ကို မထိန်းချုပ်နိုင်တဲ့အခါ မလိုအပ်ဘဲ အလုပ်မှာ အဆင်မပြေ ဖြစ်ရတယ်၊ ဆက်ဆံရေးတွေ ပျက်စီးကြရပါတယ်။
၂။ Interpersonal skill
တခြားသူများနဲ့ ပေါင်းသင်းဆက်ဆံနိုင်တဲ့ အရည်အချင်း ဖြစ်ပါတယ်။ ဒီနေရာမှာ စဉ်းစားစရာတွေ အများကြီး ရှိပါတယ်။ ရုံးတစ်ခုမှာ၊ ဆိုကြပါစို့၊ ရှိသမျှ ဝန်ထမ်းအားလုံးက အကျင့်ပျက်တယ်၊ လာဘ်ယူတယ်၊ တစ်ယောက်ကပဲ ဒါမျိုးတွေ လုံးဝမလုပ်တော့ သူ့ကို အားလုံးက မုန်းတယ်၊ အပေါင်းအသင်း အဆက်အဆံ မလုပ်ဘူး။ ဒါမျိုးကို EQ နိမ့်တယ် ပြောလို့ရသလား။
နောက်ပြီး အပေါင်းအသင်းတော့ များတယ်၊ ပေးနိုင်ကမ်းနိုင်၊ ကျွေးနိုင်မွေးနိုင်လို့ဖြစ်ဖြစ်၊ ရယ်စရာဟာသတွေ သိပ်ပြောလို့ဖြစ်ဖြစ်ပေါ့။ အဲဒီလိုဖြစ်တာနဲ့ EQ မြင့်ပြီလား။ အထက်လူကြီးတွေကိုတော့ ဝင်တတ်၊ ထွက်တတ်လို့ ဆက်ဆံရေးအဆင်ပြေပြီး ကိုယ့်အောက်ကလူကျ နှိမ့်ချဆက်ဆံတတ်တဲ့သူမျိုးဆိုရင်ရော။
လူဆိုတာ ကိုယ့်ထက်နိမ့်တဲ့သူကို သနားဖို့ လွယ်တယ်၊ ကိုယ့်ထက်သိပ်မြင့်တဲ့သူကိုလည်း အားကျဖို့ လွယ်ပါတယ်။ တန်းတူလောက်ရှိတဲ့သူ၊ သိပ်မကွာတဲ့သူတွေအပေါ်သာ မုဒိတာပွါးဖို့ ခက်ကြတာပါ။
တကယ်တမ်းတော့ Interpersonal skill မြင့်တယ်ဆိုတာဟာ လူတစ်ဖက်သားကို ဘယ်လောက်ထိ လေးလေးစားစား ဆက်ဆံနိုင်သလဲ၊ ဘယ်လောက်ထိ ဖြည့်တွေးပေးနိုင်သလဲ ဆိုတဲ့ အရည်အချင်းပဲ ဖြစ်ပါတယ်။ သူ့မှာလည်း ခိုင်မာတဲ့ယုံကြည်ချက်ရှိတယ်၊ တစ်ဖက်မှာရှိနေတဲ့၊ သူနဲ့မတူတဲ့ ယုံကြည်ချက်ကိုလည်း လေးစားတယ်၊ လူတွေအားလုံးမှာ တန်ဖိုးတစ်ခုစီတော့ ရှိကြတယ်လို့ မြင်တယ်။
ဘယ်သူ့ကိုမှလည်း အောက်မကျို့သလို ဘယ်သူ့ကိုမှ အထက်စီးက မဆက်ဆံဘူး။ အကြောင်းကိစ္စတိုင်းမှာ သူဘယ်လိုများနေမလဲ၊ သူဘာလို့များဒီလိုလုပ်တာလဲ ဆိုပြီး သူတစ်ပါးဘက်ကနေ ထည့်စဉ်းစားပေးတတ်ကြတယ်။ ဘယ်တော့မှ သူ့တစ်ဖက်တည်း မကြည့်တတ်ကြဘူး။ဒီလိုအရည်အသွေးမျိုးရှိမှ Interpersonal skill မြင့်တယ် သတ်မှတ်လို့ ရပါမယ်။
