×

Warning

JUser: :_load: Unable to load user with ID: 81428


Language

Wednesday, 03 October 2018

သင့်ကလေးများကို အင်္ဂလိပ်စကားပြောအောင် ဘယ်လိုလှုံ့ဆော်ပေးမလဲ?

သင့်ကလေးများကို အင်္ဂလိပ်စကားပြောအောင် ဘယ်လိုလှုံ့ဆော်ပေးမလဲ? google.com

ကလေးများကို အင်္ဂလိပ်စကားကို မကြာခဏ သုံးတတ်တဲ့ အလေ့အထဖြစ်အောင် ဘယ်လိုလုပ်ဆောင်ပေးရမလဲဆိုတဲ့ အချက်အလက်များကို ဖော်ပြပေးလိုက်ပါတယ်။

(၁) စိတ်အားထက်သန်စွာဖြင့် ပါဝင်ပတ်သက်မှုရှိပေးပါ။

အင်္ဂလိပ်စာကို လေ့လာသင်ယူတယ်ဆိုတာ မိဘတွေဆီကနေ စတင်ပါတယ်။ သင့်ကလေးက သင် အင်္ဂလိပ်စာဖတ်နေတာ၊ ရုပ်ရှင်ကြည့်နေတာတွေ၊ အင်္ဂလိပ်စကားပြောနေတာတွေကို တွေ့မြင်နေရင် သင်တို့ကလေးတွေလည်း လိုက်လုပ်ချင်စိတ်တွေ ဖြစ်ပေါ်လာမှာပါ။ ကလေးများကို သူတို့ဘာသာ လေ့လာသင်ကြားမှုကို လုပ်စေတာထက် သူတို့ရဲ့ အင်္ဂလိပ်စာသင်ကြားရေးမှာ သင်ကိုယ်တိုင် တက်ကြွစွာ ပါဝင်ပတ်သက်ပေးစေလိုပါတယ်။


(၂) သင်ယူလေ့လာရေး အစီအစဉ်များကို ကိုယ်ပိုင်ဟန်ဖြစ်အောင် ဖန်တီးပါ။

ကလေးများအတွက် အင်္ဂလိပ်စာသင်ကြားရေးကို ပျော်ရွှင်ဖွယ်နှင့် စိတ်ကျေနပ်ဖွယ် အတွေ့အကြုံတစ်ခုဖြစ်အောင် ဖန်တီးပေးရမှာဖြစ်ပါတယ်။ အားကစားဝါသနာပါတယ်ဆိုရင် အားကစားနဲ့ဆိုင်တဲ့ ပုံပြင်တွေ ဝေါဟာရစကားလုံးလေ့လာတဲ့ ကစားနည်းတွေကို ပြုလုပ်ပေးပါ။ သင့်ကလေးအတွက် သင့်တော်တဲ့ လေ့ကျင့်ခန်းကို ရွေးချယ်ဖို့အတွက် သူတို့တွေ ဘယ်လိုလေ့ကျင့်ခန်းမျိုးတွေ လုပ်ရတာကြိုက်သလဲဆိုတာ မေးမြန်းပေးပါ။


(၃) သင့်ကလေးရဲ့ စိတ်နေစိတ်ထားကို သုံးသပ်ပါ။

သင့်ကလေးကို အင်္ဂလိပ်စာစွမ်းရည် လေ့ကျင့်ဖို့ တိုက်တွန်းမှုပြုဖို့ သင့်တော်တဲ့အချိန်ကို ရွေးချယ်ပြီးမှ ပြုလုပ်ပါ။ သူတို့တွေ ပင်ပန်းနွမ်းနယ်နေတဲ့အချိန်၊ စိတ်လက်မကြည်မလင်ဖြစ်နေတဲ့အချိန်တွေမှာဆိုရင် အင်္ဂလိပ်စာလုပ်ဖို့ မတိုက်တွန်းပါနဲ့။ အကယ်၍ လေ့ကျင့်ခန်း၊ သင်ခန်းစာလုပ်နေတုန်း သင့်ကလေးက စိတ်မပါသလို ဖြစ်နေရင် အတင်းဆက်လက်မလုပ်ခိုင်းပါနဲ့တော့။


