×

Warning

JUser: :_load: Unable to load user with ID: 81428


Lifestyle

Tuesday, 30 June 2020

Say “NO”

Say “NO”

နေ့စဉ်ဖြတ်သန်းနေရတဲ့ဘဝမှာ လူတွေက ကိုယ်ရေးကိုယ်တာ အချက်အလက်တွေနဲ့ပတ်သက်ပြီး သူတို့တောင်းဆိုတဲ့ တောင်းဆိုချက်အမျိုးမျိုးအတွက် “YES” ဆိုတဲ့ အဖြေကိုပဲ မျှော်လင့်နေကြပါတယ်။

တောင်းဆိုခံရသူအနေနဲ့လည်း “NO” လို့ ပြောဖို့ အရမ်းခက်ပါတယ်။ ဘာကြောင့်လဲဆိုတော့ “NO” လို့ ငြင်းဆိုတဲ့အတွက် တစ်ကိုယ်ကောင်းဆန်တယ်၊ လိုက်လျောညီထွေမှုမရှိဘူးဆိုတဲ့ အပြစ်ရှိတဲ့ ခံစားချက်ကို ခံစားစေနိုင်ပါတယ်။ ကိုယ်တွေကို ဆိုးဆိုးဝါးဝါး မထင်စေချင်တဲ့အတွက် “NO” ဆိုတဲ့အဖြေထက် “YES” လို့ တုံ့ပြန်ဖို့ရန် ပိုပြီး လွယ်ကူနေပါတော့တယ်။

ဒီလို “YES” ဆိုတဲ့ အဖြေမျိုးကို ပေးမိပြီဆိုရင် အနည်းနဲ့အများ မိမိက အားစိုက်ထုတ်ရပြီ၊ ကိုယ့်ရဲ့ ကိုယ်ပိုင်အချိန်တွေ၊ စွမ်းအားတွေ၊ မာနတွေ အစရှိတာတွေကို စွန့်လွှတ်ကြရပါတယ်။ အမြဲတစေ အလွယ်တကူ “YES” ဆိုတဲ့ အဖြေမျိုးကို ပေးမိပြန်ရင်လည်း ဆောင်ရွက်ပေးရမယ့်သူအတွက် လွယ်ကူနေတယ်/ ဒါမှမဟုတ် ဆောင်ရွက်ပေးရမယ့်သူဟာ သူတို့ရဲ့ တောင်းဆိုချက်တွေကို ဘယ်တော့မှ မငြင်းဘူး အစရှိသဖြင့် သူတို့ရဲ့ခိုင်းဘက်တစ်ယောက်လိုမျိုး ထင်မြင်ယူဆလာကြတယ်။ ကိစ္စအတော်များများကို အလွယ်တကူ တောင်းဆိုတတ်လာကြပါတော့တယ်။ ဒီ့အတွက် အခြေအနေနဲ့ အချိန်အခါကိုလိုက်ပြီး “NO” ဆိုတဲ့ စကားလုံးကို အသုံးပြုဖို့ လိုအပ်ပါတယ်။

စိတ်ဖိစီးမှု (The Stress Factor)
“NO” ဆိုတဲ့ စကားလုံးကို တစ်ခါတစ်ရံမှာ အသုံးပြုခြင်းအားဖြင့် မိမိရဲ့ စိတ်ဖိစီးမှုကို လျော့ချပေးနိုင်ပါတယ်။ ကိုယ်ရဲ့ နှုတ်က အလွယ်တကူ “YES” လို့ပြောလိုက်တဲ့အခါမှာ စိတ်အနှောက်အယှက်ဖြစ်မှု၊ စိတ်ဖိစီးမှု၊ မကျေနပ်မှုအစရှိတာတွေက မိမိရဲ့စိတ်ကို ဖိအားဖြစ်စေနိုင်ပါတယ်။ ဒီအတွက် “NO” လို့ပြောခြင်းအားဖြင့် ဒီလိုအချက်တွေကို ရှောင်ရှားပြီး ဖြစ်သွားပါလိမ့်မယ်။

