×

Warning

JUser: :_load: Unable to load user with ID: 81428


Knowledge

Monday, 11 February 2019

ဂျက်မားပြောပြတဲ့ သူစိမ်း (သို့) တန်ဖိုးကြီးလူသားများအကြောင်း

ဂျက်မားပြောပြတဲ့ သူစိမ်း (သို့) တန်ဖိုးကြီးလူသားများအကြောင်း google

အလီဘာဘာတည်ထောင်သူ တရုတ်သူဌေးကြီး ဂျက်မားရဲ့ စကားတွေဟာ လူငယ်တွေ၊စွန့်ဦးတီထွင် စီးပွားရေးလုပ်ငန်းရှင်တွေအတွက် တကယ့်ကို ခွန်အားဖြစ်စေပါတယ်။ သူဟာ ငယ်ငယ်က ဆင်းဆင်းရဲရဲမွေးလာတဲ့သူ တစ်ယောက်ဖြစ်ပြီး ကျောင်းဆရာအလုပ်နဲ့ အသက်မွေးသူတစ်ယောက်ပါ။

ဇွဲမလျော့တတ်တဲ့စိတ်၊ သူများနဲ့မတူပဲ စွန့်ဦးတီထွင်တတ်တဲ့ စိတ်တွေကြောင့် သူရဲ့ချမ်းသာမှုနဲ့အတူ လူတိုင်းလေးစားအားကျရပြီး စံနမူနာထားရာ ရှေ့ဆောင်လမ်းပြဆိုတဲ့ ဂုဏ်ပုဒ်တွေနဲ့ အောင်မြင်လာသူတစ်ယောက်ပါ။အခုတော့ ဂျက်မားရဲ့ တွေ့ကြုံခဲ့သမျှ အကောင်းအဆိုးတွေထဲက တစ်ချက်ဖြစ်တဲ့ သူစိမ်းဆိုတဲ့ တန်ဖိုးကြီးလူတွေ အကြောင်းကို ပြောပြပေးမှာဖြစ်ပါတယ်။

မိတ်ဆွေသူငယ်ချင်း အရင်းတွေ၊ မိသားစုဝင်တွေကို ဈေးရောင်းတဲ့အခါ သင်ဟာ သူတို့ကို ဘယ်လောက်ဈေးနဲ့ဘဲ ရောင်းရောင်း သူတို့စိတ်ထဲမှာ သင်ဟာ သူတို့ရဲ့ ပိုက်ဆံ ရဖို့လောက်သာ ကြိုးစားနေတယ်လို့ ထင်ပါတယ်၊ သူတို့ကို ဘယ်လောက်ဘဲ ဈေးသက်သက်သာသာနဲ့ဘဲ ရောင်းရောင်း သူတို့က အသိအမှတ်ပြုမှာ မဟုတ်ပါဘူးတဲ့

မှန်ပါတယ်။ ကျွန်တော်တို့ရဲ့ ကုန်ကျမှုတွေ၊ အချိန်တွေ၊ ကြိုးစားအားထုတ်မှုတွေကို ဂရုမစိုက်တဲ့သူတွေဟာ အမြဲတမ်း ရှိပါတယ်။ သူတို့ဟာ အခြားသူတွေကိုဘဲ အားပေးကြတယ်၊ ယုံကြည်ကြတယ်၊ အခြားသူတွေကိုဘဲ ငွေပေးချင်ကြတယ်။

ဘာလို့လဲ? ဆိုတော့ သူတို့ရဲ့ စိတ်ထဲမှာ တွေးနေတာက သူငါ့ထဲက ငွေဘယ်လောက် သဲ့သွားပြီလဲ? ဆိုတာကိုပါဘဲ။ တကယ်ဆိုရင် ငါ့အတွက် ဒါတွေလုပ်ဖို့ သူဘယ်လောက် ကုန်ကျသွားသလဲ? ဘာတွေလုပ်ခဲ့ရလဲ? ဆိုတာကို တွေးသင့်တာပါ။ ဒါဟာ လူ့ညံ့တယောက်၊ လူဆင်းရဲတယောက်ရဲ့ စိတ်ဓာတ်ဖြစ်ပါတယ်။

jack ma this is alibabas most dangerous moment

သူဌေးတွေက ဘယ်လိုချမ်းသာလာကြတာလဲ? အဓိက အကြောင်းရင်းတွေထဲက တချက်ကတော့ သူတို့ဟာ လုပ်ဖော်ကိုင်ဖက် မိတ်ဆွေတွေရဲ့ စီးပွားရေးလုပ်ငန်းတွေကို အားပေးကူညီလိုစိတ် ရှိကြတယ်၊ တယောက် စိတ်ဝင်စားတဲ့အရာကို တယောက်က ဂရုစိုက်ကြတယ်၊ ဒီလိုနဲ့ သူတို့ဟာ အင်အားတောင့်လာကြတယ်။

