×

Warning

JUser: :_load: Unable to load user with ID: 674


Student

Friday, 09 December 2016

ကျောင်းသားများဘယ်လို အချိန်ကိုစီမံခန့်ခွဲမလဲ

Studying Studying Google

ကျောင်းသားများဘယ်လို အချိန်ကိုစီမံခန့်ခွဲမလဲ

 

ကျောင်းသားများ စာမေးပွဲနီးလာတာနဲ့အမျှ အချိန်စီမံခန့်ခွဲမှုကလည်း အရေးကြီးလာပါသည်။ ဒီတော့အချိန်စီမံ ခန့်ခွဲမှု နည်းစနစ်လေးကိုတင်ပြလိုက်ပါတယ်။

၁. ဘာတွေကို လေ့လာမလဲ။

အချိန်စီမံခန့်ခွဲမှုအတွက်အရေးကြီးတာက ကိုယ်ဘာလုပ်ရမယ်ဆိုတာကို သေချာမှတ်သားထားရပါမယ်။ ကျောင်းသားတော်တော်များများဟာ အရေးကြီးတဲ့ အလုပ်ကို နောက်ဆုံးအချိန်အထိ မလုပ်ဘဲချန်ထား တတ်ပြီး၊ အမှတ်တွေလျော့စေပါတယ်။ ဒီတော့ ကိုယ်လုပ်ရမယ့်အလုပ်တွေကို ဦးစားပေးစနစ်နဲ့ စီထားပါ။

၂. Schedule တစ်ခုပြုလုပ်ပါ

ပြက္ခဒိန်၊ နံရံကပ် စာရွက် (သို့) ဖုန်းထဲမှာပဲ ဖြစ်ဖြစ် ကိုယ်လုပ်ရမယ့်အလုပ်တွေကို မှတ်သားထားပြီး၊ ဘယ်အလုပ်က ဦးစားပေးဆိုတာကိုပါ မှတ်သားထားပါ။ ကိုယ့်အတွက် ဘယ်အချိန်က စာဖတ်ဖို့အဆင်ပြေ ဆုံးဆိုတာအပေါ်မူတည်ပြီး အချိန်ကိုခွဲခြားထားပါ။ ဘယ်အချိန် သူငယ်ချင်းနဲ့တွေ့မယ်၊ အိပ်ချိန်ဘယ်လောက်ရ ရင် စာလုပ်ရတာအဆင်ပြေတယ်ဆိုတာကိုပါ ထည့်သွင်းစဥ်းစားပါ။

၃. Be Flexible and Realistic

၈နာရီကနေ ၁၀ နာရီကြားကို အလုပ်လုပ်ချိန် ၊ စာလေ့လာချိန်၊ သူငယ်ချင်းတွေနဲ့ တွေ့ချိန်နဲ့ ကိုယ်လုပ်ရမယ့် အလုပ်တွေကို သတ်မှတ်ထားပါ။ တက္ကသိုလ်ကျောင်းသားတစ်ဦးက တစ်နေ့ကို ၃၅နာရီဝန်းကျင် ကျောင်းတက် ရောက်နေရပြီး ၊ တစ်ဦးတည်း စာလေ့လာချိန်နည်းပါးပါတယ်။ ဒီတော့ တစ်ခုခုကိုလေ့လာတော့မယ်ဆိုရင် အချိန် နည်းနည်းပိုယူပါ။

၎. လေ့လာမယ့် စာတွေကိုအစီအစဉ်ဆွဲပြီး ၊ ထပ်ခါထပ်ခါ မလုပ်မိအောင်ရှောင်ပါ။

ကိုယ်လုပ်မယ့် အချက်အလက်တွေကို ဘယ်နေရမှာအသုံးပြုမလဲဆိုတာကို plan ထားပါက၊ ထပ်ခါထပ်ခါ အချက်အလက်တွေ ရှာဖွေဖို့ မလိုတော့ပါဘူး။

၅. ကိုယ့်အတွက် နှောင့်နှေးစေတာတွေ၊ စိတ်ရှုပ်စေတာတွေကို ရှောင်ကြဉ်ပါ။

ကိုယ့်အတွက်ဘယ်နေရာမှာ စာလေ့လာတာအဆင်ပြေလဲ ၊ ဘယ်လိုလေ့လာတာ အာရုံစူးစိုက်မှုရစေလဲ ၊ ဒါတွေကိုမေးခွန်းထုတ်ပါ။ ဥပမာ တစ်ချို့ကျောင်းသားများဟာ တစ်ဦးတည်းလေ့လာရတာက အဆင်ပြေစေပြီး ၊ တစ်ချို့ကျောင်းသားများအတွက် အဖွဲ့အစည်းနဲ့လေ့လာတာကို ပိုအဆင်ပြေစေပါတယ်။

အချိန်စီမံရုံတင်မကဘဲ ဆရာများနဲ့လေ့လာပါက ပိုမိုထက်မြက်တဲ့ကျောင်းသားများဖြစ်ကြမှာပါ။ ဒီတော့ sayar.com.mm ထဲကို ဆရာတွေကို ဆက်သွယ်ပေးဖို့မမေ့ပါနဲ့။

Read times Last modified on Friday, 27 December 2019 15:10
Rate this articles
(5 votes)