(၄) အဓိပ္ပာယ်ပြည့်စုံတဲ့ အခြေအနေမျိုးကို ဖန်တီးပေးပါ။

ကလေးတွေဟာ သူတို့ရဲ့ စိတ်ကူးတွေကို သုံးပြီး role-typing ခေါ်တဲ့ ယုံတမ်းကစားနည်းမျိုး ကစားရတာကို နှစ်သက်ကြပါတယ်။ ဒီလိုယုံတမ်းအခြေအနေ ဟန်ဆောင်ကစားနည်းတွေဟာ ကလေးတွေကို အင်္ဂလိပ်စာ လျှပ်တစ်ပြက်ထုတ်ပြောဖို့ တွန်းအားကို ဖြစ်စေပါတယ်။ အဲလိုလုပ်ပေးခြင်းအားဖြင့် အင်္ဂလိပ်စကားကို သုံးချင်အောင် လှုံ့ဆော်ပေးတာဖြစ်လို့ ဘာသာစကားကို ပြောဆိုရာမှာ ယုံကြည်မှုကို ပိုမိုတိုးပွားစေပါတယ်။


(၅) သင့်ကလေးက အခြားသူတွေနဲ့ အင်္ဂလိပ်ပြောဆိုဖို့ နည်းလမ်းများ ရှာဖွေပေးပါ။

အင်္ဂလိပ်လိုပြောဆိုဆက်ဆံဖို့ စစ်မှန်တဲ့ အကြောင်းပြချက်ရှိနေရင် စိတ်ထက်သန်မှုအဆင့် မြင့်မြင့်မားမားကို ဖြစ်ပေါ်စေပါတယ်။ ဖြစ်နိုင်ရင် အင်္ဂလိပ်လိုပြောဆိုဆက်ဆံရေးမှာ သင့်ကလေးကို စိတ်ဓာတ်တက်ကြွအောင်ဖန်တီးပေးတဲ့ သင်တန်းမျိုးတွေမှာ အပ်သင့်ပါတယ်။ သင့်ကလေးကို အခြားရွယ်တူကလေးတွေနဲ့ အတူတူ အင်္ဂလိပ်စာသင်ဖို့ အကောင်းဆုံးနေရာတစ်ခုကတော့ စာသင်ခန်းဆိုတဲ့ ပတ်ဝန်းကျင်ဘဲ ဖြစ်ပါတယ်။

 

ပညာရပ်အမျိုးမျိုးကို သင်ယူချင်ပေမယ့် သင်တန်းသွားတက်ဖို့ အချိန်မပေးနိုင်ဖြစ်နေပါသလား။ စိတ်မပူပါနဲ့။ sayar.com.mm  တွင် ရှာဖွေလိုက်ပါ ... သင့်ဆီတိုက်ရိုက်လာသင်ပေးနိုင်တဲ့ အရည်အချင်း ပြည့်ဝပြီး ပညာရပ်အမျိုးမျိုးကို သင်ကြားပေးနိုင်မယ့် ဆရာတွေ ရှိပါတယ်။

သင်ကိုယ်တိုင်က ဆရာတစ်ယောက်ဖြစ်နေပါက ကျွန်တော်တို့နှင့် လက်တွဲဖို့ ဖိတ်ခေါ်လိုက်ပါရစေ။ အခုပဲ အခမဲ့ register လုပ်ပြီး စတင်လိုက်ပါ။

Recommended for you - University of Surrey ကပေးအပ်သွားမယ့် နေထိုင်စရိတ်ကင်းလွတ်ခွင့်နဲ့ ပညာသင်ဆု

 

Recommended for you - နည်းပညာတက္ကသိုလ်များ၏ ၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်ခွင့်ရရှိသည့် ကျောင်းသား၊ ကျောင်းသူ စာရင်း

 

Credit; myanmar-network.net

Read times Last modified on Wednesday, 08 January 2020 15:19
Rate this articles
(1 Vote)