ဘယ်တော့မှုဘဝကိုအရှုံးမပေးရန် သင့်ကို အားပေးလှုံဆော်ပေးမယ့် ရုပ်ရှင်ဇာတ်ကားများ
ရုပ်ရှင်တွေမှ ကျွန်တော်တို့ကို ရယ်အောင်၊ ငိုအောင်၊ အားတက်အောင် အစရှိတဲ့ ရသမျိုးစုံကို ပေးစွမ်းနိုင်သည်။ တစ်ခါတစ်ရံ ကျွန်တော်တို့က ကြိုးစားခြင်းကို ငြီးငွေ့ပြီး အရှုံးပေးလိုကြသည်။ ဒါပေမယ့် အားတက်စေတဲ့ရုပ်ရှင်တွေကိုကြည့်ပြီး ခွန်အားများ ရရှိလာစေနိုင်ပါတယ်။ အခုဖော်ပြပေးမယ့် ရုပ်ရှင်ဇာတ်ကားတွေကတော့ ကျွန်တော်တို့ရဲ့ စိတ်ခွန်အား၊ ခံစားချက်များကို လှုံဆော်ပေးနိုင်သော ရုပ်ရှင်ဇာတ်ကားများပဲ ဖြစ်ပါတယ်။
ခုဖော်ပြပေးမယ့်ရုပ်ရှင်ကားတွေထဲမှာ ကိုယ်ကြည့်ပြီးသော ရုပ်ရှင်ဇာတ်ကားများ ပါ/မပါနဲ့ ခံစားချက်များ တူ/မတူ တိုက်ကြည့်ရအောင်။
1. The Shawshank Redemption (1994)
https://channelmyanmar.org/the-shawshank-redemption1994/
လူသတ်မှုနဲ့ ထောင်ဒဏ်(၂)ကြိမ် ထောင်ထဲသို့ရောက်လာတဲ့ စီးပွားရေးသမား “Andy Dufresne” နဲ့ ထောင်ဒဏ်တစ်သက်တစ်ကျွန်း ကျနေတဲ့ “Red”တို့နှစ်ဦး ထောင်ထဲမှာ တွေ့ဆုံရင်းနှီးခဲ့ကြတယ်။ မျှော်လင့်ချက်မရှိဖြစ်နေတဲ့ Andy ရဲ့ဘဝကို ဘယ်လိုတည်ဆောက်ပြီးနေထိုင်သွားရမယ့်၊ လွတ်မြောက်မှုကို ဘယ်လိုရှာဖွေသင့်တယ်ဆိုတဲ့ အကြောင်းအရာတွေကို ရိုက်ကူးပုံဖော်ထားတာပဲဖြစ်ပါတယ်။ အောင်မြင်မှုတွေအများကြီး ရရှိထားတဲ့ ဒီဇာတ်ကားကိုကြည့်ပြီး လက်ရှိဘဝရဲ့ လွတ်လပ်မှုတန်ဖိုးကို တွေးတောမိမယ် ထင်ပါတယ်။
2. 127 Hours (2010)
https://channelmyanmar.org/127-hours-2010/
ဒီ 127 Hours ဆိုတဲ့ ဇာတ်ကားကတော့ ဖြစ်ရပ်မှန်အကြောင်းကို အခြေခံရိုက်ကူးထားတာပဲဖြစ်ပါတယ်။ Canyonlad တစ်ယောက် တစ်ဦးထဲ ခရီးရှည်ထွက်လာခဲ့တယ်။ လမ်းခရီးမှာ မမျှော်လင့်ဘဲ အာရွန်တစ်ယောက် လိျှုထဲကို ခြေချော်ကြသွားပြီး လက်တစ်ဘက်ဟာဆိုရင် ကျောက်ဆောင်ကြား ညှပ်သွားခဲ့ရတယ် . . . . လက်ကို ဖြတ်တောက်ခြင်းနဲ့ သေခြင်းကို ရွေးခြယ်ရန် တောင်းဆိုခြင်းရဲ့အကြား . . . . . . . အာရွန်တစ်ယောက် 127 နာရီကို ဘယ်လိုဖြတ်သန်းခဲ့လဲ . . . . .?
3. Schindler's List (1993)
https://channelmyanmar.org/schindlers-list-19933/
ဂျာမာန် စီးပွားရေးသမား Oskar Schindler အကြောင်း ရိုက်ကူးထားတဲ့ ဇာတ်ကားတစ်ခုပဲဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်း လူမျိုးတုံး သတ်ဖြတ်မှုကာလမှာ သူက သူ၏ ဂျူးအလုပ်သမားများကို အကာအကွယ်ပေးပြီး အပြစ်မဲ့တဲ့ အသက်ပေါင်းများစွာကို ကယ်တင်ပေးခဲ့ပါတယ်။ တကယ့်အဖြစ်အပျက်ပေါ်မှာ အခြေခံရိုက်ကူးထားတဲ့အတွက် အလွန်အမင်း ကောင်းမွန်တဲ့ ကြည့်သင့်တဲ့ ဇာတ်ကားတစ်ကားလည်း ဖြစ်ပါတယ်။
4. Forrest Gump (1994)
https://channelmyanmar.org/forrest-gump19944/
Forrest Gump ဆိုတာကတော့ အလုပ်တစ်ခုကို ဘယ်လောက်အခဲအခဲတွေရှိပါစေ အောင်မြင်အောင ်လုပ်တတ်တဲ့ လူတစ်ယောက်အကြောင်းကို ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ မင်းသားကြီး Tom Hanks ရဲ့ အောင်မြင်တဲ့ဇာတ်ကားတစ်ကားလည်း ဖြစ်ပါတယ်။
အပြည့်အစုံ Review ကို ဖတ်ရန် Link ကိုနှိပ်ပါ။
https://www.sayar.com.mm/whats-new/language/item/2354-forrest-gump-movie-review.html
5. Life is Beautiful (1997)
https://channelmyanmar.org/life-is-beautiful-1997/
ဂျာမန်ချွေးတပ်စခန်းရောက် သားအဖနှစ်ယောက်။ ငရဲဘုံတမျှ ဆိုးရွားလှတဲ့ ဒီချွေးတပ်စခန်းမှာ သားငယ်လေးရဲ့စိတ်ကို မညစ်နွမ်းရလေအောင်၊ စိတ်မညစ်ရလေအောင် အဖေတစ်ယောက်ရဲ့ အနစ်နာခံ လိမ်လည်ပုံလေးတွေက ရင်နင့်စရာပါ။ လောကရဲ့ အဆိုးရွားဆုံးအချိန်မှာတောင် လောကကြီးက ကြည့်မြင်တတ်သူတွေအတွက် လှပနေတတ်သေးကြောင်း ဒီရုပ်ရှင်ကားလေးမှာ ကြည့်ရှုခံစားရမှာပါ။
2. 127 Hours (2010)
3. Schindler's List (1993)
4. Forrest Gump (1994)