×

Warning

JUser: :_load: Unable to load user with ID: 81428


Language

Thursday, 28 July 2022

ဘာသာစကား လေ့လာနေသော ညီငယ်၊ ညီမငယ်များသို့ -

ဘာသာစကား လေ့လာနေသော ညီငယ်၊ ညီမငယ်များသို့ -

 

"ဘယ်လိုကျက်ကျက် မရဘူးဗျာ ရှေ့ကကျက်ရင် နောက်ကမေ့တယ်။"
"ဖြစ်မှ ဖြစ်ပါ့မလား။ မြန်မြန်ကျွမ်းကျင်စေမဲ့ နည်းလေးပြောပြပါ" ဆိုတဲ့ ညီငယ်ညီမငယ်များတွက် သိမှတ်ထားသောလက် မျှဝေ ဆွေးနွေးလိုပါတယ်။

ဘာသာစကား တစ်ခုကို လေ့လာမယ်ဆိုရင် တစ်ယောက်နဲ့တစ်ယောက် ပြောဆို ဆက်သွယ်နင်ဘို့၊ တစ်ယောက် နားလည်စေချင်တာကို တစ်ယောက်က နားလည်နိင်ဘို့က နံပါတ်(၁)ပါ။ ဒီလိုမှ မဆက်သွယ်နိင်ဘူး ဆိုရင် ပြီးပြည့်စုံတဲ့ လေ့လာမှု မျိုး ဖြစ်လာမှာ မဟုတ်ပါဘူး။ စပြီး လေ့လာမယ်ဆိုရင် သင်တန်းတွေ တက်ကြမယ်။ အများစု မဟုတ်ပါဘူး အနည်းစုပါ အပျော်သဘောတွေ ပါလာတယ်။

တကယ်လုပ်မယ်ဆိုရင် အဲ့ဒါကနေ စပြီး ပြင်ရမှာပါ။ အချိန် အနည်းငယ် ငွေကြေး အနည်းငယ် ကုန်ကျသွားရုံနဲ့ လိုချင်တဲ့ ကျွမ်းကျင်မှုမျိုး ရလာမှာ မဟုတ်လို့ပါ။

 

ညီငယ်၊ ညီမငယ်တို့အနေနဲ့ ဘာသာစကားတစ်ခုကို ကျွမ်းကျင်ပိုင်နိင်မယ်ဆိုရင် ရွှေရောင် ထမင်းစား လက်မှတ်ကြီးကို ကိုင်ထားတာနဲ့ အတူတူပါဘဲ။ သင်တန်းတွေ ပြီးသွားရင် အတော်အတန် ရေးတတ် ဖတ်တတ် လာကြပါတယ်။ ဒါပေမဲ့ နိင်ငံခြားသားနဲ့လဲ တွေ့ရော။ တစ်လုံးမှ ပါးစပ်က ထွက်မလာတော့လောက်အောင် ဆွံ့အသွားတတ်ပါတယ်။ မယုံမရှိပါနဲ့ ကိုယ်တွေ့ပါ ခင်ဗျာ။ ဒါကြောင့် လေ့လာမှုပုံစံမျိုးကို ပြောင်းဘို့လိုပါတယ်။ များများနားထောင်ဘို့ လိုလာပါပြီ။

ဘာသာစကားတစ်ခုကို လေ့လာမယ်ဆိုရင် ကျွမ်းကျင်မှု skill (4)မျိုးနဲ့ တိုင်းတာကြပါတယ်။ Writing/ Reading/ Listening/ Speaking ပါ။ နောက်ပိုင်း ခေတ်မှာတော့ Thinking ဆိုတဲ့ ဆင့်ပွားဆက်စပ် နိင်တဲ့ ကျွမ်းကျင်မှုမျိုး လိုလာပါပြီ။

 

D2U

 