၃။ Flexibility & Adaptability
Smartness ဆိုတာ အခြေအနေအသစ်တစ်ခုမှာ ဘယ်လောက်မြန်မြန် အသားကျသလဲ၊ ပညာရပ်တစ်ခုကို ဘယ်လောက်မြန်မြန်သင်ယူနိုင်သလဲဆိုတာကို ခေါ်တာပါ။ ခုခေတ်လို ဒီနေ့နဲ့မနက်ဖြန်တောင် သိပ်မတူချင်တော့တဲ့ ကာလမှာ ဒီအရည်အသွေးက အရေးပါလာပါတယ်။ ကိုယ်သိထားတဲ့အတိုင်း၊ ကိုယ်လုပ်နေကျအတိုင်းပဲ၊ လွယ်လွယ်နဲ့မပြောင်းနိုင်ဘူး၊ အခြေအနေသစ်တစ်ခုမှာ အခြေကျဖို့ သိပ်ခက်နေတယ်ဆိုရင် အဲဒါကို ပြင်နိုင်ဖို့ လိုပါတယ်။
၄။ Self confident & open minded
အရပ်ပုတာချင်း တူပေမဲ့ တစ်ယောက်က ဒါနဲ့ပတ်သက်ပြီး အငုံ့စိတ်ရှိနေတဲ့အခါမှာ နည်းနည်းလေးမှ အစအနောက်မခံဘူး၊ အရမ်း Sensitive ဖြစ်တယ်။ သူ့ကိုပုတယ်ပြောလိုက်တာနဲ့ ပြန်ချေပတယ်၊ စိတ်သိပ်ဆိုးတယ်။ နောက်တစ်ယောက်ကတော့ စိတ်ဆိုးဖို့မပြောနဲ့၊ သူများမပြောခင်တောင် သူက အရင်စပြောနေလိုက်သေးတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူ့အရပ်အမောင်းနဲ့ ပတ်သက်ပြီး အားငယ်မနေဘူး။ လူပုံပန်းသွင်ပြင်ဟာ လူတစ်ယောက်ရဲ့တန်ဖိုးကို အဆုံးအဖြတ် မပေးနိုင်ဘူးဆိုတာကို ကောင်းကောင်းသိထားတယ်။ တချို့ကျ ကိုယ့်ကိုကိုယ်အရမ်းကြော်ငြာတယ်၊ ကိုယ်တော်ကြောင်းတတ်ကြောင်း လူသိပ်သိစေချင်တယ်၊ အချီးကျူးခံချင်တယ်၊ အလေးစားခံချင်တယ်။ အဲဒါတွေဟာ ကိုယ့်ကိုကိုယ် ယုံကြည်မှုမရှိတာ၊ အငုံ့စိတ်ဝင်နေတာကို ပြပါတယ်။
၅။ Stress management