အဆိပ်အတောက်ဖြစ်စေသောလူများကို ဖယ်ရှားပါ။ (Get Rid of Toxic People)
သင်ကိုယ်တိုင်က ဘယ်လိုလူမျိုးပဲဖြစ်ပါစေ၊ ဒီလို အဆိပ်အတောက်ဖြစ်စေတဲ့လူမျိုးကိုတော့ မလိုချင်ဘူးမဟုတ်ပါလား။ အဆိပ်အတောက်ဖြစ်စေတတဲ့လူဆိုတာကတော့ အကျိုးမရှိတဲ့စကားကိုဆိုသူ၊ အတိုင်အတောထူသူ၊ အတင်းအဖျင်းပြောသူ၊ တာဝန်ယူမှု၊ တာဝန်ခံမှုမရှိသူတွေပဲဖြစ်ပါတယ်။ ဒီလိုလူမျိုးတွေကဆိုရင် သင့်ဆီက “YES” ဆိုတဲ့အဖြေကို ရအောင်ယူနိုင်ကြပြီး သူ့အမှား၊ သူ့စကားကို သင့်အမှား၊ သင့်စကားအဖြစ် ပြောင်းလဲဖို့ရန် အင်မတိ အင်မတန်မှ ကျွမ်းကျင်သူတွေဖြစ်ကြပါတယ်။ ဒီလိုလူမျိုးတွေကိုဆိုရင်တော့ “NO” ဆိုတဲ့ စကားကိုသုံးဖို့ သင့်အနေနဲ့ အားမနာသင့်ပါဘူး။

အချိန်တွေကို အကျိုးရှိအောင် အသုံးချပါ။ (Save Time)
ကျွန်တော်တို့အားလုံးမှာ တစ်နေ့ကို (၂၄)နာရီပဲ ကိုယ်စီ ပိုင်ဆိုင်ကြပါတယ်။ ဒီ (၂၄) နာရီထဲမှာမှ တစ်နေ့တာလုပ်ဆောင်စရာတွေ များပြားလှတဲ့အတွက် ကိုယ်ပိုင်ချိန်ဆိုတာ အင်မတန်မှ ရှားပါးလှပါတယ်။ ဒီလိုရှားပါးလှတဲ့အချိန်တွေကို တစ်ခြားသူတစ်ဦးဦးက မည်သို့မည်ပုံ ကုန်ဆုံးရမည်ကို ဆုံးဖြတ်ခြင်းအား ခွင့်မပြုသင့်ပါဘူး။ သင်ရဲ့အချိန် ဘယ်လိုအသုံးချမယ်ဆိုတာကို သင်ကိုယ်တိုင် ဆုံးဖြတ်ပါလေ။

စွမ်းအင်တွေကို တိုးပွားအောင်လုပ်ပါ။ (More Energy)
မိမိမလုပ်ချင်တဲ့အရာကို မလုပ်ချင်ကြောင်းပြောပါ။ မိမိမှာ အချိန်မရှိတဲ့အကြောင်း၊ မလုပ်ချင်တဲ့အကြောင်းပြောပြီး ကိုယ့်ရဲ့စွမ်းအင်တွေကို မလျော့သွားအောင ်ထိန်းသိမ်းပါ။ ဒီနေရာမှာ လျော့သုံးလိုက်တဲ့ ကိုယ်ရဲ့စွမ်းအင်တွေကို ကိုယ့်အတွက် အမှန်တကယ်အကျိုးရှိတဲ့နေရာမှာ ပိုမိုပြီး သုံးစွဲနိုင်ပါလိမ့်မယ်။

အာရုံစိုက်ပါ (Increase Focus)
ကိုယ့်အတွက်အကျိုးရှိမယ့်အရာတွေ၊ ကိုယ့်ရဲ့ရည်မှန်းချက်ပန်းတိုင်တွေကို ရောက်အောင်ကူညီပေးမယ့်သူတွေကို “YES” လို့ ပြောပါ။ ကိုယ့်ရဲ့ပန်းတိုင်တွေ၊ အောင်မြင်မှုတွေနဲ့ ဝေးကွာအောင် ပြုလုပ်မယ့်သူတွေကို “NO” လို့ပြောဖို့ ဘယ်သောအခါမှအားမနာပါနဲ့။

ဒီလို NO လို့ပြောခြင်းဟာ အစပိုင်းမှာ ခက်နိုင်ပေမယ့် နောက်ပိုင်းမှာတော့ အဆင်ပြေလွယ်ကူလာမှာပါ။ မိမိရဲ့လိုအပ်ချက်၊ အချိန်၊ ပန်းတိုင်များနဲ့ ဘဝအတွက် အရေးကြီးတဲ့အရာတွေကို လုပ်ဆောင်နိုင်ဖို့အတွက် တစ်ခါတစ်ရံမှာ “NO” ဆိုတဲ့စကားကိုပြောဖို့ အကြံပြုပါရစေ။

Read times
Rate this articles
(0 votes)