Writing
ဘာလို့ writing ကစသင့်လဲဆိုရင် ကိုယ်တိုင် ပြောမဲ့ ဝါကျကို ကိုယ်တိုင် ရေးပြီး တည်ဆောက်နိင်ဘို့တော့ လိုမယ်ထင်ပါတယ်။ သဒ္ဒါမှန်တဲ့ ဝါကျမျိုးတွေ ဖြစ်လာရင် ပြောဘို့အတွက် မခက်ခဲ နိင်တော့လို့ပါဘဲ။ များများရေးရင်းနဲ့ သဒ္ဒါအထားအသို မှန်လာပြီဆိုရင် အရမ်းကို တန်ဖိုးကြီးပါတယ်။ ကျွန်တော်တို့ မြန်မာစာမှာလဲ အထားအသိုမှားရင် ပြောင်းပြန်တွေ ဖြစ်ကုန်တာပါဘဲ။ ဥပမာဗျာ- "စွယ်စုံ ဆင်ကြီးသည် ဘကြီးဖြိုးကို နင်းသတ်သွားသည်၊" အဲ့ဒါကို သဒ္ဒါမမှန်ခဲ့ရင် "စွယ်စုံ ဘကြီးဖြိုးသည် ဆင်ကြီးကို နင်းသတ်သွားသည်။" ပြောင်းပြန်တွေ ဖြစ်ကုန်ရော။ ဒါကြောင့် များများရေးပါ။ spelling မှန်ဘို့လဲ လိုပါတယ်။ company မှာလုပ်မယ်ဆိုရင် ပြောတတ်ရုံ တစ်ခုထဲနဲ့ မရပါဘူး။ အသံထွက် အတိုင်း လိုက်ရေးချဘို့ ကလဲ မဖြစ်နိင်ပါဘူး။

 

Reading
စာပိုဒ်ကြီးတွေ များများအသံထွက်ပြီး ဖတ်မယ်ဆိုရင် အနည်းဆုံးတော့ မိမိအသံထွက်အပေါ် ယုံကြည်မှု ပိုလာနိင်ပါတယ်။ သဒ္ဒါတညျဆောကျပုံတွေလဲ လေ့လာပြီးသား ဖြစ်သွားလို့ပါ။ ဖတ်တဲ့ အခါ ဖိသံ ဖေါ့သံ / အဖြတ်အတောက် မှန်မှန်နဲ့ ဖတ်သွားပါ။ ဖတ်နေရင်းနဲ့ မသိတဲ့ မီးနင်းကို dictionary မှာထရှာပါ။ vocabulary တိုးလာမှာကတော့ အသေအချာပါဘဲ။ ကိုရီးယားဘာသာစကားမှာ မေးခွန်းနဲ့ အဖြေဟာ အသံအနိမ့်အမြင့် ပေါ်မှာဘဲ မူတည်နေတဲ့ အတွက် မှန်ကန်တဲ့ နည်းနဲ့ အသံထွက် ဖတ်သွားပါ။ ယဉ်ကျေးတဲ့ အသုံး၊ လည်ပယ်သုံး၊ ငယ်သူအသုံး၊ ကြီးသူအသုံးတွေကိုလဲ သတိထားသွားပါ။

 

Listening
ရေးတတ်၊ ဖတ်တတ်လာပြီဆိုရင် တစ်ဖက်နိင်ငံခြားသားရဲ့ ပြောစကားကို နားလည်ဘို့ များများနားထောင်ပါ။ သူပြောတာကို နားလည်မှ ပြန်ပြောနိင်မှာပါ။ မွေးရာပါ နားမကြားသူတွေဟာ စကားမပြောတတ်ပါဘူး။ ဘယ်လိုပြောတတ်မှာလဲ သူများပြောတာကို သူမှ မကြားရတာ။ အဲ့လိုပါဘဲ ပြောနေတာတွေ နားမလည်ရင်လဲ ဘယ်လိုပြန်ပြောမလဲ။ smart ဖုန်းတွေ ပေါတဲ့ ခေတ်ကြီးမှာ အချိန်မရွေး နားထောင်လို့ရပါတယ်။ ကိုယ့်အသံကို ဖမ်းထားပါ။ သူများပြောတာနားထောင်ရင်းလဲ အသံ အနိမ့်အမြင့် အတက်အကျ ဖိသံ ဖေါ့သံ တွေကို လေ့လာသွားပါ။