ဘဝမှာ အောင်မြင်ချင်တဲ့သူတိုင်း မလွဲမသွေ ရင်ဆိုင်ရမှာတစ်ခုကတော့ စိတ်ဖိစီးမှုပါပဲ။ ယူရတဲ့တာဝန်က ကြီးလာလေလေ၊ ကိုယ့်နောက်မှာပါလာတဲ့လူတွေ များလာလေလေ၊ စိတ်ဖိစီးမှုကလည်း ကြီးလာလေလေပဲ။ အရည်အချင်းရှိပေမဲ့ အဲဒီ Stress ကို မခံနိုင်တဲ့အခါမှာ မတိုးတက်လာကြတာတွေ မြင်ဖူးမယ်ထင်ပါတယ်။
ဒါကြောင့် စိတ်ဖိစီးမှုတွေကို ဘယ်လောက်ထိ ထိန်းချုပ်နိုင်သလဲ၊ ထွက်ပေါက်ပေးနိုင်သလဲ ဆိုတာ အရေးကြီးပါတယ်။ ဘာမဟုတ်တာလေးအတွက် သတ်သေကြတာ၊ အကြီးအကျယ် ခံစားနေကြတာတွေ၊ အလဟဿ အချိန်ဖြုန်းပြီး အပျော်အပါးနောက် လိုက်ရင်း ထွက်ပေါက်ပေးလိုက်တာတွေက စိတ်ဖိစီးမှုကို ကောင်းကောင်းမကိုင်တွယ်နိုင်ဘူးဆိုတဲ့သဘောပါပဲ။
၆။ General Mood
တစ်ခါတုန်းက အဖိုးကြီးတစ်ယောက် အိပ်နေတုန်း သူရဲ့ မုတ်ဆိတ်မှာ သူ့မြေးလေးတွေက နောက်ပြောင်တဲ့သဘောနဲ့ အင်မတန်အနံ့ပြင်းတဲ့ ခရင်မ်တွေ သွားသုတ်ထားသတဲ့။ အဲဒါနဲ့ အဖိုးကြီးကနိုးလာတော့ အဲဒီအနံ့ဆိုးဆိုးကြီးကို ရနေတာပေါ့။ "သန့်ရှင်းရေးဝန်းထမ်းဘဝမှ စင်္ကာပူ က နာမည်ကျော် သူဌေးကြီး ဖြစ်လာသူ"
ဘယ်နားမှာလဲ လိုက်ရှာတယ်၊ မီးဖိုချောင်ထဲသွားတော့လည်း ဒီအနံ့၊ အိမ်ရှေ့ထွက်တော့လည်း ဒီအနံ့၊ ဘယ်သွားသွား အနံ့က ရနေတော့ သူက ပြောလိုက်တယ်၊ ဟာ နေရာအနှံ့မှာ ဒီအနံ့ကြီး ရနေတော့တာပါပဲလား တဲ့။ အမှန်တော့ သူ့မုတ်ဆိတ်မှာ စွဲနေတဲ့ ခရင်မ်ရဲ့အနံ့ကို သတိမထားမိဘဲ တစ်လောကလုံးက အနံ့ထွက်နေတယ် ထင်နေတာပါ။ လက်တွေ့မှာလည်း ဒီလိုလူတွေ တွေ့ဖူးပါတယ်။
သူတို့တွေနဲ့ စကားကြည့်လိုက်ရင် ဘယ်တော့မှ သူတို့မှားတယ်ဆိုတာ မရှိဘူး၊ လောကကြီးကပဲ မတရားသလိုလို၊ မကောင်းတဲ့လူတွေနဲ့ပဲ ပြည့်နှက်နေသလိုလို ပြောတတ်ကြတယ်။ နောက်ပြီး လူတစ်ဖက်သားအပေါ် လေးစားမှု၊ ယုံကြည်မှုလည်း နည်းကြတယ်။ ပုံမှန်ကြည့်လိုက်ရင်ကို မျက်နှာထားတွေ ခက်ထန်နေတယ်၊ ရယ်ခဲပြုံးခဲတယ်၊ ဘဝကို မပျော်ရွှင်နိုင်ကြဘူး။ အဲဒီလိုလူတွေအတွက် တစ်ခုပြောပြချင်ပါတယ်။