သင်ဟာ သင့်သူငယ်ချင်းတွေကို အားပေးကူညီမယ်၊ အပြန်အလှန်အနေနဲ့ သင့်သူငယ်ချင်းတွေက သင့်ကို ကူညီမယ်၊ ဒါဆိုရင် ကြွယ်ဝမှုစက်ကွင်းဟာ တစတစပိုကျယ်ပြန့်လာပါလိမ့်မယ်။ သင့်အနေနဲ့ ဒီအချက်ကို သေသေချာချာ နားလည်ပြီဆိုရင် သင့်အိမ်မက်တွေ လက်တွေ့ဖြစ်လာပါလိမ့်မယ်။

 

ဈေးရောင်းတဲ့အခါ သင့်ကိုယုံကြည်မယ့် ပထမဆုံးသောလူတွေက သူစိမ်းတွေပါ၊ သူငယ်ချင်း မိတ်ဆွေတွေက မသိမသာ အထင်အမြင်သေးကြမယ်၊ ကဲ့ရဲ့ကြမယ်၊ ဝေဖန်ကြမယ်၊ သာပေါင်းညာစားတွေကတော့ သင်ကို စွန့်ခွာသွားကြမယ်၊ မိသားစုက သင့်ကို အထင်မြင်သေးမယ်၊ မယုံကြည်တာတွေရှိလာမယ်။

သင်အောင်မြင်တဲ့အခါကျ ညစာစားပွဲတွေ၊ ပျော်ပွဲရွှင်ပွဲတွေအတွက် အကုန်ကျခံရှင်းပေးမယ်၊ အဲ့အချိန်မှာ သင်သိလိုက်မှာက သူစိမ်းတွေကလွဲလို့ လူတိုင်းဟာ သင့်အနားမှာ ရှိနေတယ်ဆိုတာပါဘဲဆိုတော့ ကျွန်တော်တို့ရဲ့ ကျေးဇူးရှင်သူစိမ်းတွေကို အရင်ကထက် ပိုပြီး လေးလေးစားစားဆက်ဆံရမယ်၊ သိမ်သိမ်မွေ့မွေ့ဆက်ဆံရမယ်။ ကျေးဇူးရှင်တွေလို ရိုရိုကျိုးကျိုးဆက်ဆံရမယ်။

သင်လုပ်နေတဲ့ အလုပ်တွေကို သေသေချာချာသိသလို ယနေ့ထက်တိုင် အားပေးကူညီနေတဲ့ သူငယ်ချင်းမိတ်ဆွေတွေကိုဆိုရင် ပိုပြီးတောင် တန်ဖိုးထားဆက်ဆံရပါမယ်။

unnamed

ယနေ့ကစလို့ ကျွန်တော်တို့ရဲ့ ကျေးဇူးရှင် ထမင်းရှင် သူစိမ်းတွေကို တန်ဖိုးထား ဆက်ဆံကြရအောင်ဗျာ။ သူတို့က သင့်ရဲ့ အကောင်းဆုံး customer တွေပါ။

သင်အောင်မြင်တဲ့အခါကျ ညစာစားပွဲတွေ၊ ပျော်ပွဲရွှင်ပွဲတွေအတွက် အကုန်ကျခံရှင်းပေးမယ်၊ အဲ့အချိန်မှာ သင်သိလိုက်မှာက သူစိမ်းတွေကလွဲလို့ လူတိုင်းဟာ သင့်အနားမှာ ရှိနေတယ်ဆိုတာပါဘဲဆို ကျွန်တော်တို့ရဲ့ ကျေးဇူးရှင်သူစိမ်းတွေကို အရင်ကထက် ပိုပြီး လေးလေးစားစားဆက်ဆံရမယ်၊ သိမ်သိမ်မွေ့မွေ့ဆက်ဆံရမယ်။ ကျေးဇူးရှင်တွေလို ရိုရိုကျိုးကျိုးဆက်ဆံရမယ်။

သင်လုပ်နေတဲ့ အလုပ်တွေကို သေသေချာချာသိသလို ယနေ့ထက်တိုင် အားပေးကူညီနေတဲ့ သူငယ်ချင်းမိတ်ဆွေတွေကိုဆိုရင် ပိုပြီးတောင် တန်ဖိုးထားဆက်ဆံရပါမယ်။

ယနေ့ကစလို့ ကျွန်တော်တို့ရဲ့ ကျေးဇူးရှင် ထမင်းရှင် သူစိမ်းတွေကို တန်ဖိုးထား ဆက်ဆံကြရအောင်ဗျာ။ သူတို့က သင့်ရဲ့ အကောင်းဆုံး customer တွေပါ။

 

Source: Top Ten

Read times Last modified on Wednesday, 29 January 2020 12:06
Rate this articles
(0 votes)