 

Speaking
ဘယ်လောက်ဘဲ မှတ်ဉာဏ်ကောင်းသူ ဖြစ်ပါစေ အချိန်အတိုလေးအတွင်းမှာ တိကျတဲ့ အသံထွက်မျိုး တုပနိင်ဘို့က ခက်ပါတယ်။ မျက်စေ့ ဘယ်လောက်ကောင်းကောင်း အနံ့ ကိုတော့ မရှုနိင်ပါဘူး။ ဒီသဘောပါဘဲ။ အဲ့ဒီတော့ အရှက် အကြောက် ကင်းကင်းနဲ့ လေ့ကျင့်ပါ။မှန်ထဲမှာ မိမိ နှုတ်ခမ်းရွေ့လျားပုံကို ပြန်သုံးသပ်ပါ။ အပေါင်းအသင်းတွေနဲ့ လေ့ကျင့်ပါ။

 

Thinking
ဆက်စပ်တွေးတောနိင်တဲ့ အရည်အချင်းကလဲ လိုပါတယ်။ ဥပမာ - ဝါကျတစ်ကြောင်းသိရင် ဆင့်ပွားတွေးတောနိင်တဲ့ Language brain မျိုး လေ့ကျင့်ယူပါ။

နောက်တစ်ခု အားမငယ်ပါနဲ့ အချိန်တိုလေးအတွင်းမှာမရလို့။ လက်ရှိ ပြောနေတဲ့မိခင်ဘာသာစကားကို ပြောတတ်ဘို့ ဘယ်လောက် အချိန်ပေးခဲ့ရလဲ သတိရပါ။ ဘယ်တော့လောက် ကျွမ်းကျင်မှာလဲဆိုရင် မိမိရဲ့ အားစိုက်ထုတ်မှုမှာ မူတည်ပါတယ်။

 

ဘယ်လို စိတ်ဓါတ်မျိုး ထားရမလဲဆိုရင် ဆိုကရေးတီး ပြောတဲ့ စိတ်ဓါတ်မျိုး။
အတွေးအခေါ် ပညာရှင်ကြီး ဆိုကရေးတီးဆီကို လူတစ်ယောက်က အောင်မြင်မှုရဲ့ သော့ချက်က ဘာလဲလို့ မေးတယ်။ နောက်နေ့ မြစ်ဆိပ်ကို လာခဲ့ဘို့ ဆိုကရေးတီးက မှာလိုက်တယ်။ နောက်နေ့ မြစ်ဆိပ်လဲရောက်ရော ဆိုကရေးတီးက အဲ့ဒီလူကို အချိန်အတော်ကြာ မွန်းတဲ့ အထိ ရေနစ်ထားလိုက်တယ်။ ဒါနဲ့ အဲ့ဒီလူက အောင်မြင်မှုရဲ့ သော့ချက်ကို ပြောမယ်ဆို ခင်ဗျား ဒါဘာလုပ်တာလဲလို့ မေးတယ်။ ဆိုကရေးတီးက ပြန်ပြောခဲ့ပါတယ်။ အေး အဲ့ဒါဘဲ အောင်မြင်မှုရဲ့ သော့ချက်ဆိုတာ ခုန မင်းရေနစ်နေတုန်းက လေကို ဆာလောင်နေတဲ့ စိတ်မျိုး အောင်မြင်မှုကို ဆာလောင်ရင် ရပါပြီတဲ့။ ဘယ်အရာမဆို စိတ်ဓါတ် အရင်းခံပါတယ်။ ဘယ်လိုအောင်မြင်မှုမျိုးကို မဆို ဘယ်ဘုရားသခင်မှ လက်ထဲ မထည့်ပေးနိင်တဲ့ အတွက် ကိုယ့်ဘာသာလုပ်ယူပါ။

 

Credit : Min Chan Wai

Read times
Rate this articles
(1 Vote)