တက္ကသိုလ်တစ်ခုမှာ ဟောပြောခဲ့တဲ့ မျက်စိလည်းမမြင်၊ နားလည်းမကြားတဲ့ ဟယ်လင်ကဲလားရဲ့ မိန့်ခွန်းဟာ ပျော်ရွှင်မှုနဲ့သက်ဆိုင်တဲ့အကြောင်းနဲ့ သူ့ဘဝမှာ ပိုင်ဆိုင်ခဲ့ရတာတွေအတွက် ကျေးဇူးတင်တဲ့အကြောင်း ပြောသွားခဲ့တာ ဆိုတာပါပဲ။ ဒီအချက်(၆)ချက်နဲ့ ဆန်းစစ်ကြည့်ပါ။ အကယ်၍များ အားနည်းနေသေးတယ်ထင်ရင် ကြိုးစားပြီး ပြင်ကြည့်ပါ။ ကိုယ့်ခံစားချက်တွေ ပိုသတိထားမိစေဖို့၊ ပိုပြီးထိန်းချုပ်နိုင်စေဖို့အတွက် တရားထိုင်ပါ။ သူတစ်ပါးကို လေးစားတတ်ဖို့၊ ကိုယ်ချင်းစာတတ်ဖို့ စာအုပ်များများဖတ်ပါ၊ အထူးသဖြင့် ရသစာပေပေါ့။
ဘယ်အရာကိုမှလည်း တရားသေဆုပ်ကိုင်မထားပါနဲ့။ အရာအားလုံးဟာ အမြဲတမ်းပြောင်းလဲနေပါတယ်။
နောက်ပြီး ကိုယ့်မှာမရှိသေးတာတွေကိုပဲ တွေးပြီး ညည်းညူမနေပါနဲ့၊ ကိုယ့်မှာ ရှိနေတဲ့အရာတွေကိုလည်း တန်ဖိုးထားတတ်ပါစေ။ ကိုယ်ဘယ်လိုမှပြောင်းလဲလို့မရနိုင်တော့တဲ့အရာတွေအတွက် စိတ်ညစ်နေမဲ့အစား အရှိအရှိအတိုင်း လက်ခံပေးလိုက်တာက ကိုယ့်ဘဝကို ပျော်ရွှင်မှုတွေ ရလာစေမှာ ဖြစ်ပါတယ်။
ဒေါက်တာ ဖြိုးသီဟ
sayar.com.mm
ခုေခတ္မွာ IQ ၿမင့္ဖုိ႔ထက္ EQ ၿမင့္ဖုိ႔က ေအာင္ၿမင္မႈအတြက္ ပိုအေရးပါတယ္လို႔ လက္ခံလာၾကပါတယ္။
တခ်ိဳ႔အႏုပညာသမားေတြ၊ အားကစားသမားေတြ၊ ပညာရွင္ေတြဟာ သက္ဆုိ္င္ရာနယ္ပယ္မွာေတာ့ ပါရမီရွင္လုိ႔ ေၿပာရေလာက္ေအာင္ ထူးခၽြန္ၾကေပမဲ့ EQ ကနိမ့္ေနတဲ့အခါမွာ ထင္သေလာက္ မေအာင္ၿမင္တာ၊ ေအာင္ၿမင္မႈက မၾကာရွည္တာမ်ိဳးေတြ ေတြ႔ဖူးၾကမွာပါ။ ဒါေၾကာင့္ EQ ၿမင့္ဖုိ႔ အေရးၾကီးပါတယ္။
ကုိယ္ဟာ EQ ၿမင့္တဲ့သူ ဟုတ္မဟုတ္ ဆိုတာကုိေတာ့ ဒီအခ်က္ေတြနဲ႔ ဆန္းစစ္ၾကည္႔လို႔ ရပါတယ္...
