×

Warning

JUser: :_load: Unable to load user with ID: 81428


Knowledge

Wednesday, 30 December 2020

လွတ်လပ်ရေးနေ့

“သမိုင်းသင်တာ မအအောင်လို့"ဆိုတဲ့စကားကို လူတိုင်းကြားဖူးမယ်ထင်ပါတယ်။
မြန်မာလူမျိုးတို့အ နေနဲ့ ကမ္ဘာ့သမိုင်းကို နားလည်ဖို့လိုသလို မြန်မာ့သမိုင်းကို သေသေချာချာသိဖို့လိုအပ်ပါတယ်။ ဒါကြောင့်နိုင်ငံတော်က ကျောင်းသင်ခန်းစာများတွင်သာမက မိမိတို့၏သမိုင်း၊ ယင်းနှင့်ဆက်စပ်နေသော နိုင်ငံတကာ သမိုင်းစသည်တို့ကို အလျဉ်းသင့်သလိုမှတ်တမ်းတင်ရုပ်ရှင်များ၊ ဇာတ်လမ်းရုပ်ရှင်များ၊ သမိုင်းကို စိတ်ကူးနှင့် ရက်ဖောက်ဖန်တီးထားသည့် ဝတ္ထုဇာတ်လမ်းများစသည်ဖြင့် မိမိတို့ နိုင်ငံသားများကို သမိုင်းနှင့် နီးစပ်စေလေ့ရှိပါတယ်။


ကိုယ့်နိုင်ငံဖြတ်သန်းလာခဲ့တဲ့ သမိုင်းထဲကဂုဏ်ယူစရာများ၊ သင်ခန်းစာ ယူစရာများတို့နှင့်အတူ မိမိတို့၏ အားသာချက်၊ မိမိတို့၏ အမှားအယွင်း ညံ့ဖျင်းမှုတို့ကိုပါ အမှန်အတိုင်း သိမြင်နားလည် နိုင်ကြပါမယ်။ သမိုင်းက နိုင်ငံနှင့်လူမျိုးတို့၏ ဇာတိဂုဏ် ဝံသာနု စိတ်ဓာတ်တို့ကို မြှင့်တင်ပေးပါတယ်။
မြန်မာ့သမိုင်းတွင်လည်း ပဒေသရာဇ်ခေတ်၊ ကိုလိုနီခေတ်၊ ဖက်ဆစ် လက်အောက်ခေတ်၊ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်း အဆက်ဆက်၊ လူတန်းစားအသီးသီး၏ အမျိုးသား လွတ်မြောက် ရေးတိုက်ပွဲများ၊ ပါလီမန်ဒီမိုကရေစီခေတ်၊ တော်လှန်ရေးကောင်စီခေတ်၊ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ်၊ အာဏာရှင်စနစ်ကို အမျိုးမျိုးဆန့်ကျင် ခဲ့ကြသည့် ကျောင်းသားများ၊ ပြည်သူများတို့၏တိုက်ပွဲများ၊ ရှစ်လေးလုံး


ပြည်သူ့ဒီမိုကရေစီအရေးတော်ပုံ၊ တပ်မတော်အစိုးရခေတ်၊ ဒီမိုကရေစီအညွန့် ထွက်ပေါ်လာသည့် ခေတ်၊ တစ်စိတ်တစ်ပိုင်းသော ဒီမိုကရေစီ အစိုးရခေတ် စသည်ဖြင့်ဖြတ်သန်းခဲ့ရသော ခေတ်အသီးသီးတို့ကို နားလည်အောင် ကြိုးစားခြင်းဖြင့် မအသောနိုင်ငံသားတို့ ဖြစ်လာပါမယ်။
မည်သို့ပင်ဖုံးကွယ်ဖျောက်ဖျက်ထားသည်ဖြစ်စေ ပြည်သူလူထုက မှတ်တမ်းတင် ဖော်ထုတ်ခြင်းဖြင့် သမိုင်းအမှန်ကိုရမည် ဖြစ်ပါသည်။


မြန်မာ့လွတ်လပ်ရေး သမိုင်းမှသည် ပြည်သူတို့၏ ခေတ်အဆက်ဆက် လှုပ်ရှားမှုအဖုံဖုံတို့ မှန်မှန်ကန်ကန် စနစ်တကျ မှတ်တမ်းရေးသားပြုစုရင်း မြန်မာ့လွတ်လပ်ရေး၊ မြန်မာ့ဒီမိုကရေစီရေး အရေးတော်ပုံများကို ဂုဏ်ပြုသင့်ပါကြောင်း (၇၃ ) နှစ်မြောက် လွတ်လပ်ရေးနေ့ကိုဂုဏ်ပြုသောအားဖြင့် တင်ပြလိုက်ရပါတယ်။

https://myanmar.gov.mm/en/home/-/asset_publisher/wb7k6KEe39SK/content/id/35293123

 

 

