နိုဘယ်ဆုရ ကမ္ဘာကျော် ရူပဗေဒပညာရှင် အဲလ်ဘတ်အိုင်းစတိုင်းနှင့် ပတ်သတ်၍ လူသိနည်းတဲ့အကြောင်းအရာလေးတွေကို သူငယ်ချင်းတို့ သိအောင်ပြောပြချင်ပါတယ်နော်..။
(၁) အိုင်းစတိုင်းဟာ အသက် ၄နှစ်အရွယ်မှ စကားပြောတတ်ခဲ့တာပါ။ သို့ပေမယ့် အသက် ၉ နှစ်အထိ စကားကို ပီပီပြင်ပြင်၊ များများစားစား မပြောနိုင်သေးပါဘူး။ တစ်ရက်တော့ မိသားစုနဲ့ ညစာစားချိန်မှာ ပေါင်မုန့်တူးလို့ စပြောပြီး သူစကားပြောတတ်ရဲ့သားနဲ့ မပြောပဲနေခဲ့တယ်ဆိုတာ သိသွားပါတယ်။ သူ့ရဲ့အကြောင်းပြချက်ကတော့ " Because up to now everything was in order " ဖြစ်ပါတယ်။
(၂) အသက် ၅ နှစ်အရွယ်မှာ ဖခင်ဖြစ်သူက သူ့ကို သံလိုက်အိမ်မြှောင်တစ်ခု လက်ဆောင်ပေးခဲ့ပြီး ရူပဗေဒပညာအပေါ် ရူးသွပ်ခြင်းကို ယင်းသံလိုက်အိမ်မြှောင်မှာ စတင်ခဲ့ခြင်းဖြစ်ပါတယ်။ သံလိုက်အိမ်မြှောင်ဟာ ဘာလို့ အရပ်မျက်နှာပြသမှုမှာ ပုံသေဖြစ်နေရတာလဲဆိုတာကို စတင်စိတ်ဝင်စားခဲ့ခြင်းဖြစ်ပါတယ်။
(၃) ကျောင်းပညာရေးမှာ ညံ့ဖျင်းပြီး စာမေးပွဲတောက်လျှောက်ကျခဲ့တဲ့အတွက် ကျောင်းထုတ်ခံခဲ့ရပါတယ်။ အသက် ၁၇ နှစ်အရွယ်ကလည်း ကောလိပ်ဝင်ခွင့်ဖြေဆိုတာ သချာင်္နဲ့ ရူဗေဒကလွဲလို့ ကျန်တဲ့ဘာသာတွေကျပါတယ်။
(၄) အိုင်းစတိုင်း နှစ်သက်တဲ့ ပစ္စည်းနှစ်ခုကတော့ ခေါင်းဖီးနဲ့ ခြေအိတ်ဖြစ်ပါတယ်။
(၅) City Light အမည်ရ ဟောလိဝုဒ်ရုပ်ရှင်ရုံတင်ဖွင့်ပွဲကို အိုင်းစတိုင်းရောက်သွားပြီး ဟာသမင်းသား ချာလီချက်ပလင်နဲ့ တွေ့ဆုံစဉ် ချာလီမှ သူ့ကို စကားတစ်ခွန်းပြောခဲ့ပါတယ်။ " ကျွန်တော့်ကိုတော့ လူတွေက နားလည်လို့ အားပေးကြတယ်။ ခင်ဗျားကိုတော့ လူတွေက နားမလည်လို့ အားပေးကြတယ်။" လို့ ချာလီကပြောခဲ့ပါတယ်။
(၆) အိုင်းစတိုင်း ပထမဇနီး Mileav Maric နဲ့ လမ်းခွဲရတဲ့အကြောင်းက သူ့မှာ မောင်နှမဝမ်းကွဲတော်သူ မိန်ခလေး Elsa နဲ့ ကြိုက်နေလို့ ဖြစ်ပါတယ်။ ဒါကြောင့် အိုင်းစတိုင်းဟာ အိမ်ထောင်ရေးဖောက်ပြန်သူတစ်ဦး (Adultery) ဖြစ်ပါတယ်။
(၇) ဟစ်တလာက အိုင်းစတိုင်းကို နံပါတ်တစ် ပြည်သူ့ရန်သူအဖြစ် သတ်မှတ်ခဲ့ပါတယ်။
(၈) အိုင်းစတိုင်းကွယ်လွန်ချိန်မှာ သူ့ဦးနှောက်ကို အဖယ်ရှားခံခဲ့ရပါတယ်။ သူ့မိသားစုခွင့်ပြုချက်ကို နှစ်အတော်ကြာမှ ပြန်လည်တောင်းဆိုတာဖြစ်ပါတယ်။ ဖယ်ရှားသူကတော့ ဒေါက်တာသောမတ်စ် (Thomas Stoltz Harvey) ဖြစ်ပြီး လေ့လာစစ်ဆေးရန်ဖြစ်ပါတယ်။ ကမ္ဘာတစ်လွှားက ဆေးပညာရှင်၊ Scientist များထံ ပို့ခဲ့ပြီး အဖြေရှာရာ သာမန်လူတွေထက် ထူးခြားတဲ့ ဦးနှောက်ကို ပိုင်ဆိုင်ထားကြောင်း လေ့လာတွေ့ရှိခဲ့ပါတယ်။
(၉) အိုင်းစတိုင်းဟာ တယောတီး ဝါသနာပါသူ တစ်ဦးဖြစ်ပါတယ်။ " အကယ်၍ ရူပဗေဒပညာရှင်သာဖြစ်မလာရင်၊ ကျွန်တော်ဟာ အနုပညာရှင်တစ်ဦး ဖြစ်နေလောက်ပါပြီ။ သီချင်းတွေကို ထိုင်တွေးနေမိပြီး အိမ်မက်ထဲမှာလည်း သီချင်းတွေကြားမှာ နေထိုင်နေပါတယ်။ တယောတီးမိတဲ့အချိန်က ဘဝရဲ့ အပျော်ဆုံးအချိန်တစ်ခုလို့ပဲ သတ်မှတ်ခံစားရပါတယ်။" လို့ ပြောဆိုခဲ့ဖူးပါတယ်။
Recommended for you - ဘဝမှာအောင်မြင်ဖို့ အလိုအပ်ဆုံး အရည်အချင်းတစ်ခု
Recommended for you - ၈ တန်းအောင်သူတိုင်း အခမဲ့တက်ရောက်နိုင်မယ့် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ ဖွင့်လှစ်ထားသော HCTA သင်တန်းကျောင်းမှ လျှောက်လွှာခေါ်ယူမည်
Credit; The Express Time