၁။ Intrapersonal skill
ကုိယ့္ရဲ႔စိတ္ခံစားခ်က္ကို ဘယ္ေလာက္ထိ ထိန္းခ်ဳပ္ႏုိင္သလဲဆုိတဲ့ အရည္အခ်င္းပါ။
ငါက ေဒါသထြက္ရင္ ထိန္းမရဘူး၊ ငါ့ကို လာေက်ာရင္ ၿပန္ေက်ာလိုက္ရမွ ဆုိတာေတြက အဲဒီအရည္အခ်င္း အားနည္းတာကို ၿပပါတယ္။ ပုထုဇဥ္လူသားေတြပဲမို႔ ေဒါသထြက္တတ္ၾကတယ္၊ ၀မ္းနည္းတတ္ၾကတယ္၊ အသည္းကြဲတယ္၊ စိတ္ေလတယ္၊ အေပ်ာ္လြန္သြားတယ္၊ စိတ္ဓါတ္က်တယ္၊ မ်ိဳးစံုေသာ စိတ္ခံစားမႈေတြ ရွိပါတယ္။ ဒါေတြ ၿဖစ္လာတဲ့အခ်ိန္မွာ ကုိယ့္ကိုကုိယ္ သတိထားမိၿပီး အခ်ိန္မီ ထိန္းခ်ဳပ္ႏုိင္ဖုိ႔ လိုပါတယ္။
အဲဒီလို ကုိယ့္ရဲ႔စိတ္ခံစားခ်က္ကို မထိန္းခ်ဳပ္ႏုိင္တဲ့အခါ မလိုအပ္ဘဲ အလုပ္မွာ အဆင္မေၿပ ၿဖစ္ရတယ္၊ ဆက္ဆံေရးေတြ ပ်က္စီးၾကရပါတယ္။
၂။ Interpersonal skill
တၿခားသူမ်ားနဲ႔ ေပါင္းသင္းဆက္ဆံႏုိင္တဲ့ အရည္အခ်င္း ၿဖစ္ပါတယ္။ ဒီေနရာမွာ စဥ္းစားစရာေတြ အမ်ားၾကီး ရွိပါတယ္။
ရံုးတစ္ခုမွာ၊ ဆုိၾကပါစို႔၊ ရွိသမွ် ၀န္ထမ္းအားလံုးက အက်င့္ပ်က္တယ္၊ လာဘ္ယူတယ္၊ တစ္ေယာက္ကပဲ ဒါမ်ိဳးေတြ လံုး၀မလုပ္ေတာ့ သူ႔ကို အားလံုးက မုန္းတယ္၊ အေပါင္းအသင္း အဆက္အဆံ မလုပ္ဘူး။ ဒါမ်ိဳးကို EQ နိမ့္တယ္ ေၿပာလို႔ရသလား။
ေနာက္ၿပီး အေပါင္းအသင္းေတာ့ မ်ားတယ္၊ ေပးႏုိင္ကမ္းႏုိင္၊ ေကၽြးႏုိင္ေမြးႏုိင္လို႔ၿဖစ္ၿဖစ္၊ ရယ္စရာဟာသေတြ သိပ္ေၿပာလို႔ၿဖစ္ၿဖစ္ေပါ့။ အဲဒီလုိၿဖစ္တာနဲ႔ EQ ၿမင့္ၿပီလား။
အထက္လူၾကီးေတြကိုေတာ့ ၀င္တတ္၊ ထြက္တတ္လို႔ ဆက္ဆံေရးအဆင္ေၿပၿပီး ကုိယ့္ေအာက္ကလူက် ႏွိမ့္ခ်ဆက္ဆံတတ္တဲ့သူမ်ိဳးဆုိရင္ေရာ။
လူဆုိတာ ကိုယ့္ထက္နိမ့္တဲ့သူကုိ သနားဖို႔ လြယ္တယ္၊ ကုိယ့္ထက္သိပ္ၿမင့္တဲ့သူကိုလည္း အားက်ဖုိ႔ လြယ္ပါတယ္။ တန္းတူေလာက္ရွိတဲ့သူ၊ သိပ္မကြာတဲ့သူေတြအေပၚသာ မုဒိတာပြါးဖုိ႔ ခက္ၾကတာပါ။