“သမိုင္းသင္တာ မအေအာင္လို႔"ဆိုတဲ့စကားကို လူတိုင္းၾကားဖူးမယ္ထင္ပါတယ္။
ျမန္မာလူမ်ိဳးတို႔အ ေနနဲ႔ ကမာၻ႔သမိုင္းကို နားလည္ဖို႔လိုသလို ျမန္မာ့သမိုင္းကို ေသေသခ်ာခ်ာသိဖို႔လိုအပ္ပါတယ္။ ဒါေၾကာင့္ႏိုင္ငံေတာ္က ေက်ာင္းသင္ခန္းစာမ်ားတြင္သာမက မိမိတို႔၏သမိုင္း၊ ယင္းႏွင့္ဆက္စပ္ေနေသာ ႏိုင္ငံတကာ သမိုင္းစသည္တို႔ကို အလ်ဥ္းသင့္သလိုမွတ္တမ္းတင္႐ုပ္ရွင္မ်ား၊ ဇာတ္လမ္း႐ုပ္ရွင္မ်ား၊ သမိုင္းကို စိတ္ကူးႏွင့္ ရက္ေဖာက္ဖန္တီးထားသည့္ ဝတၳဳဇာတ္လမ္းမ်ားစသည္ျဖင့္ မိမိတို႔ ႏိုင္ငံသားမ်ားကို သမိုင္းႏွင့္ နီးစပ္ေစေလ့ရွိပါတယ္။
ကိုယ့္ႏိုင္ငံျဖတ္သန္းလာခဲ့တဲ့ သမိုင္းထဲကဂုဏ္ယူစရာမ်ား၊ သင္ခန္းစာ ယူစရာမ်ားတို႔ႏွင့္အတူ မိမိတို႔၏ အားသာခ်က္၊ မိမိတို႔၏ အမွားအယြင္း ညံ့ဖ်င္းမႈတို႔ကိုပါ အမွန္အတိုင္း သိျမင္နားလည္ ႏိုင္ၾကပါမယ္။ သမိုင္းက ႏိုင္ငံႏွင့္လူမ်ိဳးတို႔၏ ဇာတိဂုဏ္ ဝံသာႏု စိတ္ဓာတ္တို႔ကို ျမႇင့္တင္ေပးပါတယ္။


ျမန္မာ့သမိုင္းတြင္လည္း ပေဒသရာဇ္ေခတ္၊ ကိုလိုနီေခတ္၊ ဖက္ဆစ္ လက္ေအာက္ေခတ္၊ လြတ္လပ္ေရးႀကိဳးပမ္းမႈသမိုင္း အဆက္ဆက္၊ လူတန္းစားအသီးသီး၏ အမ်ိဳးသား လြတ္ေျမာက္ ေရးတိုက္ပြဲမ်ား၊ ပါလီမန္ဒီမိုကေရစီေခတ္၊ ေတာ္လွန္ေရးေကာင္စီေခတ္၊ ျမန္မာ့ဆိုရွယ္လစ္ လမ္းစဥ္ပါတီေခတ္၊ အာဏာရွင္စနစ္ကို အမ်ိဳးမ်ိဳးဆန႔္က်င္ ခဲ့ၾကသည့္ ေက်ာင္းသားမ်ား၊ ျပည္သူမ်ားတို႔၏တိုက္ပြဲမ်ား၊ ရွစ္ေလးလုံး
ျပည္သူ႔ဒီမိုကေရစီအေရးေတာ္ပုံ၊ တပ္မေတာ္အစိုးရေခတ္၊ ဒီမိုကေရစီအၫြန႔္ ထြက္ေပၚလာသည့္ ေခတ္၊ တစ္စိတ္တစ္ပိုင္းေသာ ဒီမိုကေရစီ အစိုးရေခတ္ စသည္ျဖင့္ျဖတ္သန္းခဲ့ရေသာ ေခတ္အသီးသီးတို႔ကို နားလည္ေအာင္ ႀကိဳးစားျခင္းျဖင့္ မအေသာႏိုင္ငံသားတို႔ ျဖစ္လာပါမယ္။


မည္သို႔ပင္ဖုံးကြယ္ေဖ်ာက္ဖ်က္ထားသည္ျဖစ္ေစ ျပည္သူလူထုက မွတ္တမ္းတင္ ေဖာ္ထုတ္ျခင္းျဖင့္ သမိုင္းအမွန္ကိုရမည္ ျဖစ္ပါသည္။
ျမန္မာ့လြတ္လပ္ေရး သမိုင္းမွသည္ ျပည္သူတို႔၏ ေခတ္အဆက္ဆက္ လႈပ္ရွားမႈအဖုံဖုံတို႔ မွန္မွန္ကန္ကန္ စနစ္တက် မွတ္တမ္းေရးသားျပဳစုရင္း ျမန္မာ့လြတ္လပ္ေရး၊ ျမန္မာ့ဒီမိုကေရစီေရး အေရးေတာ္ပုံမ်ားကို ဂုဏ္ျပဳသင့္ပါေၾကာင္း (၇၃ ) ႏွစ္ေျမာက္ လြတ္လပ္ေရးေန႔ကိုဂုဏ္ျပဳေသာအားျဖင့္ တင္ျပလိုက္ရပါတယ္။


https://myanmar.gov.mm/en/home/-/asset_publisher/wb7k6KEe39SK/content/id/35293123

Read times
Rate this articles
(0 votes)