တကယ္တမ္းေတာ့ Interpersonal skill ၿမင့္တယ္ဆုိတာဟာ လူတစ္ဖက္သားကို ဘယ္ေလာက္ထိ ေလးေလးစားစား ဆက္ဆံႏုိင္သလဲ၊ ဘယ္ေလာက္ထိ ၿဖည္႔ေတြးေပးႏုိင္သလဲ ဆုိတဲ့ အရည္အခ်င္းပဲ ၿဖစ္ပါတယ္။
သူ႔မွာလည္း ခုိင္မာတဲ့ယံုၾကည္ခ်က္ရွိတယ္၊ တစ္ဖက္မွာရွိေနတဲ့၊ သူနဲ႔မတူတဲ့ ယံုၾကည္ခ်က္ကိုလည္း ေလးစားတယ္၊ လူေတြအားလံုးမွာ တန္ဖုိးတစ္ခုစီေတာ့ ရွိၾကတယ္လုိ႔ ၿမင္တယ္။
ဘယ္သူ႔ကိုမွလည္း ေအာက္မက်ိဳ႔သလို ဘယ္သူ႔ကိုမွ အထက္စီးက မဆက္ဆံဘူး။ အေၾကာင္းကိစၥတုိင္းမွာ သူဘယ္လုိမ်ားေနမလဲ၊ သူဘာလို႔မ်ားဒီလုိလုပ္တာလဲ ဆုိၿပီး သူတစ္ပါးဘက္ကေန ထည္႔စဥ္းစားေပးတတ္ၾကတယ္။
ဘယ္ေတာ့မွ သူ႔တစ္ဖက္တည္း မၾကည္႔တတ္ၾကဘူး။ဒီလိုအရည္အေသြးမ်ိဳးရွိမွ Interpersonal skill ၿမင့္တယ္ သတ္မွတ္လို႔ ရပါမယ္။
၃။ Flexibility & Adaptability
Smartness ဆိုတာ အေၿခအေနအသစ္တစ္ခုမွာ ဘယ္ေလာက္ၿမန္ၿမန္ အသားက်သလဲ၊ ပညာရပ္တစ္ခုကို ဘယ္ေလာက္ၿမန္ၿမန္သင္ယူႏုိင္သလဲဆုိတာကို ေခၚတာပါ။
ခုေခတ္လို ဒီေန႔နဲ႔မနက္ၿဖန္ေတာင္ သိပ္မတူခ်င္ေတာ့တဲ့ ကာလမွာ ဒီအရည္အေသြးက အေရးပါလာပါတယ္။ ကုိယ္သိထားတဲ့အတုိ္င္း၊ ကုိယ္လုပ္ေနက်အတုိင္းပဲ၊ လြယ္လြယ္နဲ႔မေၿပာင္းႏုိင္ဘူး၊ အေၿခအေနသစ္တစ္ခုမွာ အေၿခက်ဖုိ႔ သိပ္ခက္ေနတယ္ဆုိရင္ အဲဒါကို ၿပင္ႏုိင္ဖုိ႔ လိုပါတယ္။
၄။ Self confident & open minded
အရပ္ပုတာခ်င္း တူေပမဲ့ တစ္ေယာက္က ဒါနဲ႔ပတ္သက္ၿပီး အငံု႔စိတ္ရွိေနတဲ့အခါမွာ နည္းနည္းေလးမွ အစအေနာက္မခံဘူး၊ အရမ္း Sensitive ၿဖစ္တယ္။
သူ႔ကုိပုတယ္ေၿပာလုိက္တာနဲ႔ ၿပန္ေခ်ပတယ္၊ စိတ္သိပ္ဆုိးတယ္။ ေနာက္တစ္္ေယာက္ကေတာ့ စိတ္ဆုိးဖို႔မေၿပာနဲ႔၊ သူမ်ားမေၿပာခင္ေတာင္ သူက အရင္စေၿပာေနလုိက္ေသးတယ္။
ဘာၿဖစ္လုိ႔လဲဆိုေတာ့ သူ႔အရပ္အေမာင္းနဲ႔ ပတ္သက္ၿပီး အားငယ္မေနဘူး။ လူပံုပန္းသြင္ၿပင္ဟာ လူတစ္ေယာက္ရ႔ဲတန္ဖုိးကုိ အဆံုးအၿဖတ္ မေပးႏုိ္င္ဘူးဆုိတာကို ေကာင္းေကာင္းသိထားတယ္။
တခ်ိဳ႔က် ကုိယ့္ကုိကိုယ္အရမ္းေၾကာ္ၿငာတယ္၊ ကုိယ္ေတာ္ေၾကာင္းတတ္ေၾကာင္း လူသိပ္သိေစခ်င္တယ္၊ အခ်ီးက်ဴးခံခ်င္တယ္၊ အေလးစားခံခ်င္တယ္။
အဲဒါေတြဟာ ကုိယ့္ကိုကုိယ္ ယံုၾကည္မႈမရွိတာ၊ အငံု႔စိတ္၀င္ေနတာကို ၿပပါတယ္။
၅။ Stress management
ဘ၀မွာ ေအာင္ၿမင္ခ်င္တဲ့သူတုိင္း မလြဲမေသြ ရင္ဆုိင္ရမွာတစ္ခုကေတာ့ စိတ္ဖိစီးမႈပါပဲ။ ယူရတဲ့တာ၀န္က ၾကီးလာေလေလ၊ ကုိယ့္ေနာက္မွာပါလာတဲ့လူေတြ မ်ားလာေလေလ၊ စိတ္ဖိစီးမႈကလည္း ၾကီးလာေလေလပဲ။
အရည္အခ်င္းရွိေပမဲ့ အဲဒီ Stress ကုိ မခံႏုိင္တဲ့အခါမွာ မတုိးတက္လာၾကတာေတြ ၿမင္ဖူးမယ္ထင္ပါတယ္။
ဒါေၾကာင့္ စိတ္ဖိစီးမႈေတြကို ဘယ္ေလာက္ထိ ထိန္းခ်ဳပ္ႏုိင္သလဲ၊ ထြက္ေပါက္ေပးႏုိင္သလဲ ဆုိတာ အေရးၾကီးပါတယ္။
ဘာမဟုတ္တာေလးအတြက္ သတ္ေသၾကတာ၊ အၾကီးအက်ယ္ ခံစားေနၾကတာေတြ၊ အလဟႆ အခ်ိန္ၿဖဳန္းၿပီး အေပ်ာ္အပါးေနာက္ လိုက္ရင္း ထြက္ေပါက္ေပးလုိက္တာေတြက စိတ္ဖိစီးမႈကို ေကာင္းေကာင္းမကိုင္တြယ္ႏုိင္ဘူးဆိုတဲ့သေဘာပါပဲ။
၆။ General mood
တစ္ခါတုန္းက အဖုိးၾကီးတစ္ေယာက္ အိပ္ေနတုန္း သူရဲ႔ မုတ္ဆိတ္မွာ သူ႔ေၿမးေလးေတြက ေနာက္ေၿပာင္တဲ့သေဘာနဲ႔ အင္မတန္အနံ႔ၿပင္းတဲ့ ခရင္မ္ေတြ သြားသုတ္ထားသတဲ့။
အဲဒါနဲ႔ အဖုိးၾကီးကႏုိးလာေတာ့ အဲဒီအနံ႔ဆုိးဆုိးၾကီးကို ရေနတာေပါ့။ "သန္႔ရွင္းေရးဝန္းထမ္းဘဝမွ စကၤာပူ က နာမည္ေက်ာ္ သူေဌးႀကီး ျဖစ္လာသူ"
ဘယ္နားမွာလဲ လုိက္ရွာတယ္၊ မီးဖုိေခ်ာင္ထဲသြားေတာ့လည္း ဒီအနံ႔၊ အိမ္ေရွ႔ထြက္ေတာ့လည္း ဒီအနံ႔၊ ဘယ္သြားသြား အနံ႔က ရေနေတာ့ သူက ေၿပာလုိက္တယ္၊ ဟာ ေနရာအႏွံ႔မွာ ဒီအနံ႔ၾကီး ရေနေတာ့တာပါပဲလား တဲ့။ အမွန္ေတာ့ သူ႔မုတ္ဆိတ္မွာ စြဲေနတဲ့ ခရင္မ္ရဲ႔အနံ႔ကို သတိမထားမိဘဲ တစ္ေလာကလံုးက အနံ႔ထြက္ေနတယ္ ထင္ေနတာပါ။
လက္ေတြ႔မွာလည္း ဒီလိုလူေတြ ေတြ႔ဖူးပါတယ္။
သူတုိ႔ေတြနဲ႔ စကားၾကည္႔လုိက္ရင္ ဘယ္ေတာ့မွ သူတုိ႔မွားတယ္ဆုိတာ မရွိဘူး၊ ေလာကၾကီးကပဲ မတရားသလိုလို၊ မေကာင္းတဲ့လူေတြနဲ႔ပဲ ၿပည္႔ႏွက္ေနသလိုလို ေၿပာတတ္ၾကတယ္။ ေနာက္ၿပီး လူတစ္ဖက္သားအေပၚ ေလးစားမႈ၊ ယံုၾကည္မႈလည္း နည္းၾကတယ္။ ပံုမွန္ၾကည္႔လုိက္ရင္ကို မ်က္ႏွာထားေတြ ခက္ထန္ေနတယ္၊ ရယ္ခဲၿပံဳးခဲတယ္၊ ဘ၀ကို မေပ်ာ္ရႊင္ႏုိင္ၾကဘူး။
အဲဒီလုိလူေတြအတြက္ တစ္ခုေၿပာၿပခ်င္ပါတယ္။
တကၠသိုလ္တစ္ခုမွာ ေဟာေၿပာခဲ့တဲ့ မ်က္စိလည္းမၿမင္၊ နားလည္းမၾကားတဲ့ ဟယ္လင္ကဲလားရဲ႔ မိန္႔ခြန္းဟာ ေပ်ာ္ရႊင္မႈနဲ႔သက္ဆုိင္တဲ့အေၾကာင္းနဲ႔ သူ႔ဘ၀မွာ ပိုင္ဆုိင္ခဲ့ရတာေတြအတြက္ ေက်းဇူးတင္တဲ့အေၾကာင္း ေၿပာသြားခ့ဲတာ ဆုိတာပါပဲ။
ဒီအခ်က္(၆)ခ်က္နဲ႔ ဆန္းစစ္ၾကည္႔ပါ။ အကယ္၍မ်ား အားနည္းေနေသးတယ္ထင္ရင္ ၾကိဳးစားၿပီး ၿပင္ၾကည္႔ပါ။
ကုိယ့္ခံစားခ်က္ေတြ ပိုသတိထားမိေစဖုိ႔၊ ပုိၿပီးထိန္းခ်ဳပ္ႏုိင္ေစဖုိ႔အတြက္ တရားထုိင္ပါ။
သူတစ္ပါးကို ေလးစားတတ္ဖို႔၊ ကုိယ္ခ်င္းစာတတ္ဖုိ႔ စာအုပ္မ်ားမ်ားဖတ္ပါ၊ အထူးသၿဖင့္ ရသစာေပေပါ့။
ဘယ္အရာကိုမွလည္း တရားေသဆုပ္ကုိင္မထားပါနဲ႔။ အရာအားလံုးဟာ အၿမဲတမ္းေၿပာင္းလဲေနပါတယ္။
ေနာက္ၿပီး ကုိယ့္မွာမရွိေသးတာေတြကုိပဲ ေတြးၿပီး ညည္းညဴမေနပါနဲ႔၊ ကုိယ့္မွာ ရွိေနတဲ့အရာေတြကုိလည္း တန္ဖိုးထားတတ္ပါေစ။ ကုိယ္ဘယ္လုိမွေၿပာင္းလဲလို႔မရႏုိင္ေတာ့တဲ့အရာေတြအတြက္ စိတ္ညစ္ေနမဲ့အစား အရွိအရွိအတုိင္း လက္ခံေပးလုိက္တာက ကုိယ့္ဘ၀ကို ေပ်ာ္ရႊင္မႈေတြ ရလာေစမွာ ၿဖစ္ပါတယ္။
sayar.com.mm